← Chapters

အာဏာပြကြစို့

Vol. 102 Ch. 1344

အာဏာပြကြစို့

Vol. 102 Ch. 1344

ကံမီးဥသည် ရုတ်တရက် နှစ်ခြမ်းကွဲသွား၏။ ၎င်း၏ အတွင်းပိုင်းတည်ဆောက်ပုံက ပိုးအိမ်တစ်အိမ်ကဲသို့ အလွှာအထပ်ထပ်ဖြင့် ယှက်ဖွဲ့နေသည်။ အလွှာတစ်လွှာချင်းစီတွင် ယိုတုမဟာတာအိုသင်္ကေတတို့ ခတ်နှိပ်ခံထားရသဖြင့် အင်မတန်မှ လှပလေသည်။

ကံမီးဥတွင် စုစုပေါင်း ပိုးအိမ်အလွှာ ၃၆ လွှာ ကိန်းဝပ်နေသည်။ ပို၍ နက်ရှိုင်းသွားလေလေ၊ ကံမီးဥကား ပို၍ စွမ်းအားကြီးလာလေလေ ဖြစ်သည်။

ကံမီးဥ၏ နောက်ဆုံးအလွှာကို ဖယ်ရှားလိုက်သည့်အချိန်တွင် ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့သည် မြေအောက်ဘုံအရှင်သခင် အားချိုအား တွေ့မြင်လိုက်၏။

အားချိုသည် ကျောက်စိမ်းအကျဉ်းထောင်ထဲတွင် အဆုံးမရှိသော ကံမီးတောက်တို့၏ လောင်ကျွမ်းတိုက်စားမှုအား ခံယူနေချေသည်။

အမှန်တွင် အားချိုကား ကံမီးဥထဲတွင် ရှိနေခြင်းမဟုတ်၊ ကျောက်စိမ်းအကျဉ်းထောင်ထဲ၌ ဖြစ်သည်။ သို့သော် ကံမီးဥထဲမှ စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲသို့ အတောမတပ်နိုင်အောင် ၀င်ရောက်နေလေသည်။

အားချိုသည် ပြစ်မှူကြီးတစ်ခုအား ကျူးလွန်ခဲ့၏။ သူ့ခန္ဓာကိုယ်သည် ယိုတုမဟာတာအိုဖြင့် ဖွဲ့တည်ထားသော သံကြိုးများဖြင့် ရစ်နှောင်ခံခဲ့ရသော်လည်း သူသည် ယိုတုအား ကောင်းကင်နတ်ဘုံဆီသို့ အတင်းအကြပ် ဆွဲယူသွားခဲ့သည်။ မိသားစုအတွက် ကလဲ့စားချေရန်နှင့် သူ၏သမီးအတွက် တိုက်ခိုက်ရန် ကောင်းကင်နတ်ဘုံအထဲသို့ ချင်းနင်းဝင်ရောက်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့သည်။

သူ့ကြောင့် ကောင်းကင်နတ်ဘုံ၏ ရှေးဟောင်းနတ်ဘုရားနှင့် နတ်ဘုရားတစ်ပိုင်းများစွာ သေဆုံးခဲ့ရသည်။ မင်းသားများနှင့် မြေးတော်များစွာကိုပင် သတ်ဖြတ်ပစ်ခဲ့၏။

သူ့ပြစ်မှုများသည် ကြီးမားရက်စက်လွန်းလှသဖြင့် မြေအောက်ဘုံအရှင်သခင်၏ လူ၀င်စား ဖြစ်နေလျှင်တောင်မှ အပြစ်များအတွက် ပေးဆပ်ရလေသည်။ သူကား ပြစ်ဒဏ်အနေဖြင့် မီးတောက်များဖြင့် အမြှိုက်ခံရကာ ကံမီးတောက်၏ နှိပ်စက်မှုကို ခံစားရမည်ဖြစ်သည်။

အားချိုသည် မြေအောက်ဘုံအရှင်သခင် ဖြစ်သော်လည်း မြေအောက်ဘုံအရှင်သခင်ကတော့ အားချို မဟုတ်ပေ။ မြေ‌‌အောက်ဘုံအရှင်သခင်သည် တရားမျှတစွာ ကျင့်မူ၍ ဘက်လိုက်မရသဖြင့် အားချိုကို ချုပ်နှောင်ထားရ၏။

