သတ်ဖြတ်ခြင်း
Vol. 10 Ch. 120
လျှိူမျိုးနွယ်စုတွင် အထက်တန်းစား ၂၀ မှ ၃၀ ခန့်ရှိကြပြီး ၎င်းတို့တစ်ဦးစီသည် ပုံရိပ်ယောင်ယင်နယ်ပယ်အထက်တွင် ကျင့်ကြံခြင်းအဆင့်တစ်ခုစီရှိကြသည်။လျှိူကျိဝူ သည် လျှိူ မျိုးနွယ်စု၏ အင်အားတစ်ဝက်နီးပါးကို ခေါ်ဆောင်လာခဲ့သည်။
သို့သော်လည်း ပုံရိပ်ယောင်ယင်နယ်ပယ် ၏ စစ်သည်တော်များစွာသည် ပုံရိပ်ဆယာင်ယင်နယ်ပယ် တွင်ရှိသော လူငယ်တစ်ဦးနှင့် ပူးပေါင်းဖြေရှင်းရန် တွန်းအားပေးခဲ့ကြသော်လည်း ရလဒ်မှာ လျှိူ မျိုးနွယ်စု၏ အထက်တန်းလွှာအားလုံးသည် ထိုလူငယ်၏ တိုက်ခိုက်မှုကြောင့် ရှုံးနိမ့်သွားခဲ့ရသည်။
ဒုန်း ဒုန်း
အပြာရောင်ဓားရှည်ကိုးချောင်းသည် အပြာရောင်ရုပ်သဏ္ဍာန်တစ်ဝိုက်တွင် လှည့်ပတ်ကာ လေပွေနှင့်တူပြီး လမ်းကြောင်းအားလုံးတွင် မပျက်စီးနိုင်သော ဓားအတားအဆီးတစ်ခုဖြစ်လာသည်။
လျှိူကျိဝူ ၏ မျက်နှာပေါ်ရှိ အပြုံးသည် အေးခဲသွားပြီး ထိတ်လန့်မှုနှင့် မယုံကြည်မှုများဖြင့် အစားထိုးလာသည်။လျှိူ မျိုးနွယ်စု၏ အထက်တန်းစား အများစုကို ခေါ်ဆောင်လာသော်လည်း ဤထူးဆန်းသောလူငယ်ကို ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သူမယုံနိုင်ခဲ့ပေ။
"ဒါက ဘယ်လိုဖြစ်နိုင်လဲ၊ မင်းရဲ့ ပုံရိပ်ယောင်ချပ်ဝတ် က ဘယ်လောက်ထိ အစွမ်းထက်နိုင်မှာလဲ"
လျှိူကျိဝူသည် လူငယ်လေးခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိသည်။ ခန္ဓာငါးပါးယန်နယ်ပယ်ရောက်ခါနီးစစ်သည်တော်ဖြစ်တဲ့သူတောင်မှ ကြောက်လှန့်ပြီး တုန်လှုပ်ခဲ့သည်။ ကြွက်က ကြောင်ကို တွေ့သကဲ့သို့ ဖြစ်နေသည်။
"မင်းတို့အားလုံး မတ်တပ်ရပ်ပြီး ဒီကောင်ကို တားကြ!"အပြာရောင် အသွင်အပြင်ကို ကြည့်ကာ လျှိူကျိဝူ က ထိတ်လန့်တုန်လှုပ်နေတဲ့ အမူအရာတစ်ခုကို ပြသလိုက်သည်။သူ့လက်တွေ ကျိုးသွားပြီး လုံးဝမမြှောက်နိုင်တော့ပေ။သူ့လက်တစ်ဖက်မပါဘဲ သူသည် မသန်စွမ်းသူ တစ်ယောက်လို ဖြစ်နေသည်။
လျှိူ မျိုးနွယ်စု၏ အထက်တန်းစား စစ်သည်တော်များသည်လည်း အခြေအနေ၏ လေးနက်မှုကို ခံစားခဲ့ရသည်။သူတို့အားလုံးသည် ၎င်းတို့၏လက်နက်များကို မြှင့်တင်ကာ အပြာရောင်ရုပ်အသွင်ကို သေခြင်းမှမကြောက်ဘဲ ပိတ်ဆို့ရန် ကြိုးစားကြသည်။
