← Chapters

တစ်နေ့၌လက်ထဲတွင်ဓားကိုင်စွဲ၍

Vol. 013 Ch. 1205

တစ်နေ့၌လက်ထဲတွင်ဓားကိုင်စွဲ၍

Vol. 013 Ch. 1205

ပြောကြသည်က တန်ခိုးရှင် တစ်ယောက်သည် ရန်ဟောင်အဆင့်သို့ ရောက်သည့်အခါ သူတို့သည် သန့်စင်သည့် တာအိုများ ဖြစ်ပေါ်လာသည်။ တာအိုသည် ကောင်းကင်ကို မွေးဖွားပေးသလို ကမ္ဘာမြေကြီးနှင့် အရာအားလုံးကို မွေးဖွားပေးသည်။ ထိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ တူညီမျှမှု၊ နေမင်းနှင့် လမင်း၏ တောက်ပမှုနှင့် ဖန်ဆင်းမှုအားလုံးတို့၏ ပဉ္စလက်စွမ်းအားဖြစ်သည်။

ရန်ဟောင်တစ်ပါးသည် သန့်စင်သည့် တာအိုဖြစ်လာပြီးနောက် သူ၏ အသွေးအသားများ၊ သူ၏ သက်စောင့်ဝိညာဉ်နှင့် ဖန်ဆင်းမှု၏ ပဉ္စလက် စွမ်းအားများထဲသို့ ပေါင်းစပ်ခဲ့သည်။ သူ၏ တာအိုအကြောင်း ပို့ချချက်ကြောင့် သူ၏ မျိုးဆက်များသည်လည်း ဉာဏ်အလင်းပွင့်ခြင်းကို ဖြတ်၍ ဆက်လက် သန်မာလာလိမ့်မည်။ သူတို့ ဘယ်လောက်များများ ဆက်ခံနိုင်သလဲ ဆိုခြင်းမှာ သူတို့၏ စွမ်းဆောင်ရည်၊ အတွေ့အကြုံ၊ နားလည်နိုင်စွမ်းနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ အပေါ်၌ မူတည်သည်။

အချို့လူများမှာ ထိုသို့သော ပါရမီများနှင့် မွေးဖွားလာခဲ့ပြီး အချို့လူများမှာ မွေးဖွားပြီး နောက်မှသာ လေ့လာ ဆည်းပူးရသည်။

တစ်စုံတစ်ယောက်၏ မိသားစုနောက်ခံမှာ တစ်စုံတစ်ယောက်၏ ကနဦးအခြေအနေကို အဆုံးအဖြတ် ပေးနိုင်သည်။ သို့ရာတွင် မဟာလမ်းစဉ်ပေါ်တွင် ကျင့်ကြံသောအခါ၌ မိမိကိုယ်တိုင်ပေါ်တွင်သာ မူတည်လေသည်။ ပိုပြီး အရေးကြီးသည့်အချက်မှာ လူတိုင်းတွင် ကိုယ်ပိုင် အတွေးအမြင်များ ရှိကြလေသည်။

ထိုအခိုက်တွင် ဟောင်ကျူဂီသည် သူ အဘယ်ကြောင့် ဉာဏ်အလင်းပွင့်ခြင်း မရှိသလဲဟူသော အချက်ကို နောက်ဆုံး၌ သိရှိသွားခဲ့သည်။ ထိုသည်မှာ တာအိုကို သူလက်ခံထားသည်နှင့် သူ၏ ဘိုးဘေး ချန်ရစ်ထားခဲ့သည်မှာ ကွာခြားနေသောကြောင့် ဖြစ်ပေသည်။ သူ့တွင် ကျင့်ကြံနိုင်သည့် စွမ်းအားများ၏ နည်းလမ်းရှိနေတာကြောင့် စွမ်းအားနှင့်ဖိနှိပ်ခြင်း နည်းလမ်းကို သင်ယူရမည်ဟု တွေးခဲ့သည်။

သို့ပေမဲ့ ယနေ့တွင် သူ၏ တာအိုသည် သူ့ဘိုးဘေး ချန်ထားရစ်ခဲ့သည်နှင့် ကွာခြားနေသည်ကို သတိပြုမိသည်။

၎င်းသည် ကမ္ဘာကြီးကို တုန်ခါစေပြီး နတ်ဘုရားနှင့် နတ်ဆိုးများကို ဖိနှိပ်နိုင်သည်။

သူ့ဘိုးဘေး၏ တာအိုမှာ အလွန် စွမ်းအားကြီးသော တာအိုဖြစ်၏။

ယင်းသည် တစ်လောကလုံးကို ဖိနှိပ်ပြီး မသေမျိုးများနှင့် နတ်ဆိုးများကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