သို့သော် မြေအောက်ဘုံအရှင်သခင်ကား မျက်နှာမလိုက်နိုင်သော်လည်း တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်များတော့ ရှိနေသေးသည်။ သူသည် အားချိုကို အားကျပြီး အားချို ဖြစ်လာလိုသဖြင့် သက်ရှိအားလုံး၏ ကံမီးတောက်ကို သုံးကာ ခန္ဓာကိုယ်အစစ်အမှန်အား ဖန်ဆင်းနေလေသည်။

“သက်ရှိအားလုံးရဲ့ အပြစ်က ငါ့အပိုင် ဖြစ်လာလိမ့်မယ်”

မြေအောက်ဘုံအရှင်သခင်၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်။ “ငါသေတဲ့နေ့က အချုပ်အနှောင်တွေကနေ လွတ်မြောက်နိုင်မယ့် နေ့ပဲ”

ချင်မူက မျက်မှောင်ကြုတ်သွားသော်လည်း မည်သည်မှမပြောဘဲ တိတ်ဆိတ်သွား၏။

သူတို့အနေဖြင့် မြေအောက်ဘုံအရှင်သခင် သူတို့၏ မဟာမိတ်ဖြစ်လာကာ အတူတကွ တိုက်ခိုက်ပေးမည်ကို မျှော်လင့်မိသည်။ လက်ရှိတွင် ကောင်းကင်နတ်အရှင်ဆယ်ပါးကား အားအနည်းဆုံး အခြေအနေတွင် မဟုတ်လော။

ကောင်းကင်နတ်အရှင်ဟောင်သည် အပြင်းအထန် ဒဏ်ရာရထားပြီး ကောင်းကင်နတ်အရှင်ရှောင်မှာ နှင်ထုတ်ခံထားရသည်။ မဟာဧကရာဇ်တွင် ခေါင်းသာ ကျန်တော့၏။ နတ်အရှင်မချန်း၏ ဒဏ်ရာများ သက်သာလာလျှင်တောင်မှ အန္တရာယ်များမည် မဟုတ်ပေ။ ရှေးဟောင်းနတ်ဘုရားဘုရင်၊ နတ်ကရာဇ်လန်ရွှမ်နှင့် နတ်အရှင်မယန်တို့အားလုံး ဒဏ်ရာရထားကြသည်။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့၏ ဒဏ်ရာများမှာလည်း မသက်သာသေးပေ။

ကောင်းကင်နတ်အရှင်ဟုန်က ကောင်းကင်နယ်စားမင်း၏ လူဝင်စား ဖြစ်ပြီး ကောင်းကင်နတ်အရှင်ကုန်းက ကြားနေအဖြစ်သာ ရွေးချယ်လိမ့်မည်။ အမြင့်ဆုံး အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားသူမှာ အရှင်မယွမ်မုတစ်ယောက်တည်းသာ ရှိနေသည်။

ယခုသည် ကောင်းကင်နတ်အရှင်များကို တိုက်ခိုက်ရန် အကောင်းဆုံးအချိန်ပင်။ ကောင်းကင်နယ်စားမင်းသည် ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ဟုန်၊ ကောင်းကင်နတ်အရှင်ရုံတို့သာမက အရှေ့နတ်မင်းမိုးပြာရောင်နဂါး၊ အနောက်နတ်မင်း ကျားဖြူ၊ မြောက်နတ်မင်းရွှမ်းဝူတို့အား ထကြွပုန်ကန်စေ၍ အကူအညီတောင်းနိုင်သည်။ သူတို့သာမက မဟာလေဟာနယ်တွင် တိုက်ခိုက်နေသော ခိုင်ဧကရာဇ်နှင့် လန်ဝူတို့လည်း ရှိသေးသည်။ အောင်မြင်နိုင်သည့် အခြေအနေက သူတို့ဘက်တွင် အလေးသာနေသည်။