"ဟမ့် မင်းတို့က သေချင်နေတာပဲ။"
အေးစက်ပြီး ထူးခြားသောအသံသည် ရုတ်တရက် ကူးစက်လာခဲ့သည်။ ချက်ချင်း အပြာရောင်ပုံရိပ်ပတ်ပတ်လည်ရှိ ဓားရှည်ကိုးချောင်းသည်
ဝှီးဆိုတဲ့ အသံကို ထုတ်လွှတ်ပြီး အပြာရောင်အလင်းတန်းကိုးခုအဖြစ် ပြောင်းလဲသွားသည်။ရိုင်းစိုင်းတဲ့ပုံစံဖြင့်
သူတို့နှင့် အနီးဆုံးပုံရိပ်ကိုးခုဆီသို့ ချက်ချင်း ပစ်လိုက်သည်။
ဘန်း
သူနှင့် အနီးဆုံး စစ်သည်တော်ကိုးဦးကလည်း ၎င်းတို့ဆီသို့ အပြာရောင်ဓားရှည် ပစ်ခတ်သည်ကို သတိပြုမိသည်။သူတို့မျက်နှာတွေ အားလုံးက လေးနက်တဲ့ အမူအရာတွေ ပေါ်လာသည်။၎င်းတို့သည် ၎င်းတို့၏လက်ထဲတွင်ရှိသော လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ရေခဲပြာဓားရှည်၏ တိုက်ခိုက်ခြင်းကို တားဆီးရန် ကြိုးပမ်းမှုတွင် ၎င်းတို့ရှေ့သို့ ပြင်းထန်စွာ ခုတ်ချခဲ့သည်။
သို့သော် သူတို့ အံ့အားသင့်စရာ တစ်ခုခု ဖြစ်သွားသည်။ဘာကြောင့်လဲဆိုတော့ အပြာရောင်ဓားရှည်ဟာ သူတို့ရဲ့လက်နက်တွေနဲ့ ထိတွေ့တဲ့အခါ ခပ်တိုးတိုးအသံကြားပြီးနောက် သံကောင်းနဲ့လုပ်ထားတဲ့ သူတို့လက်ထဲက လက်နက်တွေဟာ တိုဟူးလို တခဏချင်း ကွဲအက်သွားသည်။
တစ်ချိန်တည်းမှာပင် ထူးဆန်းသော အပြာရောင်လေအေးတွေက မရေမတွက်နိုင်သော တွားသွားပိုးမွှားများကဲ့သို့ ကျင့်ကြံသူ၏ ခန္ဓာကိုယ်အနှံ့ကို ချက်ချင်း ပျံ့နှံ့သွားသည်။အပြာရောင်လေအေးနှင့် ထိတွေ့ထားသော ကျင့်ကြံသူသည် လူတိုင်း၏ ထိတ်လန့်ကြောက်ရွံ့သော မျက်လုံးများရှေ့တွင် လူသားပုံသဏ္ဍာန် ရေခဲရုပ်အဖြစ်သို့ မပြောင်းမီ သဲသဲကွဲကွဲမကြားရသော ညည်းညူသံကို ထုတ်ပေးလာသည်။
ရေခဲရုပ်ထုသည် ကောင်းကင်မှ ရုတ်တရက် ပြုတ်ကျပြီး ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ကျသွားကာ ချက်ချင်းဆိုသလို အပိုင်းပိုင်းကွဲသွားသည်။မြေပြင်ပေါ်ရှိ ရေခဲတုံးများမှ သိုင်းပညာရှင်၏ အတွင်းအင်္ဂါများကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ဤအင်္ဂါများသည် ရေခဲအဖြစ်သို့ ပြောင်းလဲသွားပုံရကာ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အက်ကြောင်းများ ပေါ်လာသည်။
