← Chapters

နေဝင်ဆည်းဆာဂိုဏ်း၏ ရွှေအမြုတေအဆင့်

Vol. 3 Ch. 37

နေဝင်ဆည်းဆာဂိုဏ်း၏ ရွှေအမြုတေအဆင့်

Vol. 3 Ch. 37

အမည် ကျန်းဟောင်

အသက် ၂၀

ကျင့်ကြံခြင်းအဆင့် အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား

အသက်သွေး ၄၉/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၅၄/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၁/၃ (မရနိုင်)

ဆေးဥယျာဥ်ရှိ ပူဖောင်းများကိုစုပ်ယူပြီး သူ၏ ခွန်အားများအား တတိတိတိုးလာစေသည်။ သူ၏ နေ့ရက်များအား ယခုလိုသာ ငြိမ်းချမ်းစေချင်မိသည်။ သို့သော် ဆုတောင်းမပြည့်ပါချေ။ တစ်လကြာပြီးနောက် ဆေးဥယျာဥ်တွင် မရင်းနှီးသည့် အကြည့်တစုံအား ခံစားမိ၏။

သိပ်မသိသာပေမဲ့လည်း သူ ခံစားမိနေသည်။ သူကြည့်လိုက်သောအခါ ဆေးပင်များစုဆောင်းနေသည့် အသက်သွေးသန့်စင်ခြင်းအဆင့်ရှိသော တပည့်အချို့ကို တွေ့ရသည်။ သူတို့ကို မရင်းနှီးလှပေ။

ထို့ကြောင့် ဆေးဥယျာဥ်တွင် အလုပ်လုပ်နေသည့် အပြင်စည်းတပည့်အချ်ို့ကို ခေါ်၍ မေးကြည့်သည်။

"စီနီယာအစ်ကို သူတို့က ဂိုဏ်းရဲ့ အခြားအဆက်အနွယ်ကနေ ဒီလိုလာပြီး ကူညီပေးတာပါ "

"အဲ့လိုလား" ကျန်းဟောင်က တပည့်ငါးဦးကိုကြည့်သည်။ ထိုငါးယောက်က အသက်သွေးသန့်စင်ခြင်းအဆင့်တွင် ရှိကြသည်။ ထိုသို့ ရှိအောင်လုပ်ထားခြင်းလည်း ဖြစ်နိုင်သည်။

အမည်မဲ့ကျင့်စဥ်က သူ့ကို အများကြီး သင်ကြားပေးခဲ့သည်။ ကျန်းဟောင်မှာ သူ၏ ကျင့်ကြံခြင်းကို ဖုံးကွယ်တတ်ရုံမက အခြားသူများ၏ ကျင့်ကြံခြင်းကိုပါ ခန့်မှန်းနိုင်လာသည်။ ထို ငါးယောက်ထဲတွင် တယောက်က ရွှေအမြုတေအဆင့် အစောပိုင်းသို့ တက်ရောက်ထားသည်။

သို့သော် သူက အသက်သွေးသန့်စင်ခြင်းအဆင့်အဖြစ် ဖုံးကွယ်ထားသည်။ ကျန်းဟောင်လည်း အကဲဖြတ်စွမ်းရည်အား မုတ်ဆိတ်မွေးအပြည့်နှင့် ဗလတောင့်တောင့်လူအပေါ် အသုံးပြုလိုက်သည်။

[ကျင်ကျိုးဟန်၊ နေဝင်ဆည်းဆာဂိုဏ်း၏ အတွင်းစည်းတပည့် ၊ မိုးကြိုးမီးတောင်ထွတ်တွင် သူလျှိုလုပ်နေသည်၊ ဂျူနီယာညီမယွင်ရိုနဲ့အတူ ကျင့်ကြံခဲ့ပြီး သူမ၏ အလှ၌ နစ်မျောခဲ့သည်၊ ယွင်ရိုသေဆုံးသည့်သတင်းက သူ့ကို အလွန်ဒေါသဖြစ်စေခဲ့သည်၊ ထို့ကြောင့် ရွှေအမြုတေအဆင့်ကို ချိုးဖျက်ပြီး အသက်အား စတေးရမည်ဆိုလျှင်ပင် လက်စားချေချင်နေသည် ]

ရလဒ်က ကျန်းဟောင်ကို ကြက်သီးထစေ၏။ ၎င်းက ယွင်ရိုအတွက် လက်စားချေချင်သည်ကို မအံ့သြပေမဲ့လည်း နောက်ဆုံးဖော်ပြချက်က သူ့ကို စိုးရိမ်စေသည်။