သို့သော် မြေအောက်ဘုံအရှင်သခင်က သေကြောင်းကြံ၍ သူ၏မဟာတာအိုကို ဖယ်ရှားပစ်နေချင်သည်။

ချင်မူရော ကောင်းကင်နတ်အရှင်ယွဲ့ပါ ထင်မထားခဲ့သည့် အရာ ဖြစ်သည်။

“မြေအာက်ဘုံအရှင်သခင်က အားချိုကို ပျိုးထောင်တယ်… ကောင်းကင်နယ်စားမင်းက ကောင်းကင်နတ်အရှင်ဟုန်ကို ပျိုးထောင်တယ်… သူတို့က သူတို့ရဲ့ မဟာတာအိုခန္ဓာကိုယ်တွေကို ငြီးငွေ့နေတဲ့အတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်ပေါ်လာအောင် လှုံ့ဆော်ရင်း လက်ရှိ သရုပ်မှန်ကို ပျက်စီးစေပြီး လွတ်မြောက်ချင်နေကြတာပဲ”

ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့နှစ်ယောက် မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်ဆီမှ ထွက်ခွာလာသည့်အခါ ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့ကို ‌ပြောသည်။ “တခြားနည်းနဲ့ ပြောရရင် မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းက ကောင်းကင်နတ်အရှင်ဆယ်ပါးကို သူတို့ကို သတ်ဖြတ်ဖို့ တမင် ခွင့်ပြုထားတာပဲ”

ချင်မူက ခေါင်းညိတ်သည်။ “အခုက စစ်ပွဲစဖို့ အချိန်ကောင်းမဟုတ်သေးဘူး” သူက ခပ်တိုးတိုး ‌ပြော၏။ “ကျွန်တော်တို့ စစ်ပွဲစလိုက်ရင် မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းတို့ ယိုတုနဲ့ ရွှမ်တုကနေ ထွက်လာနိုင်မှာ မဟုတ်ဘူး… သူတို့က ကိုယ်ပိုင်ပိုင်နက်အသီးသီးကနေပဲ တိုက်ခိုက်နိုင်ကြမှာ… သူတို့ထွက်လာတာနဲ့ အတိုက်အခိုက်စွမ်းရည်က သိသိသာသာ လျော့နည်းသွားလိမ့်မယ်… ဒါ့အပြင် ကျွန်တော်တို့ဘက်က အတိုက်အခိုက်စွမ်းရည်က အတော်လေးမြင့်မားပေမယ့် ယွဲ့ရယ်၊ ခိုင်ဧကရာဇ်ရယ်၊ ဒီက ရုံရယ်က ကောင်းကင်နတ်အရှင်ဆယ်ပါးအောက် နိမ့်ကျတယ်”

ကောင်းကင်နတ်အရှင်ယွဲ့က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

သူမသည် နှစ်လေးသောင်းကျော် ဒုက္ခိတ ဖြစ်နေခဲ့ရ၏။ ကောင်းကင်နတ်အရှင်ရုံကမူ နှစ်တစ်သန်းကြာသည်အထိ သီးသန့်နေထိုင်ခဲ့ပြီး ခိုင်ဧကရာဇ်ကတော့ ရွှင်ပျော်ပျော်ကျေးရွာတွင် နှစ်နှစ်သောင်းကျော် ပုန်းနေခဲ့လေသည်။ လန်ဝူကို တစ်ခါမှမမြင်ဖူးသော်လည်း လုပ်ဆောင်နိုင်စွမ်းက ထိုမျှ မြင့်မားလိမ့်မည်မဟုတ်ပေ။

လိပ်နက်၊ ကျားဖြူနှင့် နဂါးစိမ်းတို့မှာ ကိုယ်ပိုင်ပိုင်နက်အသီးသီးတွင် အင်မတန် အစွမ်းထက်ကြသော်လည်း ထွက်ခွာလာသည်နှင့် စွမ်းရည်တို့ လျော့ကျသွားလိမ့်မည်။

ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့ တိုက်ခိုက်လိုစိတ်မရှိသည်ကို ထပ်မတွက်ရသေးပေ။ သူတို့ပါဝင်တိုက်ခိုက်လျှင်တောင်မှ တိုက်ပွဲမှာ ခက်ခဲလွန်းမည်ဖြစ်ကာ သတ်ဖြတ်ချေမှုန်းခံရနိုင်ချေ ရှိနေသည်။

ကောင်းကင်နတ်အရှင်ရှောင် တစ်ယောက်တည်းကိုပင် ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်ရုံနှင့် မြေအောက်ဘုံအရှင်သခင်တို့ ပူးပေါင်းတိုက်ခိုက်လျှင်တောင်မှ အနိုင်ယူနိုင်မည် မဟုတ်ပေ။ ချင်မူသာ သူနှင့် တိုက်ခိုက်ရန် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူဥခွံကို မသုံးပါက ထိုပုဂ္ဂိုလ်သုံးယောက်မှာ အတော်လေး အထိနာခဲ့လိမ့်မည်။

ရှေးဟောင်းနတ်ဘုရား နတ်မင်းများဖြစ်သည့် နဂါးစိမ်း၊ ကျားဖြူ၊ လိပ်နက်တို့ကတော့ ကိုယ်ပိုင်ပိုင်နက်များအသီးသီးတွင် ပိတ်မိနေကြပြီး ထွက်မလာနိုင်ကြပေ။

ခိုင်ဧကရာဇ်နှင့် လန်ဝူမှာလည်း ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုကြောင့် မဟာလေဟာနယ်ထဲတွင် ပိတ်မိနေသည်။

“ကျွန်တော်တို့ရဲ့ မဟာမိတ်တွေက ကျွန်တော်တို့နဲ့ တဖက်တည်းမှာ မဟုတ်ဘူးပဲ”

ချင်မူမှာ အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။ “နဂါးစိမ်း၊ ကျားဖြူနဲ့ လိပ်နက်တို့ ကျွန်တော်တို့နဲ့ ပူးပေါင်းခဲ့တာက ရှေးဟောင်းနတ်ဘုရားဆိုတဲ့ အဆင့်အတန်းကို ထိန်းထားပြီး သူတို့ရဲ့ အာဏာကို ပြန်ရချင်လို့ပဲ” သူက တိုးညှင်းစွာ ရေရွတ်နေသည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်တို့ ကျွန်တော်တို့နဲ့ ပူးပေါင်းတာက မဟာတာအို အချုပ်အနှောင်ကနေ လွတ်မြောက်နိုင်အောင် ကျွန်တော်တို့ရဲ့ ခွန်အားကို ငှားယူပြီး သူတို့ရဲ့ လူဝင်စားတွေကို ကာကွယ်ပေးဖို့ပဲ”

သူက ခါးသီးစွာ ဆက်ပြောသည်။ “လန်ဝူက ဖန်ဆင်းရှင်မျိုးနွယ်တွေရဲ့ အနာဂတ်အတွက် လုပ်နေတာ… ဖန်ဆင်းရှင်တွေ ချေမှုန်းခံရမယ့် အန္တရာယ်က ကျွန်တော်တို့ကြောင့်သာ ဆိုရင် ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ပူးပေါင်းဖို့ ၀န်လေးနေမှာ မဟုတ်ဘူး… ကောင်းကင်နတ်အရှင်ဟုန်က ကျွန်တော်တို့ကို ကူညီမှာမဟုတ်ဘူး… ကောင်းကင်နတ်အရှင်ကုန်းနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက အကျိုးအမြတ်ပေါ် မူတည်ထားတာ… သူ့အ‌တွက် အကျိုးမရှိရင် ပိုပြီးတော့ အကျိုးအမြတ်များတဲ့ ဘက်မှာ ရပ်မှာပဲ…. အရှင်မယွမ်မုကိုတော့ ပြောနေစရာတောင် မလိုဘူး… သူတို့ရဲ့ရည်ရွယ်ချက်တွေက ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်နဲ့ တူမနေဘူး”

ကောင်းကင်နတ်အရှင်ယွဲ့က ရပ်လိုကပ်ပြီး ပြုံးလိုက်သည်။ “ဒါပေမဲ့ ငါတို့မှာ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ လုံးထွေးသတ်ပုတ်ဖို့ အင်အားရှိနေပြီမလား”