ဤစစ်သည်တော်မှတပါး အပြာရောင်ဓားနှင့် ထိတွေ့ခဲ့သော အခြားစစ်သည်တော်ရှစ်ဦးမှာလည်း ရေခဲပန်းပုရုပ်တုများအဖြစ် ပြောင်းလဲသွားခဲ့သည်။မြေပြင်ပေါ်သို့ လဲကျပြီး မရေမတွက်နိုင်သော ရေခဲတုံးငယ်များ ကွဲအက်သွားကြသည်။
အားလုံးက မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ရင်း အေးစက်သောလေကို ရှုရှိုက်လိုက်ကြသည်။၎င်း၏ အတွင်းအင်္ဂါများပင်လျှင် ရေခဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။သူတို့၏ မျက်လုံးများသည် ပြင်းထန်သော အကြောက်တရားများနှင့် ပြည့်နှက်နေသည်။
"သူကိုသတ် ။ မဟုတ်ရင် မင်းတို့အားလုံး သေကုန်ကြလိမ့်မယ်။"
လျှိူကျိဝူ သည် စစ်သည်တော်ကိုးယောက်၏ သနားစရာကောင်းသော အခြေအနေကို မြင်လိုက်ရသောအခါတွင် သူ့နှလုံးသားသည် ပြင်းထန်စွာ တုန်လှုပ်သွားပြန်သည်။
လျှိူကျိဝူ ၏အော်ဟစ်သံကြောင့် ကျန်စစ်သည်တော်များကို ချက်ချင်းနှိုးထလာကြသည်။သူတို့ အသက်ရှင်ချင်ရင် သူတို့ရှေ့က လူငယ်လေးကို သတ်ရမယ်ဆိုတာ သဘောပေါက်လိုက်သည်။
ဝှီး ဝှီး
ဝှီး ဝှီး ဝှီး
ဝှီး ဝှီး ဝှီး
လျှိူမျိုးနွယ်စုရဲ့ကျန်ရှိတဲ့စစ်သည်တော်ဟာ ကျိုးဝမ်ဆီသို့ အပြေးအလွားလာကာ ရူးသွပ်လာပုံရသည်။
အပြာရောင်မျက်နှာဖုံးအောက်မှ ပေါ်လွင်နေသော မျက်လုံးများသည် မကြောက်မရွံ့ ပြေးလာနေကြသော စစ်သည်တော်များကို ရက်စက်စွာ ကြည့်နေလေသည်။ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းကာ အပြာရောင်ဓားရှည်ကိုးချောင်းသည် အပြာရောင်အလင်းတန်းကိုးခုအဖြစ်သို့ တစ်ဖန်ပြန်သွားကာ သူ့ဆီသို့ အပြေးအလွှားလာနေသော စစ်သည်တော်များဆီသို့ ဦးတည်သွားခဲ့သည်။
နောက်ထပ် စစ်သည်တေည်ကိုးဦးသည် ရေခဲပန်းပုများအဖြစ်သို့ ပြောင်းလဲသွားသဖြင့် အော်သံများ ထပ်မံထွက်ပေါ်လာသည်။နောက်ဆုံးတွင်ကျန်ရစ်သောစစ်သည်တော်ကိုးဦးသည် အပြာရောင်ဓားရှည်နဲ့အပြာပုံရိပ်ကို သတ်ဖို့ နီးကပ်လာခဲ့သည်။
ဤစစ်သည်တော်ကိုးယောက်သည် ရွှင်မြူးနေ၏။သူတို့ရှေ့ကလူကိုသတ်နေသရွေ့ ကယ်တင်ခြင်းအဖြစ်သို့ရောက်လိမ့်မည်ဆိုတာ သူတို့သိသည်။ထို့အပြင် လျှိူ မျိုးနွယ်စုသည် ၎င်းတို့၏ အကူအညီများကို မှတ်တမ်းတင်ထားမည်ဖြစ်သည်။
