← Chapters

ဂျူနီယာညီလေးကျန်း

Vol. 3 Ch. 33

ဂျူနီယာညီလေးကျန်း

Vol. 3 Ch. 33

"ဘာဖြစ်လို့လဲ" ရှင်းယုယွီက မျက်မှောင်ကြုတ်သည်။

ကျန်းရှီကျူးက အဝေးကိုကြည့်သည်။ "သူတို့သုံးယောက်ဆုံရင် ကျိန်းသေ တိုက်ပွဲဖြစ်မှာပဲ ကောင်းကင်ရွှင်ပျော်စံအိမ်က နှစ်ယောက်ပြန်လာရင် မထူးဆန်းဘူး သူတို့က ဂျူနီယာညီလေးကျန်းထက် အားကောင်းကြတယ် ဒါပေမဲ့ သူသာပြန်လာခဲ့ရင် ဘယ်လိုသဘောဖြစ်သွားမယ်ထင်လဲ"

"ကောင်းကင်ရွှင်ပျော်စံအိမ်က နှစ်ယောက်ကျရှုံးသွားတာပေါ့ " ရှင်းယုယွီပြောသည်။

"အဲ့လောက်မရိုးရှင်းဘူး ဂျူနီယာညီလေးကျန်းပြန်လာတယ်ဆိုကတည်း ဟိုနှစ်ယောက်သေပြီလို့ပြောလို့ရတယ်"

"မဖြစ်နိုင်တာ အစောပိုင်း အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ နှောင်းပိုင်းနဲ့ အထွတ်အထိပ်အဆင့်ရှိသူကို ဘယ်လိုသတ်နိုင်မှာလဲ" ထိုစကားက မဖြစ်နိုင်ဟု ရှင်းယုယွီ ခံစားရသည်။

"အမှန်ပဲ ဒါကြောင့် ပြဿနာလို့ပြောတာပေါ့ ဂျူနီယာညီလေးကျန်းမှာ ဒီလိုလုပ်နိုင်တဲ့ထူးခြားမှုရှိနေတယ်လို့ ဆိုလိုရာမကျဘူးလား ငါတို့က ခြိမ်းခြောက်မှုဖြစ်နိုင်တယ်လို့ ယူဆမယ်ဆိုရင် သူက ငါတို့ကိုပါ အလွတ်ပေးမှာမဟုတ်ဘူး" ကျန်းရှီကျူးပြောသည်။

"ညီမက အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်း၊ ငါက နှောင်းပိုင်းမှာ သူသာ ဟိုနှစ်ယောက်ကို သတ်နိုင်ရင် ငါတို့ကိုလည်း ရှင်းပစ်ဖို့မခက်ဘူး"

သူ့စကားဆုံးသွားသည်နှင့် ရှင်းယုယွီမှာ တဖက်ကိုကြည့်၍ ထိတ်လန့်စွာပြောသည်။ "စီနီယာအစ်ကို ဟို ဟိုမှာ"

ကျန်းရှီကျူးလည်း သူ၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် နားမလည်နိုင်ဖြစ်သွားပြီး လှည့်ကြည့်သည်။ တောအုပ်ထဲမှ လူငယ်တဦးလျှောက်ထွက်လာသည်ကို တွေ့ရသည်။ သူ့ခြေလှမ်းများနှင့် မျက်နှာက တည်ငြိမ်နေသည်။

ကျန်းရှီကျူး မျက်လုံးကျဥ်းသွားပြီး တစုံတခုဖြစ်လာတော့မလို နှလုံးခုန်မြန်သွားခဲ့သည်။

"စီနီယာအစ်ကို ဘယ်လိုလုပ်မလဲ" ရှင်းယုယွီက တိုးတိုးမေးသည်။

ကျန်းဟောင်သာ သူ့ထက်သန်မာသူကို သတ်နိုင်မည့်ဖြစ်နိုင်ချေအား မတွေးခဲ့ပါက စိုးရိမ်မိမည်မဟုတ်ပေ။ အခုတော့ သူတို့ အချိန်မရွေး တိုက်ခိုက်ခံရနိုင်သည်ဟု ခံစားမိနေသည်။

