← Chapters

နတ်ဘုရားပြစ်ဒဏ် တစ်ဖန် ထွက်ပေါ်လာခြင်း

Vol. 013 Ch. 1208

နတ်ဘုရားပြစ်ဒဏ် တစ်ဖန် ထွက်ပေါ်လာခြင်း

Vol. 013 Ch. 1208

သွေးနဂါး မြစ်ကမ်းပါးပေါ်တွင် မရေတွက်နိုင်သည့် လူများမှာ တိုက်ပွဲကွင်းပြင်မှ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို ပရမ်းပတာ ခုန်လှုပ်နေသည့် နှလုံးသားများနှင့် စောင့်ကြည့်နေကြသည်။

ကြီးမားလှသည့် နတ်ဆိုးသည် ကြောက်မက်ဖွယ် အသံကြီးနှင့်အတူ ရန်ဟောင်ပုံရိပ်ကို ဆုတ်ဖြဲပြီးနောက် ရန်ဟောင်မင်းသား ရှန်းနန်ကို မြေပြင်သို့ ရိုက်ချခဲ့သည်။

တစ်ချိန်က ဂုဏ်သတင်း ပြောင်ရောင်ခဲ့သော ရှန်းနန်သည် အခုချိန်မှတော့ သူ၏ အရိုးများ ဘယ်လောက်များများ ကျိုးကြေသွားပြီလဲ မသိတော့ပေ။ သူ၏ ခမ်းနားမှုများမှ အစအနပင် မကျန်ရစ်တော့ဘဲ ပျောက်ကွယ်သွားပြီး မြေပြင်သို့ ခြေကားရားလက်ကားရား ပြုတ်ကျခဲ့သည်။

သူက ရီဝူချင်းသည် ဤအခွင့်အရေးကို ဖမ်းဆုပ်နိုင်လောက်အောင် မသန်မာသကဲ့သို့ သူနှင့် တိုက်ခိုက်ရန် ထိုက်တန်မှုမရှိဟု ပြောခဲ့သည်။

သို့ပေမဲ့ ယခု သူသည် စိတ်ပျက်ဖွယ် ကောင်းလောက်အောင် ပြင်းထန်စွာ ကျရှုံးခဲ့သည်။ အကယ်၍ လူအများက စောင့်ကြည့်နေခဲ့ခြင်းသာ မဟုတ်လျှင် သူ ဘယ်သူလဲ ဆိုသည်ကိုပင် သိတော့မည် မဟုတ်ဘဲ သူက ရန်ဟောင်မင်းသား ဖြစ်ကြောင်း လုံးဝ တွေးမိလိမ့်ကြမည် မဟုတ်ပေ။

သို့သော်လည်း သွေးနဂါးမြစ်ပြိုင်ပွဲကဲ့သို့သော တိုက်ပွဲမျိုးသည် သွေးနဂါးဘုံအတွင်းတွင် သေရေးရှင်ရေးတမျှ အရေးကြီးသော တိုက်ပွဲ ဖြစ်သည်။ ရန်ဟောင်၏ မျိုးဆက်သွေးသားသည်ပင် ဤနေရာ၌ ဆိုးဝါးစွာ ဖိနှိပ်ခံခဲ့ရသည်။ ထိုအဓိပ္ပာယ်သည် ရှန်းနန်မှာ မသန်မာ၍ မဟုတ်ပေ။ သူ့ထံမှ ထွက်ပေါ်လာသည့် စွမ်းအားကို လူတိုင်း မြင်တွေ့ခဲ့ရလေသည်။ သူသည် ရှန့်ထိုတစ်ပါးကဲ့သို့ မန္တန်များကို အသုံးပြုနိုင်ပြီး ရန်သူကို ဖိနှိပ်ရန်အတွက် ရန်ဟောင်၏ အသိကိုပင် အသုံးပြုနိုင်ပေသည်။

သို့ဆိုလျှင်ပင် သူသည် ယူချင်း၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

ယခုချိန်တွင် ထိုကြီးမားသည့် နတ်ဆိုးကြီးသည် ပို၍ သန်မာလာသည်။ သူ့ရှေ့သို့ ရောက်လာသည့် နတ်ဘုရားများကိုပင် ဖိနှိပ်နိုင်စွမ်း ရှိလိမ့်မည်။

တိုက်ပွဲကွင်းပြင်မှ လူတိုင်းသည် တုန်လှုပ် သွားကြရသည်။ ယူချင်းသည် အလွန်ပင် သန်မာလွန်း၏။

