← Chapters

နောက်ဆုံးတော့ တွေ့ပြီ

Vol. 3 Ch. 31

နောက်ဆုံးတော့ တွေ့ပြီ

Vol. 3 Ch. 31

"သူ တော်တော်ပြေးနိုင်တာပဲ" လော့ဖုန်းက မိစ္ဆာအလောင်းကိုကြည့်သည်။ သူ့ကို လိုက်ရှာရတာမလွယ်ခဲ့ပေ။

ကျန်းဟောင် ဒီလောက်ထိ မြန်မြန်ပြေးနိုင်မည်မထင်ထားပေ။ ကံကောင်းစွာ သူ ကြိုတင်ပြင်ဆင်ပြီး မှော်ရတနာတခု ဝယ်လာခဲ့သည်။ ၎င်းက သဲလွန်စရှိနေသမျှ ခြေရာခံနိုင်စေသည်။

သံလိုက်အိမ်မြှောင်တခုကိုထုတ်ပြီး ပတ်ဝန်းကျင်ရှိ သဲလွန်စများအား ဆက်လက်ရှာဖွေသည်။ လော့ဖုန်း တစုံတခုကိုတွေ့ပြီး ထိုနေရာသို့ ဦးတည်လိုက်သည်။ သူ့နောက်တွင် ချင်ရွှယ်ပါလာ၏။

ကျန်းဟောင် ဒီလောက်ထိပြေးနိုင်ခြင်းက သူတို့ကို အံ့သြစေသည်။ သဲလွန်စနောက်လိုက်သွားသည်နှင့် ကျန်းဟောင်မှာ ထိုနေရာတွင် မရှိတော့ပေ။ အခြားနေရာကို ပြေးသွားပြန်ပြီဖြစ်၏။

မိစ္ဆာအလောင်းများကိုစစ်ဆေးမှုအရ အသတ်ခံရတာ တစ်ရက် နှစ်ရက်ရှိလောက်သည်။

"မဟုတ်သေးဘူး "လော့ဖုန်း မျက်မှောင်ကြုတ်သည်။ "ဒီအမြန်နှုန်းနဲ့ဆို သူ ပုန်းနေနိုင်ရဲ့သားနဲ့ ဘာလို့ မိစ္ဆာတွေကို သတ်နေရတာလဲ တမင်လုပ်နေတလား ဒါမှမဟုတ် ရည်ရွယ်ချက်တခုခုကြောင့်လား"

ကျန်းဟောင်ကို မြန်မြန်ရှာရန်လိုကြောင်း သူခံစားနေရသည်။ မကောင်းတာတခုခုဖြစ်လာမည်ဟု အာရုံရနေသည်။ သူလှုပ်ရှားပြီးဆိုကတည်းက အနာဂတ်ပြဿနာများ ကင်းပစေရန် လုပ်ဆောင်ရပေမည်။

ထိုည ကျန်းဟောင်မှာ သစ်ပင်ကြီးတပင်ထဲ ရှိနေသည်။ သူရှာတွေ့သည့် အန္တရာယ်ကင်းသည့်နေရာဖြစ်သည်။ နတ်ဆိုးအသိုက်တွင် တောင်ထွတ်များက ရှားပါးသည်။ ဂူလည်း မရှိပေ။ အကောင်းဆုံးက သစ်ပင်ထဲတွင်ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်သို့ ချိုးဖြတ်ရန် သူကြိုးစားနေသည်။ အသက်သွေးနှင့် ကျင့်ကြံရေးပြည့်နေသည့်တိုင် မချိုးဖြတ်နိုင်ခဲ့ပါက လာမည့်ရက်များက သူ့အသက်ကို အာမခံပေးနိုင်မည်မဟုတ်ပေ။

ကောင်းကင်ရွှင်ပျော်စံအိမ်က လူများမှာ သူ့ကို တစ်ရက် နှစ်ရက်အတွင်း ရှာတွေ့သွားမည်ဖြစ်သည်။ သူတို့ချင်းတွေ့လျှင် ကျန်းဟောင်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းနှင့် အထွတ်အထိပ်တို့အား တိုက်ခိုက်ရပေမည်။ သူ အန္တရာယ်ကင်းနိုင်မည့် အခွင့်အရေးက မမြင့်ပေ။ အဆင့်တက်ရန်ကိုသာ မျှော်လင့်ရပေမည်။

