← Chapters

ဟဲသောက်ပန်း ယင့်သုံ့အသီး

Vol. 135 Ch. 4.1542

ဟဲသောက်ပန်း ယင့်သုံ့အသီး

Vol. 135 Ch. 4.1542

မြေပုံရဲ့လမ်းညွှန်မှု၊ အံ့သြဖွယ် အကြံဉာဏ်များနှင့်အတူ သူတို့နှစ်ဦးသည် လမ်းတစ်လျှောက်တွင် အလွန်သက်တောင့်သက်သာ ပျံသန်းနိုင်ခဲ့သည်။ အန္တရာယ်အများစုကို ရှောင်ရှားကာ ပစ္စည်းတချို့ကို ရိတ်သိမ်းနိုင်ခဲ့ကြသည်။

လုရွှမ် ဆေးလုံးများ သန့်စင်ကာ မြောင်းမြောင်အား ပေးလိုက်သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း သူမရဲ့ လေ့ကျင့်မှုက လွန်ခဲ့တဲ့ ဆယ်နှစ်ကလို တိုးတက်လာသယောင် ခံစားခဲ့ရသည်။ သူမသည် လူသားတွေရဲ့ ဆေးလုံးအကြောင်း အလွန်အံ့အားသင့်သွားပြီး လုရွှမ်ကိုလည်း လျှို့ဝှက်ချက်တစ်ခု ပြောပြလိုက်သည်။

လွန်ခဲ့တဲ့ တစ်လခွဲလောက်က။

"ကိုကို... ဟဲသောက်ပန်းယင့်သုံ့အသီး ဆိုတာကို မင်းကြားဖူးလား"

လုရွှမ် မျက်လုံးများ ပြူးကျယ်လာသည်။

"ဟဲသောက်ပန်း ယင့်သုံ့အသီး?"

အကြီးအကဲ ချန်ပေါင်ရှန်း ချန်ထားသော ဂန္တဝင်စာအုပ်ထဲတွင် ထိုပစ္စည်းနှစ်ခုကို သူ ကြားဖူးခဲ့ကြောင်း မှတ်တမ်းတင်ထား၏။ သနားစရာကောင်းတာက ကြားဖူးပေမယ့် တစ်ခါမှ မမြင်ဖူးချေ။ ထိုအရာတွေ ရှိတဲ့ နေရာကို သိဖို့က ပိုတောင် ဝေးသေးသည်။

"မြောင်းမြောင်... ဟဲသောက်ပန်းနဲ့ ယင့်သုံ့အသီးရဲ့ တည်နေရာကို မင်းသိ​နေတယ်လို့ ပြောချင်တာလား..."

မြောင်းမြောင်က ခေါင်းညိတ်ပြသည်။

"အင်း...အဲဒါက အမေ့ဆီက ရလာတဲ့ မှတ်ဉာဏ်... သူတို့အရင်က မြင်ဖူးပြီးသားပဲ။ ဒါပေမဲ့ အဲဒီနေရာက အရမ်းအန္တရာယ်များတယ် တောလယ်မှာတော့ မဟုတ်ဘူး... တောထဲက ထင်ရှားပြီး အန္တရာယ်ရှိတဲ့ နေရာတစ်ခုမှာ..."

ဒါပေါ့။ မဟုတ်ရင် ဒီလို ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာဟာ ဟိုးအရင်ကတည်းက ပျောက်ကွယ်သွားခဲ့တာ ကြာပြီ။

"နေရောင်မတောက်တဲ့ ချိုင့်ဝှမ်းတစ်ခုမှာ... အပူချိန်က သာယာတယ် တစ်နှစ်ပတ်လုံး နွေဦးပေါက်​နေသလိုပဲ။ ဒါပေမယ့် ဟဲ​သောက်ပန်းနဲ့ ယင့်သုံ့အသီးတွေကို စောင့်ကြပ်နေတဲ့ ကြောက်စရာကောင်းတဲ့ သတ္တဝါတွေ ရှိတယ်"

လုရွှမ် ခဏလောက် စဉ်းစားပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားသည်။

