← Chapters

မိစ္ဆာမ ရောက်လာပြန်ပြီ

Vol. 3 Ch. 34

မိစ္ဆာမ ရောက်လာပြန်ပြီ

Vol. 3 Ch. 34

ကောင်းကင်ရွှင်ပျော်စံအိမ်က နှစ်ဦးကိုသတ်ပြီးနောက် ကျန်းဟောင်မှာ သူ၏ ကျင့်ကြံခြင်းအား ခိုင်မာအောင်လုပ်ဆောင်ခဲ့သည်။ ကျန်ရစ်နေသည့် ကျင့်ကြံရေးနှင့် အသက်သွေးကို အသုံးပြုခဲ့သည်။ အခုနေ ပြန်တိုက်ခိုက်ရမည်ဆိုပါက သူ့အတွက် အလွန်လွယ်ကူနေမည်ဖြစ်သည်။

ပြီးခဲ့သည့်လ နတ်ဆိုးအသိုက်တွင် မိစ္ဆာများနှင့် တွေ့ရရန် ခဲယဥ်းခဲ့သည်။ ထို့ကြောင့် အသက်သွေးနှင့် ကျင့်ကြံရေးကို သိပ်မဖြည့်တင်းနိုင်ခဲ့ပေ။ ဤခရီးစဥ်အတွက် အကြီးမားဆုံးအကျိုးက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ပြီးမြောက်ခဲ့ခြင်းပင်။

၎င်းက သူ့ကို ပိုမိုယုံကြည်မှုပေး၏။ သူ ဆက်ပြီး လုပ်ငန်းဆောင်တာများအား ဆက်လုပ်နေနိုင်သမျှ ပိုသန်မာလာမည်ဖြစ်သည်။ သူ၏ ယုံကြည်မှုတွင် ကောင်းကင်ဘုံရနံ့တာအိုပန်းလည်း ပါသည်။

ပန်းနှင့် အရွက်နှစ်ရွက်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ ဤပန်းက သူ့ကို အခွင့်အလမ်းများပေးသလို အန္တရာယ်ကိုလည်း ယူဆောင်လာပေးသည်။ ဘယ်အချိန်ပြီးဆုံးမည်လဲ မသိပါသေးချေ။

ပန်းကိုကြည့်လျက် သူ၏ အားနည်းချက်များအား ဆန်းစစ်နေသည်။ ချပ်ဝတ်ကြောင့် သူ၏ အကာအကွယ်က မလစ်ဟင်းပေ။ သို့သော် တိုက်ခိုက်ရေးအတွက် မန္တန်နှင့် မှော်ရတနာများ မရှိသေးပေ။

မိစ္ဆာအသံဓားချက်၏ စွမ်းအားက မဆိုးလှသော်လည်း ကမ်းပါးသခင်က သူ့ကို ထပ်သင်ပေးမည့်ပုံမရပေ။ နောက်ဆုံးတော့လည်း အတွင်းစည်းက အတွင်းစည်းသာဖြစ်သည်။ သူ့အနေနဲ့ ပိုကောင်းသည့်အရာများရရန် စဥ်းစားရပေမည်။

မှော်ရတနာ

ဓားမြှောင်သုံးတာပိုကောင်းသည်။ ရွှေအမြုတေအဆင့်ကိုရောက်ပြီးပါက အသစ်ဝယ်ရပေမည်။

အနည်းဆုံး ဝိညာဥ်ကျောက်တုံး ၁၀၀၀ လောက်ကုန်နိုင်သည်။ သူ့တွင် ဒီလောက်အများကြီးရှိမနေချေ။ ဆင်းရဲနေတုန်းဖြစ်သောကြောင့် အဆောင်များပိုလုပ်ပြီး ပိုက်ဆံရှာရပေမည်။

သူ ပြန်လာပြီး ခုနစ်မြောက်နေ့တွင် လျှိုရှင်းချန်က တာဝန်ဆုလာဘ်အဖြစ် ဝိညာဥ်ကျောက်တုံး ၃၀၀ ကိုပို့လာသည်။

ထို့အပြင် ကောင်းကင်ရွှင်ပျော်စံအိမ်က လူများပြန်မရောက်လာသည့်အတွက် မေးခွန်းအချို့မေးရန်ရှိကြောင်း ဆိုလာသည်။

"လုပ်ရိုးလုပ်စဉ်ပါပဲ ဂျူနီယာညီလေး ကောင်းကင်ရွှင်ပျော်စံအိမ်ကို ရှင်းပြဖို့အတွက် သိထားတာရှိရင် အမှန်အတိုင်း ပြောပေးပါ" လျှိုရှင်းချန်က ဆိုသည်။