သူ့ဘိုးဘေး၏ အမွေကို ဆက်ခံခြင်း မရှိဘဲနှင့် သူသည် ဤကဲ့သို့ အသိမျိုးကို နားလည်နိုင်မည် မဟုတ်ပေ။ ယခုချိန်တွင်တော့ သူသည် စွမ်းအားလမ်းစဉ်နှင့် ဖိနှိပ်ခြင်းလမ်းစဉ်ကို နားလည်ရန်မှာ ဖြစ်နိုင်သွားပြီ ဖြစ်၏။

တာအိုသည် ကောင်းကင်နှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်သည်။ သူသည် သူ့ဘိုးဘေး၏ လွှမ်းမိုးခြယ်လှယ်နိုင်သည့် အသိကို ဆက်ခံခဲ့သော်လည်း စွမ်းအားနှင့် ဖိနှိပ်ချုပ်ချယ်ခြင်း အပေါ်၌သာ အာရုံစိုက်ခဲ့သည်။ ထို့ကြောင့် သူသည် လမ်းကြောင်းမှန်သို့ ဘယ်သောအခါမှ ခြေချနိုင်စွမ်း မရှိခဲ့ခြင်း ဖြစ်၏။

သူသည် ယခုချိန်ထိတိုင် စွမ်းအားနိယာမနှင့် သူ၏ ကိုယ်ပိုင်တာအိုကို မေ့လျော့ထားခဲ့သည်။  သူ့စိတ်ထဲတွင် သူ့ဘိုးဘေး၏ ရန်ဟောင်အသိသာ ပြည့်နှက်နေပြီး အခြားဘာမှမရှိပေ။ နောက်ဆုံးတွင်တော့ သူ၏ ကိုယ်ပိုင်အသိနှင့် ပေါင်းစပ်နိုင်ခဲ့သည်။

ဘုန်း…

နောက်ထပ် ခြေတစ်လှမ်း ယူလိုက်ပြီး ကြမ်းတမ်းပြင်းထန်သည့် လေစီးကြောင်း ထွက်ပေါ်လာကာ ဒွန်ချန်းဆီသို့ ပြန်ပစ်ခတ်သည်။ ထိုအချိန်၌ ဟောင်ကျူဂီ၏ ရန်ဟောင်ဓားက ဟက်တက် ခွဲသွားခဲ့သည်။ ကျယ်လောင်သည့် ဆူညံသံနှင့်အတူ ဗာဂျရာခန္ဓာကိုယ်သည် နောက်သို့ လွင့်ပျံသွားခဲ့၏။

ဟောင်ကျူဂီ၏ အရှိန်အဝါက ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့မျက်လုံးများက လွှမ်းမိုးနိုင်စွမ်း ရှိလာပြီး အသိများက သူ့အနီးတွင် စီးဆင်းနေကာ သိုင်းပညာပုံရိပ်များကဲ့သို့ ပြောင်းလဲသွားသည်။ ပုံရိပ်ယောင်များသည် အစစ်အမှန်ကဲ့သို့ ရှင်းလင်းစွာ မြင်ရပေသည်။ စစ်ရထားများသည် သူ့အနီးတွင် မြင့်တက်လာပြီး သူတို့၏ အောက်ခြေမှ အရာအားလုံးကို ခြေမွပစ်ခဲ့သည်။

သူ၏ ရန်ဟောင်ခန္ဓာကိုယ်က ရှည်လျားကြီးထွားလာပြီး စွမ်းအားပြည့်လာကာ လွှမ်းမိုး ခြယ်လှယ်နိုင်စွမ်းများက ရန်ဟောင်ဓားမှ ထွက်ပေါ်လာပြီး သူသည် ရှေ့သို့ ခြေလှမ်းလိုက်ကာ ဒွန်ချန်းကို ဖိနှိပ်ထားသည်။ ကြည့်ရသည်မှာ ထိုနေရာရှိ အရာအာလုံးသည် သူ့အား အညံ့ခံမည်ဟု ထင်မှတ်ရသည်။

သူ၏ လွှမ်းမိုးခြယ်လှယ်နိုင်သော အသိမှာ ဖိနှိပ်ခြင်း၊ စွမ်းအား၊ ဖျက်ဆီးခြင်းနှင့် အလားသဏ္ဌာန်တူသည်။ သို့သော်လည်း အများစုမှာ ခွန်အားပင် ဖြစ်၏။  ၎င်းသည် မဟာလမ်းစဉ်၏ ထူးခြားသောဝိသေသများ ပါဝင်နေပြီး အခြားအရာများမှ တာအိုကိုပင် ဖိနှိပ်နိုင်သည်။ ထို့ကြောင့်ပင် ဒွန်ချန်းသည် သူ၏ အသိကို လွှမ်းမိုးခံနေရသကဲ့သို့ ခံစားမိနေခြင်း ဖြစ်၏။