ရောက်လာသူက ကျန်းဟောင်ဖြစ်သည်။ သူ၏ ဒဏ်ရာများကို ကုသပြီးသွားလေပြီ။

"မစိုးရိမ်နဲ့ သူနဲ့ ခပ်ခွာခွာနေ ငါတို့ နတ်ဆိုးအသိုက်က မြန်မြန်ထွက်နိုင်လေ အန္တရာယ်ကင်းလေပဲ သူ့နားမကပ်နဲ့ ငါတို့ အချိန်မရွေး ထွက်ပြေးနိုင်ဖို့ ပြင်ထားရမယ်" ကျန်းရှီိကျူးပြောသည်။

ကျန်းဟောင် ရောက်လာသောအခါ ကျန်းရှီကျူးမှာ အနည်းငယ်ခွာ၍ ပြုံးလိုက်သည်။" ဂျူနီယာညီလေးကျန်း တာဝန်က ဘယ်နှယ့်လဲ"

"မိစ္ဆာအများစုကတော့ ရှင်းလင်းပြီးသွားပါပြီ" ကျန်းဟောင် ဖြေသည်။

သူတို့နှစ်ယောက်က အရင်ကနဲ့ အနည်းငယ်ကွာခြားနေကြောင်း ခံစားရသည်။ သူတို့ တခုခုကို သတိထားနေကြသလိုပင်။ တဖြည်းဖြည်းနဲ့ အကြောင်းရင်းအား နားလည်သွား၏။ သူက ပြန်လာပြီး ဟိုနှစ်ယောက်က ပြန်မလာခဲ့ပေ။ သူတို့ ကျန်းဟောင်ကို ပစ်မှတ်ထားနေမှန်းသိနေကြသောကြောင့် မသင်္ကာဖြစ်စရာကောင်းနေလေသည်။

ကျန်းဟောင် ဂရုမစိုက်ပေ။ သူတို့သာ သူ့ကို မတိုက်ခိုက်ခဲ့ပါက သူ့တွင် ပြန်တိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ပါချေ။ နောက်ပြီး ကောင်းကင်ရွှင်ပျော်စံအိမ်က နှစ်ယောက်ကို သတ်ခဲ့သည့် အထောက်အထားလည်း မရှိသောကြောင့် ဘာဖြစ်ခဲ့သည်ကို အတိအကျ မည်သူမှမသိနိုင်ပေ။

၎င်းတို့ကို နှုတ်ပိတ်ရန်အတွက်မူ ဒါကမှ တကယ် သံသယဝင်စရာကောင်းပေမည်။

"ကောင်းကင်ရွှင်ပျော်စံအိမ်က စီနီယာအစ်ကိုနဲ့ အစ်မ ပြန်မလာသေးဘူးလား" ကျန်းဟောင် မေးသည်။

"သူတို့ တခုခုကြောင့် နောက်ကျနေတာဖြစ်မယ်" ရှင်းယုယွီ ပြောသည်။

"ဒါဖြင့် စောင့်မနေတော့ပဲ အရင်သွားလိုက်ကြစို့" ကျန်းရှီကျူးပြောသည်။

သာမန်အခြေအနေတွင် ၎င်းတို့အား တစ်ရက် နှစ်ရက်စောင့်ရန် သူတိုက်တွန်းမည်ဖြစ်သည်။ အခုဝောာ့ ထိုသို့ ဆန္ဒမရှိပေ။ ဤနေရာတွင် ကြာကြာနေလေ ဒုက္ခများလေဖြစ်သည်။

"အင်း သူတို့က ကလေးမှမဟုတ်တာပဲ တာဝန်ပြီးရင် ပြန်လာကြမှာပေါ့" ရှင်းယုယွီက လက်ခံသည်။

ကျန်းဟောင်လည်း သဘောတူလိုက်သည်။ သူ နတ်ဆိုးအသိုက်တွင် ရောက်နေတာ နှစ်လကျော်နေလေပြီ။ ကောင်းကင်ဘုံရနံ့တာအိုပန်းနဲ့ပတ်သတ်ပြီး စိတ်ပူနေမိသည်။

သုံးယောက်သား နတ်ဆိုးအသိုက်ကနေ ထွက်လာခဲ့သည်။ အပြင်ကိုရောက်သောအခါ ကျန်းရှီကျူးနှင့် ရှင်းယုယွီမှာ စိတ်သက်သာရသွားလေသည်။ နတ်ဆိုးအသိုက်ပြင်ပတွင် လူသေမှုဖြစ်ပါက စုံစမ်းစစ်ဆေးခံရမည်ဖြစ်သည်။

