← Chapters

ရွှေအမြုတေအဆင့်နဲ့ ရင်ဆိုင်တွေ့ခြင်း

Vol. 3 Ch. 38

ရွှေအမြုတေအဆင့်နဲ့ ရင်ဆိုင်တွေ့ခြင်း

Vol. 3 Ch. 38

ကျင်ကျိုးဟန်အကြောင်းသိပြီးနောက် ကျန်းဟောင်မှာ ဆေးဥယျာဥ်ကို မသွားတော့ပေ။ သူ အိမ်ခြံဝန်းမှာသာနေ၍ အသက်သွေးနှင့် ကျင့်ကြံရေး ၁၀၀ ပြည့်မည့်အချိန်ကို စောင့်နေသည်။

လျှိုရှင်းချန်ကလည်း ဘာမှအကြောင်းမပြန်ပေ။ သူ တခုခုတွေ့ထားလား ကျန်းဟောင် မသိပေ။ ဒါက သူ့ကို ပိုစိုးရိမ်စေ၏။

ရွှေအမြုတေအဆင့်က သူ ရင်ဆိုင်နိုင်သေးသည့်အရာမဟုတ်သောကြောင့် ကျင်ကျိုးဟန်မှာ မစောင့်နိုင်ပဲ လာတိုက်ခိုက်မည်ကို စိုးရိမ်နေသည်။

ပုန်းနေရန်အတွက်မူ သူ့ကို မုန်းတီးနေသည့် သူလျှိုများစွာရှိနေကြသည်။ သူ့အိမ်ကသာ အလုံခြုံဆုံးဖြစ်သည်။ အဆိုးဆုံးဖြစ်လာခဲ့ပါက ကမ်းပါးသခင်ကို သွားရောက်အကူအညီတောင်းရုံသာရှိသည်။

သူ့ဆရာကူညီရန် အနည်းငယ် မျှော်လင့်နိုင်သည်။ လုံးဝအားထားရသည့်အရာက နောက်တစ်ဆင့်ကိုတက်နိုင်ရန်ဖြစ်သည်။ နောက်ရက်အနည်းငယ်ဆို လုံလောက်လေပြီ။

ခုနစ်ရက်က ဖြတ်ခနဲကုန်သွားသည်။ သူ၏ အသက်သွေးနှင့် ကျင့်ကြံရေးက နေ့တိုင်းတိုးတက်နေသော်လည်း ဒီတကြိမ်က ကွာခြားသည်။

ရွှေအမြုတေအဆင့်က ခြေလှမ်းကြီးဖြစ်သောကြောင့် အသက်သွေးနှင့် ကျင့်ကြံရေး ၁၀၀ က လုံလောက်မည်လား မသေချာပါချေ။ မလုံလောက်ပါက အားလုံး အလဟဿဿဖြစ်သွားပေမည်။ နောက်ထပ် ၁၀၀ အတွက် သုံးလထပ်စောင့်ရပေမည်။

ကျင်ကျိုးဟန်က သူ့ကို တွေ့သွားပြီဖြစ်သည်။ သူက နောက်ထပ်သုံးလစောင့်နိုင်ပါဦးမလား။

မဖြစ်နိုင်ပေ။ သူက ကျန်းဟောင်၏ ပတ်ဝန်းကျင်ကို ထောက်လှမ်းပြီး အချိန်ကောင်းကို စောင့်နေခြင်းဖြစ်တန်ရာ၏။

အသက်သွေး ၉၉/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နောက်တစ်ရက်ပဲ။

ကျန်းဟောင် ဆေဘာကိုယူပြီး မြှောက်လိုက်၏။

တစုံတယောက်က သူ့ကို ကြည့်နေကြောင်း ခံစားနေရပြန်၏။ ၎င်းက သူ့ကို တိုက်ရိုက်ဦးတည်နေ၏။ ကျန်းဟောင်မှာ မလှုပ်ရှားပဲ သတိမမူမိသလို စောင့်နေသည်။

