အောင်နိုင်သူ
Vol. 102 Ch. 1332 (2)
ဗျပ်စောင်းသံသည် တရှိန်ထိုး မြင့်တက်သွားပြီး မိုင်တစ်သောင်း ရှည်လျားသော မက်မွန်တောအုပ်မှာ ဆူပွက်လာသယောင် ထင်ရသည်။ မရေမတွက်နိုင်သော နေရာဟင်းလင်းပြင် ကြက်ခြေခတ်များက ဗျပ်စောင်းတေးသွားများနှင့်အတူ ရောထွေးသွားသည်။
ကောင်းကင်နတ်အရှင်ယွဲ့ ဗျပ်စောင်းကို တီးခတ်လိုက်သည်နှင့် ဗျပ်စောင်းတေးသံမျိုးစုံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြ၏။ တေးသွားငါးခုနှင့် တေးသံဆယ့်နှစ်သံက တပြိုင်နက်တည်း ညံသွားလေသည်။
ကောင်းကင်တာအိုနတ်ဘုရားများ ဖွဲ့တည်ထားသည့် ရွှမ်တုကမ္ဘာမှာ ချက်ချင်း ဖျက်ဆီးခံလိုက်ရပြီး နတ်ဘုရားများမှာ ကောင်းကင်ထက်သို့ ခုန်တက်လိုက်ကြသော်လည်း ဗျပ်စောင်းတေးသံကြောင့် အစိတ်စိတ်အမွှာမွှာ ပိုင်းခုတ်ခံလိုက်ရသေး၏။
မရေမတွက်နိုင်သော ခြေလက်များက ကောင်းကင်ထက်မှ တဘုတ်ဘုတ် ပြုတ်ကျလာကြသဖြင့် ရှေးဟောင်းနတ်ဘုရားဘုရင်၏ ဒေါသထွက်နေသော အသံ ကြားလိုက်ရသည်။ “ကောင်းကင်နတ်အရှင်ရှောင်၊ မင့်ဘကြီး”
သူ၏ ဖျက်စီးခံလိုက်ရသော ကောင်းကင်တာအိုမှာ ခုနစ်ရောင်ခြယ် အလင်းတန်းပမာ ကောင်းကင်သို့ ထိုးတက်သွားရင်း မက်မွန်တောအုပ်မှ ထွက်ခွာသွားသည်။ ၎င်းက ကောင်းကင်ထက်ရှိ ကြယ်တာရာများအကြား ဟိုဟိုသည်သည် ပြေးလွှားနေပြီး မကြာမီ ပျောက်ကွယ်သွားတော့၏။
နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်က ကောင်းကင်ရတနာနယ်ပယ်ထဲသို့ ပြေးဝင်၍ ကောင်းကင်နတ်အရှင်ယွဲ့၏ မျက်ခုံးနှစ်ဖက်ကြားသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ သို့သော် သူ မည်မျှပင် ပြေးနေပါစေ ချင်မူ့မျက်နှာကြီးသာ မြင်နေရလေသည်။
သူ့မှာ ချင်မူနှင့် ပိုပို၍ နီးကပ်လာသော်လည်း သူ၏အသိစိတ်အလျဉ်ကို ချင်မူ၏ လက်ဖဝါးက စောင့်ကြိုနေ၏။
ချင်မူ၏ လက်ချောင်းငါးချောင်းက ပြန့်ကားသွားပြီး မဟာဧကရာဇ်၏ ကောင်းကင်နတ်သိုင်းက သူ၏လက်ဖဝါးထဲတွင် ပေါ်လာသည်။ ၎င်းက မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းပင်။
နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်က တဟုန်ထိုး ပြေးဝင်၍ မဟာခြုံလွှမ်းအသိစိတ်အလျဉ် ကောင်းကင်ဘုံတစ်ခုကို ဖောက်ထွင်းလိုက်သော်လည်း သူ့အနောက်တွင် မဟာခြုံလွှမ်းအသိစိတ်အလျဉ် ကောင်းကင်ဘုံ နောက်ထပ်တစ်ခု ရှိနေသေး၏။