သို့သော် သူတို့ အလုံးစုံ သတိလွှတ်လိုက်သည်တော့ မဟုတ်ပါချေ။

သူတို့နဲ့ နှုတ်ဆက်ခဲ့ပြီးနောက် ကျန်းဟောင်မှာ တာဝန်ကို လွှဲပြောင်းပေးခဲ့သည်။ အနာဂတ်တွင် နတ်ဆိုးအသိုက်ထဲ မိစ္ဆာများ မည်မျှရှင်းလင်းသွားမည်ကို သွားကြည့်ကြပေမည်။ သေချာသည်နှင့် ဆုလာဘ်များရပေမည်။

အလောင်းများအတွက်မူ ဂရုမစိုက်ပေ။ ကျန်ရစ်နေသည့် မိစ္ဆာများ၏ အစာဖြစ်သွားပေမည်။ ဥပဒေခန်းမသာ နတ်ဆိုးအသိုက်ထဲ စုံစမ်းရန်မလုပ်ပါလျှင် သက်သေအထောက်အထားရှိမည်မဟုတ်ပါချေ။

ဒါပေမဲ့ လျှိုရှင်းချန် မည်သို့လုပ်ဆောင်မည်ကို မသိပါချေ။ သူ မစုံစမ်းရန်သာ မျှော်လင့်ရသည်။

ကျန်းဟောင် အသေအချာလုပ်ဆောင်ခဲ့သောကြောင့် သာမန်အားဖြင့် ဘာမှကျန်ရစ်မည်မဟုတ်ပါချေ။

ဥပဒေခန်းမရှိရာတောင်ကနေ ထွက်လာခဲ့ပြီးနောက် အိမ်မပြန်ခင် ကမ်းပါးသခင်အား သွားတွေ့ရန် အကြံရသည်။

သူ အန္တရာယ်ကင်းသည့်အတွက် အံ့အားသင့်ဟန်ရသော်လည်း အသိအမှတ်ပြုသည့်ဟန် ခေါင်းညိတ်ပြီး ဘာမှမမေးပေ။

ကျန်းဟောင်လည်း အိမ်ကို ပြန်ရောက်လာခဲ့သည်။ သူ ထွက်သွားပြီး နှစ်လရှိနေလေပြီ။ ခြံထဲဝင်လိုက်သောအခါ ကောင်းကင်ဘုံရနံ့တာအိုပန်းပေါ်တွင် အပြာရောင်ပူဖောင်းနှစ်ခုရှိနေသည်အား မြင်လိုက်ရသည်။

ကျင့်ကြံရေး +၁

အသက်သွေး +၁

နှင်းကြာပန်းတွင်တော့ ဘာမှမရှိပေ။ အတန်ငယ်နွမ်းနေသည့် ပုံပေါ်သည်။ ကြာပြာသည်လည်း တူညီသည့် အခြေအနေတွင်ရှိနေသောကြောင့် အပင်များအား ရေလောင်းသည်။

"ကြည့်ရတာ ဘယ်သူမှမလာခဲ့ဘူးထင်တယ် သူလျှိုတွေက မျက်နှာပြဖို့ အတော်ကြောက်နေကြပုံပဲ " ကျန်းဟောင် သက်ပြင်းချသည်။

သူ အနားယူပြီး အရိပ်ဆေဘာအား ထုတ်ကြည့်သည်။ ဓားသွားတွင် အက်ရာများရှိနေသည်။ ချင်ရွှယ်အား သတ်နိုင်ရန် ဓား၏ အကန့်အသတ်ထိ အသုံးပြုခဲ့ရသည်။

"ရမဲ့ဆုနဲ့ မှော်ရတနာက ယှဥ်နိုင်မှာမဟုတ်ဘူး" ကျန်းဟောင် ခေါင်းယမ်းပြီး ဆေဘာကို အခန်းထောင့်တွင် ထောင်ထားလိုက်သည်။ အလှပြထားရန်သာ အသုံးဝင်တော့သည်။

စနစ်မျက်နှာပြင်ကိုဖွင့်ပြီး သူ့အချက်အလက်များအား စစ်ဆေးကြည့်သည်။

အမည် ကျန်းဟောင်

အသက် ၂၀

ကျင့်ကြံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား

အသက်သွေး ၉/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၁၁/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၁/၃ (မရနိုင်)

"ငါ့အခြေခံတည်ဆောက်ပြီးတာ ကိုးလပဲရှိသေးတယ် ပြီးစီးသွားခဲ့ပြီ ရွှေအမြုတေအဆင့်က ငါ့ရှေ့မှာရှိနေတာကို ခံစားမိနေတယ်"

All Chapters