၎င်းမှာ လွှမ်းမိုးခြယ်လှယ်နိုင်သော အသိ ဖြစ်သည်။

သူ အသိက အသက်ဝင်လာပြီး ဟောင်ကျူဂီသည် သူ၏ သက်စောင့်ဝိညာဉ် ပြောင်းလဲသွားသည်ဟု ခံစားရသည်။ ဤသည်မှာ သူသည် အစစ်အမှန် ရှန့်ထိုတစ်ပါး ဖြစ်လာခြင်း မဟုတ်ရပေ။ သူ အစစ်အမှန် ရှန့်ထိုဖြစ်လာသည့် အခါ၌ သူ၏ အရည်အချင်းသည် တစ်ဖန်ထပ်၍ ပြောင်းလဲသွားနိုင်ပြီး သူ့ဘိုးဘေးထံမှ ဆက်ခံထားသည့် စွမ်းအားများကို ပို၍ စုပ်ယူလာနိုင်သည်။

သူ၏ သွေးကြောများကို ဖြတ်၍ သွေးများက တိုးမြင့်လာသည်။ သူသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး ဒွန်ချန်းသည် သန်မာကြီးထွားလာသည့် ဖိအားကို ခံစားနိုင်သည်။ သူသည် တိုက်ကွက်ကို ထုတ်ဖော်လိုက်ပြီး ရုတ်တရက် ဗာဂျရာခန္ဓာကိုယ်၏ လက်များကလည်း တိုက်ကွက်ကို ထုတ်ဖော်သည်။ သူတို့ ဖြတ်သန်းသွားသမျှတွင် လေထုက တုန်ခါသွား၏။

ဟောင်ကျူဂီသည် ကျယ်လောင်သည့် အော်သံတစ်ခု ပြုလိုက်ကာ ရှေ့သို့ ဆက်သွားခဲ့ပြီး မယှဉ်သာသော ကြမ်းတမ်း ရိုင်းစိုင်းသည့် လေစီးကြောင်းများက သူ့ထံမှ ထွက်ပေါ်လာသည်။ သူ့အနီးမှ လေများအားလုံးက အစစ်အမှန် တိုက်ပွဲကွင်းပြင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဟောင်ကျူဂီ၏ ရန်ဟောင်ဓားဖြင့် ညွှန်လိုက်သည့် နေရာတိုင်းတွင် မိုးကြိုးများ ရှေ့သို့ တိုးဝင်သွားပြီး စစ်ရထားများ ဖြစ်ပေါ် လာ၏။ ဖျက်ဆီးနိုင်စွမ်းသည့် မြင်ကွင်းက ထောင်ပေါင်းများစွာသော စစ်ရထားများနှင့် စစ်သားများအဖြစ် ထွက်ပေါ်လာပြီး ဒွန်ချန်းဆီသို့ ဝင်ရောက်သွားသည်။

ထိုအချိန်၌ လူများသည် ဟောင်ကျူဂီကို ကြည့်နေကြ၏။ သူ့ထံတွင် အပြောင်းအလဲ ဖြစ်ပေါ်လာပြီး များစွာသောလူများ၏ အာရုံကို ဖမ်းစား သွားနိုင်ခဲ့သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရီဖူရှင်းသည် ဟောင်ကျူဂီအတွက် ဝမ်းသာမိသည်။ သူ နောက်ဆုံးတွင် ဉာဏ်အလင်း ပွင့်သွားခဲ့ပြီလား။

အခုချိန်၌ သူတို့ ပြည်နယ်ကိုးခုတွင် ရှိနေသော အချိန်မှ ကွဲပြားခြားနားသွားပြီ ဖြစ်သည်။ ပြည်နယ်ကိုးခုမှ လူများ၏ အရည်အချင်းမှာ အကန့်အသတ်ရှိသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက်တွင် ထိပ်သီးပုဂ္ဂိုလ်များသည် မှန်ကန်သော စိတ်အနေအထား ရောက်ရှိသော်လည်း တာအိုကို နားလည် သဘောပေါက်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ရှန့်ထို ဖြစ်မလာနိုင်ကြချေ။ သူတို့သည် အကန့်အသတ်ကို ချိုးဖျက်ရန် စွမ်းအားများ ငှားယူပြီး ရှန့်ထိုတိုက်ပွဲတွင် ပါဝင်ကာ အခွင့်အရေးကို အသုံးချ၍ အင်ပါယာရှားဘုံသို့ ဝင်ရောက်ကြသည်။ သို့သော်လည်း သူတို့ကဲ့သို့ တန်ခိုးရှင်များသည် ကိုယ်ပိုင်တာအိုများကို တစ်ဆင့်ပြီး တစ်ဆင့် နားလည် သဘောပေါက်အောင် ပြုလုပ်၍ တိုးတက်စေပြီး ပို၍ မယိမ်းယိုင်သော စိတ်ဓာတ်ဖြင့် ဆက်လက် လုပ်ဆောင်ရန် လိုအပ်ပေသည်။