ပြင်းထန်လာသော ယွမ်စွမ်းအားသည် တိုက်ခိုက်ရေးသမား ကိုးဦး၏ အလောင်းများမှ ပြင်းထန်စွာ ထွက်ပေါ်လာသည်။သိပ်မကြာခင်မှာပဲ သူတို့ကိုးယောက်က ကျိုးဝမခ ကို အရပ်ရပ်ကနေ တိတ်တဆိတ် ချိတ်ပိတ်လိုက်သည်။ထို့နောက် ပြင်းထန်စွာ ထိုးနှက်ကြသည်။
အင်အားကြီးမားသော ယွမ်စွမ်းအား အတက်အကျများသည် အလယ်ဗဟိုရှိ အပြာရောင်ရုပ်သဏ္ဍာန်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာသောအခါတွင် လှိုင်းလုံးများကဲ့သို့ပင်။
ဘုန်းး
ချမ်းစိမ့်စိမ့်လေအေးနှင့်အတူ လိုက်ပါလာသော အင်အားကြီးမားသော ယွမ်စွမ်းအင်သည် အပြာရောင်ရုပ်သွင်ပေါ်သို့ ရိုက်ခတ်သွားသည်။အဆုံးမဲ့ လေလှိုင်းများ ချက်ချင်း ပြန့်ကျဲသွားပြီး မြေပြင်ပေါ်တွင် ကြီးမားသော မီးတောင်ပေါက်တစ်ခု ဖြစ်ပေါ်လာသည်။
တိုက်ခိုက်သူရဲကိုးယောက်က ကျေနပ်စွာ ပြုံးလိုက်ကြသည်။သို့သော် ဤအပြုံးသည် အေးခဲမသွားမီ တစ်ခဏမျှသာ ကြာခဲ့သည်။အဲဒီအစား သူတို့ရှေ့မှာ အပြာရောင်ရုပ်အသွင်ကို ထိတ်လန့်တကြားကြည့်လိုက်သည်။
သူတို့အလယ်မှာ အပြာရောင်ပုံရိပ်က ဘာမှမဖြစ်ခဲ့သလို ပတ်ပတ်လည်ကိုကြည့်သည်။သူ၏ လျစ်လျူရှုသော အသံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်နှင့်အမျှ ခေါင်းကို ဘယ်ညာယမ်းလိုက်သည်။
"ဒါက မင်းရဲ့ တိုက်ခိုက်မှုက ဒါပဲလား။မင်းက ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ချပ်ဝတ်တန်ဆာကိုတောင် ချိုးမဖောက်ခဲ့ပုံပဲ။မင်းတကယ် အားနည်းတယ်။ အခု ငါ့အလှည့်ပဲ။ “
ရုတ်တရက် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။အပြာရောင်ရုပ်သဏ္ဍာန်ကို ဝန်းရံထားသည့် စစ်သည်တော်ကိုးဦးသည် သူတို့၏နှလုံးသားထဲတွင် အေးခဲသွားခဲ့သည်။သူတို့ရှေ့က ပုံရိပ်၏မျက်နှာပြင်ပေါ်ရှိ မရွှေ့ပြောင်းနိုင်သော ချပ်ဝတ်တန်ဆာကို ကြည့်လိုက်ကာ သူတို့၏စိတ်နှလုံးထဲတွင် ထိတ်လန့်မှုက အဆမတန်တိုးလာသည်။
ဒါက တကယ်ပဲ ပုံရိပ်ယောင်ယင်နယ်ပယ် စစ်သည်တော်လား။ပေါင်းစည်းထားသော ပုံရိပ်ယောင်ချပ်ဝတ်က ဘာလို ဒီလောက်ပုံမှန်မဟုတ်ရတာလဲ။သူတို့ရဲ့ ပေါင်းစပ်တိုက်ခိုက်မှုက နည်းနည်းလေးမှ မကျန်ခဲ့ပါဘူး။
