ထူးဆန်းသောမြေပြင်
Vol. 135 Ch. 4.1543
ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် ပြေးလာတာကို မြင်တော့ လုရွှမ်နှလုံးသားကလည်း သွေးဆောင်ခံလိုက်ရသည်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူကရော သွေးဆောင် မခံရမှာလဲ။ အနှစ်တစ်ထောင် တစ်ကြိမ် ပွင့်ပြီး အနှစ်တစ်ထောင် တစ်ကြိမ် အသီး သီးတဲ့ ဟဲသောက်ပန်းယင့်သုံ့အသီးက ထူးထူးခြားခြား အသီးသာ ဖြစ်သည်။
လက်ရှိနယ်ပယ်နှင့် ကိုက်ညီသော၊ နတ်မီးနယ်ပယ် အဆင့်၁၃မှ ခွဲထွက်ပြီး မျှော်စင်နယ်ပယ်သို့ ဝင်ရောက်နိုင်ဖို့အတွက် ဟဲသောက်ပန်းယင့်သုံ့အသီး ရှိနေသင့်သည်။
ဘာကြောင့်လဲဆိုတော့ အန္တရာယ်က သူ့ကိုယ်သူသာမက မြောင်းမြောင်နဲ့လည်း ဆက်စပ်နေတာကြောင့် သတိကြီးကြီးထားဖို့ လိုပါသည်။ သို့သော် ကျင့်ကြံသူတွေက အများကြီး ပြေးဝင်လာသဖြင့် လုရွှမ် သဘာဝအတိုင်း တွေးတောရပြန်သည်။
လမ်းတစ်လျှောက်မှာ ဒုက္ခရောက်နေတဲ့ ရေပြင်မှာ ငါးဖမ်းတာက တကယ်ကို သူကံအကောင်းဆုံးပါပဲ။ ကျင့်ကြံမှုအတွက်က လိုအပ်ချက်များ မြင့်လေ စိတ်လိုအပ်ချက်များက မြင့်မားလေလေ ဖြစ်သည်။ ထူးကဲသော ခွန်အားနှင့် ဉာဏ်ပညာ ရှိသူသာလျှင် တွန်းလှန်နိုင်လိမ့်မည်။
ဒါက စမ်းသပ်မှု တစ်ခုသာဆိုရင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်မှာပါပဲ။
"ငါတို့ သတိထားပြီး လိုက်သွားကြည့်ရမယ်..."
"အင်း"
သူတို့ရှေ့မှာ လူအုပ်စု လှိုင်းလုံးကြီးလေးလုံး ရှိနေပြီး စုစုပေါင်း လူတစ်ရာကျော်လောက် ရှိလိမ့်မည်။ လျှို့ဝှက်ဆန်းကြယ်သော ချိုင့်ဝှမ်းသို့ တကယ်သွားနေချိန် လူဘယ်နှစ်ယောက်လောက် သူတို့နောက်မှာ ထပ်ပြေးလာကြဦးမလဲ မသိနိုင်ပေ။
ဝိညာဥ် သားရဲများနှင့် ထူးဆန်းသော သားရဲများကို မဆွဲဆောင်မိမှာကတော့ စိတ်ပူနေစရာ မလိုပေ။ မဆွဲဆောင်မိမှာသာ လုံးဝ ထူးဆန်းနေလိမ့်မည်။
သူတို့နှစ်ယောက် အဆုံးမှာ ပုန်းအောင်းပြီး တစ်လမ်းလုံး ဂရုတစိုက် လိုက်လာခဲ့ကြသည်။
တောထဲရှိ ဒေသခံ သတ္တဝါများသည်လည်း ၎င်းတို့ကို တစ်စုံတစ်ခုက ဆွဲဆောင်နေသလိုမျိုး သစ်တော၏ အလယ်ဗဟိုဆီသို့ တစ်စတစ်စ ရွေ့လျားနေကြတာ တွေ့လိုက်ရလေ၏။