ယူချင်း ယနေ့ ပြသခဲ့သည့် တိုက်ပွဲစွမ်းရည်သည် အိပ်ပျော်နေသော နဂါးပြိုင်ပွဲ၌ ပြသခဲ့သော စွမ်းရည်ထက် များစွာပို၍ မြင့်မားပေသည်။ ယခင်က လူတိုင်းတွေးထင်ခဲ့သည်မှာ ရှင်းချိုးသည်သာလျှင် ဒေသနန်းတော်သို့ ဝင်ခွင့်ရနိုင်ချေအမြင့်ဆုံး တန်ခိုးရှင်ဖြစ်ပြီး တိုက်ပွဲကွင်းပြင်တွင် ရှိသမျှ သူ၏ ရန်သူများအားလုံးကို ရှင်းလင်း ပစ်နိုင်လိမ့်မည်ဟူ၍ ဖြစ်သည်။

သို့ရာတွင် ယခုချိန်၌ သူတို့၏ အတွေးအမြင်များ ယိမ်းယိုင်ကုန်ကြပြီ ဖြစ်သည်။

သူက ယူချင်း၏ ကြမ်းတမ်းလှသည့် တိုက်ခိုက်မှုကို တားဆီးနိုင်စွမ်း ရှိနိုင်မည်လော။

ယူချင်းသည် မည်သူ၏ အတွေးကိုမှ ဂရုမစိုက်ပေ။ သူသည် တိဟောက်ဘက်သို့ အေးစက်သော အကြည့်များဖြင့် လှည့်ကြည့်သည်။ တိဟောက်သည် ရီဝူချင်းကို ဓားဖြင့် ထိုးခဲ့ပြီး ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သူ ဖြစ်သည်။ ထို့နောက်တွင် တိဟောက်၏ ကျားယဲ့ဓားသည် သူ့ကို တိုက်ခိုက်ခဲ့သော်လည်း သူ၏ နတ်ဆိုးစွမ်းအားများက အားလုံးကို ဝါးမျိုခဲ့သည်။

ယူချင်းက သူ့ကို ကြည့်နေသည်အား မြင်သောအခါ တိဟောက်၏ အမူအရာက ပြောင်းလဲသွားသည်။

ပြိုင်ဘက်ကင်း နတ်ဆိုးပုံရိပ်နှင့် နတ်ဆိုး လေစီးကြောင်းများ၏ ဖိအားများအရ သူက ယူချင်းကို မတိုက်ခိုက်နိုင်ဟူသော ခံစားချက်ကို ပေးသည်။

ယင်းက သူ၏ ခံစားချက်ကို အလွန်ပင် ခါးသက်နေစေသည်။ တစ်စုံတစ်ယောက်သည် သူနှင့် အဆင့်တူချင်း ဖြစ်သော်လည်း သူ့ကို မျှော်လင့်ချက်ကင်းမဲ့မှုကို ခံစားစေနိုင်သည်။ ၎င်းသည် သူ၏ စိတ်အခြေအနေပေါ်တွင် ကြီးမားသော ထိခိုက်မှုကို ဖြစ်စေသည်။

ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအားများက တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ပြင်းထန်သော ဖိအားများက သူ့အပေါ်သို့ သက်ရောက်လာသည်ကို တိဟောက် ခံစားလိုက်ရသည်။ ကြီးမားသော နတ်ဆိုးပုံရိပ်ကြီးသည် ရှေ့သို့ လျှောက်လာပြီး တိဟောက်၏ ရင်ဘတ်ကို တက်နင်းကာ ဖိနှိပ်ခြေမွှရန် ကြိုးစားနေပုံပေါ်သည်။

သူ၏ ဓားအသိများသည် တတ်နိုင်သမျှ များပြားစွာ ထွက်ပေါ်လာပြီး နဂါးသဏ္ဌာန် ရေးထိုးထားသည့် ဖိုအိုးသည် ကမ္ဘာမြေကြီး၏ စီမ်းအားများကို စုပ်ယူပြီး ကြီးထွားလာသည်။ တောက်ပသော အလင်းများသည် တိုက်ပွဲကွင်းပြင်တွင် ထွက်ပေါ်လာသော်လည်း ၎င်းတို့သည် လျင်မြန်စွာပင် အမှောင်ထုကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

