ကောင်းကင်ဆေဘာခုနစ်ကွက်
Vol. 3 Ch. 35
ကျန်းဟောင်မှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံချင်ရုံဖြစ်၏။ မလိုလားအပ်သည့် အာရုံစိုက်မှုမျိုး မရချင်ပါချေ။ ဟန်မင်ကို အရှုံးပေးရခြင်းက သူ့အတွက် ဘာမှမဖြစ်ပေ။
သို့သော် သူမကို ဒီတိုင်း မပြောရဲပေ။ "ပန်းကို ဂရုစိုက်ဖို့က ပို အရေးကြီးပါတယ် တခြားအရာတွေနဲ့ အာရုံနောက်မခံချင်လို့ပါ "
ဟုန်ယွီယဲ့က ကြည့်သည်။ "မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်မှာလဲ"
"အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပါ"
ဟုန်ယွီယဲ့က လျှောက်လာပြီး သူ့ကိုကြည့်သည်။ "မင်းကို ရိုးသားတယ်လို့ထင်ထားတာ မဟုတ်ပုံပဲ လူကောင်းတယောက်က ဒီလိုတည်တည်ငြိမ်ငြိမ်နဲ့ မလိမ်နိုင်ဘူး"
ကျန်းဟောင် ခေါင်းငုံ့ပြီး ဘာမှမပြောချေ။ သူမ တမင် စိတ်ဆွပေးနေသည်လား မသိပါချေ။ ဘာပဲဖြစ်ဖြစ် သူမလို အားကောင်းသူနဲ့ ရင်ဆိုင်ရသည့်အခါ တိတ်ဆိတ်နေလိုက်ခြင်းက အကောင်းဆုံးပင်။
"ငါ မင်းကို အခွင့်အရေးထပ်ပေးမယ် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကိုပြော"
"အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပါ" သူ ပြန်ဖြေသည်။
ဝှစ်
ဟုန်ယွီယဲ့ မျက်မှောင်ကြုတ်သည်။ မမြင်နိုင်သည့် အားလှိုင်းတခုက ကျန်းဟောင်ကို ရိုက်ခတ်သွားသည်။ သူ မထိန်းနိုင်ပဲ နောက်လွင့်ပြီး အိမ်နံရံနဲ့ ဝင်တိုက်မိသွားသည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်ကို သူ တကယ်ပဲ သိချင်မိသည်။
ဟုန်ယွီယဲ့က နှာခေါင်းရှုံ့လိုက်ပြီး "ကောင်းပြီလေ အခုတော့ ဒါကိုပဲ အတည်ယူလိုက်မယ်"
ကျန်းဟောင် သက်ပြင်းချသည်။ သူ၏ ဖုံးကွယ်မှုအား သူမ သိသွားလားတော့ မသိပါချေ။
"မင်းက ဆေဘာသုံးတာလား" သူမက အရိပ်ဆေဘာကို ကောက်ယူလိုက်သည်။
"ဆန္ဒရှိတာပါ" ကျန်းဟောင် ခေါင်းညိတ်သည်။ သူ့အနေနဲ့ အနာဂတ်တွင် ဆေဘာနည်းစနစ်များအပေါ် အာရုံစိုက်ချင်လေသည်။
"ငါတွေ့ဖူးတဲ့ လူအချို့ကတော့ ဓားပဲသုံးကြတာ" သူမက ကျန်းဟောင်ကိုကြည့်သည်။" ဓားကို မသုံးဘူးလား"
"ဟင့်အင်း" သူ ခေါင်းယမ်းသည်။
"ဘာလို့လဲ"
"ကျနော်က မိစ္ဆာဂိုဏ်းတပည့်လေ ဓားသုံးတာက အင်မော်တယ်ဂိုဏ်းတပည့်လို ခံစားရတယ် ဒါကြောင့် ဆေဘာကိုသုံးတာပါ "
