ပစ်မှတ်
Vol. 013 Ch. 1206
တစ်စုံတစ်ယောက် ရှန့်ထိုဖြစ်လာခြင်းသည် တိုက်ပွဲ၏ ရလဒ်ကို လွှမ်းမိုးမှုရှိပြီး မျှချေကို ထိခိုက်နိုင်သည်။
အစဉ်အဆက် သွေးနဂါးမြစ်ပြိုင်ပွဲ၌ ပါဝင်သူများသည် အလွန်ထူးချွန်သော တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။ သူတို့သည် ရှန့်ထိုအဆင့် ဖြစ်သွားခဲ့လျှင် သူတို့ ပြိုင်ဘက်များ အားလုံးကို အနိုင်ယူနိုင်ပေသည်။
ထို့ကြောင့် ယခင်က သွေးနဂါးမြစ် ပြိုင်ပွဲများတွင် တိုက်ပွဲအတွင်း၌ ရှန့်ထိုအဆင့်သို့ တက်ရောက်ခြင်းသည် ကောင်းသောအရာ မရှိခဲ့ပေ။
ထိုအချိန်၌ အသေအချာပင် လူအများ၏ အကြည့်များက ရီဝူချင်းပေါ်သို့ ကျရောက်လာကြသည်။
အနိုင်ရရှိရန် ဖြစ်နိုင်ချေ အများဆုံး ဖြစ်သည့် ရှင်းချိုးနှင့် ရှန်းနန်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းများ ဖြတ်ပြေးသွားသည်။
သူတို့သည် ရီဝူချင်းအပေါ်မှာ မကောင်းသော အမြင်များ ရှိ၍ မဟုတ်သော်လည်း သူသာ တိုက်ပွဲအတွင်းတွင် ရှန့်ထိုအဆင့်သို့ ရောက်သွားခဲ့လျှင် သူတို့အပေါ်၌ သက်ရောက်မှု ရှိလာလိမ့်မည်။
ထိုသို့သော အခြေအနေမျိုး၌ သူ၏ ရှန့်ထိုအဆင့်သို့ ဝင်ရောက်ခြင်းကို ပြီးပြည့်စုံမသွားခင် သူတို့သည် ဖြေရှင်းရလိမ့်မည် ဖြစ်သည်။
သူသည် နတ်ဘုရားလမ်းစဉ်ကို သဘောပေါက် နားလည်ရန် အချိန် လိုအပ်လိမ့်မည် ဖြစ်ပြီး နတ်ဘုရားပြစ်ဒဏ်ကို ခံယူကာ နောက်မှသာ နတ်ဘုရား လမ်းစဉ်ပေါ်သို့ အောင်မြင်စွာ ခြေချနိုင်မည် ဖြစ်သည်။ သည်ကာလသည် ရှန့်ထိုဖြစ်ခါနီး လူများအတွက် ရှန့်ထိုဖြစ်ရန် လက်မလျှော့သေးသရွေ့ သေရေးရှင်ရေးတမျှ အရေးကြီးပေသည်။
အကယ်၍ သူတို့ မလုပ်ခဲ့လျှင် သူတို့သည် နတ်ဘုရားပြစ်ဒဏ်၏ သက်ရောက်မှုကို ခံရနိုင်ချေရှိသည်။
ထိုအချိန်၌ ရီဝူချင်း၏ ဓားအသိများသည် ကျားယဲ့ဓားများ၏ တိုက်ခိုက်မှုကို ဖြတ်တောက်ပစ်သည်။ စွမ်းအားပြည့်ဝလှသည့် ဓားအသိများသည် အထက်ကောင်းကင်မှ နဂါးသဏ္ဌာန် ရေးထိုးထားသည့်ဖိုအိုးကို ပျက်စီးစေကာ ယင်းကို အဆက်မပြတ် တုန်ခါလာစေသည်။
ဓားစွမ်းရည် အသိများသည် ရီဝူချင်းအနီးတွင် ရစ်ပတ်နေသည်။ ဝူကျိဓားများ သူ့အနီးတွင် ပေါ်ပေါက်လာပြီး တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ဖုံးလွှမ်းသည်။