လုရွှမ်လည်း ဟဲသောက်ပန်းယင့်သုံ့အသီးက သီးလုနီးနီး ပွင့်လုနီးနီး အခြေအနေမျိုး ဖြစ်ကောင်းဖြစ်နိုင်ကြောင်း သူ့စိတ်ထဲတွင် ယုံကြည်လာမိသည်။ ဒါကြောင့် သစ်တောရှိ သတ္တဝါများအားလုံး လှုပ်လှုပ်ရွရွ ဖြစ်လာတာပင်။
အားလုံး ထိတ်လန့်နေကြသည်။ အန္တရာယ်က လွန်ကဲလာမယ် ဆိုတာ သေချာသော်လည်း တစ်ချိန်တည်းတွင် သူတို့ကြုံတွေ့ရမယ့်အရာက ဘယ်လို အရာတွေလဲ မသိကြသေးချေ။ လုရွှမ်မှာ ရှန်းရှန်းကို တွေ့ရလိမ့်မယ်လို့တောင် တွေးနေခဲ့သည်။
သူတို့နှစ်ယောက်ရဲ့ အရှိန်က နှေးကွေးလာခဲ့သည်။ သူတို့ရှေ့မှာ ကျင့်ကြံသူတွေနဲ့ သန်မာတဲ့ သားရဲတွေက များလွန်းတာကြောင့် နှောင့်နှေးတာကသာ သူတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်နေ၏။
လွန်ခဲ့သည့် ရက်အနည်းငယ်တွင် မြောင်းမြောင်သည် တစ်ချိန်က သူမ ဝေဖန်ခဲ့ဖူးသော သူငယ်ချင်းများစွာနှင့် ရုတ်တရက် တွေ့ဆုံခဲ့သေး၏။ ၎င်းတို့အနက်မှ တစ်ဦးစီသည် မယုံနိုင်လောက်အောင် အလွန်အထီးကျန်နေသူများ ဖြစ်ကာ အခြားလူများကို သတိထားနေသည်။ သူမသည် အလွန်စိတ်ဝင်စားစရာ ကောင်းသော အစ်ကို တစ်ယောက်ကို မထင်မှတ်ဘဲ ရခဲ့ကြောင်း ပြောလိုက်သေးသည်။
မြောင်းမြောင်သည် ပိုမိုစိတ်အားထက်သန်စွာဖြင့် သူမရဲ့ သူငယ်ချင်းဟောင်း တချို့နဲ့လည်း မိတ်ဆက်ပေးခဲ့သည်။ သူတို့အားလုံးသည် သူမနဲ့ ခွန်အားချင်း တူညီကြသည်။ အတူတကွ အစာရှာရန်၊ အတူတကွ လွတ်မြောက်ရန်၊ တခါတရံ နယ်ခြားရန်သူများကို အတူတကွ တွန်းလှန်ကြပြီး တစ်ခါတစ်ရံတွင် ကျင့်ကြံရန် အရင်းအမြစ် အနည်းငယ်ကို ရဖို့အတွက်လည်း တွန်းလှန်တိုက်ခိုက်ကြသည်။
သူတို့သည် သတ္တဝါအစုအဝေးနှင့် ရောနှောကာ ဒဏ္ဍာရီလာ ချိုင့်ဝှမ်းငယ်ဆီသို့ ဖြည်းညှင်းစွာ ပြေးလာခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ထိုချိုင့်မှ အငွေ့အသက်တစ်ခု ထွက်လာပြီး သက်ရှိသတ္တဝါ အားလုံးကို ဆွဲဆောင်ခဲ့လေသည်။
သို့နှင့် ဟဲသောက်ပန်းယင့်သုံ့အသီးရဲ့ ဒဏ္ဍာရီက တောတစ်ခုလုံး ချက်ချင်း ပျံ့နှံ့သွားသည်။