မဟာလမ်းစဉ် တည်ငြိမ်သည့်အခါမှသာ သူတို့သည် ရှည်လျားဝေးကွာလှသည့် ခရီးကို ဆက်နိုင်မည် ဖြစ်၏။

ယင်းသည် ဟောင်ကျူဂီ၏ ကြီးမားသော ပြောင်းလဲခြင်း ဖြစ်သည်။ သူသည် ရှန့်ထိုတစ်ပါးဖြစ်ရန် အလွန်ကို နီးကပ်နေပြီ ဖြစ်၏။

ယူချင်းနှင့် ရီဝူချင်းတို့၏ တိုက်ပွဲများသည်လည်း ဘေးဘက်တွင် တိုက်ပွဲကွင်းပြင်ကို ဖြတ်၍ အများအပြား ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ ရှင်းချိုးနှင့် ရှန်းနန်တို့သည် တိုက်ပွဲကို စပင် မစတင်ရသေးပေ။ သူတို့၏ အဖွဲ့သားများကို တိုက်ပွဲတွင် ပါဝင်ခွင့်ပြုထားပြီး သူတို့ ရှုံးနိမ့်သောအခါတွင်မှသာ ဝင်ရောက် ကူညီပေးလေသည်။

အခုတွင် ရှန်းနန်သည် သူ၏ လက်သီးများကို ဆုပ်လိုက်ပြီး ရုတ်တရက် နတ်ဘုရား အသွင်သဏ္ဌာန်သည် ကောင်းကင်မှ တစ်ဟုန်ထိုး ကျဆင်းလာ၍ သူ့ပြိုင်ဘက်ကို ကြေမွပျက်စီးစေရန် လုပ်ဆောင်လိုက်၏။

သူသည် ဟောင်ကျူဂီဆီသို့ လှည့်ကာ ကြည့်သည်။

သူသည် ရန်ဟောင်တစ်ပါး၏ သန့်စင်သောသွေးမျိုးဆက် ဖြစ်လိမ့်မည်။

အင်ပါယာရှန်း၏ သားတော်အနေဖြင့် သူသည် ရန်ဟောင်တစ်ပါး၏ သွေးမျိုးဆက်မှ ခွန်အားကို သိရှိလေသည်။ ယင်းသည် ရန်ဟောင်တစ်ပါးသည် အလွန်စွမ်းအားပြည့်ဝပြီး သူ၏ သွေးကို ဆက်ခံသော သူတို့၏ မျိုးဆက်များသည်ပင် အကျိုးဆက်ရောက်မှု ရှိပေသည်။

ဤ သွေးနဂါးမြစ်တိုက်ပွဲသည် ပို၍ ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာသည်။

တိုက်ပွဲကွင်းပြင်၌ ပြောင်းလဲခြင်း ဖြစ်ပေါ်ခဲ့သည့် ဟောင်ကျူဂီနှင့် နှိုင်းယှဉ်ရလျှင် ထိုအချိန်၌ ရီဝူချင်းသည် ပို၍ အန္တရာယ် များနေသယောင် ထင်မှတ်ရ၏။

တိဟောက်သည် တာလီပြည်ထောင်တွင် ရှန့်ထိုအဆင့်အောက်မှ ကျော်ကြားသူ ဖြစ်ပြီး တိုက်ခိုက်မှုများမှာလည်း ပြင်းထန် ကြမ်းတမ်းလှသည်။ ခေါင်းလောင်းသံများက သူ၏ အဆုံးမဲ့ ကျားယဲ့ဓားများနှင့် အတူ တိုက်ခိုက်နေသည်။

ရီဝူချင်းသည် လက်ရှိတွင် သူ၏ စွမ်းအား အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူသည် ဓားအသိတစ်ခုချင်းစီတွင် သူ၏ ကိုယ်ပိုင် စိတ်စွမ်းအားများ ပေါင်းစပ်ထားပြီး အပြည့်ဝဆုံး သုံးစွဲနိုင်သည့် စွမ်းအားကို ထုတ်ဖော်နေသည်။ သို့သော်လည်း သူသည် အန္တရာယ်တွင်းမှာပင် ရှိနေသေး၏။