ယခုလအနည်းငယ် အကြာတွင် လုရွှမ်ဟာ သူ့ခွန်အား​တွေ မတိုးတက်လာကြောင်း တွေ့လာရတာကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ ရွှေကျီးကန်းကို မေးပြီးနောက် မူလဖန်တီးသူ ယွမ်ယန်ကျင့်စဥ် သခင်ပင်လျှင် နတ်မီးနယ်ပယ် အဆင့် ၁၃သို့ မရောက်ဖူးသောကြောင့် ဤအဆင့်တွင် သဘာဝအတိုင်း ကျင့်ကြံနည်း မရှိဘူးဟု ဆိုခဲ့သည်။

ဒီအဆင့်က ရုန်းထွက်လိုပါက လုရွှမ်ဟာ ကိုယ်ပိုင်ဉာဏ်အလင်းနှင့် နားလည်မှုကိုသာ အားကိုးရတော့မှာပဲ ဖြစ်သည်။

ဤရက်များတွင် လုရွှမ် နတ်မီးနယ်ပယ် အဆင့် ၁၃ကို ဘယ်လို ထိုးဖောက်ပစ်ရမလဲ စဉ်းစားနေသော်လည်း ၎င်းက အချက်တစ်ချက်ကို အမှန်တကယ် တုံ့ပြန်​ပေးခဲ့သည်။ တစ်နည်းဆိုရသော် ခေါင်းလောင်းကို ဖြည်ရန် ခေါင်းလောင်းကို ကြိုးတစ်ချောင်းဖြင့် အရင် ချည်ထားရမည်။

သူသည် ဒီအဆင့်ကို မတော်တဆ ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့သောကြောင့် ထပ်ပြီး ဖြတ်ကျော်လိုပါက နယ်ပယ်ကို ဖြတ်ကျော်ရန် ပြင်ပအင်အားကို အသုံးပြုရပေမည်။ ဒီလို အခြေအနေမှာ အဂ္ဂိရတ်ဆေးကို သုံးတာက အလွန်ကောင်းသော နည်းလမ်းဖြစ်နိုင်သည်။ သို့သော် လိုအပ်သော အဂ္ဂိရတ်ဆေးက သဘာဝကျကျ အလွန်အစွမ်းထက်မှ ရလိမ့်မည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူတို့သည် တောတွင်းရှိ ရတနာမျိုးစုံကို ရှာဖွေခဲ့ကြသည်။ လုရွှမ် စိတ်ကူးဉာဏ်ကောင်းတာကြောင့် အံ့ဖွယ်သေရည် အနည်းငယ်ကိုလည်း သန့်စင်ခဲ့သေး၏။

သို့သော် ဆေးလုံးများသည် မြောင်းမြောင်အတွက် အလွန်ထိရောက်မှု ရှိသော်လည်း သူ့အတွက်မူ ၎င်းတို့သည် အနည်းငယ် ချို့တဲ့နေသလို တစ်စုံတစ်ရာ လွဲမှားနေသလိုသာ ခံစားနေရသည်။

ဒါတွေအားလုံးဟာ မြောင်းမြောင်ရဲ့ မျက်လုံးထဲမှာ သိသာထင်ရှားနေတာကြောင့် သူမက ဟဲသောက်ပန်းယင့်သုံ့အသီး အကြောင်း ပြောပြခဲ့သည်။ ဒါက သူမရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်ပေမယ့် စိုးရိမ်ပူပန်စရာကလည်း ရှိနေ၏။

လုရွှမ် မြောင်းမြောင်ကို တစ်ချက်ကြည့်လိုက်သည်။ သူမက စိတ်ပူစွာနဲ့ ပြောနေတဲ့အခါ သူ့စိတ်ထဲကိုလည်း နွေးထွေးသွားစေသည်။

"မြောင်းမြောင် မင်းအမေက သိတယ်ဆိုတော့ ဧကန္တ...."

မြောင်းမြောင် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ အမြဲတမ်း ဆော့ကစားနေသော မျက်လုံးများကလည်း မှေးမှိန်သွားသည်။ လုရွှမ် သူမခေါင်းလေးကို ညင်သာစွာ ပွေ့ဖက်​ပေးလိုက်၏။

"ဒါဆို မေ့လိုက်ကြရအောင် ဆေးက အရေးကြီးပေမယ့် ငါတို့ရဲ့ အသက်က ပိုတောင် အရေးကြီး​သေးတယ်... ငါတို့ဒီအခွင့်အရေး မရရင်တောင် တခြားအခွင့်အရေးတွေ ရလိမ့်မယ်လို့ ယုံကြည်တယ်... မဟုတ်ဘူးလား"