လုရွှမ်အတွက်တော့ ဒီဇာတ်လမ်းရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေသလိုပဲ ခံစားနေရသည်။ ကျင့်ကြံသူတွေအားလုံး အဲဒီအကြောင်းကို သိပြီး အဲဒီနေရာကို အပြေးအလွှား သွားနိုင်အောင် အဆက်မပြတ် ကြော်ငြာနေသည့်အတိုင်းပင်။
သေချာတာကတော့ ထိုလူဟာ လူတွေအများကြီးနဲ့ ဒုက္ခရောက်နေသော ရေပြင်တွင် ငါးမျှားချင်နေတာပဲ ဖြစ်ပေလိမ့်မည်။ နောက်ဆုံးတော့ ဟဲသောက်ပန်းယင့်သုံ့အသီးရဲ့ အာနိသင်တွေက အရမ်းပြင်းထန်၏။ ရဖို့ သိပ်ပြီး မစဉ်းစားထားရင်တောင် အနံ့လေး နည်းနည်းရသရွေ့ ဘယ်သူမဆို ရှူရှိုက်ချင်ကြမှာပင်။
ချိုင့်ဟု ဆိုသော်လည်း ကြီးမားသော ချောက်ကြီး သို့မဟုတ် ကြီးမားသော ကတုတ်ကျင်းဟုလည်း ဆိုနိုင်သည်။ အပေါ်ကနေ တိမ်တွေ မြူခိုးတွေက အုပ်ထားတာကြောင့် ဘာမှ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ တစ်စုံတစ်ယောက်က ကျောက်တုံးကို ပစ်ချလိုက်သော်လည်း အောက်ခြေမရှိသောတွင်းကြီးကဲ့သို့ အကြာကြီး လှုပ်ရှားသံ မကြားရ။
ဒါက ဟဲသောက်ပန်းယင့်သုံ့အသီးတို့ရဲ့ တည်ရှိရာ ဒဏ္ဍာရီချိုင့်ဝှမ်း ဖြစ်သည်။
တစ်ယောက်စီဟာ ထိုနေရာ၌ တုံ့ဆိုင်းနေကြလေသည်။ ကျင့်ကြံသူတွေ ပိုမိုများပြားကာ အလွန်အသက်ဝင်သော ဈေးကွက်ကြီးတစ်ခုလို ဖြစ်လာကြ၏။ လုရွှမ်တို့လည်း လူအုပ်ကြီးကိုကြည့်ကာ ခါးသက်စွာ ပြုံးလိုက်ကြသည်။
ဤသစ်တောတွင် သစ်ပင်များကလည်း မြင့်မားပြီး အလွန်ထူထပ်ကာ ကောင်းကင်နဲ့ နေကို ပိတ်ဆို့လုနီးပါးပင်။ ဒီနေရာက သစ်ပင်တွေကတော့ အချင်း ကီလိုမီတာ ဒါဇင်နဲ့ချီတဲ့ အပေါက်ကြီးတစ်ခုကို ဖော်ထုတ်လိုက်သလိုပဲ ရှင်းလင်းနေသည်။
နေက တိုက်ရိုက် တောက်ပနေနိုင်ပေမယ့် ပြင်းထန်တဲ့ နေရောင်ခြည်က အောက်ခြေကို လုံးဝ မရောက်ဘဲ ထူထပ်တဲ့ တိမ်တိုက်တွေက ပိတ်ဆို့ထားပြန်လေသည်။ ဒါ့အပြင် ကျင့်ကြံသူများကလည်း လမ်းကို ပိတ်ဆို့ပြီး နေရာအနှံ့မှာ စုရုံးနေကြ၏။
လုရွှမ်နဲ့ မြောင်းမြောင်တို့ဟာ ကောင်းကင်တွင် ပျံဝဲနေကြပြီး သူတို့ရှေ့က ဖြစ်ပျက်နေတာကို အကြိမ်အနည်းငယ်မျှ ဂရုတစိုက် ကြည့်နေကြသည်။
မြောင်းမြောင် ဇဝေဇဝါ ဖြစ်လာသည်။