သူက ဆက်လက်ပြေးဝင်ပြီး မဟာခြုံလွှမ်းအသိစိတ်အလျဉ် ကောင်းကင်ဘုံ တစ်ခုပြီးတစ်ခုကအား ဖောက်ထွက်သွားသည်။ မဟာခြုံလွှမ်းအသိစိတ်အလျဉ် ကောင်းကင်ဘုံတစ်ရာကို တပြိုင်နက်တည်း ဖောက်ထွက်လာပြီး နောက်ဆုံးတွင် ချင်မူ့ကို အငိုက်ဖမ်းနိုင်သွား၏။ ချင်မူ့လက်ထဲတွင် ဆံထိုးတစ်ချောင်း တွေ့လိုက်ရလေသည်။
မက်မွန်သစ်သားဆံထိုး…
ယင်းဆံထိုးသည် မက်မွန်ပန်းပွင့်များကို သဘောကျသည့် ကောင်းကင်နတ်အရှင်လင်အတွက် ကောင်းကင်နတ်အရှင်ယွဲ့ ဖန်တီးပေးခဲ့သော သာမန်ဆံထိုးတစ်ချောင်းသာ ဖြစ်၏။
“လန်ရွှမ်၊ ခင်ဗျားရဲ့ အသိစိတ်အလျဉ်က ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ နေရာဟင်းလင်းပြင်လမ်းစဉ်ကို ထိုးဖောက်နိုင်ပေမယ့် ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းကိုတော့ ခင်ဗျားရဲ့ အသိစိတ်အလျဉ်နဲ့ ချိုးဖျက်လို့မရဘူး”
ချင်မူက မက်မွန်သစ်သားဆံထိုးကို ခါလိုက်ရာ နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်မှာ ချက်ချင်းဆိုသလို အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။
သူ၏ အသိစိတ်အလျဉ် ပြိုကွဲသွားသည့် အခိုက်အတန့်မှာပင် ရှေးဟောင်းနတ်ဘုရားဘုရင်၏ အော်သံကို ကြားလိုက်ရသဖြင့် နတ်ဧကရာဇ်လန်ရွှမ်မှာ ဇဝေဇဝါ ဖြစ်သွားသည်။ ‘ဘာလို့ ကောင်းကင်နတ်အရှင်ရှောင်က မတိုက်ခိုက်တာလဲ’
ချင်မူက ဆံထိုးကို ကိုင်ထားပြီး တခဏအတွင်း ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့မှာ အကြီးအကျယ် ရှုံးနိမ့်သွားကြချေပြီ။ ကောင်းကင်တာအိုနတ်ဘုရား ၄၉ ပါးထဲမှ တစ်ပါးသည် ခေါင်းဖြတ်ခံလိုက်ရပြီး ကျန်နတ်ဘုရားများ၏ အသိစိတ်အလျဉ်များမှာလည်း ခုတ်ဖြတ်ခံလိုက်ကြရ၏။
သူတို့အနေဖြင့် ဤနေရာသို့ အချိန်တိုအတွင်း ပြန်လာနိုင်တော့မည် မဟုတ်ပေ။
ယခုတွင် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
ချင်မူက မက်မွန်တောအုပ်ဆီသို့ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကမ္ဘာဦးသစ်ပင်ကို ကိုင်ထားရင်း မလှုပ်မယှက် ရပ်နေကြောင်း တွေ့လိုက်ရ၏။
ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံက အရှိန်မြန်လာပြီး နေရာဟင်းလင်းပြင် ကြိုးမျှင်များက သူ့ပတ်ပတ်လည်တွင် ကခုန်နေကြသည်။ သို့သော် ၎င်းတို့အားလုံးကား ကမ္ဘာဦးသစ်ပင်၏ ခုခံကာကွယ်ခြင်းကို ခံထားရသည်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ အကြည့်သည် ခက်ထန်နေပြီး ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့ကို ကြည့်နေသည့် သူ၏မျက်လုံးများထဲတွင် မီးတောက်များ တောက်လောင်နေသယောင် ထင်ရသည်။