အင်မော်တယ်ဂိုဏ်းအကြောင်းပြောလျှင် သူ့စိတ်ထဲ ဝတ်ရုံဖြူတလွှားလွှားနှင့် ဓားရှည်များကို ပြေးမြင်မိသည်။ မိစ္ဆာဂိုဏ်းသားက ဤပုံစံနဲ့ဆို အတော်ထူးဆန်းပေမည်။
ဟုန်ယွီယဲ့က မဲ့ပြုံးပြီး အိမ်ထဲဝင်သွားပြီး ထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။" မင်းက ကောင်းကင်ရှင်းလင်းဂိုဏ်းမှာ သိပ်တန်ဖိုးထားမခံရဘူးမဟုတ်လား"
ကျန်းဟောင်က သူမနောက်ကနေ ခေါင်းငုံ့၍ လိုက်လာပြီး ဘာမှမပြောချေ။ ဒါက အမှန်ပင်။ သူက တန်ဖိုးထားခံရသည့် တပည့်မဟုတ်ပါချေ။
ဒါပေမဲ့ တစ်နေ့တွင် သန်မာအောင်လုပ်ပြီး ကောင်းကင်ရွှင်ပျော်စံအိမ်ကို အလည်သွားရပေမည်။
"အကျိုးဆက်မရှိတဲ့ မှော်ရတနာ နည်းစနစ်ဆိုတာမျိုးက မရှိပါဘူးလေ "သူမ ပြောသည်။
"အရမ်းအားကောင်းတဲ့ မှော်ရတနာတွေတော့ ရှိပါသေးတယ်" ကျန်းဟောင်က ကောင်းကင်တိုက်ပွဲချပ်ဝတ်ကို ရည်ညွှန်းသည်။ ၎င်းက အခြေခံတည်ဆောက်ခြင်းအဆင့်မျှသာဖြစ်သော်လည်း အစိတ်အပိုင်းတခုသာဖြစ်သည်။ အစုံလိုက်ပြည့်စုံသွားပါက အတော်အားကောင်းပေမည်။
ဟုန်ယွီယဲ့က သူ့ကို ခဏလောက်ကြည့်နေပြီးမှ ပြောသည်။ "ငါ့မှာ ဆေဘာနည်းစနစ်တခုရှိတယ် လိုချင်လား"
"စီနီယာရဲ့ တောင်းဆိုချက်ကိုပြောပါ" သူမ အလကားပေးမည်မဟုတ်မှန်း ကျန်းဟောင် သိလေသည်။
"မင်း မနက်ဖြန်ပြိုင်ရမဲ့ပွဲမှာ အနိုင်ရရင် ပေးမယ် "
ကျန်းဟောင် ချက်ချင်း မဖြေပေ။ ကမ်းလှမ်းမှုမှ ရရှိနိုင်စွမ်းနှင့် ဆုံးရှုံးမှုအား တွက်ချက်နေသည်။
"ငါ နိုင်သွားရင် ဟန်မင် ဘယ်လိုဖြစ်လိမ့်မလဲ"
သေချာပေါက် သူ့ကို လိုက်ကပ်နေမည်ဖြစ်သည်။ ရှင်းပြရန်အတွက်မူ သူက နတ်ဆိုးအသိုက်တွင် နှစ်လကျော်နေခဲ့သည်။ ထိုနေရာတွင် အခွင့်အလမ်းများစွာရှိရာ သူ သန်မာလာသည်ဟု ပြောနိုင်သည်။ ဒါပေမဲ့ ကမ်းပါးသခင်က ယုံပါ့မလား။
ဒါကလည်း စွန့်စားရနိုင်သည်။" ငါငြင်းပြီး ဆေဘာနည်းစနစ်ကို လက်လျှော့လိုက်ရမလား"
သူမဆီက ရခဲ့သည့် လျှို့ဝှက်ကျမ်းကို ပြန်စဥ်းစားမိသည်။ ၎င်းက သူ့ကို အတော်လေးကူညီပေးခဲ့၏။ သူမထံမှ လာသည့်အရာများက သာမညမဟုတ်ပါချေ။
သူ ဆုံးဖြတ်လိုက်သည်။ ဟန်မင်ကိုအနိုင်ယူပြီး ဆေဘာနည်းစနစ်ကို ယူရမည်။ ထို့နောက် သူ့ခွန်အားတိုးလာခြင်းအတွက် နတ်ဆိုးအသိုက်ကိုသာ လက်ညှိုးထိုးရပေမည်။