မြောင်းမြောင်က စိတ်သက်သာရာ ရသွားသလား စိတ်ပျက်သလားမသိ “အော” ဟုဆိုကာ သူတို့နှစ်ယောက် ရှေ့ကို ဆက်သွားခဲ့သည်။

"ဟိုဘက်မှာ တစ်ခုခု လှုပ်ရှားနေတယ်"

နှစ်ယောက်သားနှင့် အလွန်ရင်းနှီးပြီးသား ဖြစ်တဲ့ လမ်းတစ်လျှောက်တွင် တောထဲရှိ ရတနာများကို လိုက်ရှာရန် ရောက်လာကြသော သတ္တဝါများစွာ ရှိကြောင်း အကျွမ်းတဝင် ရှိနေပြီးပြီ။

နှစ်ယောက်သား အလျင်အမြန် ပုန်းနေကြရင်း သူတို့ပတ်ဝန်းကျင်က သစ်ပင်တွေရဲ့ အသက်ရှုသံတွေအထိ အာရုံစိုက်နေကြသည်။ ဒီအချိန်မှာ သူတို့နှစ်ယောက်ဟာ အသက်ရှုသံကို ဖုံးကွယ်ထားနိုင်တဲ့ သစ်ပင်နှစ်ပင်ရဲ့ အနောက်ကို တိုက်ရိုက် ပြေးပုန်းနေလိုက်သည်။

လူတစ်စု တောထူထပ်သော တောနက်ထဲမှ ပြေးထွက်လာကြပုံရသည်။ ၎င်းတို့က ရောနှောထားသော အဖွဲ့တစ်ဖွဲ့သာ ဖြစ်ကာ အညံ့ဆုံးသူများက မျှော်စင်နယ်ပယ် အဆင့်၈ ဖြစ်ပြီး အနည်းဆုံး လူနှစ်ဆယ်ရှိသည်။

ထိုလူအုပ်စုသည် အရှိန်အဟုန်ဖြင့် အသံတိတ် ချီတက်နေသကဲ့သို့ အသံလုံးဝ မထွက်ဘဲ တောအတွင်းသို့ ပြေးဝင်သွားကြသည်။ အရှိန်က အလွန်မြန်၏။ ဒီသတ္တဝါတွေရဲ့ အသွင်အပြင်ကို ကြည့်လိုက်ရင် သူတို့ပတ်ပတ်လည်က လှုပ်ရှားမှုတွေကို လုံးဝ ဂရုမစိုက်သလိုပါပဲ။

"ကိုကို...အဲဒီလူတွေက ဘာဖြစ်နေကြတာလဲ"

မြောင်းမြောင် လုရွှမ်အနားကို ပြေးသွားပြီး အသံတိုးတိုးနဲ့ မေးလိုက်သည်။ လုရွှမ် မြောင်းမြောင်ပါးစပ်လေးကို အမြန် လှမ်းပိတ်ထားရ၏။

“တခြားတစ်ယောက် လာနေပြီ”

ခဏကြာတော့ နောက်ထပ် သတ္တဝါလှိုင်းလုံးတွေ ဖြတ်ကျော်သွားပြန်သည်။ နောက်တော့ အဖွဲ့ နှစ်ဖွဲ့သုံးဖွဲ့လောက် ဖြတ်သွား​ပြီးတော့မှ နောက်ဆုံး ဘယ်သူမှ လိုက်မလာတော့ချေ။

"ကို​ကို? ဒါက?"

"လိုက်ကြည့်ရအောင်"

ထို​လူများ၏ လှုပ်ရှားမှုနှင့် အမူအရာတို့က တစ်စုံတစ်ခုကို လိုက်ရှာနေသလို သို့မဟုတ် ရတနာအချို့ကို ရှာဖွေနေသလို ခံစားရသည်။ သူတို့နောက်က လိုက်သွားပါက သစ်တော၏ အလယ်ဗဟိုသို့ ရောက်သွားလိမ့်မည်။ ဒါပေါ့။ မြောင်းမြောင် ပြောထားတဲ့ ချိုင့်ဝှမ်းကလည်း အဲဒီဘက်မှာပါပဲ။