သူသည် ချင်မူ၏ ကောင်းကင်ရတနာနယ်ပယ်ကို ထိုးဖောက်မြင်၍ ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့၏ အားနည်းချက်များကို တိကျစွာ မှန်းဆနိုင်ဟန်တူ၏။
“ကောင်းကင်နတ်အရှင်ဟောင်ကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေ သက်သာသွားပြီ”
ဆေးဆရာက ပြောသည်။ “ကောင်းကင်နတ်အရှင်ဟွေ့ကြောင့် ရတဲ့ ဒဏ်ရာတွေလည်း ပျောက်သွားပြီး… ခဏနေရင် ကောင်းကင်နတ်အရှင်ရှောင်နဲ့ နတ်ဧကရာဇ်လန်ရွှမ်တို့ ထားခဲ့တဲ့ ဒဏ်ရာတွေလည်း ပြန်ကောင်းလာတော့မယ်”
ချင်မူ၏ ကောင်းကင်နန်းဆောင် ၁၈ ဆောင်ထဲတွင် ဖန်ဆင်းရှင်နတ်ဘုရင်က ချက်ချင်း လှုပ်ရှားလိုက်ရင်း ကောင်းကင်နတ်အရှင်ယွဲ့ ရုပ်ရည်သွင်ပြင်ကို ပြန်လည်ပြုပြင်ပေးနေသည်။
ကောင်းကင်နတ်အရှင်ယွဲ့မှာ အတော်လေး အားတက်လာမိသည်။ သူမ၏ သိုင်းအဆင့်ကို ဖိနှိပ်ထားသည့် တာအိုဒဏ်ရာများ ဖြည်းဖြည်းချင်း အားလျော့လာသည့်အလျောက် သူမ၏ သိုင်းအဆင့်သည် အထွတ်အထိပ်သို့ တဖြည်းဖြည်း ပြန်လည်မြင့်တက်သွားနေကြောင်း ခံစားနေရ၏။
ထိုအခိုက်အတန့်တွင် မက်မွန်တောအုပ်အပြင်မှ ခြေသံများ ပေါ်ထွက်လာပြီး ဖြည်းဖြည်းချင်း ချင်းကပ်လာသည်။
“ငါ မတိုက်ခိုက်ရတဲ့ အကြောင်းအရင်းက မင်းတို့သုံးယောက်ရဲ့ သေခြင်းရှင်ခြင်းကို ထိန်းချုပ်ထားနိုင်တာမလို့ပဲ”
အမှောင်ထုထဲတွင် အရိပ်တစ်ခုသည် ရုပ်ခန္ဓာမရှိသကဲ့သို့ ရောယှက်နေသည့် အလင်းတန်းကြိုးမျှင်များကြားမှ ဖြတ်လာနေ၏။ နေရာဟင်းလင်းပြင် ကြိုးမျှင်များမှာ ဖျက်ဆီး၍ မရသော်လည်း သူ၏ခန္ဓာကိုယ်ကို ဖြတ်သွားသည့်အခါ သူ့အား တစ်စက်ကလေးမှ မထိခိုက်နိုင်ပေ။
သူသည် ရုပ်ခန္ဓာမရှိသည့် ချီစွမ်းအင်အလုံးတစ်လုံးအလားပင်။
“ငါ ဘဝင်မြင့်နေတာမဟုတ်ဘူး… အမှန်တော့ ကမ္ဘာဦးသစ်ပင်က ငါ့လက်ထဲမှာ ရှိနေတာမလို့ ပြောနိုင်တာ”
လူရိပ်က ပိုပို၍ နီးကပ်လာသဖြင့် အသံကလည်း ကြည်လင်ပြတ်သားလာသည်။ “အမိကမ္ဘာမြေက အသုံးမကျပေမယ့် သူ့ရဲ့ရုပ်ခန္ဓာက ဘိုးဘေးနန်းတော်ကနေ မွေးဖွားလာခဲ့တဲ့ အထွတ်အထိပ်ရတနာတစ်ခုပဲ….. သူက ဘယ်လိုသုံးရမလဲဆိုတာသာ မသိတာ… ဒီကမ္ဘာဦးသစ်ပင်က ယွမ်တုမှာ အမြစ်တွယ်ထားတယ်… သူ့ရဲ့အမြစ်တွေက တစ်လောကလုံးမှာ ဆက်နွှယ်နေတယ်… သစ်ကိုင်းတွေနဲ့ သစ်ရွက်တွေကလည်း ကောင်းကင်ဘုံတွေကို မြှင့်တင်ပေးထားတယ်…. ဒါကြောင့် မင်းရဲ့ မိုင်တစ်သောင်း မက်မွန်တောအုပ်က ကမ္ဘာလောကအားလုံးနဲ့ ဆက်နွယ်နေရင်တောင်မှ ငါ့အတွက်တော့ မသုံးမဝင်ဘူး… ဖျက်ဆီးပစ်လိုက်ဖို့ အလွယ်လေးပဲ”