"ကောင်းပါပြီ" သူ သဘောတူလိုက်သည်။
ဟုန်မုန့်နှလုံးသားဆုဒြာက နည်းစနစ်များကို သူ မသင်ယူနိုင်သေးသည့်အတွက် ကောင်းမွန်သည့် ဆေဘာနည်းစနစ်အား မည်သည့်အခါမှ ရနိုင်မည်မှန်းမသိပါချေ။ ဒါမှမဟုတ် ကောင်းကင်ဘုံရနံ့တာအိုပန်းမှ ခရမ်းရောင်ပူဖောင်းကို မျှော်လင့်ရပေမည်။ ဒါကြောင့် အခွင့်အရေးရတုန်း ယူထားရပေမည်။
"ဆုံးဖြတ်ပြီးပြီပေါ့" ဟုန်ယွီယဲ့က စားပွဲပေါ် စာအုပ်တစ်အုပ် ပစ်တင်ပေးလိုက်သည်။ ထို့နောက် သူမက လေပြည်လို အပြင်ကိုထွက်သွားတော့သည်။ "နောက်တခါ ငါလာလို့ ကောင်းကင်ဘုံရနံ့တာအိုပန်း အရွယ်မရောက်သေးရင် မင်း တာဝန်ယူရလိမ့်မယ်"
ထို့နောက် သူမ ပျောက်သွားတော့သည်။ ကျန်းဟောင်က ဦးညွတ်လျက်သားကျန်ခဲ့သည်။
သူမ ထွက်သွားပြီးမှ သူ စာအုပ်ကိုယူလိုက်သည်။ ဒီတခါတော့ စာအုပ်တွင် နာမည်ပါသည်။ သူ ဖတ်ရန်မလောပေ။ ခြံဝန်းနဲ့ အိမ်ထဲကို စစ်ဆေးကြည့်လိုက်သည်။ အရိပ်ဆေဘာထားထားသည့်နေရာတွင် ဗလာဖြစ်နေသည်အား သတိပြုမိသည်။
"ငါ့ဆေဘာကိုယူသွားတာလား" ကျန်းဟောင် မယုံနိုင်ဖြစ်သွား၏။
ထို့နောက် ခေါင်းယမ်းပြီး ကောင်းကင်ဆေဘာခုနစ်ကွက် ဟု အမည်ရေးထိုးထားသည့် စာအုပ်အား လှန်လိုက်သည်။ သို့သော် စာအုပ်က အလွန်ခက်သည်။ မိစ္ဆာအသံဓားချက်ထက် ခက်ခဲမှုများစွာမြင့်သည်။
ပထမအကွက်၏ နာမည်ကိုကြည့်လိုက်သည်။
ကောင်းကင်ဆေဘာပထမအကွက် ငွေလသတ်ဖြတ်ခြင်း
သက်ပြင်းချပြီး ကြည်လင်သန့်စင်နှလုံးသားဖြင့် စာအုပ်ကိုဖတ်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် အရင်ဆုံး ဆေးဥယျာဥ်ကိုသွားရန်လိုပြီး အဆောင်များ ရောင်းရပေဦးမည်။
ဟန်မင်မှာ အိမ်ပြန်သွားပြီး မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေသည်။ ကျန်းဟောင်နဲ့က အသက်ခြင်းရွယ်တူလောက်ဖြစ်၍ တကယ်ပဲ ရိုက်နှက်ချင်လှသည်။
ဘာပဲဖြစ်ဖြစ် သူက အစစ်အမှန်တပည့်ဖြစ်ပြီး ကျန်းဟောင်က အတွင်းစည်းတပည့်သာဖြစ်သည်။ သူ့ကို အနိုင်ယူပြီးသည်နှင့် ဂျူနီယာညီလေးဟု ပြောင်းခေါ်နိုင်ပေမည်။
ဘာပဲဖြစ်ဖြစ် မိစ္ဆာဂိုဏ်းတွင် ၎င်းနဲ့ပတ်သတ်ပြီး စည်းမျဉ်း များများစားစားမရှိပါချေ။ တပည့်အချင်းချင်းသတ်ခြင်းနှင့် မလိုအပ်သည့် တိုက်ခိုက်မှုများမလုပ်ပါက ပြဿနာမရှိပေ။