ကြည့်ရသည်မှာ ဓားသမားတစ်ယောက်၏ နတ်ဘုရားပြစ်ဒဏ်က ကျဆင်းလာခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားပြစ်ဒဏ် အလင်းရောင်သည် ကောင်းကင်နီနီနှင့် ရောယှက်သွားပြီး အရာရာကို မြင်ရသည်မှာ အလွန်ဖိနှိပ်နိုင်ပြီး ကြောက်မက်ဖွယ် ကောင်းအောင် ပြုလုပ်နေသည်။
ရီဝူချင်းသည် အားလုံး၏ မျက်လုံးများက သူ့အပေါ်တွင် ကျရောက်နေကြောင်း ခံစားမိသည်။ ယခုတွင် နတ်ဘုရားပြစ်ဒဏ် စတင်တော့မည် ဖြစ်ပြီး အခြားလူများကလည်း သူ့ကို အာရုံစိုက်နေကြပြီ ဆိုသည်ကို သူသိ၏။ သူ့ကို အရင်က ဂရုမစိုက်ခဲ့သည့် သူများသည် အခုချိန်တွင် သူ့ကို တိုက်ပွဲကွင်းပြင်မှ ပထမဆုံး ထွက်ခွာသွားစေရန် လုပ်ဆောင်လိုကြသည်။
“ရှန့်ထိုအဆင့်ကို တက်မလား မတက်ဘူးလား ဆိုတာ မင်းရဲ့ ရွေးချယ်ခွင့်ပဲ။ မင်း ထွက်သွားသင့်တယ်” ရှန်းနန်သည် ရီဝူချင်းကို ပြောသည်။ ရီဝူချင်းက ရှန့်ထိုဖြစ်သွားလျှင်ပင် သူ့အပေါ်၌ လွှမ်းမိုးမှု ရှိမည် မဟုတ်ပေ။ အင်ပါယာရှန်း၏ သားတော်အနေနှင့် ရှန့်ထိုဖြစ်လာသူတို့ အပေါ်တွင် မည်သည့် လေးစားမှုမှ မရှိပေ။
ပြောရလျှင် သူနှင့် သက်ဆိုင်သည်မှာ သူတို့ကြားထဲမှ ဘယ်သူက အရင်ဆုံး ရှန့်ထိုဖြစ်လာမလဲ ဆိုသည့် အချက်မဟုတ်ဘဲ တိုက်ပွဲ၏ ရည်ရွယ်ချက် အမှန်မှာ ဒေသနန်းတော်သို့ ဝင်ရောက်ရန် ဖြစ်သည်။
ရီဝူချင်းသည် ရှန်းနန်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများမှာ ဓားတစ်လက်ကဲ့သို့ ထက်ရှနေသည်။ ထို့နောက် သူသည် ယူချင်းဆီသို့ ကြည့်သည်။ အကယ်၍ သူ အခုသာ ထွက်ခွာသွားလျှင် ယူချင်းသည် အဆုံးထိ တောင့်ခံ တိုက်ခိုက်နိုင်မည်လား။
ရီဝူချင်း တွေဝေနေဆဲမှာပင် နတ်ဘုရားပြစ်ဒဏ်သည် အတူတကွ စုစည်းကာ ရောက်ရှိလာသည်။ ရှန်းနန်သည် သူ့ဆီသို့ လျှောက်လာခဲ့၏။
သူသည် လေထဲသို့ ခြေချလိုက်ကာ လက်လှမ်း၍ ကုပ်ဆွဲသည့်သဏ္ဌာန် ပြုလုပ်သည်။ ခဏချင်းပင် ရီဝူချင်းခေါင်းအထက် လေထဲတွင် ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာသည်။ အံ့ဖွယ်ပုံရိပ်တစ်ခု မှုန်ဝါးဝါး ထွက်ပေါ်လာပြီး ၎င်းသည် နတ်ဘုရားအလား သဏ္ဌာန်တူပေသည်။ ယင်းပုံရိပ်သည် သူ၏ လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်တွင် ရွှေရောင်လက်ဝါးရိပ်ကြီး ဖြစ်ပေါ်လာသည်။ ၎င်းက ရီဝူချင်းကို ဖျက်ဆီးရန် အကြမ်းပတမ်း ပြေးဆင်းလာသည်။
