ရန်သူကိုသတ်ခြင်း
Vol. 3 Ch. 32
လော့ဖုန်းက ကျန်းဟောင်ကို မယုံနိုင်စွာကြည့်၏။ သို့သော် များများတွေးချိန်မရပေ။ ကျန်းဟောင်ကို သတ်လိုပါက ချင်ရွှယ်၏ စကားကို နားထောင်ရပေမည်။
သူက သွေးတစ်လုပ်ကို ထွေးထုတ်လိုက်သည်။ သွေးများက ချော်ရည်လိုပူပြင်းပြီး ကျန်းဟောင်ဆီ ဝင်သွားသည်။ ချင်ရွှယ်ကလည်း ဓားဖြင့် တိုက်ခိုက်သည်။
ကျန်းဟောင်မှာ သွေးစက်များကိုရှောင်ပြီး ဓားချက်များအား ခုခံသည်။
သွေးများက မိုးရေစက်များလိုကျလာပြီး ဓားချက်မှာ အေးစက်အားကောင်းသည်။
ဘုန်း
သွေးများပေါက်ကွဲပြီး မြေပြင်တွင် တွင်းပေါက်ကြီးဖြစ်သွားစေသည်။
ဘန်း
ဓားအလင်းများက သစ်ပင်များကို ပြတ်တောက်သွားစေ၏။ အမှောင်ထဲ ဓားနဲ့ ဆေဘာက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ အားပြိုင်နေသည့်အလား ရှိနေသည်။
ကျန်းဟောင် အတတ်နိုင်ဆုံးလုပ်ဆောင်နေသော်လည်း မကြာခင် သူ ရှုံးတော့မည်ဟု ခံစားနေရသည်။ သွေးကို လျစ်လျူရှုပြီး ချင်ရွှယ်ကို အာရုံစိုက်သည်။ မိစ္ဆာအသံဓားချက်ဖြင့် သူမကို ခုတ်သည်။
ချင်ရွှယ်ကလည်း သူမ၏ အားအကောင်းဆုံးနည်းလမ်းဖြင့် ခုခံသည်။ ဓားများထိခိုက်သွားရာ ပတ်ဝန်းကျင်၌ ဓားအလင်းများပြည့်နေတော့သည်။ သူတို့တိုက်ပွဲက အရှိန်ရနေသည်။
လော့ဖုန်းက သွေးတိုက်ခိုက်မှုကို ထပ်လုပ်သော်လည်း အများစုကို ကျန်းဟောင်၏ မှော်ရတနာက ကာကွယ်ပေးထားကြောင်း သတိပြုမိသည်။ ထို့အခါ သူ၏ ဓားအပေါ် သွေးတစ်လုပ်ထွေးပြီး စွမ်းအားမြှင့်တင်လိုက်သည်။ ထို့နောက် ကျန်းဟောင်နား ချဥ်းကပ်သွား၏။
ကျန်းဟောင်မှာ ချင်ရွှယ်နဲ့ရင်ဆိုင်နေခိုက် လော့ဖုန်း၏ ချောင်းတိုက်မှုကိုလည်း သတိထားနေရသည်။ သို့သော် သူတည်ငြိမ်နေဆဲသာ။
ကျန်းဟောင်မှာ ဦးခေါင်းကိုလှည့်ပြီး လော့ဖုန်း၏ တိုက်ခိုက်မှုအား ရှောင်တိမ်းသည်။ ထို့နောက် လက်ချောင်းဖြင့် ဓားကိုတောက်လိုက်သည်။ ခရမ်းရောင်သွေးချီက သူ့လက်ချောင်းတွင် စုစည်းနေပြီးသားဖြစ်သည်။
ခွပ်
ဓားမှာ အလယ်ကနေကျိုးကျသွား၏။
ဓားကျိုးသွားသည်နှင့် လော့ဖုန်းမှာ အန္တရာယ်ရှိကြောင်း သိလိုက်သည်။ ခရမ်းရောင်စွမ်းအင်တခုက သူ့ရင်ဘတ်ကို ရိုက်ခတ်လာ၏။ အားက ပြင်းလွန်းရကား နံရိုးများကျိုးပြီး အတွင်းအင်္ဂါများထိခိုက်ကုန်သည်။
လော့ဖုန်းမှာ သွေးအန်ပြီး မြေပေါ်ပြုတ်ကျသွားလေသည်။ ကျန်းဟောင်က ဟုန်မုန့်နှလုံးသားဆုဒြာကို အပြင်းထန်ဆုံးလည်ပတ်ထားရာ ခရမ်းရောင်စွမ်းအင်များက သူ့တကိုယ်လုံးကို ဖုံးအုပ်နေတော့သည်။