နတ်ဆိုးပုံရိပ်ကြီးသည် ၎င်း၏ လက်သီးကို မြှောက်လိုက်ပြီး အမှောင် လေစီးကြောင်းကိုပါ အတူတကွ လှုပ်ရှားလာသည်။ နတ်ဆိုးစွမ်းအား လက်အရိပ်ကြီးက ကောင်းကင်တွင် ထွက်ပေါ်လာပြီး အောက်သို့ ကျဆင်းလာကာ အောက်ခြေမှာ ရှိသမျှ အရာအားလုံးကို ဖျက်ဆီးတော့မလိုပင် ဖြစ်၏။

စွမ်းအားမြင့်ဖိုအိုးသည် ယူချင်းဆီသို့ အော်မြည်ကာ ပြေးဝင်သွားသော်လည်း ပိတ်ဆို့မှုကို ခံလိုက်ရကာ နဂါးသဏ္ဌာန် ရေးထွင်းထားသောဖိုအိုးသည် နောက်သို့ ပြန်ကန်ထွက်လာသည်။ အက်ကွဲရာများက သူတို့တွင် ပေါ်ပေါက်လာ၏။ တိဟောက် ညည်းညူလိုက်ပြီး သွေးများက သူ့ပါးစပ်ထောင့်မှ စီးကျလာသည်။ ယင်းသည် သူ၏ သက်စောင့်ဝိညာဉ်ကို ထိခိုက်သွားစေသည်။

သို့သော်လည်း နတ်ဆိုးလက် အရိပ်ကြီးသည် သူ၏ တုံ့ပြန်ချက်ကို စောင့်ဆိုင်းမနေဘဲ အောက်သို့ ဆက်လက်ကျဆင်းလာသည်။ နက်မှောင်သောတိမ်စိုင်များသည် ကောင်းကင်တွင် ပြည့်နှက်လာသည်။ ယူချင်းသည် အမှန်တကယ်ပင် လူသားနှင့် နတ်ဘုရားများ၏ ဥပဒေကို လျစ်လျူရှုထားလေသည်။

တိဟောက်၏ နောက်ဘက်မှ ဓားများသည် ကသုတ်ကရက် အော်မြည်ကာ ထွက်ပေါ်လာသည်။ သူသည် နောက်သို့ မြန်ဆန်စွာ ဆုတ်လိုက်ပြီး အရာအားလုံးကို ဖုံးလွှမ်းနေသည့် နတ်ဆိုးလက်အရိပ်မှ ထွက်ပြေးရန် ကြိုးပမ်းသည်။

သို့သော်လည်း သူ့အနီးမှ နေရာသည် ဖိနှိပ်ကာ အကျဉ်းချထားသည်ဟု ထင်မှတ်ရပေသည်။ လေဟာနယ်စွမ်းအားနှင့် နေရာဖန်တီးလိုက်ကာ တိမ်းရှောင်လိုက်သော်လည်း သူသည် လက်အရိပ်ဆီမှ လွတ်မြောက်နိုင်စွမ်း မရှိသေးပေ။

သူသည် မျှော်လင့်ချက်ကင်းမဲ့စွာနှင့် လက်အရိပ်ကြီး ကျဆင်းလာသည်ကိုသာ ကြည့်နေရပေသည်။ ကျယ်လောင်သည့်အသံနှင့် အတူ သူ့ခန္ဓာကိုယ်သည် နောက်သို့ လွင့်စဉ်သွားပြီး တိုက်ပွဲကွင်းပြင်၏ အဆုံးဘက်သို့ လွင့်စဉ်သွားကာ သွေးနဂါးမြစ်အတွင်းသို့ ကျဆင်းလုနီးပါး ဖြစ်သွားသည်။

သွေးနဂါးမြစ်ကမ်းပါးမှ စောင့်ကြည့်နေသည့် လီယောင်သည် အမျက်ချောင်းချောင်း ထွက်နေလေသည်။ သတ္တမဓားမှ အသွင်ပြောင်းသွားသည့် ရီဖူရှင်းသည် ရှန့်ထိုအဆင့်အောက်တွင် ရှိစဉ်က အဆင့်တူတွင် သူ့ကို ယှဉ်နိုင်သူ မရှိခဲ့ပေ။ ဘာကြောင့် သူ့မိတ်ဆွေဖြစ်သော ယူချင်း ဆိုသူသည်လည်း ထိုမျှလောက် သန်မာနေရသနည်း။