ရီဝူချင်းအနီးမှ ဓားအသိများသည် အော်မြည်လျက် ခုခံကာကွယ်ရန် ပြင်ဆင်နေကြသည်။ ၎င်းတို့သည် လက်ဝါးရိပ်ကြီးနှင့် တိုက်မိပြီး ကြီးမားသည့် ရွှေရောင်အလင်းများ ပေါက်ကွဲ ထွက်လာသည်။ မြင်ရသည်မှာ အလင်း ကန့်လန့်ကာများ စီးဆင်းနေပြီး ဓားအသိများကို ရုတ်ခတ်ထုတ်သည်။ ယင်းသည် ရီဝူချင်းထံသို့ ဆက်လက်၍ ကျဆင်းလာသည်။
ရီဖူရှင်းသည် သူ၏ လက်တစ်ဖက်တည်းကို ဆန့်ထုတ်လိုက်ပြီး ကောင်းကင်သို့ ညွှန်သည်။ သူ၏ မရေတွက်နိုင်သော ဓားများမှာ တစ်ခုတည်းအဖြစ် ရောယှက်သွားပြီး ကြီးမားသော ဓားကြီး ဖြစ်ပေါ်လာကာ တစ်ဟုန်ထိုး ကျဆင်းလာသော လက်ဝါးရိပ်ကြီးကို ဖျက်ဆီးရန် တိုးဝင်သွားသည်။
ဓားနှင့် လက်ဝါးရိပ်တို့ တိုက်မိသွားပြီး ရွှေရောင်အလင်းများ တောက်ပနေသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။
ရှန်းနန်သည် သာမန်မျှသာ ကြည့်သည်။ သူသည် နက်ရှိုင်းစွာ တောက်ပနေသော အလင်းရောင်များ ပြည့်နေသည့် မြင်ကွင်းကို ဖျတ်ခနဲ ကြည့်သည်။ သူသည် လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ကာ အထူးချိပ်တံဆိပ် သဏ္ဌာန် ရေးဆွဲသည်။
အံ့ဖွယ်ပုံရိပ်သည် ရှန်းနန်၏ ပုံစံနှင့် ရန်ဟောင်သဖွယ် ဖြစ်ပေါ်လာသည်။ ချိပ်တံဆိပ်က ထွက်ပေါ်လာပြီး ရုတ်တရက် လက်သည်းငါးခု ရွှေရောင်နဂါးကြီး ဝန်းရံထားသည့် ပုံရိပ်ဖြစ်ပေါ်လာသည်။ ၎င်း၏ ကြီးမားသော လက်သည်းများသည် အောက်သို့ ကျဆင်းလာပြီး နေကိုပင် ကွယ်သွားခဲ့ကာ ရီဝူချင်း၏ ခန္ဓာကိုယ်ကို ကုတ်ချခဲ့သည်။
ဘုန်း…
ကျယ်လောင်သည့် ဆူညံကြီး ထွက်ပေါ်လာပြီး ကြီးမားသည့် ဓားကြီးမှာ ဖိနှိပ်ခံခဲ့ရသည်။
“မင်းရဲ့ ဓားစွမ်းရည်က မဆိုးဘူး” ရှန်းနန်က ပြောသည်… “မင်းက ရှန့်ထိုဖြစ်လာဖို့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်နိုင်ပြီ ဆိုမှတော့ ဒီမှာပဲ ရပ်လိုက်သင့်ပြီ။ မင်း ဒီထက် ကောင်းတဲ့ အခွင့်အရေး ထပ်ရမှာ မဟုတ်တော့ဘူး”