“ဖျက်ဆီး” ဟူသော စကားလုံးကို ပြောပြီးသည်နှင့် ကမ္ဘာဦးသစ်ပင်ကို ကိုင်ထားသည့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် ရုတ်တရက် အော်ဟစ်လိုက်ရင်း ကမ္ဘာဦးသစ်ပင်၏ စွမ်းအားကို အသက်သွင်းလိုက်၏။
ကောင်းကင်နတ်အရှင်ယွဲ့မှာ မျက်နှာပျက်သွားသည်။ ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကတစ်သောင်းကို ဆက်သွယ်ထားသော မိုင်တစ်သောင်း မက်မွန်တောအုပ်မှာ လွင့်ပျယ်စပြုလာနေကြောင်း သူမ ခံစားလိုက်ရသည်။ သူမ နှစ်လေးသောင်းကျော် ကြိုးစားပမ်းစား ဖန်တီးခဲ့ရသည့် မက်မွန်တောအုပ်မှာ တခဏအတွင်း ဖျက်ဆီးခံလိုက်ရလေပြီ။
မက်မွန်တောအုပ် ဖျက်ဆီးခံနေရပြီး ကမ္ဘာဦးသစ်ပင်သစ်မြစ်များသည် ရေဘဝဲလက်တံကြီးများပမာ မီးအိမ်များကို တစ်ခုပြီးတစ်ခု ငြှိမ်းသတ်နေ၏။
ကောင်းကင်နတ်အရှင်ဟောင် ယွမ်တုသို့ ကျူးကျော်ခဲ့တုန်းက အသက်ပြန်ရှင်လာခဲ့သော အမိကမ္ဘာမြေက တားခဲ့သည်။ ကောင်းကင်နတ်အရှင်ရှောင် ရှိနေခဲ့သည့်အတွက် ကောင်းကင်နတ်အရှင်ဟောင်သည် ခွန်အားအစစ်အမှန်ကို မထုတ်ဖော်ချင်ခဲ့သလို ဒဏ်ရာလည်း မရချင်ခဲ့ပေ။ ထို့ကြောင့် အမိကမ္ဘာမြေကို အပြင်းအထန် ဒဏ်ရာရစေပြီးနောက် ထွက်ခွာသွားခဲ့သည်။
သို့သော် အမိကမ္ဘာမြေမှာ ကောင်းကင်နတ်အရှင်ရှောင်၏ သတ်ဖြတ်ခြင်း ခံခဲ့ရသောကြောင့် သစ်မြစ်များနှင့် ကမ္ဘာဦးသစ်ပင်က ကောင်းကင်နတ်အရှင်ရှောင်၏ လက်ထဲသို့ ရောက်သွားခဲ့လေသည်။
ကောင်းကင်နတ်အရှင်ရှောင်ကား အောင်နိုင်သူဖြစ်လာခဲ့ပြီး ကမ္ဘာဦးသစ်ပင်ကို စိုက်ပျိုး၍ ကောင်းကင်နန်းဆောင်ကို တည်ဆောက်ကာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအား ထားရစ်ခဲ့သည်။
ထိုအချိန်တုန်းက ချင်မူမှာ သူ၏အကြံစည်အတိုင်း လှည့်စားခံခဲ့ရသည့်အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ပေးကို မတားဆီးနိုင်ခဲ့ပေ။ နောက်ဆုံးတွင် ယိုတုသားတော်ဟူသော ဘဝကိုပင် စွန့်လွတ်၍ တတိယမျက်လုံးကို ကလော်ထုတ်ကာ ဝိညာဉ်မဲ့သူတစ်ယောက် ဖြစ်လာခဲ့ရသည်။
ကောင်းကင်နတ်အရှင်ရှောင်သည် အမြဲတမ်း အောင်နိုင်သူသာ ဖြစ်ခဲ့၏။ လူဝင်စားအဖြစ် လက်ထပ်ထိမ်းမြားနေစဉ်အခါက ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်သူများ၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည့်အချိန်တော့ မပါဝင်ပေ။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် မက်မွန်တောအုပ်အား ဖျက်စီးပြီးနောက် မလှုပ်မယှက် ပြန်ရပ်နေသည်။