လူကိုးယောက်က ကြောင်တက်တက်နဲ့ သူတို့ရှေ့မှာ အပြာရောင်အလင်းလုံး ကိုးလုံး လင်းလက်လာသည်။ချက်ချင်းဆိုသလိုပဲ သူတို့ ကိုးယောက်က ရေခဲပန်းပု ကိုးရုပ် ဖြစ်သွားသည်။
ကျိုးဝမ် ၏ လက်များ အနည်းငယ် တုန်ခါသွားသည်။ သူ့ပတ်ဝန်းကျင်ရှိ ရေခဲရုပ်ထု ကိုးခုသည် ချက်ချင်းပင် ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော ရေခဲတုံးများကို တိတ်တဆိတ် ငေးကြည့်ရင်း
ကျိုးဝမ် ၏ မျက်လုံးများ တောက်ပလာသည်။အနှစ်တစ်ထောင် လျှို့ဝှက်ဆန်းကြယ်သော ရေခဲချပ်ဝတ်တန်ဆာ၏ ခံစစ်စွမ်းအားသည် ဤမျှပြင်းထန်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ပုံရိပ်ယောင်ဟးယင်နယ်ပယ် စစ်သည်တော်ကိုးဦး၏ ပေါင်းစပ်တိုက်ခိုက်မှုမှာပင် ဒဏ်ရာအနာတရမရှိခဲ့ပေ။ပုံရိပ်ယောင်ယင်နယ်ပယ် စစ်သည်တော်၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိသော ချပ်ဝတ်တန်ဆာက ရှောင်ဟယ်၏ စကားများသည် အခြေအမြစ်မရှိဟု ထင်ရသည်။
ကျိုးဝမ် အံ့အားသင့်ဆုံးအရာမှာ ချပ်ဝတ်တန်ဆာ၏နောက်ကျောတွင် အပြာရောင်ဓားကိုးလက်ဖြစ်သည်။ကျိုးဝမ် ပင်လျှင် သူတို့၏ စွမ်းအားကြောင့် အံ့အားသင့်သွားသည်။ အထူးသဖြင့် အပြာရောင်ဓားရှည်များတွင် အနှစ်တစ်ထောင် လျှို့ဝှက်ဆန်းကြယ်သော ရေခဲအေးက ပုံရိပ်ယောင်ယင်နယ်ပယ် စစ်သည်တော်အတွက် ခုခံရန် မဖြစ်နိုင်သလောက်ပင်။
ဒီအချိန်မှာ မြင်ကွင်းက ထူးထူးခြားခြား တိတ်ဆိတ်သွားသည်။လျှိူကျိဝူ သို့မဟုတ် ဟန်ရွှယ် ဖြစ်စေ သူတို့အားလုံးသည် မရေမတွက်နိုင်သော ရေခဲတုံးများကြားတွင် ရပ်နေသော လူငယ်ရုပ်သွင်ကို စိုက်ကြည့်နေကြသည်။
အခု တိုက်ပွဲက မျက်စိတစ်မှိတ်အတွင်း ဖြစ်သွားသည်။ လျှိူ မျိုးနွယ်စုမှ ထိပ်တန်းလက်ရွေးစင် ဒါဇင်ပေါင်းများစွာကို တခဏချင်း သတ်ပစ်ခဲ့သည်။တစ်ချို့က မယုံကြည်နိုင်ဖြစ်ကြပြီး မျက်လုံးတွေကို မပွတ်သပ်ဘဲ မနေနိုင်ကြပေ။မြငိကွင်းက တူနေဆဲဆိုတာ မြင်လိုက်ရတဲ့အခါ ဟန်ရွှယ်နဲ့ အခြားသူတွေအားလုံးသည် စိတ်အားထက်သန်စွာ ပျော်ရွှင်သွားကြသည်။