အသက်အား စတေးရမည်ဆိုလျှင်တောင်မှ

ကျန်းဟောင်ကို သူ့အသက်အသေခံရမည်ဆိုလျှင်တောင် ရအောင်သတ်မည့်ပုံပေါ်သည်။ ကောင်းကင်ရှင်းလင်းဂိုဏ်းက တဂိုဏ်းတည်းသားချင်း မသတ်ရန် မည်မျှတင်းကြပ်ထားပါစေ သေခြင်းကိုပင် မမှုသည့်လူအား တားနိုင်မည်မဟုတ်ချေ။

ကျန်းဟောင် နားမလည်နိုင်ချေ။ ယွင်ရိုက ဘာများကောင်းလို့ အသက်တောင် အသေခံရတာလဲ။

ရွှေအမြုတေအဆင့်ရှိသူများမှာ သက်တမ်းရှည်ပြီး အဆင့်အတန်းလည်း မြင့်မားကြသည်။ ဘာလို့ သေလမ်းရှာချင်ရတာလဲ။

"မိစ္ဆာဂိုဏ်းကဆိုထားပါတော့" ကျန်းဟောင် တွေးသည်။ "သူက အင်မော်တယ်ဂိုဏ်းကပဲ ရှေ့မှာ တောက်ပတဲ့အနာဂတ်ကြီးရှိနေတယ် သေပြီးသားလူအတွက် ကိုယ့်ကိုကိုယ် စတေးမယ်ပေါ့ ယွင်ရိုထက် လှတဲ့လူမရှိတော့လို့လား။"

"တပည့်အချို့က မိုးကြိုးမီးတောင်ထိပ်က ထင်ပါတယ်" အပြင်စည်းတပည့်က ပြောသည်။ "အပြင်မှာ စာရင်းရှိပါတယ် စီနီယာအစ်ကို ကြည့်ချင်လို့လား"

ကျန်းဟောင် ခေါင်းညိတ်သည်။ ထို့နောက် ထရပ်ပြီး ဆေးဥယျာဥ်မှ ထွက်ခွာသွားသည်။ ဤနေရာတွင် မလိုအပ်ပဲ ကြာကြာမနေချင်ပေ။ ရွှေအမြုတေအဆင့် လူက သူ့ကို ရုတ်တရက် တိုက်ခိုက်လာမည်ကိုစိုးနေသည်။

သူက အခြေခံတည်ဆောက်ခြင်းအဆင့် အထွတ်အထိပ်ရှိနေပေမဲ့လည်း ရွှေအမြုတေအဆင့်တွင်ရှိနေသူအား စွန့်စားပြီး ရင်မဆိုင်ဝံ့ပေ။

အသက်သွေးနှင့် ကျင့်ကြံရေးက မကြာမီ ၁၀၀ ပြည့်တော့မည်။ အားလုံးသာအဆင်ပြေခဲ့ပါက သူ အဆင့်တက်နိုင်ပေလိမ့်မည်။

သို့သော် ရန်သူက သူ့နာမည်ကိုသိထားသည့်အတွက် အိမ်ကိုလည်း ရှာတွေ့ရန်မှာ မခက်ပေ။ မကြာခင် သူ တိုက်ခိုက်ခံရနိုင်၏။

"သူ မလှုပ်ရှားသေးဘူးဆိုတာ ဒီကနေ အန္တရာယ်ကင်းကင်းထွက်သွားချင်လို့ဖြစ်မယ်" ကျန်းဟောင် တွေးသည်။

သူ့ကိုသာ လူမသိသူမသိလုပ်ကြံနိုင်ခဲ့ပါက ရန်သူမှာ နေဝင်ဆည်းဆာဂိုဏ်းသို့ ပြန်နိုင်သည်။ ကောင်းကင်ရှင်းလင်းဂိုဏ်းက လွတ်မြောက်သွားသူအား လိုက်ဖြေရှင်းနိုင်မည်မဟုတ်ပေ။

နာမည်စာရင်းယူပြီးနောက် ဥပဒေခန်းမရှိရာကို ထွက်လာသည်။ လျှိုရှင်းချန်ကိုလာရှာခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူလျှိုတိုင်းက သူ့ကို သတ်ချင်နေကြသည်မဟုတ်ပါချေ။