ကောင်းကင်ဘုံရနံ့တာအိုပန်းက သူ့စိတ်ထဲဝင်လာသည်။ ၎င်းကို စောင့်ကြည့်နေသူများစွာရှိသည်။ အကြီးအကဲပိုင်ကျီနှင့် ဟိုအမျိုးသမီး လှုပ်ရှားလာမည်လားဟု တွေးမိသည်။

ကျန်းဟောင် စောင့်နေသော်လည်း အကြည့်က နောက်ဆုတ်သွားရာ သူ ပဟေဠိဖြစ်သွားရသည်။

"ဂျူနီယာညီလေး ရှိလား" လျှိုရှင်းချန်၏ အသံက အပြင်မှ ထွက်လာသည်။

"ဟုတ်ကဲ့". ကျန်းဟောင် ပြန်ဖြေလိုက်၏။ ၎င်းနောက်ဆုတ်သွားတာ မဆန်းတော့ချေ။ ထို့အပြင် နေ့အချိန်လည်း ဖြစ်နေသေး၏။ ဖြစ်နိုင်တာက ညကျမှ တိုက်ခိုက်မဲ့ပုံပေါ်သည်။

ကျန်းဟောင်က ဧည့်သည့်ကို ဖိတ်ခေါ်ပြီး လက်ဖက်ရည်ဖြင့် တည်ခင်းသည်။

"ဂျူနီယာညီလေး ပြောတာမှန်တယ် တကယ်ပဲ သူက တခြားဂိုဏ်းက သူလျှိုဖြစ်နေတယ် ဒီည သူ့ကို ဖမ်းဆီးကြလိမ့်မယ် "လျှိုရှင်းချန်က လက်ဖက်ရည်ကျိုက်ပြီး "သတိထားပါ သူက မင်းကို ပစ်မှတ်ထားနေပုံပဲ ဂိုဏ်းထဲထိ ဝင်လာရဲမှတော့ အသက်ရှင်လျက်ထွက်သွားဖို့ မစဥ်းစားထားပုံပဲ ဒါပေမဲ့ လူတိုင်းကတော့ အခွင့်အရေးရရင် ရှင်သန်ချင်ကြတာပါပဲ ငါတို့ လှုပ်ရှားလိုက်တာနဲ့ သူ ပိုပြီး အရဲတင်းလာမှာ စိုးရတယ်"

ကျန်းဟောင် ခေါင်းညိတ်သည်။ ဥပဒေခန်းမက သူ့ကို ကာကွယ်ပေးရန် မတောင်းဆိုခဲ့ပေ။ ဒါကြောင့် သံသယရှိသူအား ထိန်းသိမ်းရန်သာပြောခဲ့သည်။

ဤကိစ္စအား သူ့အား လာရောက်အကြောင်းကြာသည်နဲ့တင် လုံလောက်နေလေပြီ။ မြေကွက်လပ်ကိုကြည့်ပြီး တွေးနေမိသည်။ လျှိုရှင်းချန် သူ့ကို သစ္စာဖောက်တာဆိုရင်ရော အကြီးအကဲပိုင်ကျီကို သွားရှာသင့်လား ဒါမှမဟုတ် အနီရောင်ဝတ်စုံနဲ့ အမျိုးသမီးကို ပြောပြသင့်လား။

ဖြေရှင်းချက်အား မတွေးနိုင်သောကြောင့် ဆေးဥယျာဥ်ကို သွားမည်ဟုရည်ရွယ်၍ အပြင်ထွက်လာခဲ့သည်။ ဆေးဥယျာဥ်မှ ပူဖောင်းအချို့ရခဲ့ပါက အခု အဆင့်တက်ရန် ကြိုးစားနိုင်ပေမည်။

သူသာ မြန်မြန်အဆင့်တက်နိုင်လျှင် အန္တရာယ်ကို မြန်မြန်ဖြေရှင်းနိုင်ပေမည်။ အနည်းဆုံးတော့ သူလွတ်မြောက်နိုင်၏။