မူလက သူတို့ သေတော့မယ်လို့ ထင်ခဲ့ကြပေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်လေးဟာ ရုတ်တရက် ထွက်ပေါ်လာပြီး လျှိူမျိုးနွယ်စုမှ လူတွေကို အားပါးတရ အနိုင်ယူကာ ဆိုးဝါးသောအခြေအနေမှ သူတို့ကို ကယ်ထုတ်လိမ့်မယ်လို့ မထင်မိပေ။ဘေးအန္တရာယ်တစ်ခုပြီးနောက် ပြန်လည်မွေးဖွားလာရသည့် ခံစားချက်သည် လူများစွာကို အနည်းငယ်မှိန်းသွားစေခဲ့သည်။
သူတို့ရဲ့ မေ့လျော့မှုကနေ တဖြည်းဖြည်း နိုးလာတဲ့အခါ ရေခဲအပြာရောင် ချပ်ဝတ်တန်ဆာ အပြည့်နဲ့ ဖုံးလွှမ်းထားတဲ့ အကွာအဝေးပုံရိပ်ဆီကို သူတို့ရဲ့ အကြည့်တွေ စုစည်းလိုက်သည်။ဝတ်ပြုကိုးကွယ်ခြင်းဟုခေါ်သော မီးတောက်တစ်ခုသည် သူတို့၏မျက်လုံးများတွင် အလိုအလျောက် လောင်ကျွမ်းသွားသည်။ အဆုံးမရှိတဲ့ ရေခဲချီထဲတွင် ရပ်နေသော ပုံရိပ်ကို ဒီနေ့ ဘယ်တော့မှ မေ့နိုင်လိမ့်မည်မဟုတ်တာကို သူတို့သိသည်။
ဟန်ရွှယ်ရဲ့နောက်မှာ တိတ်ဆိတ်စွာ ရပ်နေသော အနီဝတ်မိန်းခလေးသည် ခပ်ဝေးဝေးမှ ပုံရိပ်ကို စိုက်ကြည့်လိုက်သည် ။လေးစားခြင်းနှင့် နောင်တရခြင်းကဲ့သို့သော ရှုပ်ထွေးသော စိတ်ခံစားမှုများက သူမ၏မျက်လုံးထဲတွင် ပေါ်လာသည်။အဆုံးတွင် သူမသည် လေးလေးနက်နက် သက်ပြင်းသာချလိုက်သည်။သူမသည် ထိုလူငယ်နှင့် သူငယ်ချင်းဖြစ်ရန်ပင် မဖြစ်နိုင်ကြောင်း သူမသိသည်။ယခု သူမလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့နောက်ကျောကို တိတ်တဆိတ် စိုက်ကြည့်နေခြင်းပင်။
ကလန်
အပြာရောင်ဓားကိုးချောင်းသည် ချက်ချင်းဖြတ်ကျော်ကာ ကျိုးဝမ် ၏နောက်ကျောသို့ ပေါင်းစပ်သွားသည်။
မကြာခင်မှာပဲ ကျိုးဝမ် က ရှေ့ကို လှမ်းပြီး လျှိူကျိဝူ ရှေ့ကို ရောက်လာသည်။သူ့ညာလက်က လျှိူကျိဝူ ကို မြှောက်ကာ သူ စိတ်မဝင်စွာ ပြောလိုက်သည်။"ငါ အခု မင်ူကို အခွင့်ရေးနှစ်ခုပေးမယ်။ မင်း သေမလား ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်တဲ့ရတနာရဲ့တည်နေရာကို ပြောမလား။"
အပြာရောင်မျက်နှာဖုံးနဲ့ မျက်လုံးထဲမှာ အေးစက်တဲ့ သတ်ပစ်ချင်စိတ်ကို ခံစားရကာ လျှိူကျိဝူ က မကူညီနိုင်ဘဲ တုန်လှုပ်သွားသည်။ သူ့ရှေ့က လူငယ်သည် အလွန်ကြောက်စရာကောင်းပြီး ပုံရိပ်ယောင်ယင်နယ်ပယ်မှ ဒါဇင်ပေါင်းများစွာသော စစ်သည်တော်များကို သူ့ဘာသာသူ သတ်ပစ်နိုင်ခဲ့သည် ။