သို့သော် အဆင့်တက်ရန် ရာခိုင်နှုန်းများသည်။ ခရမ်းရောင်မြူက အသက်သွေးနှင့် စိတ်ဝိညာဥ်စွမ်းအင်များကိုလမ်းညွှန်ပြီး အကာအရံကို ချိုးဖျက်စေသည်။

ကျန်းဟောင်လည်း စိတ်အေးအေးထားပြီး အားလုံးကို စွမ်းအင်ဗဟိုချက်ဆီ စီးဆင်းစေလိုက်သည်။

ကျင့်ကြံရေးနှင့် အသက်သွေးက ၁၀၀ ကနေ ၂၇ ကိုပြောင်းသွားသည်။ ၀ ဖြစ်သည်အထိ မချိုးဖျက်နိုင်သေးပါက သူအဆင့်တက်နိုင်မည်မဟုတ်ပါချေ။

ရုတ်တရက် အပြင်ဖက်တွင် လှုပ်ရှားမှုအား သတိပြုမိသည်။ သူ လျစ်လျူရှုထားလိုက်၏။ သူ ရှာတွေ့မခံရခင် အဆင့်တက်ခြင်း၌ အာရုံစိုက်ထားသည်။

အပြင်ဖက်တွင် လော့ဖုန်းက တောအုပ်ထဲလျှောက်နေသည်။ သူ့ခွန်အားနဲ့ အလျင်ကို များစွာအသုံးပြုထားပေမဲ့ ရှာမတွေ့သေးပေ။

"ငါ လမ်းမှားနေတာလား" သူသံသယဖြစ်လာ၏။

ခြေရာခံနည်းစနစ်အားလုံးကို အသုံးပြုထားသည်။ အားလုံးက ဤနေရာကို ညွှန်ပြနေ၏။ နေရာကမှန်ပေမဲ့ လူကို မတွေ့သေးပေ။

ပတ်ဝန်းကျင်အား မျက်ခြေမပြတ်ထားလျက် ရှေ့ကိုသွားနေသည်။ ချင်ရွှယ်က နောက်မှလိုက်လာသည်။ ကျန်းဟောင် ပျောက်နေခြင်းက သူတို့ကို သတိအပြည့်ဖြစ်စေ၏။။

"ဒီလိုတောအုပ်ထဲ ဘယ်လိုနေရာမှာ ပုန်းနေနိုင်လဲ" ချင်ရွှယ် ရေရွတ်သည်။" ချုံတွေလား သစ်ပင်တွေလား"

"သစ်ပင်တွေ" လော့ဖုန်းက ပတ်ဝန်းကျင်က သစ်ပင်များကို ပိုမိုသတိထားကြည့်လိုက်သည်။

သစ်ပင်တစ်ပင်မှ ဝိညာဥ်စွမ်းအားများထွက်ပေါ်နေသည်ကို သတိထားမိသည်။ ၎င်းက သာမန်သစ်ပင်သာဖြစ်ပေမဲ့ ထူးခြားနေသည်။ လော့ဖုန်း ဝမ်းသာသွား၏။ သို့သော် သစ်ပင်ထဲရှိနေသူက အဆင့်တက်ရန် ကြိုးစားနေကြောင်း သတိထားမိသည်။ ဘာပဲဖြစ်ဖြစ် ၎င်းကို ရပ်တန့်ရပေမည်။

သူ့ဓားကို ဝေ့ယမ်းလိုက်၏။

ချွမ်

"ရှောင်နိုင်ရင် ရှောင်စမ်း" လော့ဖုန်းက သစ်ပင်ကိုခုတ်ချလိုက်သည်။ သစ်ပင်က နှစ်ခြမ်းကွဲသွားပြီး ကျန်းဟောင် ပေါ်လာသည်။ ဓားသွားက ကျန်းဟောင်၏ မျက်ခုံးနှစ်ခုကြားကို ချိန်ရွယ်လျက် နှစ်ပိုင်းခြမ်းပစ်ချင်နေသည်။