မဟာလမ်းစဉ်၏ ကောင်းမွန်သော ကံတရားများသည် အင်ပါယာရှားဘုံသို့ ကျရောက်ခဲ့သည်လား။

ဖြစ်နိုင်သည်က ယနေ့တွင် ယူချင်းသည် သွေးနဂါးဘုံ၏ အကြီးကျယ်ခမ်းနားဆုံး ကျင့်ကြံရေးဌာနေ ဒေသနန်းတော်သို့ ဝင်ရောက်နိုင်တော့မည်လား။

ခွန်ရွှမ်နှင့် ခွန်ကျန်းသည် လေထဲတွင် ရပ်သည်။ သူတို့သည် မည်သည့် တိုက်ခိုက်မှုမှ မထုတ်ဖော်ခဲ့ပေ။ အစပိုင်းတွင် သူတို့ သုံးယောက်ပေါင်းပြီး ဝန်းရံ တိုက်ခိုက်ခဲ့သော်လည်း သူ့ကို မဖိနှိပ်နိုင်ခဲ့ပေ။ ယခု ယူချင်းသည် ပို၍ပင် သန်မာလာသေး၏။

ခွန်ရွှမ်သည် သူမ၏ ကိုးရောင်စဉ်အလင်းများ စီးဆင်းနေသည့် ဥဒေါင်း အမွေးအတောင်များကို ဖြန့်ကြက်ကာ ယူချင်းရှေ့သို့ မျောလွင့်လာခဲ့သည်။

တောက်ပသည့် အလင်းရောင်စဉ်များက သူမထံတွင် လင်းလက်နေသည်။ မဟာလမ်းစဉ်သည် လှည့်ပတ်နေပြီး ကိုးရောင်စဉ်အလင်းသည် ကောင်းကင်သို့ ထိုးတက်သွားကာ နတ်ဆိုး အမှောင်လေစီးကြောင်းကို ထိုးဖောက်နေသည်။ ၎င်းသည် တောက်ပသထက် တောက်ပလာသည်။

ဟူး …

ဥဒေါင်း အမွေးအတောင်များက တုန်ရီနေပြီး ပို၍ တောက်ပသော ဥဒေါင်းတောင်ပံများက ခွန်ရွှမ်၏ အနောက်တွင် ပေါ်ပေါက်လာသည်။ နတ်ငှက်တစ်ကောင် ဖြစ်ပေါ်လာပြီး ၎င်း၏ ကိုးရောင်စဉ် အလင်းများအောက်၌ လောကတခွင်လုံးသည် အရောင်အဆင်း ကင်းမဲ့သွားသကဲ့သို့ ထင်မှတ်ရသည်။

ထိုအချိန်တွင် ခွန်ရွှမ်သည် အလွန်အမင်း လှပနေသည်။

ယူချင်းသည် ပြိုင်ဘက်ကင်းသည့် တိုက်ပွဲစွမ်းရည်ကို ပြသခဲ့ပြီး ဖြစ်သော်လည်း သူမ၏ သွေးကြောများထဲတွင် အင်ပါယာသွေး စီးဆင်းနေသော ဥဒေါင်းအင်ပါယာ၏ မင်းသမီး တစ်ပါးအနေနှင့် သူမသည် ဤကဲ့သို့ လက်လျှော့ရန် ဆန္ဒမရှိပေ။ တိုက်ခိုက်ရင်းနှင့်ပင် သူမ၏ စွမ်းအားများ အကုန် ဆုံရှုံးစေလိုက်မည်။ ယူချင်း မည်မျှအထိ သန်မာမည်ကို သူမ မြင်တွေ့လိုသည်။

သူမ ရှုံးနိမ့်ခဲ့လျှင်ပင် နောင်တတရား ကျန်ရစ်ခဲ့မည် မဟုတ်ပေ။

ကောင်းကင်တွင် နတ်ဆိုးလေစီးကြောင်း အမှောင်ထု ဘေး၌ ခွန်ရွှမ်၏ ကိုးရောင်စဉ်အလင်းကို မည်သူမဆို မြင်တွေ့နိုင်ပေသည်။ ၎င်းသည် ကောင်းကင်ကို ဖုံးလွှမ်းထားပြီး လောက၏ မဟာလမ်းစဉ်နှင့် ပေါင်းစပ်ကာ တစ်သားတည်း ဖြစ်သွားခဲ့သည်။

ထိုအခိုက်တွင် ဥဒေါင်းခေါ်သံ ထွက်ပေါ်လာပြီး နတ်ဥဒေါင်းသည် ကောင်းကင်ထက်၌ ပေါ်ပေါက်လာသည်။ ကိုးရောင်စဉ်အလင်းများသည် နေကိုပင် ပိတ်ကွယ်သွားပြီး လေထုကို ဖြတ်သန်း၍ ယူချင်းထံသို့ ပြေးဝင်သွားသည်။ ၎င်းသည် ပြေးစရာ မြေမရှိ၊ ပုန်းစရာ မြေမရှိစေရန် ပိတ်ဆို့ထားသည်။