ဤအချိန်တွင် လူရိပ်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအရှေ့သို့ လျှောက်လာသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ယှဉ်လျှင် သူ၏ခန္ဓာကိုယ်မှာ မကြီးမားပေ။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် ဘီလူးကြီးဖြစ်ပြီး သူ့ခန္ဓာကိုယ်ကတော့ သာမန်လူတစ်ယောက်သာ ဖြစ်သည်။
ထိုသူမှာ ကောင်းကင်နတ်အရှင်ရှောင်ပင်။
သူ၏ပြေပြစ်ချောမောသော ရုပ်ရည်က လန်းဆန်းကြည်လင်နေသည်။ ထိုမျှသာမက သူ၏လက်နှစ်ချောင်းမှာလည်း ပြန်ပေါက်နေ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲထားသော ဖန်ဆင်းကျင့်စဉ်ကို ကျင့်ကြံထား၍ ရုပ်ခန္ဓာအား ပြန်လည်ကုသနိုင်သည်မှာ သိသာလှသည်။
“ကောင်းကင်နတ်အရှင်ရှောင်ကြောင့် ရတဲ့ ဓားဒဏ်ရာကို ကုပြီးပြီ” ဆေးဆရာ၏အသံက အားရဝမ်းသာစွာဖြင့် ထွက်ပေါ်လာသည်။
ကောင်းကင်နတ်အရှင်ရှောင်က အနည်းငယ် မျက်ခုံးပင့်၍ ကြေးမျက်နှာဖုံး တပ်ထားသော ဆေးဆရာဆီသို့ မော့ကြည့်လိုက်သည်။ သူက ပြုံးလျက် ပြော၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကျောက်စိမ်းမျက်နှာ လူကြီးမင်း ဆေးဘုရင်ပါလား…. ကျုပ် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ခင်ဗျားရဲ့ သင်ကြားပြသမှုတွေကို နားထောင်ဖူးပါတယ်”
ဆေးဆရာမှာ အကြီးအကျယ် မျက်နှာပျက်သွားပြီး စိတ်ထဲမှ ခါးသီးစွာ အော်ဟစ်နေမိတော့သည်။
ကောင်းကင်နတ်အရှင်ရှောင်၏ အကြည့်က ကောင်းကင်နတ်အရှင်ယွဲ့အပေါ်သို့ ထပ်မံကျရောက်လာပြီး ပြုံးလိုက်ပြန်၏။ “ကောင်းကင်နတ်အရှင်ယွဲ့၊ မင်း ပြန်ကောင်းလာရင်တောင်မှ ကောင်းကင်ဘုံတွေ၊ ကမ္ဘာလောကတွေထဲကနေ ပြေးမလွတ်ပါဘူး…. အမိကမ္ဘာမြေက အသုံးမကျပေမဲ့ ငါကတော့ သူ့လို မဟုတ်ဘူး… မင်း နေရာဟင်းလင်းပြင်လမ်းစဉ် သုံးရင်း အမိကမ္ဘာမြေရဲ့ သစ်မြစ်တွေကို ဖြတ်တောက်ပြီး သူ့လှုပ်ရှားမှုတွေကို ဟန့်တားနိုင်ပေမယ့် ငါကတော့ ဂရုမစိုက်ဘူး… ကမ္ဘာဦးသစ်ပင်က ငါ့ရဲ့ရုပ်ခန္ဓာ မဟုတ်တဲ့အတွက် စွန့်လွှတ်ရမှာ မနှမြောလို့ ငါက ပြိုင်ဘက်ကင်းတယ်”
ကောင်းကင်နတ်အရှင်ယွဲ့သည် တိတ်ဆိတ်နေပြီး ဗျပ်စောင်းသံလည်း ရပ်တန့်သွားသည်။
ကောင်းကင်နတ်အရှင်ရှောင်က ချင်မူ့ကို ပြန်ကြည့်၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာတုန်းက တစ်ခါထိန်းချုပ်ခဲ့ပေမယ့် မင်းက မလိမ္မာခဲ့ဘူး.. အခု မင်းကို ငါ ထပ်ထိန်းချုပ်ရင် မင်း အောက်ကျို့မှာလား”
“အောက်ကျို့စရာလား သောက်အဘိုးကြီး”
ချင်မူက တံထွေးတစ်ချက် ထွေးကာ ပြုံးလိုက်သည်။ “ဘယ်တုန်းက ခင်ဗျားကို အောက်ကျို့ဖူးလို့လဲ”