ဟန်မင်မှာ ဆေးဥယျာဥ်အား စီမံနေသည်ကို သူသတိထားမိသည်။

"စီနီယာအစ်ကို အခုတလော မတွေ့မိသလိုပဲ" ဟန်မင်က နှုတ်ဆက်လာသည်။ သူ့ကို မရှုံးလိုသော်လည်း အငြိုးထားတတ်သူတော့ မဟုတ်ပါချေ။

"ဂျူနီယာညီလေးဟန် ခရီးထွက်မလို့လား" ကျန်းဟောင်က ဆေးပင်များကို ညွှန်ပြသည်။ သာမန်အားဖြင့် ဟန်မင်အတွက် ဒီလောက်ထိ ဆေးပင်များပြင်ဆင်စရာမလိုပေ။

ဆေးဖော်စပ်မည်ဆိုလျှင်တောင် ဒီလောက်ထိမလိုပေ။ ဖြစ်နိုင်ချေက ခရီးထွက်ရန် ပြင်ဆင်နေခြင်းပင်။

"မိုးပြာတောင်တန်းက တာအိုတွေ့ဆုံပွဲလုပ်နေတယ် သူတို့က ကျနော်တို့ ဂိုဏ်းနဲ့ မသင့်မြတ်တာရှိတော့ လူတိုင်း ထွက်ခွာဖို့ ဝန်လေးနေကြတယ်" ဟန်မင်ပြောသည်။ .ကျနော် အပြင်ထွက်ပြီး လေ့ကျင့်ချင်လို့"

လမ်းမှန်နဲ့ မိစ္ဆာကြားက ရင်ဆိုင်မှုလား။ ဒီလိုအရာမျိုးကို ကျန်းဟောင် မလိုချင်တာ သေချာသည်။

"ဒါဆို ဂျူနီယာညီလေး ပိုပြီးဂရုစိုက်ရမှာပေါ့" ကျန်းဟောင်က အပြာရောင်ပူဖောင်းတခုကို သတိပြုမိလိုက်သည်။ ၎င်းက အသက်သွေးဟုတ်မဟုတ်တော့ မသိပါချေ။

"ဟုတ်ကဲ့ပါ စီနီယာအစ်ကို ကျနော်ပြန်လာရင် အစ်ကိုနဲ့ ထပ်ယှဥ်ပြိုင်ချင်သေးတယ် "

ကျန်းဟောင် ခေါင်းညိတ်သည်။ နောက်တခါ သူ အရှုံးပေးလိုက်လျှင် ဤကိစ္စက ငြိမ်းသွားမည်ဖြစ်သည်။ ထို့နောက် ဆေးဥယျာဥ်အတွင်း သူလျှောက်လာသည်။

လာကူညီသည့် တပည့်များကိုတွေ့ခဲ့သော်လည်း ကျင်ကျိုးဟန်လောက် ဂရုစိုက်စရာမလိုပေ။

ခွန်အား +၁

စိတ်ဝိညာဥ် +၁

ခံနိုင်ရည် +၁

စိတ်ဝိညာဥ် +၁

သေးငယ်သည့် ပြောင်းလဲမှုများဖြစ်သည့်တိုင် သူ့ကို ပျော်ရွှင်စေ၏။ ပြီးခဲ့သည့်ရက်များက ကျင်ကျိုးဟန်ကြောင့် ထိုပျော်ရွှင်မှုကို မရခဲ့ပါချေ။

မကြာခင် အပြာရောင်ပူဖောင်းက သူ့ကိုယ်ထဲ ဝင်သွားခဲ့သည်။

အသက်သွေး +၁

သူ ဆေးဥယျာဥ်မှ ထွက်လာခဲ့သည်။ ရွှေအမြုတေအဆင့်ကို အတတ်နိုင်ဆုံး အမြန်တက်ရောက်ရပေမည်။

All Chapters