သို့သော် ဓားက ကျန်းဟောင်ကိုထိတော့မည့်ဆဲဆဲ သံချပ်ကာပုံရိပ်တခုက ကာကွယ်လိုက်သည်။

ထန်း

ဓားနဲ့ သံချပ်ကာက ထိခိုက်သွားသည်။

"အကာအကွယ်ရတနာလား" လော့ဖုန်းလည်း အင်အားကုန်သုံး၍ အကာအရံအား ဖျက်ဆီးရန်လုပ်သည်။

ကျန်းဟောင်က ရုတ်တရက် မျက်လုံးဖွင့်ပြီး လော့ဖုန်းကို ကြည့်သည်။ သူတို့အကြည့်ချင်းဆုံသွားပြီး ကျန်းဟောင် ၏ ကိုယ်မှ အားကောင်းသည့် အော်ရာတခုထွက်လာခဲ့သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်ကို ရောက်သွားလေပြီ။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" လော့ဖုန်း ရှော့ရသွား၏။

ကျန်းဟောင်က တုံ့ပြန်ရန် အချိန်မပေးပါချေ။ သူ့လက်ကို ဆန့်လိုက်ရာ အရိပ်ဆေဘာပေါ်လာ၏။ ထို့နောက် မိစ္ဆာအသံဓားချက်ဖြင့် ခုတ်ချလိုက်သည်။

လော့ဖုန်းမှာ လျင်မြန်စွာ ခုခံခဲ့သော်ငြား လွင့်ထွက်သွားရသည်။

ဘန်း

သစ်ပင်ကြီးတစ်ပင်နှင့် ဝင်တိုက်သွားသည်။ ဓားကျိုးသွားပြီး လက်ဝါးမှ သွေးများစိမ့်ထွက်လာသည်။ သို့သော် အသက်ရှင်နေသေး၏။

ကျန်းဟောင် စိတ်မရှိပေ။ တဖက်လူကို ဒဏ်ရာရစေသည့်အတွက် သူ့အတွက် အချိန်ပိုရသွားသည်။ ထရပ်ပြီး ချင်ရွှယ်ကိုကြည့်၏။ သူတို့အတူ တိုက်ခိုက်လာပါက မလွယ်လှပေ။ တိုက်ပွဲကို အမြန်အဆုံးသတ်ရပေမည်။

ချင်ရွှယ်လည်း အတူတူတွေးနေ၏။ သူမက ဓားရှည်ကိုင်လျက် ကျန်းဟောင်ဆီ ဝင်သွား၏။ အေးစက်တင့်တယ်သည့် အော်ရာက ထွက်လာသည်။ ဂူအဆိပ်ကြောင့် ကျန်းဟောင် လျစ်လျူရှုထားနိုင်၏။ မဟုတ်ပါက သူ အာရုံလွင့်သွားနိုင်သည်။

အရိပ်ဆေဘာဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။

ဓားချင်း ထိဆုံသွား၏။ သူမဓားမှ အလင်းနှင့် ဆေဘာမှ အမှောင်က နေရာတိုင်းကို ပျံ့နှံ့နေသည်။ ညအမှောင်ထဲ နှစ်ယောက်သား နောက်မဆုတ်တမ်း ရင်ဆိုင်နေကြသည်။

ဘုန်း

အားကောင်းသည့် အင်အားတရပ်က သူတို့ကို ခွဲခြားလိုက်သည်။ ချင်ရွှယ်က လော့ဖုန်းကိုအော်သည်။ "ဟေး သူ့ကို အတူတူတိုက်ခိုက်ရအောင် သူ အခုမှ အဆင့်တက်ထားတာ ကြာကြာထိန်းနိုင်မှာမဟုတ်ဘူး"

သူမတယောက်တည်းနဲ့ ကျန်းဟောင်ကို ချက်ချင်းအနိုင်မယူနိုင်ကြောင်းသိသည်။ သူမသည်လည်း အဆင့်တက်ထားတာ မကြာသေးသောကြောင့် စွမ်းအားများက အတန်ငယ် မတည်ငြိမ်ဖြစ်နေသည်။ သူတို့အတူ မပူးပေါင်းပါက ပြီးပြည့်စုံသည့် အောင်ပွဲတခုကို ဖန်တီးနိုင်မည်မဟုတ်ပေ။

All Chapters