ထိုသည်က တိဟောက်မေးသည်နှင့် တူပေသည်။ သူ့မှာ ဓားမည်မျှ များများ ရှိသနည်း။

သူ၏ ဓားသဘာဝစွမ်းအားများသည် အကန့်အသတ်မဲ့သော်လည်း စိတ်စွမ်းအား ဘယ်လောက်များများ ရီဝူချင်းက သူ့ဓားများထဲသို့ ပေါင်းစပ်နိုင်ခြင်းအတွက် သူ့တွင် အချိန်လုံလောက်မှု ရှိလိမ့်မည်လား။

တိဟောက်၏ ကျားယဲ့ဓားများက ရီဝူချင်း အနီးတွင် လှည့်ပတ်နေပြီး သူ့ကို တစ်ကြိမ်ပြီး တစ်ကြိမ် ရိုက်ခတ်နေကာ ရီဝူချင်းကို ဝန်းရံထားသည့် ဓားများကို အပေါက်များဖြစ်အောင် ပိုင်းဖြတ်နေသည်။ တစ်ချိန်တည်းမှာပင် နဂါးသဏ္ဌာန်ဖိုအိုးသည် တဖြည်းဖြည်းချင်း ဖိနှိပ်ကျဆင်းလာပြီး ရီဝူချင်းကို ကာကွယ်ထားသည့် ဓားကန့်လန့်ကာကို ဖြိုခွဲရန် ရှာဖွေနေပြီး အောက်မှ ဓားများကို ဖျက်ဆီးပစ်နေ၏။

သူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး သူ့ ဝတ်စုံကိုပါ စွန်းထင်းသွားသည်။

သို့သော်လည်း သူသည် ခံနိုင်ရည် ရှိနေဆဲ ဖြစ်သည်။ ဓားများသည် အဆက်မပြတ် သဏ္ဌာန်ဖွဲ့ ဖြစ်တည်လာပြီး သူ့အသိများနှင့် ပေါင်းစပ်နေသည်။ ၎င်းတို့သည် နဂါးသဏ္ဌာန် ရေးထွင်းထားသည့် ဖိုအိုးနှင့်ကျားယဲ့ဓားများထံ တိုးဝင်သွားလေသည်။

ဓားတစ်ချောင်းပြီး တစ်ချောင်း ဖြစ်ပေါ်လာပြီး အရှိန်နှုန်းမှာ နှေးကျသွားသော်လည်း သူသည် ဆက်လက် ဖန်တီးနိုင်ဆဲပင် ဖြစ်၏။

သူ့ဦးခေါင်းသည် ပေါက်ကွဲ ထွက်တော့မယောင် ထင်မှတ်ရသည်။ ရန်ဟောင်တစ်ပါး၏ ဓားအသိ ကောင်းချီးပေးမှုနှင့်ပင် သူသည် အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သလို ထင်နေရဆဲ ဖြစ်သည်။

သို့သော်လည်း တန်ခိုးကျင့်ကြံခြင်း အားလုံးသည် ကိုယ့်အကန့်အသတ်ကို ချိုးဖောက်ရန်ပင် မဟုတ်ပါလား။

သူသည် သွေးနဂါးမြစ်တိုက်ပွဲ၌ အားအနည်းဆုံးတစ်ယောက် ဖြစ်သည်ကို သိရှိ၏။ ဤနေရာတွင် ရှိနေသော လူအများစုမှာ သူ့ထက်ပို၍ သန်မာကြပြီး သူတို့ထဲမှ အများသည် သူ့ထက် အများကြီး သန်မာကြသည်။

သို့သော်လည်း သူက သည်နေရာသို့ ရောက်လာခဲ့သည်။

သူလိုချင်သည်က ဤတိုက်ပွဲသည် သူ၏ အပြောင်းအလဲတစ်ခု ဖြစ်ရန် ဖြစ်သည်။

သူ့ရည်မှန်းချက်သည် အလွန်ပင် ရှင်းလင်းလှသည်။ သူသည် မဟာလမ်းစဉ်နှင့် ထိတွေ့ရန် ခြေလှမ်း နီးကပ်လာသည်ကို လိုချင်ခြင်း ဖြစ်သည်။

သူ့တွင် လုံလောက်သည့် ပါရမီမရှိသဖြင့် သူ၏ တစ်ခုထဲသော အတွေးအမြင်သည် ရနိုင်သမျှ အခွင့်အရေးများကို ဆုပ်ကိုင်ရမည် ဟူ၍ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ရန်ဟောင်ဓားအသိကို ဆုပ်ကိုင်နိုင်ခဲ့ပြီး ယနေ့တွင် သူ ဘာကြောင့် သည်နေရာအထိ ရောက်လာခဲ့သလဲ ဆိုသော အကြောင်းပြချက်လည်း ဖြစ်သည်။