ရီဝူချင်း သွေးနဂါးမြစ်တိုက်ပွဲ၌ ပါဝင်ရသည့် ရည်ရွယ်ချက်မှာ မဟာလမ်းစဉ်ကို သဘောပေါက် နားလည်နိုင်ရန် အခွင့်အရေးကို ဆုပ်ကိုင်လို၍ ဖြစ်သည်။ သို့သော်လည်း တိုက်ပွဲတွင် သူသည် အသန်မာဆုံး မဟုတ်ဘဲ အားအနည်းဆုံးသာ ဖြစ်လေသည်။ သူ ရှန့်ထိုအဆင့် ဖြစ်မလာခင် ခွန်အားတိုးလာရန် လိုအပ်ပေလိမ့်မည်။ သို့သော်လည်း သူ တိုက်ပွဲကွင်းပြင်တွင် ဆက်နေနေလျှင် အခြား မျှော်လင့်ချက်များ ရှိနိုင်သေးသည့် သဘောဖြစ်သည်။
အနည်းဆုံးတော့ ရီဝူချင်းသည် တိုက်ပွဲကို ဝင်ရောက်ခွင့်ရသည့် အကောင်းဆုံး တန်ခိုးရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း သိသာစွာပင် ရှန်းနန်သည် ရီဝူချင်း၏ အရည်အချင်းက ပြည့်မီသည်ဟု မတွေးပေ။
ရီဝူချင်းတစ်ယောက် ကြီးမားသည့် ဖိအားအောက်၌ ရောက်နေသည်ကို မြင်လျှင် ဒွန်ချန်းနှင့် တိုက်ခိုက်နေသည့် ဟောင်ကျူဂီသည် လေထဲသို့ ခုန်တက်လိုက်ပြီး တောက်ပသော အလင်းရောင်စဉ်များ ပေါက်ကွဲထွက်လာကာ သူ၏ နောက်ဘက်မှ လေးညို့ကို တင်သည်။ ရန်ဟောင်လေးတွင် မြားကိုးချောင်းရှိပြီး ၎င်းတို့မှာ ရှန်းနန်ကို ပိတ်ဆို့ထားသည်။
ထိုအချိန်၌ သူသည် မြားများကို ပျံသန်း ထွက်ခွာခွင့်ပေးလိုက်ပြီး အရာရာကို လွှမ်းမိုးသွားကာ နားကွဲမတတ် အသံကြီး ထွက်ပေါ်လာသည်။
စွမ်းအားကြီးမားသော မြားများသည် မဟာလမ်းစဉ်ကို ဖြတ်ကျော်၍ ပစ်ခတ်နိုင်စွမ်း ရှိသည်။ ရှန်းနန်သည် ဟောင်ကျူဂီကို ဖျတ်ခနဲ ကြည့်လိုက်သော်လည်း ထိုအချိန်တွင် ပုံရိပ်တစ်ခုက သူတို့ နှစ်ယောက်ကြားတွင် ဝင်ရောက်လာ၏။ ၎င်းသည် သွေးနဂါးမြစ်ပြိုင်ပွဲတွင် အနိုင်ရမည်ဟု ရေပန်းအစားဆုံး ရှင်းချိုး ဖြစ်သည်။
တောက်ပသည့် အလင်းများက သူ့ထံမှ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လင်းလက် တောက်ပနေအောင် ပြုလုပ်ပေးသည်။ သူသည် ထိုနေရာ၌ သာမန်မျှသာ ရပ်နေသော်လည်း စစ်နတ်ဘုရားကဲ့သို့ ဖြစ်ကာ သူ့ကို ကြည့်ရသည်မှာ လှုပ်ခါနိုင်မည့်ပုံ မပေါ်ပေ။