လျှိုရှင်းချန်က သူ့ကို အန္တရာယ်ပေးချင်စိတ်မရှိသည့်အတွက် အကူအညီတောင်းရပေမည်။

"ဂျူနီယာညီလေး ကိစ္စရှိလို့လား" သူ့ကိုမြင်ရသည့်အတွက် လျှိုရှင်းချန်မှာ အနည်းငယ် အံ့သြသွားပုံရသည်။

ကျန်းဟောင်မှာ လုံးဝမလိုအပ်ပါက အသည်းကွဲကမ်းပါးကနေ ခွာတတ်သူမဟုတ်ပေ။ အထူးသဖြင့် ကောင်းကင်ရွှင်ပျော်စံအိမ်ကို ဆန့်ကျင်ပြီးနောက် အသွားအလာအရမ်းနည်းသွားသည်။

သူ့ကို လူတိုင်းက အားနည်းသည်ဟုထင်ကြသည်။ သူ့အလုပ်က ဆေးဥယျာဥ်ကို စောင့်ရှောက်ခြင်းဖြစ်၏။ ဂိုဏ်းကနေ မခွာပေ။ ဂိုဏ်းထဲတွင် သတ်ဖြတ်ခြင်းက အပြစ်မည်၏။ အပြင်ဖက်တွင် စိတ်ထင်သလိုပြုနိုင်သည့်အတွက် လုံခြုံသည့်နေရာတွင်သာ နေမည်ဖြစ်သည်။

"စီနီယာအစ်ကိုကို ပြောစရာရှိလို့ပါ" ကျန်းဟောင်က "စာရင်းကိုကမ်းပေးပြီး ဒီထဲက တယောက်က ကျနော့်အထင် သစ္စာဖောက်ဖြစ်နိုင်တယ်"

ဂျူနီယာညီလေး သေချာရဲ့လား" လျှိုရှင်းချန်က စာရင်းကို ယူကြည့်သည်။

"လုံးဝတော့ မသေချာဘူး ဒါပေမဲ့"

ဘယ်မှာတွေ့ခဲ့တာလဲ "

"အသည်းကွဲကမ်းပါးက ဆေးဥယျာဥ်မှာပါ" ကျန်းဟောင် အမှန်တိုင်းဖြေသည်။

လျှိုရှင်းချန်က စဥ်းစားသည်။ "ငါစစ်ဆေးကြည့်လိုက်မယ် ညီလေး ဒီကြားထဲ ဂရုစိုက်နေပေါ့ "

ကျန်းဟောင် ကျေးဇူးတင်စကားပြောသည်။ လျှိုရှင်းချန် သစ္စာဖောက်ကိုရှာပေးမှာ သေချာသလောက်ရှိသည်။

အိမ်ပြန်ရောက်လာသောအခါ ငွေလသတ်ဖြတ်ခြင်းဆေဘာအား ဖတ်ရှုသည်။ တစ်လကြာပြီးနောက် အများစုကို သူ ကျွမ်းကျင်နေလေပြီ။ ၎င်းကို ထိရောက်စွာအသုံးပြုရန် အခွင့်အရေးမရသေးခြင်းသာဖြစ်သည်။

ညလယ်ခေါင်

ဆေဘာကိုထုတ်ပြီး သူဝေ့ယမ်းနေ၏။ ဓားသွားက လရောင်လိုလင်းလက်ပြီး မြေပြင်ထက် နက်ရှိုင်းသည့်အရာများဖြစ်စေသည်။

"နည်းနည်းအားပိုထည့်လိုက်ရင် မိစ္ဆာအသံဓားချက်ထက် ပိုအားကောင်းလိမ့်မယ် ခွန်အားကုန်သုံးရင်တော့ ဘယ်လောက်ဖျက်ဆီးနိုင်မလဲမသိဘူး"

လက်ထဲက ဆေဘာကိုကြည့်ပြီး သူ့ကို လုပ်ကြံရန်လာမည့် ရွှေအမြုတေအဆင့်အား ထိုနည်းစနစ်ဖြင့် ရင်ဆိုင်လျှင်ကောင်းမည်ဟု တွေးမိသည်။ သို့သော် ဒါက အန္တရာယ်များလွန်းရာကျသည်။

"ငါ့ခွန်အားက အတော်တိုးလာတာပဲ"

သူ ရှော့ရနေ၏။ ဤကာလအတွင်း လျင်မြန်စွာအဆင့်တက်၍ အံ့မခန်း ဆေဘာနည်းစနစ်တခုကိုပင် ရခဲ့သေး၏။

All Chapters