ချင်မူကလည်း ပြုံးလျက် ရပ်လိုက်၏။ “အမှန်ပဲ… အရင်တုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ခံစားခဲ့ရတဲ့ ကြောက်ရွံတုန်လှုပ်မှုတွေ၊ မျှော်လင့်ချက်မဲ့ခဲ့ရမှုတွေက အခုဆို အတော်လေး ဖြေသာလာပြီ”

သူတို့နှစ်ယောက်သား မြေအောက်ဘုံအရှင်သခင်၏ ကောင်းကင်နန်းဆောင်မှ ထွက်လာခဲ့ကြသည်။ ချင်မူက ပြော၏။ “ကျွန်တော်တို့ရဲ့ မဟာမိတ်တွေထဲမှာ အားကိုးလို့ရတဲ့ ရှေးဟောင်းနတ်ဘုရား များများစားစား မရှိဘူး… သူတို့ကြောင့်ပဲ အချိန်မရွေး ရှုံးနိမ့်သွားနိုင်တယ်… ဆိုတော့ ကိုယ်ပိုင်အင်အား တည်ထောင်ရမယ်… မမကြီးယွဲ့၊ မမကြီးအနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ပြီး ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တွေကို သင်ယူတာ အကောင်းဆုံးပဲ… ကောင်းကင်တံတားကို မဖျက်ဆီးနိုင်ရင်တောင်မှ နောက်ထပ် ကောင်းကင်နတ်သိုင်းတွေ ဖော်ဆောင်နိုင်သေးတယ်”

ကောင်းကင်နတ်အရှင်ယွဲ့က တခဏတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်သည်။ “အခု ကမ္ဘာဦးဘုံမှာ အရှင်သခင် မရှိတော့ဘူးဆိုတော့ တခြားကောင်းကင်နတ်အရှင်တွေက အခွင့်အရေးကို အသုံးချပြီး ဝင်လာကြမှာပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ သွားတာက အကျိုးမရှိမှာ စိုးမိတယ်”

ချင်မူက မှင်သေသေ ပြောသည်။ “ကျွန်တော်တို့မှာ ကောင်းကင်နတ်အရှင်ဆယ်ပါးကို လုံးထွေးသတ်ပုတ်နိုင်တဲ့ အင်အားရှိနေမှတော့ အသုံးချရတော့မှာပေါ့… ကမ္ဘာဦးဘုံမှာ အရှင်သခင်မရှိတော့တဲ့ ဒီအချိန်က ကျွန်တော်တို့ရဲ့ အင်အားကို ပြရမယ့် အချိန်ပဲ”

ကောင်းကင်နတ်အရှင်ယွဲ့မှာ ရင်တဒိန်းဒိန်း ခုန်သွားပြီး မေးလိုက်၏။ “နင် ဘာကိုပြောချင်တာလဲ”

“ကျွန်တော်တို့ အင်အားသုံးရမယ်”

ချင်မူမှာ တက်ကြွလာသည်။ “မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်း၊ လိပ်နက်၊ ကျားဖြူ၊ နဂါးစိမ်း၊ ကောင်းကင်နတ်အရှင်ရုံ၊ မမကြီးယွဲ့ အားလုံး ကမ္ဘာဦးဘုံဆီ သွားပြီး ဘုရင်လုပ်ကြမယ်”

“ကျွန်တော်တို့ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ လုံးလုံးလျားလျားဆက်ဆံရေး မဖြတ်တောက်နိုင်တော့ ကောင်းကင်နတ်အရှင်ဆယ်ပါးဘက်ကရော ဖြတ်တောက်နိုင်မလား ကြည့်ကြတာပေါ့”

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်လုံးများ တောက်ကပနေ၏။

“ကမ္ဘာဦးဘုံရဲ့ မြို့စားမင်းတွေ အာဏာရဖို့ သတ်ဖြတ်တိုက်ခိုက်ကြတဲ့ခေတ် ရောက်လာတော့မယ်*