သူ၏ ပါရမီက အကန့်အသတ် ရှိသော်လည်း သူ၏ အသိကတော့ ထိုသို့ မဟုတ်ပေ။

ထို့အပြင် သူသည် အတိတ်ကာလတွင် အရည်အချင်း မရှိခဲ့ခြင်း မဟုတ်ပေ။ သူသည် လီဟန်ဓားသမား၏ဓားကို လက်ခံရရှိပြီး ၎င်းနှင့်အတူ တိုက်ခိုက်ခဲ့သည်။ သူသည် အစစ်အမှန် နတ်ဘုရားလမ်းစဉ်ကို ကိုယ်တိုင် ခံစားမိမြင်ခဲ့၏။

“ဝူချင်း…” ရီဖူရှင်းသည် ရီဝူချင်း တိုက်ခိုက်နေရာသို့ ကြည့်သည်။ သူ၏ နှလုံးသားသည် ကသောင်းကနင်း ဖြစ်ကုန်၏။

သူနှင့် ရီဝူချင်းသည် တစ်လမ်းတည်းကို အတူတကွ လျှောက်ခဲ့ကြသည်။ သူတို့သည် ဤနေရာအထိ ရာပေါင်းများစွာသော ပြည်ထောင် နယ်မြေများကို ဖြတ်သန်းလာခဲ့သည်။ သူက သူ့ကို အတော်လေး ကောင်းစွာ သိနားလည်သည်။

ရီဝူချင်း ဘာကြောင့် ဤသို့ လုပ်ဆောင်နေသည်ကို သူသိ၏။ ရီဝူချင်း၏ စိတ်အခြေအနေသည် သူ့ထက်ပို၍ မာကျောသည်။

တိဟောက် မျက်မှောင်ကြုတ်သည်။ သူ ရီဝူချင်းကို ရှုံးနိမ့်စေဖို့ရာ ဤမျှလောက် ကြာကြာ တိုက်ခိုက်ရန် အမှန်တကယ် လိုအပ်ပါသလား။

ထို့အပြင် ရီဝူချင်းသည် ရူးသွပ်နေလေပြီလား။

အကယ်၍ သူသာ ရီဝူချင်းကို အလွန်အမင်း တွန်းအားပေးလျှင် သူ့အတွက် မကောင်းသည့် သက်ရောက်မှုများ ရှိလာနိုင်သည်။ ထို့အပြင် သွေးနဂါးမြစ်တိုက်ပွဲတွင် သတ်ဖြတ်ခြင်းကို ခွင့်မပြုထားပေ။ သို့ဆိုလျှင် ရီဝူချင်းသည် ဘာကြောင့် ထိုသို့ ပြုလုပ်နေရသနည်း။

သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ရုတ်တရက် ပိုမိုများပြားသည့် ဓားအသိများက အတူတကွ စုစည်းလာကြသည်။ တောက်ပသည့် ကျားယဲ့ဓားများက လေထုကို ဖြတ်သန်း၍ ရီဝူချင်းထံသို့ ကျဆင်းသွားသည်။

ရီဝူချင်းအနီးတွင် ဓားများ ပေါ်ပေါက်ခါသည်။ သို့သော်လည်း ယင်းတို့သည် ကျားယဲ့ဓား၏ တိုက်ခိုက်မှုကို တားဆီးနိုင်ရန် အလွန်ခက်ခဲသည်။ နဂါးသဏ္ဌာန် ရေးထိုးထားသည့်ဖိုအိုးသည် အောက်သို့ ဆက်လက် ကျဆင်းနေကာ ဖိအားပေးနေသည်။ တိဟောက်က အေးစက်စွာ ပြောသည်… “မင်း ဒီအတိုင်း ဆက်လုပ်နေရင် မင်းရဲ့ ခုခံနိုင်စွမ်းတွေ ကုန်ပြီး မင်းလည်း ပျက်စီး သွားလိမ့်မယ်။ မင်းကိုယ်မင်း အပြစ်တင်ရုံကလွဲရင် ရှိမှာမဟုတ်ဘူး။ အဲဒီအချိန်မှာ ငါ မင်းကို သတ်မသတ်ဆိုတာ ဘယ်သူမှ ပြောနိုင်မှာ မဟုတ်ဘူး”

ရီဝူချင်းသည် ခေါင်းမာစွာ ခုခံနေပြီး သူ၏ တိုက်ခိုက်မှုကို တိုးမြင့်လာစေရန် ထိန်းသိမ်းထားသည်။ ရီဝူချင်းသာ ပြိုလဲသွားလျှင် သူ၏ ခုခံနိုင်စွမ်းအားလုံးမှာလည်း ပြိုလဲသွားမည်ဖြစ်သည်။ ထိုခဏအတွင်း၌ အဖျက်စွမ်းအားသည် သူ ထွက်ပြေး လွတ်မြောက်ရန် မဖြစ်နိုင်အောင် များပြားနေလိမ့်မည်။