"ကိုကို... အဲဒီလူတွေက ဟဲသောက်ပန်းယင့်သုံ့အသီးရဲ့ နေရာကို ရှာတွေ့သွားတာ ဖြစ်နိုင်ပါ့မလား"

"မသိဘူး... ကြီးကြီးမားမား တစ်ခုခုတော့ ဖြစ်လာတော့မယ် ထင်တယ်"

စာအုပ်ထဲမှာ ဟဲသောက်ပန်းနဲ့ ယင့်သုံ့အသီးများ အကြောင်း မှတ်တမ်းတင်ထားသည်။ ၎င်းတို့က အနှစ်တစ်ထောင်တိုင်း ပွင့်ပြီး အနှစ်တစ်ထောင်တိုင်း အသီးသီးသည်။ ကောင်းကင်မြေကြီးရဲ့ တခြားရတနာများနှင့် မတူပေ။ လူများက ၎င်းတို့ကို မရွေးချယ်နိုင်ဘဲ ၎င်းတို့ကသာ လူကို ရွေးချယ်ကြသည်။

ထို့အပြင် သက်ရှိသတ္တဝါတိုင်း လုံးဝ ရရှိလိမ့်မည် မဟုတ်ချေ။ ယင်းအစား ၎င်းသည် သဘာဝအတိုင်း ကောင်းကင်နှင့် မြေကြီးထဲသို့ ရောနှောပြီး ဝိညာဥ်စွမ်းအင်အဖြစ် ပြောင်းလဲသွားတတ်သည်။

တစ်စုံတစ်ယောက်သည် အတင်းအကြပ် မျိုချဝံ့ပါက ၎င်းရဲ့ တန်ခိုးကြီးသော ရောင်ဝါသည် ထိုကျင့်ကြံသူကို တိုက်ရိုက် ဖျက်ဆီးပစ်နိုင်ကြောင်း ကောလာဟလများလည်း ရှိထား၏။

ဆန့်ကျင်ဘက်အနေနှင့် ၎င်းတို့ ကောင်းကင်မြေကြီးထဲ ပေါင်းစည်းပြီးနောက် ပြောင်းလဲလာသော အငွေ့အသက်ကို ကျင့်ကြံသူတွေက စုပ်ယူနိုင်ပြီး သက်ရောက်မှုကလည်း ကြီးမားသည်။

ဒါတွေအားလုံးဟာ ဒဏ္ဍာရီတစ်ခုသာ ဖြစ်ပြီး နောက်ဆုံးအကြိမ် စောစီးစွာ ထွက်ခွာသွားခဲ့ကြသူတွေတောင်မှ အမှန်တရား ဟုတ်မဟုတ်ဆိုတာ ဘယ်သူမှ မစစ်ဆေးနိုင်ပါဘူး။

ဒါ့အပြင် နတ်သားရဲ၊ ကြမ်းတမ်းသောသားရဲ၊ ထူးဆန်းသားရဲ၊ သေးငယ်သော သတ္တဝါအုပ်စုမျှသာဟု မမှတ်ယူနိုင်သော စောင့်ရှောက်နေတဲ့ သတ္တဝါတစ်မျိုးကိုလည်း စာအုပ်ထဲတွင် မှတ်တမ်းတင်ထား​​သေးသည်။ အရွယ်အစားက ကြီးကြီးမားမား မဟုတ်ပေမယ့် ပါးစပ်ထဲမှာ ရှည်လျားတဲ့ အပ်တစ်ချောင်း ပါရှိ၏။

ကျောက်တုံးများကို အလွယ်တကူ ဖောက်ခွဲနိုင်တာကြောင့် ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်နှင့် အသက်ရှူသံ ဆယ်ချက်အတွင်း ခန္ဓာကိုယ်ဟာ ထူထပ်သော ရေအိုင်အဖြစ်သို့ ပြောင်းလဲသွားကာ အရေပြားတစ်ပိုင်းသာ ကျန်ခဲ့လိမ့်မည်။

ကြောက်စရာ အကောင်းဆုံးမှာ ထိုသတ္တဝါများကို ထိတွေ့မိသည်နှင့် ၎င်းတို့သည် ကောင်းကင်နှင့် နေကို ဖုံးအုပ်ပစ်နိုင်တဲ့အထိ ထောင်ချီသော အဖော်များကို ဆင့်ခေါ်ကြတာပဲ ဖြစ်သည်။

All Chapters