ယင်းသည် လျှိူမျိုးနွယ်စု၏ ထက်ဝက်နီးပါး အင်အားဖြစ်သည်။ယခုတော့ သူတို့အားလုံး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြသည်။လျှိူကျိဝူ သည်ပင် အသည်းကွဲခဲ့ရပြီး သူ့စိတ်ထဲမှာ နောင်တရနေခဲ့သည်။
"မပြောသေးဘူးလား။မင်း တကယ်သေချင်တာလား။"ကျိုးဝမ် က နဂါးသွေးဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး လျှိူကျိဝူ ရဲ့လည်ချောင်းကို ဓါးနဲ့ထိုးပြရင်း အေးစက်စွာပြောလိုက်သည်။
သူ့လည်ချောင်းတွင် အေးစက်မှုနဲ့ သတ်ချင်စိတ်တွေ ပြည့်နှက်နေတဲ့ ကျိုးဝမ် ရဲ့ အကြည့်ကို ခံစားမိကာ လျှိူကျိဝူ လည်ချောင်းတွေ တုန်နေသည်။အဆုံးတွင် စွန့်စားရန် ရွေးချယ်ခဲ့သည်။ခေါင်းမာပြီး ဘာမှ မပြောဘဲနေလျှင် သူ့ရှေ့ကလူငယ်က သနားစိတ်မရှိဘူးဆိုတာ သူသိသည်။ ထို့ကြောင့် သူ့ဘဝနှင့် သူ၏သစ္စာစောင့်သိမှုကြားတွင် သူသည် သူ့ဘဝကို ရွေးချယ်ခဲ့သည်။
"ငါ မင်းကို ပြောမယ်။ ငါ့ကိုမသတ်ပါနဲ့။ ရှားပါးရတနာ၏တည်နေရာက ဖျက်ဆီးခြင်းသစ်တော၏အစွန်းရှိ သွေးနတ်ဆိုး ကျောက်တုံးမှာပါ။ငါ့ရဲ့အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုက မျိုးနွယ်စု၏အထက်တန်းစားအချို့ကို ဦးဆောင်ပြီး သွေးနတ်ဆိုးကျောက်တုံးကို သွားဖို့ မဟာမိတ်ကြေးစားအဖွဲ့ နှင့် ပူးပေါင်းခဲ့တယ်။ " လျှိူကျိဝူ က တုန်လှုပ်သော အသံဖြင့် ပြောလိုက်သည်။
"အိုး မင်းတို့ ဘာလို့ မဟာမိတ်ကြေးစားအဖွဲ့ နဲ့ ပူးပေါင်းချင်တာလဲ။ လျှိူ မျိုးနွယ်စုက တခြားသူတွေနဲ့ ရတနာတွေကို ဝေမျှချင်တာလား။ "ကျိုးဝမ် က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"မင်း သွေးနတ်ဆိုးကျောက်တုန်းအကြောင်းကို မသိဘူးလား။ အဲနေရာက ဖျက်ဆီးခြင်းတောအုပ်မှာ အန္တရာယ်အများဆုံး နေရာပဲ။ အဆင့် ၁ ဝိညာဥ်သားရဲနှင့် အဆင့် ၂ ဝိညာဥ် သားရဲ အများအပြားရှိတယ်။ သွေးနတ်ဆိုးကျောက်တုံးကို တစ်ယောက်ထဲဝင်ဖို့ ခက်ခဲတယ်။ လျှိူမျိုးနွယ်စုက မဟာမိတ်ကြေးစားအဖွဲ့ နှင့် ပူးပေါင်းလိုတာက သွေးနတ်ဆိုးကျောက်တုန်းသည် အန္တရာယ်များလွန်းတာကြောင့်ပဲ။ဒီလိုမှမဟုတ်ရင် လျှိူ မျိုးနွယ်စုက သွေးနတ်ဆိုးကျောက်တုံးကို တစ်ယောက်တည်း ဝင်ချင်တယ်ဆိုရင်တော့ ပေးဆပ်ရမဲ့တန်ဖိုးက အရမ်းကြီးတယ်။ “