ကမ္ဘာဦးဘုံထဲတွင် ကောင်းကင်နတ်ဘုံ၏ လူဆိုးထိန်းစခန်းမှ ခွေးနက်ကြီးများ၊ မဟာနေဧကရာဇ်၏ ရွှေကျီးကန်းစစ်တပ်၊ နတ်မျက်လုံးမျိုးနွယ်၊ နတ်နားမျိုးနွယ်တို့သည် ကမ္ဘာဦးဘုံတစ်ဝန်း ပိုက်စိတ်တိုက် ရှာဖွေနေကြသည်။ သူတို့သည် ကောင်းကင်ကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေတော့မည်အလားပင်။

ကောင်းကင်ယင်သားတော်ပင်လျှင် ကမ္ဘာဦးဘုံမှ အပြောင်းအလဲများအား သိခဲ့ရသဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ အမိန့်နှင့်အတူ မဟာလေဟာနယ်မှ ထွက်ခွာလာခဲ့သည်။ များလှစွာသော နတ်ဘုရားများနှင့် ‌တစ္ဆေများက သေခြင်းရှင်ခြင်းစာအုပ်အား ကိုင်လျက် ကောင်းကင်တစ်လျှောက် ဖြတ်သန်းသွားကြ၏။

သေခြင်းရှင်ခြင်းစာအုပ်မှ ရွှေရောင်အလင်းရောင်က တစ်လောကလုံးပေါ်သို့ ဖြာကျနေသည်။

ကမ္ဘာဦးဘုံထဲရှိ ကမ္ဘာလောကအမျိုးမျိုးမှာ အနှောက်ယှက်ခံနေရသော်လည်း ထုတ်မပြောရဲပေ။ ကောင်းကင်နတ်ဘုံသည် သူခိုးကို ဖမ်းမမိသော်လည်း အရင်းအမြစ်အတော်များများတော့ ဖြုန်းတီးခဲ့၏။

ကမ္ဘာဦးဘုံတစ်ဘုံလုံး မငြိမ်မသက်ဖြစ်နေသည်။ ကမ္ဘာဦးသစ်ပင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့ ပျောက်သွားခြင်းမှာ ကောင်းကင်နတ်အရှင်ရှောင် တစ်ခုခု ဖြစ်သွားသောကြောင့်ဟု ပြောနေကြသော ကောလဟာလများလည်း ပျံ့နှံ့နေကြသည်။ ယခုတွင် ကမ္ဘာဦးဘုံတွင် ပိုင်ရှင်မရှိတော့သဖြင့် ကောင်းကင်နတ်ဘုံကား တန်ခိုးရှင်များစွာ စေလွှတ်ကာ ကောင်းကင်နတ်အရှင်ရှောင်၏ တည်နေရာကို ရှာဖွေနေကြချေပြီ။

ကောင်းကင်နတ်အရှင်များသည် ကမ္ဘာဦးဘုံကို မျက်စောင်းထိုးနေကြပြီး ကောင်းကင်နတ်အရှင်ရှောင်မရှိသည့် အခွင့်အရေးအား အသုံးချ၍ သိမ်းပိုက်ချင်နေသည်ဟူသော ကောလဟာလများလည်း ရှိသေး၏။

ကောလဟာလသာ ဖြစ်သော်လည်း အမှန်တကယ် ဖြစ်လာနိုင်ခြေက အတော်လေး မြင့်မားသည်။

ယနေ့တွင် ကမ္ဘာဦးဘုံ၏ အနောက်ဘက်အပိုင်းသည် အလွန် ထွန်းလင်းလောက်ပလာခဲ့၏။ နှင်းတမျှ ဖြူဥနေ‌သော အလင်းတန်းများက ကြယ်တံခွန်များကဲ့သို့ ကောင်းကင်ပေါ်မှ ဆင်းသက်လာကာ အနောက်ကမ္ဘာမြေဆီသို့ ဝင်တိုက်သွားကြသည်။

အလင်းတန်း ကျဆင်းလာသည့် နေရာတွင် နန်းဆောင်များ လျင်မြန်စွာ ဖွဲ့တည်လာကြသည်။

၎င်းက နတ်သတ္တုများ အလိုအလျောက် ဖြစ်တည်လာနေခြင်းပင်။

All Chapters