၎င်းသည် သူ့ဝန်းကျင်၌ ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လေသည်။

နတ်ဆိုး အမှောင်လေစီးကြောင်းသည် ကြမ်းတမ်းစွာ လှုပ်ရှားလာသည်။ ယူချင်းသည် သူ့ဆီသို့ လာနေသော ကိုးရောင်စဉ်အလင်းများ၏ အဖျက်စွမ်းအားကို မြင်ပြီး သူ၏ လက်ကို ဆန့်ထုတ်လိုက်ကာ လေထဲသို့ ထွင်းဖောက် ဖြတ်သန်းသွားစေသည်။ ခဏချင်းပင် မရေတွက်နိုင်သည့် လက်သီးစွမ်းအားများ ကောင်းကို ဖြတ်သန်း ထွက်ပေါ်လာကာ တစ်ခုချင်းစီတွင် ခန့်မှန်းမရနိုင်သော အင်အားများ ပါဝင်ပေသည်။ ယင်းတို့သည် ကိုးရောင်စဉ် အလင်းများနှင့် ကြမ်းတမ်းစွာ တိုက်မိပြီး ဖျက်ဆီးခံလိုက်ရသည်။

ကိုးရောင်စဉ် အလင်းများသည် အဆုံးမဲ့ ဖြစ်ပုံရကာ အဆက်မပြတ် ရောက်လာနေသည်။

ဟူး …

ယူချင်း ရှေ့သို့ ခြေလှမ်းသည်။ လက်သီးစွမ်းအားများသည် ရပ်တန့်မသွားဘဲ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ လက်သီးစွမ်းအားသည် သူ၏ နတ်ဆိုးခန္ဓာနှင့် ပေါင်းစပ်သွားပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းလာကာ မည်သည့်အရာကိုမဆို ရှင်းလင်း ပစ်နိုင်စွမ်း ရှိပေသည်။

ဘုန်း… ဘုန်း… ဘုန်း …

ယူချင်းသည် ရှေ့သို့ ဆက်လက်သွားနေကာ သူ၏ အရှိန်အဝါအောက်၌ အရာအားလုံးသည် မွန်းကျပ်ဖွယ် ဖြစ်လာသည်။ ခွန်ရွှမ်၏ ဥဒေါင်း အမွေးအတောင်များမှာ တစ်ခုပြီးတစ်ခု  တုန်ရီနေကြသည်။ လျှပ်တစ်ပြက်အတွင်း သူမ လှုပ်ရှားလိုက်ပြီး အဖျက်စွမ်းအား ပါဝင်သည့် ကိုးရောင်စဉ်အလင်းသည် နတ်ဆိုးပုံရိပ်ကြီးဆီသို့ ဦးတည် သွားလေသည်။

ထိုအချိန်တွင် ကိုးရောင်စဉ် အလင်းတန်းကြီး ပေါ်ပေါက်လာပြီး အရာအားလုံးကို ပြင်းထန်စွာ ဖျက်ဆီးပစ်သည်။

နောက်ဆုံးတွင် ယင်းစွမ်းအားနှစ်ခု ထပ်တိုက်တွေ့ခဲ့ပြီး တောက်ပလှသည့် ကိုးရောင်စဉ် အလင်းတန်းသည် ယူချင်း၏ ထူးကဲသာလွန်လှသည့် လက်သီးစွမ်းအားများကို ဖျက်ဆီးခဲ့သည်။ လေထုသည် ပေါက်ကွဲထွက်သွားပြီး သူတို့အနီးမှ အရာရာသည် ကြေမွ ပျက်စီးသွားခဲ့သည်။ အဆုံးမဲ့ ကိုးရောင်စဉ်အလင်းများသည် ယူချင်း၏ ခန္ဓာကိုယ်သို့ ရိုက်ခတ်လိုက်သကဲ့သို့ တစ်ချိန်တည်းမှာပင် မရေတွက်နိုင်သည့် လက်သီးအားများက လေထုကို ထိုးဖောက်ဖြတ်သန်းကာ ခွန်ရွှမ်၏ အမွေး အတောင်များကို ဖျက်ဆီးခဲ့သည်။