သို့သော်လည်း ထိုအခိုက်တွင် တိဟောက်သည် ထိန်းချုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ရီဝူချင်းသည် တိဟောက် ပြောသည်အား ကြားသော်လည်း မျက်လုံးများကို မှိတ်ထားဆဲပင် ဖြစ်၏။ သူ၏ ဓားများကလည်း ထိုနေရာတွင် ရှိနေဆဲ ဖြစ်ပြီး သူ၏ မျက်ခုံးကြားမှ သွေးများ စိမ့်ထွက်လာသည်။ အမှန်ပင် ထိတ်လန့်ဖွယ် မြင်ကွင်းဖြစ်၏။

သို့သော်လည်း သူသည် ဤမျှအထိ ရောက်လာခဲ့ပြီး ဖြစ်၏။ စစ်မှန်သော ဓားစစ်သည် တစ်ဦးသည် နောက်ဆုတ်ရိုး ထုံးစံမရှိပေ။

သူသည် သူ့ဆရာစကားများကို အမှတ်ရသည်။

ဓားသမားတစ်ယောက်သည် ပလွှားခြင်း၊ စိတ်မရှည်ခြင်း မရှိရပေ။

ဓားသမားတစ်ယောက်သည် အကြောက်တရား ကင်းမဲ့ပြီး ဇွဲကောင်းရမည်။

ဓားသမားတစ်ယောက်၏ ပင်ကိုသဘာဝမှာ မပြောင်းလဲနိုင်ပေ။ မျက်လုံးနဲ့ မြင်နိုင်သမျှ ဝေးဝေးကို ကြည့်ရမည်။

သူ့ထံတွင် ရီဖူရှင်းကဲ့သို့ ထူးခြား သာလွန်သော စွမ်းရည်မရှိပေ။ သူတွင် ရှိသည်မှာ သူ့ဆရာသာ ဖြစ်၏။ ဖူယွန်ဓားကလန်တွင် ဓားသမားတစ်ယောက် ဖြစ်လာမည့် လမ်းစဉ်ကို ပို့ချခဲ့ပြီး ဓားသမား တစ်ယောက် သိအပ်တတ်အပ်သည်များအား သင်ကြားပေးခဲ့သည်။  သူ သေဆုံးသွားပြီးနောက် သူ၏ နောက်ဆုံး ဓားအသိစိတ်မျှင် သည် သူ့ဆီသို့ ရောက်ရှိလာပြီး သူ့ကို သတင်း စကားပါးခဲ့သည်။

သူသည် သူ့ဆရာ၏ သေဆုံးခြင်းနှင့် လျှိုပြည်ထောင် ပျက်စီးရခြင်းကို တွေးတောသည်။

ဤလောက၌ ဆိုးညစ်ယုတ်မာသူ များစွာ ရှိပေသည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် သူ့ကို ဓားသမားအဖြစ် ကျင့်ကြံခြင်း လမ်းကြောင်းကို ပြသပေးခဲ့သည့် သူ့ဆရာကဲ့သို့ ဓားသမားလည်း ရှိပြီး လီဟန်ဓားသခင်ကဲ့သို့ တန်ခိုးရှင်လည်း ရှိသည်။

တစ်နေ့မှာ သူသည် ဓားတစ်လက် ကိုင်စွဲ၍ လောကကြီးမှ ဆိုးညစ် ယုတ်မာသူများကို သုတ်သင်ရလိမ့်မည်။

သူ၏ ဓားများသည် ကျိုးပျက် ပျက်စီးနိုင်သော်လည်း အဆုံးမဲ့ဖြစ်ကာ နှေးကွေးစွာ ရွေ့လျားနေရာမှ အလွန် လျင်မြန်လာသည်။

ဓားများ အဆက်မပြတ် တိုးပွားလာပြီး ကြမ်းတမ်းလာသည်ကို မြင်လျှင် တိဟောက် မျက်မှောင်ကြုတ်သည်။

ဓားများသည် သူ့အနီးမှာပင် စတင် ပေါ်ပေါက်လာသည်။

ထိုအခိုက်တွင် ရီဝူချင်းသည် ကျယ်ပြောလှသည့် ကမ္ဘာတခွင်ကို ဓားများဖြင့် ပြည့်နှက်နေသလို ခံစားနေရ၏။

တိဟောက်က မေးသည်…  “မင်းမှာ ဓား ဘယ်လောက်များများ ရှိလဲ”