ဆေဘာကို ရွှေ့လိုက်သောအခါ ပြင်းထန်သည့်အင်အားပေါ်ထွက်လာ၏။ ချင်ရွှယ်မှာ နောက်ဆုတ်သွားရလေသည်။
ရန်သူ မြေပေါ်ပြန်မကျခင် ကျန်းဟောင်မှာ အရိပ်ဆေဘာကို ခရမ်းရောင်စွမ်းအင်များဖြင့် ဖုံးလွှမ်းစေပြီး မိစ္ဆာအသံဓားချက်ဖြင့် ခုတ်ချလိုက်သည်။
ဆေဘာက ချင်ရွှယ်၏ ကိုယ်ကိုဖောက်ထွက်သွား၏။ သူမ မြေပေါ် ပြုတ်ကျသွားပြီး ကျန်းဟောင်အား မယုံနိုင်စွာကြည့်သည်။ "ဘာလို့ ဒီလောက်ထိသန်မာနေရတာလဲ"
သူမ၏ ဓားရှည်လည်း ကျိုးသွားခဲ့ပြီဖြစ်သည်။ သူ၏ အသက်စွမ်းအားက လျော့ပါးလာ၏။ လော့ဖုန်းမှာ ထိုမြင်ကွင်းကြောင့် လွန်စွာထိတ်လန့်ပြီး ထရပ်၍ ထွက်ပြေးရန်လုပ်သည်။
ခြေလှမ်းအနည်းငယ်သာ ပြေးရသေးချိန် ဓားတစ်လက်က လည်ပင်းကိုဖောက်ပြီး သစ်ပင်မှာ သွားစိုက်နေလေသည်။ ကျန်းဟောင်က အရိပ်ဆေဘာဖြင့် ပစ်လိုက်ခြင်းပင်။
"ငါတို့ ဒီမှာသေသွားရင် လူသတ်သမားက နင်ဆိုတာ အားလုံးသိသွားကြလိမ့်မယ်" ချင်ရွှယ်က အမုန်းတရားများဖြင့်ပြောသည်။
"ဖြစ်နိုင်ပါတယ် "ကျန်းဟောင် ပြောသည်။ .ဒါပေမဲ့ နတ်ဆိုးအသိုက်မှာ သေတာကို ဘယ်သူမှမစုံစမ်းဘူးလို့ပြောတာ မှတ်မိတယ်"
ကျန်းဟောင် ဓားတစ်သောင်းအဆောင်ဆယ်ခုကို ထုတ်သည်။ တခုစီက အခြေခံတည်ဆောက်ခြင်းအဆင့် စွမ်းအားရှိသည်။ အဆောင်များအား ခုနစ်ခု တစ်စု၊ သုံးခု တစ်စုဖြင့် ခွဲလိုက်သည်။
ထို့နောက် ချင်ရွှယ်နှင့် လော့ဖုန်းအား တိုက်ခိုက်သည်။ များစွာသောဓားများက ၎င်းတို့ဆီဝင်သွားပြီး အလောင်းများကို တစစီဖြစ်စေသည်။ ကောင်းကင်ရွှင်ပျော်စံအိမ်က လူနှစ်ဦး သေသွားလေပြီ။
တိုက်ပွဲပြီးနောက် ကျန်းဟောင် သွေးအန်လိုက်ရသည်။ အဆင့်အတင်းတက်ခဲ့ပြီး တိုက်ခိုက်ခဲ့ရသောကြောင့် သူ့ကိုယ်တွင် ဒဏ်ရာရထားသည်။ ဟုန်မုန့်နှလုံးသားဆုဒြာကို အပြည့်အဝထုတ်ဖော်ခဲ့ခြင်းကလည်း ဒဏ်ရာကို ပိုဆိုးသွားစေသည်။
သူသာ ပြင်းပြင်းထန်ထန် ဒဏ်ရာမရထားပါက အဆောင်များကို သုံးစရာလိုမည်မဟုတ်ပေ။ သို့သော်လည်း ကပ်ဘေးမှ အသက်ရှင်နိုင်ခဲ့သည့်အတွက် ဝမ်းသာမိသည်။ မြေပေါ် ထိုင်ချပြီး ဒဏ်ရာများအား ကုစားရန်လုပ်သည်။
မိစ္ဆာအချို့က သူ့နားကို ချဥ်းကပ်လာကြသည်။ ၎င်းတို့က တိုက်ပွဲအသံများကြောင့် ရောက်လာခြင်းဖြစ်ပြီး ၅ ကောင်ဖြစ်သည်။
ကျန်းဟောင် သက်ပြင်းချ၏။ တကယ့် ပြဿနာပဲ။
...