ဘုန်း…

ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီး ခွန်ရွှမ်သည် နောက်သို့ လွင့်စဉ်သွားခဲ့သည်။ သို့သော်လည်း ပျက်စီးသွားသည့် ကိုးရောင်စဉ်အလင်းများမှာ သေဆုံးပြီးနောက် ပြန်လည် မွေးဖွားလာသည်။ သူမ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသော်လည်း သူမသည် ယူချင်းထံသို့ တရကြမ်း ပြေးဝင်သွားပြန်သည်။

နတ်ဆိုးပုံရိပ်ကြီးသည် လောကကို ဖုံးလွှမ်းထားသည်။ ယူချင်း၏ လက်သီးအားများသည် ပို၍ပင် သန်မာလာပြီး ကောင်းကင်ကိုပင် ဖျက်ဆီးတော့မယောင် ထင်မှတ်ရ၏။

ထိုအချိန်တွင် ခွန်ရွှမ်သည် လေထဲသို့ ပစ်ဝင်သွားပြီး သူမ၏ အမွေးအတောင်များပေါ်မှ များပြားလှသော ကိုးရောင်စဉ်အလင်းများသည် ပျက်စီး ကွယ်ပျောက် သွားခဲ့သည်။

သို့သော်လည်း သူမသည် လက်မလျှော့ဘဲ သူ့ထံသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြန်သည်။

သူမသည် ပို၍သန်မာသည့် လက်သီးကိုပင် ဆီးကြိုနေခဲ့ပြီး လေထဲသို့ တစ်ဖန် ပစ်ဝင်သွားပြန်သည်။ သူမသည် လေထဲတွင် တောင်ပံ တဖျတ်ဖျတ်ခတ်ရင်း မော့ကြည့်သည်။

နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်များ စုဝေးလာကြသည်။ သို့သော်လည်း ဤသည်မှာ ရီဝူချင်း၏ တိမ်တိုက်များ မဟုတ်ဘဲ သူမအတွက် ဖြစ်ပေသည်။

လူတိုင်းသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး နတ်ဘုရား ပြစ်ဒဏ်တိမ်တိုက်များ စုဝေးလာသည်ကို မြင်ကြရသည်။ လူတိုင်း၏ နှလုံးသားများမှာ ပြင်းထန်စွာ ခုန်ပေါက်နေသည်။

၎င်းသည် ဤသွေးနဂါး မြစ်ပြိုင်ပွဲ၌ ရှန့်ထိုအဆင့်သို့ တက်ရောက်ရန် နတ်ဘုရားပြစ်ဒဏ်ကို ဆွဲဆောင်နိုင်သော ဒုတိယမြောက်လူပင် ဖြစ်သည်။

ဒါက...

လူတိုင်း၏ နှလုံးသားများမှာ ပြင်းထန်စွာ ကြမ်းကြမ်းတမ်းတမ်း ခုန်ပေါက်နေ၏။ ဤသည်မှာ အမှန်တကယ်ပင် ထိပ်သီး ပုဂ္ဂိုလ်များ၏ တိုက်ပွဲ ဖြစ်လေသည်။

သွေးနဂါးဘုံ ရှန့်ထိုအဆင့်အောက် တန်ခိုးရှင်များအကြား တိုက်ပွဲများတွင် မည်သည့် တိုက်ပွဲကမှ သွေးနဂါးမြစ်တိုက်ပွဲကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ခွန်ရွှမ်သည် သူမ၏ ပြိုင်ဘက်ကင်း ပြောင်မြောက်လှသည့် တိုက်ပွဲစွမ်းရည်ကို အဆုံးရှုံးခံပြီး အင်ပါယာ စွမ်းအားများကို အသုံးပြုခဲ့သည်။ သူမသည် ယူချင်းကို မလှုပ်ခါနိုင်ဘဲ သုံးကြိမ်သုံးခါ လွင့်စဉ် သွားခဲ့သော်လည်း အကြိမ်တိုင်းမှာ သူမသည် တောင့်ခံနိုင်စွမ်း ရှိခဲ့သည်။

ထို့ပြင် ယခုအခါ၌ သူမသည် မဟာလမ်းစဉ်၏ နတ်ဘုရား ပြစ်ဒဏ်ကိုပင် ဆွဲဆောင် နိုင်ပေသည်။

ယခင်က ရှန်းနန်သည် ယူချင်း၏ တိုက်ခိုက်မှုကို တောင့်ခံထားနိုင်ခြင်း မရှိသည်မှာ သူ၏ သွေးသား ခန္ဓာကိုယ်က အားနည်းလွန်း၍ ဖြစ်သည်။