ရှင်းချိုးသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး နတ်ဘုရားရွှေရောင်အလင်း အလွှာသည် သူ့ကို လွှမ်းခြုံသွားသည်။ စွမ်းအားကြီးမားသည့် မြားများသည် လေကို ဖြတ်၍ အလင်းလွှာကို ရိုက်ခတ်သွားကာ ကြောက်မက်ဖွယ် ဆူညံသံကြီးကို ဖြစ်ပေါ်လာစေသည်။ သူတို့အနီးမှ လေထုမှ ပြင်းထန်စွာ တုန်ခါသွားသည်။
မြားများသည့် အလင်းလွှာကို တဖြည်းဖြည်း ထိုးဖောက်နေပြီး ဖျက်ဆီး၍ ဖြစ်နိုင်တော့မယောင် ထင်မြင်ရသည်။ သို့သောလည်း ရှင်းချိုးသည် ဆုပ်ဆွဲသည့် အပြုအမူကို ပြုလုပ်ခဲ့ပြီး နောက်ထပ် ကျယ်လောင်သည့် ဆူညံသံကို ဖြစ်ပေါ်စေခဲ့သည်။ လက်ဝါးရိပ်ကြီးသည် မြားများကို ဆွဲယူလိုက်ကာ ကျိုးကြေသွားစေသည်။
ရှင်းချိုးသည် ရီဝူချင်းနှင့် ပတ်သက်ပြီး သိပ်ဂရုမစိုက်သော်လည်း သူသာ ရှန့်ထိုအဆင့် ဝင်ရောက်သွားခဲ့လျှင် အရာရာက ကွဲပြားသွားလိမ့်မည်။ ထို့ကြောင့် သူ့ကို ရပ်တန့်ရန် လိုအပ်ပေသည်။
ဟောင်ကျူဂီသည် ရှေ့သို့ ခြေလှမ်းလိုက်ပြီး သူ၏ ရန်ဟောင်ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်ပေါ်လာသည်။ သူသည် ရန်ဟောင်ဓားကို ကိုင်စွဲသည်။ သူ့ထံမှ ခမ်းနားထည်ဝါသည့် အသိများ ထွက်ပေါ်လာပြီး ရှင်းချိုးဆီသို့ ရိုက်ခတ်သည်။
သို့သော်လည်း ရှင်းချိုးသည် သူ့ကို သာမန်မျှသာ ကြည့်သည်။ ရန်ဟောင်တစ်ပါး၏ မျိုးဆက်က တာအို သဘောတရားကို နားလည်ရုံမျှနှင့် သူ့ကို တိုက်ခိုက်ချင်သည်လား။
ထိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးအား လှုပ်ခါရန် ကြိုးစားနေသည်နှင့် တူပေသည်။
အလွန်ရှည်လျားသည့် ပုံရိပ်သည် သူ့နောက်မှ ထွက်ပေါ်လာပြီး အဆုံးမဲ့ စွမ်းအားများနှင့် ပြည့်နှက်နေသည့် စစ်နတ်ဘုရားနှင့် တူပေသည်။
ဟောင်ကျူဂီက သူ့ထံသို့ ရန်ဟောင်ဓားဖြင့် တိုက်ခိုက်သည်ကို မြင်လျှင် ရှင်းချိုးသည် လေထဲသို့ ခုန်တက်သည်။ သူ့အနီးမှ လေထုသည် ပြင်းထန်စွာ တုန်ခါသွားပြီး အလင်းရောင်စဉ်တန်းသည် သူ့ဆီမှ ထွက်ပေါ်လာပြီး မဟာလမ်းစဉ်နှင့် ဆက်စပ်သွားပုံရသည်။ ကြည့်ရသည်မှာ ဤနေရာမှ အရာအားလုံးသည် သူ၏ အသုံးချခံအဖြစ် ထင်မှတ်ရသည်။
တိုက်ပွဲပုံရိပ်ယောင်များမှာ ဟောင်ကျူဂီအနီးတွင် သွေးရူးသွေးတန်း ပြန့်ကျဲသွားပြီး ရှင်းချိုးနောက်မှ စစ်နတ်ဘုရား၏ လက်သီးက ကျဆင်း တိုက်ခိုက်သည်။ မဟာလမ်းစဉ်သည် လက်သီးအတွင်းသို့ ရုတ်တရက် ပေါင်းစပ်သွားပြီး ထိုတိုက်ခိုက်မှု၏ နောက်တွင် အဆုံးမဲ့ မဟာလမ်းစဉ် စွမ်းအားများ ပါဝင်နေသည်။ ၎င်းက ဟောင်ကျူဂီ၏ ရန်ဟောင်ဓားဆီသို့ တိုက်ရိုက် တိုက်ခိုက်သည်။