ထိုအခိုက်တွင် ရီဝူချင်း၏ အသံသည် လေထုထဲကို ဖြတ်သန်း မြည်ဟည်း လာသည်။

“ကျုပ်မှာ အနန္တသောဓားတွေ ရှိတယ်”

သူက ထိုသို့ ပြောလိုက်ပြီး အနန္တဓားများ အစစ်အမှန် မွေးဖွားလာကာ ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံသွားသည်။

ကောင်းကင်ထက်တွင် လေများက တိမ်တိုက်များကို ဖြတ်သန်း အော်မြည်နေလျက် ဓားအသိများ ထိုးဆင်းလာကာ လောကတစ်ခွင်ကို တုန်ဟည်းသွားသည်။

သွေးနဂါးမြစ်ကမ်းပါးမှ လူတိုင်းသည် ထိုသည်ကို ကြည့်ရင်း သူတို့၏ နှလုံးသားများက တုန်ယင်နေသည်။

ကြည့်ရသည်မှာ သူသည် ရှန့်ထိုအဆင့်သို့ ချိုးဖျက် ဝင်ရောက်တော့မည့် ပုံပေါ်ပေသည်။

ဤသည်မှာ သွေးနဂါးမြစ်တိုက်ပွဲအတွင်း မကြုံဖူးသော ကိစ္စမျိုးမဟုတ်ဘဲ သမိုင်းတွင် အကြိမ်များစွာ ဖြစ်ပျက်ခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း ရီဝူချင်းသည် ထိုသို့ လုပ်ဆောင်နိုင်သူ ဖြစ်နေမည်ကို မည်သူမှ မတွေးမိကြပေ။ မည်သူမျှ မျှော်လင့်ချက် ကြီးကြီးမားမား မထားရှိခဲ့သည့် ရီဝူချင်းသည် အမှန်တကယ်ပင် နောက်အဆင့်တစ်ခုသို့ ချိုးဖျက် ဝင်ရောက်သွားခဲ့သည်။

သူသည် နတ်ဘုရားလမ်းစဉ်သို့ စတင်ထိတွေ့နိုင်မည့် ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ဤတိုက်ပွဲတွင် စည်းမျဉ်းများ မရှိပေ။ သူတို့ တိုက်ပွဲကွင်းပြင်သို့ ခြေချလိုက်သည့် အခိုက်အတန့်မှ စ၍ နောက်ဆုံး ကျန်ရစ်ခဲ့သူသာ ဒေသနန်းတော်သို့ ဝင်ခွင့် ရရှိမည် ဖြစ်သည်။

ထို့ကြောင့် တိုက်ပွဲအတွင်း၌ ရှန့်ထိုအဖြစ် အဆင့်တက်သွားလျှင် ဆက်လက်၍ တိုက်ခိုက်နိုင်သည်။

ကျင့်ကြံခြင်း လမ်းစဉ်၌ ကံကောင်းခြင်းသည်လည်း အရေးကြီးသော အပိုင်းပင် ဖြစ်၏။

ထို့အပြင် တိုက်ပွဲကွင်းပြင်၌ များလှသော ထိပ်သီး ပုဂ္ဂိုလ်များနှင့် သူတို့ကို ရှန့်ထိုဖြစ်လာခြင်းမှ မည်သို့ တားဆီးနိုင်လိမ့်မလဲ။

ဒေသနန်းတော်သည် ရလဒ်ကိုသာ ဂရုစိုက်လေသည်။

ရီဖူရှင်းက အစတွင် မှင်တက်သွားခဲ့သည်။ ထို့နောက် သူ့မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်ပေါက်လာ၏။

သူ ရှန့်ထိုဖြစ်လာပြီးနောက် ယူချင်း၊ ဝူချင်း၊ အစ်ကိုသုံး၊ ဟောင်ကျူဂီနှင့် အခြားလူများကြားတွင် ပထမဆုံး ရှန့်ထိုအဆင့်သို့ ချိုးဖြတ် ဝင်ရောက်နိုင်သူမှာ ရီဝူချင်း ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမတွေးမိခဲ့ပေ။

သို့သော်လည်း ဤသည်က ရီဝူချင်းသည် အခြားလူများထက် ပါရမီပိုရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ မဟာလမ်းစဉ်တွင် မည်သူက ပို၍  စီနီယာကျသည် ဟူသော စနစ် မရှိပေ။

ဘာပဲဖြစ်ဖြစ် ရီဝူချင်းသည် သူ၏ ပါရမီ အကန့်အသတ်ကို ကျော်လွန်ပြီး ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့သည်။ ဤသည်မှာ အံ့သြဖွယ် ကောင်းလှ၏။

ထို့အပြင် ကျင့်ကြံခြင်းလမ်းစဉ်သည် အံ့သြစရာများ ပြည့်နှက်နေပေသည်။

***

All Chapters