သို့သော်လည်း ခွန်ရွှမ်သည် နတ်ဆိုးဥဒေါင်း အင်ပါယာ၏ မျိုးဆက်ဖြစ်သောကြောင့် သူမ၏ စွမ်းအားနှင့် သွေးသားခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် သန်မာပေသည်။ ကိုးရောင်စဉ် အလင်းများသည် သူမကို ဖုံးလွှမ်းကာ စီးဆင်းနေသည်။ ထိုကဲ့သို့ သန့်စင်လှသော စွမ်းအားများနှင့် သူမကို အချို့သည်သာ ယှဉ်နိုင်စွမ်းရှိပေသည်။

ထို့ကြောင့် ဖျက်ဆီးနိုင်စွမ်း မြင့်မားသည့် တိုက်ခိုက်မှုကို ခံရသော်လည်း သူမသည် ရှန်းနန်ကဲ့သို့ ပစ်စလက်ခတ် မရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

သူမသည် စွမ်းအားပြည့်ဝသည့် တိုက်ခိုက်မှုကို သုံးကြိမ် တောင့်ခံနိုင်ခဲ့ပြီး ယခုတွင် ရှန့်ထို ဖြစ်လာတော့မည်။

ထိုသုံးခါ တိုက်ခိုက်မှုသည် သူမ၏ ဥဒေါင်းခန္ဓာနှင့် တောင့်ခံနိုင်ခဲ့သော်လည်း ဒဏ်ရာ အများအပြား ရရှိခဲ့သည်။ သို့ပေမဲ့ မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်သည် သေချာပေါက် သူမကို တုန်လှုပ်စေလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းသည် အံ့အားသင့်သော အကြည့်များနှင့် တိုက်ပွဲကွင်းပြင်သို့ ကြည့်နေပေသည်။

ခွန်ရွှမ်သည် ရှန့်ထို ဖြစ်လာတော့မည်။ ဤမိန်းမသည် အညှာအတာ ကင်းမဲ့လှ၏။

သူ ဘာမှ မတတ်နိုင်သော်လည်း သူ့ဘေးမှ ရှားရှင်းယွန်ကို ကြည့်သည်။ သူမသည်လည်း ထိုအကြည့်ကို ခံစားမိပြီး သူ့ကို ပြန်ကြည့်လာသည်။ သူ၏ မျက်လုံးများတွင် ဒေါသတို့ စွက်နေ၏။

သည်အကောင်က ဘာအဓိပ္ပာယ်နဲ့ သူမကို ကြည့်ရတာလဲ…

“မင်းသမီး ... လီယောင်နဲ့ ခွန်ရွှမ် နှစ်ယောက်လုံး ရှန့်ထိုဖြစ်သွားပြီ” ရီဖူရှင်းက တိုးတိုး ရေရွတ်လိုက်၏။

ရှားရှင်းယွန်က သူ့ကို ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် တိုက်ပွဲ ကွင်းပြင်ဘက်သို့ ပြန်လှည့်သွားသည်။ သူမက ဤအကြောင်းနှင့် ပတ်သက်ပြီး အတွေးတချို့ ရှိနေလျှင်ပင် သိပ်ဂရုမစိုက်ပေ။ မည်သူက ရှန့်ထို အရင်ဖြစ်လာ၍ မည်သူက နောက်မှ ဖြစ်သလဲ ဆိုခြင်းသည် မည်သည့် အဓိပ္ပာယ်မျှ မရှိပေ။

“သခင်က သူမကို လိုချင်တာလား....” သူတို့နောက်မှ သိမ်းငှက်နက်သည် ခပ်တိုးတိုး ပြောသည်။ ရှားရှင်းယွန် မျက်မှောင်ကြုတ်လိုက်ပြီး သိမ်းငှက်နက်ကို ရေခဲရိုက်အကြည့်နှင့် လှည့်ကြည့်သည်။ သူမ၏ အမူအရာကို မြင်ပြီးနောက် သိမ်းငှက်နက်သည် သူ၏ ခေါင်းကို အားနည်းစွာ ငုံ့လိုက်ပြီး လေသံမျှဖြင့် ပြောသည်…  “အစေခံအဖြစ်နဲ့လေ”