လက်သီးမှ ဖျက်ဆီးတတ်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ရန်ဟောင်ဓားကို တိုက်မိခဲ့သည်။ ဟောင်ကျူဂီ၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် အလင်းရောင်များ ပေါက်ကွဲထွက်လာပြီး ထူးကဲသာလွန်သည့် စွမ်းအားများသည် ၎င်း လက်သီးကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ကြမ်းတမ်းပြင်းထန်သည့် လက်သီးသည် ဟောင်ကျူဂီကို နောက်သို့ လွင့်စဉ်သွားစေသည်။
ရှင်းချိုးသည် ပုံမှန်အတိုင်း ကြည့်နေဆဲ ဖြစ်သည်။ မြင့်မားပြီး စွမ်းအားကြီးမားသည့် စစ်နတ်ဘုရားသည် လွင့်စဉ်သွားသည့် ဟောင်ကျူဂီထံသို့ နောက်တစ်ကြိမ် သူ၏ လက်သီးနှင့် ပစ်သွင်းသည်။ လျှပ်တစ်ပြက်အတွင်း မရေတွက်နိုင်သည့် လက်သီးများ ထွက်ပေါ်လာပြီး လေထုကိုပင် ဖိနှိပ်ထားသည်။ ဟောင်ကျူဂီသည် ကောင်းကင်သို့ ကြည့်သည်။ သူ့ပြိုင်ဘက်၏ လက်သီးများက နေရာအနှံ့မှာ ရှိနေပြီး ကောင်းကင်နှင့် တစ်သားတည်း ဖြစ်လာသည်ကို ခံစားမိသည်။
ရက်စက်လှသည့် တိုက်ခိုက်မှုသည် သူ့အပေါ်သို့ ကျဆင်းလာပြီး တိုက်ပွဲကွင်းပြင်မှ သွေးနဂါး မြစ်ကမ်းပါးပေါ်သို့ ပြန်ရောက်သည်ထိ လွင့်စဉ်သွားစေရန် ဖိအားပေးခံနေရသည်။
ကောင်းကင်မှ ကျဆင်းလာသည့် ပိုမိုသန်မာလာသော လက်သီးများကြောင့် လေထုက အော်မြည်နေပြီး စစ်နတ်ဘုရား၏ လမ်းတစ်လျှောက် ဖျက်ဆီးခံလိုက်ရသည်။ ဟောင်ကျူဂီသည် မဟာလမ်းစဉ်များ ပျော်ဝင်နေသည့် စစ်နတ်ဘုရားကို မော့ကြည့်ပြီး သူ့နှလုံးသားက တုန်ရီနေသည်။ ကြည့်ရသည်မှာ သူ့ခွန်အားက လုံလောက်စွာ မသန်မာသေးခြင်းလည်း ဖြစ်ရမည်။
ဘုန်း…
ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး ဟောင်ကျူဂီ၏ ခန္ဓာကိုယ်သည် ကွေးသွားကာ မြေပြင်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သူ့မျက်နှာသည် ဖြူဖျော့နေပြီး ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရသည်။