"ကိုကို ဒါက အမေပြောပြခဲ့တာနဲ့ လုံးဝကို မတူဘူး... မေမေပြောတာက ရိုးရှင်းတဲ့ ချိုင့်ဝှမ်းလေးပါ... ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ"
"ဒါက ဘယ်လိုချိုင့်ဝှမ်းလဲ အောက်ခြေမရှိတဲ့ တွင်းကြီးလား"
ခဏကြာတဲ့အထိ ဘယ်သူမှ မဆင်းရဲကြသေးချေ။ အားနည်းတဲ့ လူတော်တော်များများကို နှိမ့်ချပြီး လမ်းကြောင်းရှာသူတွေ ဖြစ်သွားရတာကတော့ သနားစရာပါပဲ။ ဟဲသောက်ပန်းယင့်သုံ့အသီးက အပြည့်အဝ မရင့်ကျက်သေးတာကြောင့်သာ မဟုတ်ရင် ဒီလူတွေက အမြန်ဆင်းပြီး ရပ်စောင့်နေမှာတောင် မဟုတ်ချေ။
"ကိုကို...ညီမတို့ ဘာလုပ်ကြမလဲ"
လုရွှမ်: "ငါတို့ အရင်ဆုံး ချောင်းပဲကြည့်ရအောင်"
မြောင်းမြောင်ရဲ့ စိတ်ရှုပ်နေသော မျက်လုံးများကို မြင်လိုက်ရတော့ လုရွှမ် ထပ်ရှင်းပြလိုက်သည်။
"ဒီနေရာရဲ့ မြေပြင်အနေအထားကို ကြည့်လိုက်... လူတွေ ဒီလောက်များတာကို ပွင့်လင်းတဲ့ နေရာတစ်ခု ဖြစ်နေတယ်... ဒါက အခြေခံအားဖြင့်တော့ ဒီဧရိယာကို သက်ရှိသတ္တဝါအားလုံး မြင်ရအောင် တမင်တကာ ဖော်ထုတ်ပေးထားသလိုပဲ"
"ဟဲသောက်ပန်းယင့်သုံ့အသီး တကယ် ရင့်မှည့်လာတဲ့အခါ မရေမတွက်နိုင်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေက အပြေးအလွှား ရောက်လာတော့မှာ.... ငါတို့အတွက် အခွင့်အလမ်း လုံးဝ မရှိတော့ဘူး"
"ဒီမှာ ဧရာမတောင်တန်းကြီးတစ်ခု ရှိပုံရတယ်... ဟဲသောက်ပန်းယင့်သုံ့အသီး ရင့်မှည့်ပြီးရင် သူ့အငွေ့အသက်တွေက ကောင်းကင်နဲ့ မြေကြီးထဲကို ပေါင်းစည်းသွားပြီး ရောင်ဝါနဲ့ စွမ်းအင်တွေက ယ အရှိန်အဟုန်နဲ့ တက်လာလိမ့်မယ်... လူတိုင်းက ဒီမှာစုဝေးနေသမျှ ကာလပတ်လုံး အခွင့်အလမ်းကောင်းတွေ ရလိမ့်မယ် ဒါပေမဲ့..."
"ရောက်လာသူတိုင်း အကျိုးရှိအောင် ဒါမှမဟုတ် လူတစ်ယောက်ရဲ့ အကြံအစည်က ရည်ရွယ်ချက်ကောင်း ရှိပါတယ်ဆိုပြီး ဖန်တီးထားတဲ့ ထင်ယောင်ထင်မှား တစ်ခုပဲ... တကယ်တော့ လှည့်ဖြားထားတာ... ဒီလို လှလှပပ လုပ်ထားတာမျိုး ငါ တစ်ခါမှမမြင်ဖူးဘူး...ဒါ့အပြင် ဒီလိုမြေပြင်က အသုံးချဖို့ အလွယ်ဆုံးပဲ... ဒီလိုနေရာမှာ အုပ်စုတွေ စုနေတာက အန္တရာယ် ကြုံလာရင် မလွတ်မြောက်ရုံတင်မကဘူး အန္တရာယ်တောထဲ ပိုတိုးဝင်သွားမိမှာတောင် ကြောက်ရတယ်"