"ဟုတ်ကဲ့ပါ စီနီယာအစ်ကို မေးပါ" ကျန်းဟောင်က သာမန်အတိုင်းရှိနေသည်။

"ဂျူနီယာညီလေးရဲ့ နတ်ဆိုးအသိုက် အတွေ့အကြုံကို ပြောပြပေးပါဦး "

"အစပိုင်းကတော့ လုံခြုံရေးအတွက် အတူတူသွားလာခဲ့ကြပါတယ် တစ်လကြာပြီးတော့ မိစ္ဆာအရေအတွက်လည်း အတော်လျော့သွားတာကြောင့် လမ်းခွဲပြီး လုပ်ဆောင်ခဲ့ကြပါတယ် မိစ္ဆာအမဲလိုက်တာကိုပဲ ကျနော် လုပ်ဆောင်ခဲ့ပါတယ်"

လျှိုရှင်းချန်က သူ့ကိုကြည့်သည်။" ကောင်းကင်ရွှင်ပျော်စံအိမ်က နှစ်ယောက်နဲ့ရော ဆုံဖြစ်သေးလား"

ကျန်းဟောင် ခေါင်းယမ်းပြီး "အမှန်တိုင်းပြောရရင် ကျနော် သူတို့နဲ့ မဆုံရအောင် ရှောင်ခဲ့ပါတယ် ဒါကြောင့် လမ်းမခွဲခင်ကပဲ နောက်ဆုံးတွေ့ခဲ့တာပါ"

လျှိုရှင်းချန် ခေါင်းညိတ်ပြီး ပြုံးသည်။ "ငါမေးချင်တာတော့ ကုန်ပါပြီ ကောင်းကင်ရွှင်ပျော်စံအိမ်က မင်းကို သံသယရှိနေပေမဲ့ သက်သေမရှိပဲနဲ့တော့ ဘာမှလုပ်မရပါဘူး ဒီကာလအတွင်း အသည်းကွဲကမ်းပါးမှာ ဂျူနီယာညီလေးကျန်း ကောင်းကောင်းမွန်မွန် ကျင့်ကြံနေနိုင်ပါတယ် နှုတ်ဆက်ပါတယ် "

လျှိုရှင်းချန် ထွက်သွားသည်။ ကျန်းဟောင်က ၎င်းအပေါ် အကဲဖြတ်စွမ်းရည်သုံးလိုက်သည်။

[လျှိုရှင်းချန် ၊ ကောင်းကင်ဂိုဏ်း၏ တပည့်ဖြစ်ပြီး နဂါးအော်ရာနှင့် မွေးဖွားလာကာ ရွှေအမြုတေအဆင့် အထွတ်အထိပ်တွင်ရှိသည်။ သူက ကောင်းကင်ရှင်းလင်းဂိုဏ်း၏ ဥပဒေခန်းမတွင် သူလျှိုလုပ်နေသည်။ သူက သင်နဲ့ နီးကပ်အောင်လုပ်ပြီး ကောင်းကင်ဘုံရနံ့တာအိုပန်းကို သေချာကြည့်ရှုချင်နေသည်။ ကောင်းကင်ရွှင်ပျော်စံအိမ်က လူသုံးဦးသေဆုံးမှုအတွက် သင့်ကို သံသယရှိနေသည်။ သင့်အပေါ် ကြီးမားသည့် စိတ်ဝင်စားမှုရှိနေ၏]

ကျန်းဟောင် ဆွံ့အသွား၏။ သို့သော်လည်း လောလောဆယ်တွင် သူက ပြဿနာဖြစ်စေမည်မဟုတ်ပေ။ လျှိုရှင်းချန် ပြောသလို ကောင်းကောင်းကျင့်ကြံရန် အချိန်ရနေမည်ဖြစ်သည်။

ကျန်းဟောင် သက်ပြင်းချ၏။ နောက်ဆုံးတော့ သူ့ရဲ့ ငြိမ်းချမ်းတဲ့အချိန်လေးကို ပြန်ရလာပြီဖြစ်သည်။

...

နတ်ဆိုးအသိုက်ကနေ ကျန်းဟောင်ပြန်လာပြီး တစ်လအကြာ...