တိုက်ပွဲကွင်းပြင်၏ အခြားတစ်နေရာ၌ ရီဝူချင်း၏ အခြေအနေသည်လည်း အလူးအလဲပင် ဖြစ်သည်။ ရှန်းနန်၏ တိုက်ခိုက်မှုက အားကောင်းလှပြီး မဟာလမ်းစဉ်၏ နတ်ဘုရား ပြစ်ဒဏ်သည်လည်း အတူတကွ စုစည်းလာသည်။ ကြည့်ရသည်မှာ သူ့ထံသို့ အချိန်မရွေး ကျဆင်းလာတော့မည် ဖြစ်သည်။
တိဟောက်သည် ထိုအခိုက်ကို ရွေးကာ ရီဝူချင်းထံသို့ လာရောက် တိုက်ခိုက်သည်။ ခေါင်းလောင်းနှင့် ဖိုအိုးအပြင် သူ၏ ဓားစွမ်းအင်များက သူ့ဆီသို့ တိုးဝင် ပိုင်းဖြတ်လိုက်ပြီး ခုခံကာကွယ်မှုကို ဖြတ်တောက်သည်။ ကျားယဲ့ဓားသည် ရီဝူချင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ဖြတ်သွားပြီး သူ၏ ဝတ်စုံတွင် သွေးတို့ စွန်းထင်းသွားသည်။
“သွားစမ်း…” ရှန်းနန်က အေးစက်စွာ ပြောသည်။ ရုတ်တရက် သူသည် သူ၏ လက်ကြီးကို ဆန့်ထုတ်ကာ ရီဝူချင်းကို မြေပြင်သို့ ရိုက်ချသည်။
မြစ်ကမ်းဘေးမှ ကြည့်နေသူ လူတိုင်း၏ နှလုံးသားများသည် တုန်ယင်နေကြ၏။ ရှန့်ထိုအဆင့်သို့ ဝင်ရောက်မည့် အခိုက်အတန့်သည် မည်သည့် တန်ခိုးရှင်အတွက်မဆို အရေးကြီးသည့် အချိန်ဖြစ်သည်။
သို့သော်လည်း ဤနေရာသည် သွေးနဂါးမြစ်ပြိုင်ပွဲကွင်းပြင် ဖြစ်လေသည်။ ထို့ကြောင့်ပင် သူသည် သာမန်နှင့်မတူစွာ ရက်ရက်စက်စက် ဖိနှိပ်ခံရလေသည်။
ဘုန်း…
ကျယ်လောင်သည့် အသံနှင့်အတူ မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်သည် ကျဆင်းလာခဲ့ပြီး ရီဝူချင်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။ သူ၏ အသွေးအသားများနှင့် စိတ်ဝိညာဉ်အသိကို ဓားအသိများနှင့် လွှမ်းခြုံထားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေ၏။ ထိုတိုက်ခိုက်မှုသည် သူ့ကို ပြင်းထန်စွာ ဒဏ်ရာ ရသွားစေခဲ့သောကြောင့် နတ်ဘုရားပြစ်ဒဏ်နှင့် ရင်ဆိုင်ရန်မှာ အချိန်ကောင်း မဟုတ်ခဲ့ပေ။
ယူချင်းသည် ထိုနေရာ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို မြင်လေသည်။ သူ့ဘက်မှ တိုက်ပွဲတွင် ခွန်ရွှမ်နှင့် ခွန်ကျန်းသည် သူ့အပေါ်၌ ပြင်းထန်သည့် တိုက်ခိုက်မှုများ ထုတ်ဖော်နေသည်။ ကိုးရောင်စဉ်အလင်းများ ကျဆင်းလာပြီး ယင်းစွမ်းအားများသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေကာ သူ့ဆီသို့ တစ်ခါပြီး တစ်ခါ တိုက်ခိုက်နေသည်။ ၎င်းသည် အမှန်တကယ် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းဖြစ်လေသည်။