“အကြံကောင်းပဲ” ရှားရှင်းယွန်က ညင်သာစွာ ပြောလိုက်ပြီးနောက် တိုက်ပွဲဘက်သို့ ပြန်လှည့်ကာ ကြည့်လိုက်၏။ သိမ်းငှက်နက်သည် စိတ်သက်သာရာ ရစွာ သက်ပြင်းချသည်။

မြန်မြန်ဆန်ဆန် တွေးတောနိုင်ခြင်းသည် ကောင်းသည့် အချက်ဖြစ်သည်။

လူတိုင်းသည် တိုက်ပွဲကို ကြည့်နေကြသည်။ ယူချင်းသည် အားကောင်းသည့် တန်ခိုးရှင်သုံးဦးကို သက်သောင့်သက်သာ တိုက်ခိုက်ပြီး ဆက်တိုက် ရှုံးနိမ့်စေခဲ့သည်။ သို့သော်လည်း ယခုတွင် လူနှစ်ဦးသည် မဟာလမ်းစဉ်၏ နတ်ဘုရားပြစ်ဒဏ်ကို တောင့်ခံနိုင်ရန် ကြိုးစားနေကြသည်။

သူတို့ မည်သို့ဆက်ပြီး တိုက်ခိုက်လိမ့်မလဲ။

အမှန်တကယ်တွင်တော့ နတ်ဘုရားပြစ်ဒဏ်ကို ကျော်ဖြတ်ရန် ကြိုးစားနေသည့် ခွန်ရွှမ်ထက် ယူချင်း၏ ပြိုင်ဘက်မှာ ရှင်းချိုးတစ်ဦးသာ ကျန်ရစ်တော့သည်။

ထိုအခိုက်၌ ယူချင်းသည် လေထဲတွင် ရှိနေသော ခွန်ရွှမ်ကို အကဲခတ် ကြည့်ရှုနေသည်။ ထိုမျက်ဝန်းနက်များကို ကြည့်ရင်း သူမထံမှ တောက်ပသော အလင်းများ ထွက်ပေါ်လာကာ သူမကို နတ်ဘုရား မတစ်ပါးသဖွယ် ထင်မှတ်ရစေသည်…  “ငါ တိုက်ပွဲကွင်းပြင်ကနေ ထွက်သွားတော့မယ်” သူမက ပြောသည်။

ခွန်ရွှမ်သည် နတ်ဘုရားပြစ်ဒဏ်ကို ငြိမ်းချမ်းစွာ ဖြတ်ကျော်လိုပေသည်။ သူမသည် ဤတိုက်ပွဲ၌ ရှုံးနိမ့်ခဲ့ပြီး ဖြစ်သည်။ သူမသာ ဆက်လက် တိုက်ခိုက်ချင်နေလျှင် ယူချင်းနှင့် ရှင်းချိုးသည် သူမကို အလွတ်ပေးလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အခုချိန်၌ ယူချင်းကို ရင်ဆိုင်ရန် လုံလောက်သော စွမ်းအားရှိသူမှာ ရှင်းချိုး တစ်ယောက်သာလျှင် ရှိတော့ပေသည်။

ယခင်က လူတိုင်းသည် ရီဝူချင်း တိုက်ပွဲကွင်းပြင်မှ ထွက်မသွားသည့် အကြောင်းပြချက်သည် သူ နတ်ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်၍ ရှန့်ထိုဖြစ်လာပြီး နောက်တွင် ဆက်လက် တိုက်ခိုက်လိုသောကြောင့် ဖြစ်သည်ဟု တွေးခဲ့ကြသည်။

သို့သော်လည်း ယခုကြည့်ရသလောက်တွင် သူသည် ယူချင်းကို တိုက်ခိုက်ရန် စိတ်ကူးရှိပုံမပေါ်ပေ။

တိုက်ပွဲကွင်းပြင် တစ်ခုလုံးကို ခြုံကြည့်လိုက်လျှင် အင်ပါယာလီဘုံ၏ ထိပ်တန်းတန်ခိုးရှင် နှစ်ဦးဖြစ်သည့် ဒွန်ချန်းနှင့် အပြစ်ခုနစ်ပါးသည် လျစ်လျူရှု ခံထားရပြီး အရှက်ရစရာ ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။

သူတို့သည် သတိပြုမိရန်ပင် မထိုက်တန်ပေ။

ဘယ်လောက် ရယ်စရာ ကောင်းလိုက်သလဲ…

သူတို့ထက် သန်မာသည့် သူများပင် ဤတိုက်ပွဲကွင်းပြင်၌ မှေးမှိန်နေပုံရလေသည်။

***

All Chapters