တစ်လကြာပြီးနောက်
နတ်ဆိုးအသိုက်နားတွင် ကျန်းရှီကျူးက စက္ကူယပ်တောင်ကိုကိုင်လျက် အဝေးကိုကြည့်ကာ အတွေးများလွင့်နေဟန်ရသည်။
"စီနီယာအစ်ကိုက တယ်စောပါလား" ရှင်းယုယွီက ဓားကိုလွယ်လျက် သူတို့ ပြန်ဆုံရန်ချိန်းထားသည့်နေရာသို့ ရောက်လာသည်။
နတ်ဆိုးအသိုက်တွင် အသုံးဝင်သည့်အရာများစွာရှိသည်။ သူမ တချို့ကိုရခဲ့သောကြောင့် စိတ်အခြေအနေကောင်းနေ၏။ ဂိုဏ်းတာဝန်ကို အောင်မြင်သည့် ဆုလာဘ်တွင် အပိုဆုကလေးနဲ့ပါဖြစ်၏။
ကျန်းရှီကျူးပြုံးသည်။ "ကြည့်ရတာ ဂျူနီယာညီမက အခွင့်အလမ်းကောင်းတွေ ကြုံခဲ့ရပုံပဲ ငါကတော့ သိပ်ကံမကောင်းတော့ ပြောပလောက်စရာမရှိခဲ့ဘူး"
"စီနီယာအစ်ကိုက နှိမ့်ချနေပါပြီ လမ်းမှာ မိစ္ဆာတကောင်နဲ့တောင် မကြုံခဲ့ရဘူး ဒါကို အောင်မြင်တဲ့တာဝန်အဖြစ် သတ်မှတ်နိုင်တယ်မဟုတ်လား "
ကျန်းရှီကျူး ခေါင်းညိတ်သည်။" ဟုတ်တယ် ငါလည်း အများကြီး မတွေ့ခဲ့ဘူး"
ရှင်းယုယွီက အဝေးကိုကြည့်သည်။ "ဂျူနီယာမောင်လေးကျန်းရော ပြန်လာနိုင်ပါ့မလား "
"ငါတော့မထင်ဘူး" ကျန်းရှီကျူး ခေါင်းယမ်းပြီး "သူတို့ရဲ့ ခြေရာလက်ရာကို တွေ့ခဲ့တယ် လော့ဖုန်းနဲ့ ချင်ရွှယ်က အတူသွားနေကြတာပဲ သူတို့သုံးယောက်က တနေရာမှာ ဆုံလိမ့်မယ် ဂျူနီယာညီလေးကျန်းရဲ့ အသက်ရှင်နိုင်စွမ်းက မမြင့်ဘူး အထူးသဖြင့် တဖက်က အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်နဲ့ နှောင်းပိုင်းဖြစ်နေတဲ့အတွက်ပဲ"
ရှင်းယုယွီ သက်ပြင်းချသည်။ "ဒါပေမဲ့ ဘာတွေဖြစ်ပျက်လာမလဲဆိုတာ အတိအကျမပြောနိုင်ဘူးလေ ဂျူနီယာမောင်လေးကျန်း ပြန်လာနိုင်ခဲ့ရင်ရော"
"မဖြစ်နိုင်ဘူး "
"ဒါပေမဲ့ သူပြန်လာနိုင်တယ်ထားပါတော့ ဘာတွေဖြစ်နိုင်လဲ " ရှင်းယုယွီမေးသည်။
"ကောင်းတဲ့အရာတော့ ဖြစ်လာမှာမဟုတ်ဘူး" ကျန်းရှီကျူးက တိုးတိုးပြောသည်။