ထိုအချိန်၌ ယူချင်းသည် သူ့လက်ကို လှုပ်ရှားလိုက်ပြီး ခွန်ရွှမ်နှင့် ခွန်ကျန်းကို နောက်သို့ တွန်းပို့သည်။ သို့သော်လည်း နတ်ငှက်ကျားလို့ဖုန်းသည် ယူချင်း၏ ခေါင်းဆီသို့ သူ၏ လက်သည်းများနှင့် ကုတ်ဆွဲသည်။
သူသည် ဘယ်ဘက်လက်ကို ဆန့်ထုတ်ကာ သူ့ရှေ့ကို ပိတ်ကွယ်လိုက်ပြီး ကျားလို့ဖုန်း၏ လက်သည်းများက ယင်းကို ဖြတ်၍ ကုတ်ခြစ်လိုက်ကာ ဆုတ်ဖြဲပစ်ရန် ကြိုးစားလေသည်။ သို့ပေမဲ့ ဝူချင်း၏ အခြားလက်မှ လျှပ်စီးအလင်းတန်းကဲ့သို့ လျင်မြန်စွာ ထွက်ပေါ်လာပြီး ရွှေရောင်ငှက်ကြီး၏ လက်သည်းများကို ဆွဲကိုင်သည်။
ဘန်း … သူသည် လေထဲသို့ ခြေလှမ်းလာပြီး ရွှေရောင်ငှက်ကြီးသည် အသည်းအသန် ရုန်းကန်ကာ ယူချင်း၏ ဖမ်းချုပ်မှုမှ လွတ်မြောက်ရန် ကြိုးစားနေသည်။ သို့သော်လည်း ယူချင်းသည် နတ်ဆိုးကဲ့သို့ သန်မာလှရာ ချက်ချင်းပင် ငှက်ကြီးသည် မြေပြင်ဆီသို့ ပစ်ချခံလိုက်ရသည်။
ရွှေရောင်ငှက်ကြီးသည် အောက်သို့ ကျဆင်းသွားသော်လည်း သူ၏ ပါးစပ်မှနေ၍ ရွှေရောင်ဓားများ ပစ်လွှတ်သည်။ ယူချင်းသည် သူ၏ မျက်လုံးကို လက်မောင်းဖြင့် ကာလိုက်သော်ငြား လေက သူတို့အပေါ် ကြမ်းတမ်းစွာ တိုက်ခတ်လာပြီး နှစ်ယောက်လုံး မြေပြင်သို့ ပြုတ်ကျ သွားတော့သည်။
သူသည် လက်ကို မြှောက်လိုက်ကာ ကျယ်လောင်လှသည့် အသံနှင့်အတူ ကျားလို့ဖုန်းကို မြေပြင်သို့ ရိုက်ချလိုက်တော့သည်။
သူ ဘာမှ တန်ပြန် မလုပ်နိုင်သေးခင် ယူချင်းသည် သူ့ဗိုက်ပေါ်တွင် ရပ်လိုက်ပြီး အတောင်နှစ်ဖက်ကို ဆုပ်ကိုင်သည်။ ယူချင်းသည် သူ့အမွေးအတောင်များကို တစ်ခုချင်း တစ်ခုချင်း စတင် နုတ်လိုက်တာကြောင့် ကျားလို့ဖုန်းသည် နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ် မြည်ကျွေးလေသည်။
ယူချင်းသည် သူ၏ အော်သံကို လျစ်လျူရှုထားပြီး ကောင်းကင်ထက်တွင် ရှိနေသေးသည့် ခွန်ရွှမ်နှင့် ခွန်ကျန်းကို မော့ကြည့်သည်။ ထို့နောက် သူသည် မြေပြင်တုန်ဟည်းစေမည့် ခွန်အားကို သုံးကာ ရီဝူချင်းဆီသို့ ပြေးထွက်သွားတော့သည်။
***