ဟန်မင်က သူ့ကိုလာရှာသည်။

"စီနီယာအစ်ကို ကျနော်တို့တွေ့ရပြန်ပြီ" ဟန်မင်က ပြုံးသည်။

"ဂျူနီယာညီလေး ဘာကိစ္စရှိလို့လဲ" ကျန်းဟောင် မေးသည်။

ဟန်မင်၏ ကျင့်ကြံခြင်းက သူ့ကို အံ့သြစေသည်။ အမွေအနှစ်ရတာ အလွန်အသုံးဝင်ပုံရသည်။ သူ အဆင့်တက်တာ မြန်လွန်း၏။

"စီနီယာအစ်ကို မေ့နေပြီလား ကျနော်တို့ ယှဥ်ပြိုင်ဖို့ပြောထားတယ်လေ" ဟန်မင်က တက်ကြွနေသည်။ "လူမြင်ကွင်းမှာ ပြိုင်မလား သီးသန့်လား"

ကျန်းဟောင် သတိရသွား၏။" သီးသန့်ပဲကောင်းပါတယ်"

သူ ဘယ်လိုပဲရှုံးရှုံး မည်သူမှ စိတ်ဝင်စားမည်မဟုတ်ပါချေ။

"အချိန်ကရော"

"မနက်ဖြန် " ကျန်းဟောင် စဥ်းစားလိုက်သည်။

ယနေ့ သူ၏ အဆောင်များကိုပြုလုပ်ပြီး ချောချောမောမော မည်သို့ရှုံးရမည်အား စဥ်းစားရန်လိုသည်။ အဆောင်ပြုလုပ်ရန် ပစ္စည်းများဝယ်ရန်လည်း လိုသည်။ အဆောင် ၁၂ မျိုးပြုလုပ်နည်းအား သူ သင်ယူထားသည်။ ၉ မျိုးကလွဲပြီး ကျန်သုံးမျိုးမှာ အထောက်အပံ့မျှသာဖြစ်သောကြောင့် သိပ်အသုံးမဝင်ပေ။

ဥပမာ သန့်စင်အဆောင်၊ ခွန်အားအဆောင်နှင့် နာကျင်မှုလျော့စေသည့် အဆောင်များမှာ ရောင်းအားမကောင်းလှပေ။

သန့်စင်အဆောင်က အဝတ်များအား သန့်ရှင်းနေစေရန် အသုံးပြုနိုင်သည်။ ခွန်အားအဆောင်က သက်ရောက်မှုနည်းပြီး နာကျင်မှုလျော့ပါးစေသောအဆောင်က ကုသစွမ်းအားအနည်းငယ်သာရှိသည်။

၎င်းတို့အား သူ သိပ်မဖန် တီးပေ။

"ကောင်းပြီ မနက်ဖြန်မနက်ကျရင် ကျနော်လာရှာမယ် စမ်းချောင်းဘေးမှာဆို ဘယ်လိုလဲ "

ကျန်းဟောင် သဘောတူလိုက်သည်။ ဟန်မင်လည်း မနက်ဖြန်ပြီးနောက် စီနီယာအစ်ကိုအား မလိုအပ်တော့ဟု တွေးကာ ထွက်သွားလေသည်။

ကျန်းဟောင်မှာ သူထွက်သွားသည်ကိုကြည့်ပြီး စိတ်သက်သာရသွားသည်။ မနက်ဖြန်ပြီးနောက် သူ အေးဆေးနေနိုင်တော့ပေမည်။

"မင်း သူ့ကို တကယ်ပဲ အရှုံးပေးမလို့လား"

ချိုသာပြီး အေးစက်သည့် အသံက ကျန်းဟောင် အနောက်မှထွက်လာသည်။ သူ လှည့်ကြည့်လိုက်ရာ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကို တွေ့ရသည်။ သူမက ကောင်းကင်ဘုံရနံ့တာအိုပန်းကို ကြည့်နေသည်။

သူမ၏ ဘေးတိုက်ပုံရိပ်ကပင် အလွန်လှပသည်။ သူ လျှောက်သွားပြီး ဦးညွတ်လိုက်သည်။

"နှုတ်ဆက်ပါတယ် စီနီယာ"

သူမကို သတိထားရပေမဲ့လည်း သူမတဦးတည်းကသာ သူ့ကို သာမန်လူလို ခံစားရစေသည်။ ဂူအဆိပ်က မကောင်းပေမဲ့လည်း သူ့ကို အများကြီးကူညီပေးခဲ့သည်။ ယွင်ရိုနှင့် ကောင်းကင်ရွှင်ပျော်စံအိမ်က နှစ်ဦးနဲ့ ရင်ဆိုင်ရာတွင် သက်ရောက်မှုမရှိအောင် လုပ်ပေးခဲ့သည်။

"မင်းက ထင်ပေါ်ရမှာကို အတော်ကြောက်ပုံပဲ" ဟုန်ယွီယဲ့က ကျန်းဟောင်ကို တည့်တည့်ကြည့်ပြီး ပြောသည်။

All Chapters