← Chapters

ရွှေအမြုတေအဆင့်နဲ့ ရင်ဆိုင်တွေ့ခြင်း

Vol. 3 Ch. 39

ရွှေအမြုတေအဆင့်နဲ့ ရင်ဆိုင်တွေ့ခြင်း

Vol. 3 Ch. 39

ညတွင် မိုးကြိုးမီးတောင်ထိပ်

မန္တန်တခုက တောအုပ်အတွင်း လင်းလက်သွားခဲ့သည်။ လူတဦးက အမှောင်ထုထဲ တိုးဝင်ပြီး ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ရှင်းလင်းဂိုဏ်းကိုရောက်လာပြီးနောက် သူရှာနေသည့်လူကိုတွေ့ပြီး ခွန်အားကိုပါ သိရှိနိုင်ခဲ့သည်။

ယနေ့ည လှုပ်ရှားရန် အကောင်းဆုံးဖြစ်သော်လည်း ဥပဒေခန်းမက သူ့ကို ရှာတွေ့သွားခဲ့သည်။ သတိလာပေးသည့် သူလျှိုကြောင့်သာမဟုတ်ပါက သူ ထိန်းသိမ်းခံရပြီးလောက်ပြီဖြစ်သည်။

သူ့ကိုမိသွားခဲ့ပါက ဥပဒေမဲ့မျှော်စင်ထဲ ပစ်ထည့်ခံရပြီး ကျင့်ကြံခြင်းအားလုံး ဆုံးရှုံးရပေမည်။ သူ သေရမည်ကို မကြောက်ပေ။ ဤကိုရောက်လာသည့် ရည်ရွယ်ချက် မအောင်မြင်မည်ကိုသာစိုးသည်။

ငါသာ စောစောသိရင် တုံ့ဆိုင်းနေခဲ့မှာမဟုတ်ဘူး သူ့ကို စတွေ့တည်းက တိုက်ခိုက်လိုက်သင့်တာ ကျင်ကျိုးဟန် တွေးနေသည်။ သူ အချိန်ကုန်ခံခဲ့တာ အလကားဖြစ်သွားသည်။ အသက်သွေးသန့်စင်ခြင်းအဆင့် အပြင်စည်းတပည့်အဖြစ် ရုပ်ဖျက်ထားသည်အား မည်သို့ရှာတွေ့သွားမှန်း မသိပါချေ။

ဘုန်း

မန္တန်က သူ့ကို ပစ်မှတ်ထားနေ၏။ သူက လွတ်မြောက်ရန် မကြိုးစားပဲ ကျန်းဟောင်ကို ရှာရန်သွားနေသည်။ ၎င်းကို အရင်သတ်ပြီးမှ လွတ်မြောက်ရာလမ်းကို ရှာဖွေရပေမည်။

ကျန်းဟောင်မှာ မျက်မှောင်ကြုတ်လျက် ကြမ်းပြင်၌ ထိုင်နေသည်။ ခရမ်းရောင်စွမ်းအင်များက ဆူပွက်လျက် သွေးကြောများအတွင်း ပြည့်နေသည်။ စွမ်းအားများက ဗဟိုချက်တွင်စုပြီး ပြောင်းလဲမှုဖြစ်လာစေသည်။

အတန်ကြာသော် စွမ်းအားများက ဆက်လက်မစုစည်းနိုင်တော့ပဲ တစ်ဆို့သွားခဲ့သည်။

ကျန်းဟောင် စိတ်မပျက်ပေ။ ထို့အစား ဟုန်မုန့်နှလုံးသားဆုဒြာကို လည်ပတ်၍ စွမ်းအားများအား ကျနစေသည်။

တိတ်ဆိတ်နေသည့် ညတွင် ကျန်းဟောင်၏ တကိုယ်လုံးကို ခရမ်းရောင်စွမ်းအင်များက ဖုံးလွှမ်းထားသည်။ အသက်သွေးနှင့် ကျင့်ကြံရေး ကုန်ဆုံးသွားသည့်နည်းတူ အက်ကွဲသံသဲ့သဲ့ကို ကြားလိုက်ရသည်။ တစ်ဆို့မှုအား ကျော်ဖြတ်နေသည့် အသံဖြစ်သည်။

စွမ်းအင်ဗဟိုချက်၌ သေးငယ်သည့် ရွှေရောင်အမြုတေလေးတခုဖြစ်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်က စွမ်းအားများကိုစုပ်ယူနေသည်။ အတန်ကြာသော် ပြီးပြည့်စုံသည့် အမြုတေက စွမ်းအင်ဗဟိုချက်တွင် လွင့်မျောနေသည်။ အားကောင်းသည့် အော်ရာက သူ့တကိုယ်လုံးကို ဖြတ်သန်းစီးဆင်းသွားလေသည်။

ကျန်းဟောင် မျက်လုံးဖွင့်လိုက်သည်။ လက်သီးဆုပ်ပြီး စွမ်းအားသစ်ကို ခံစားမိနေသည်။

"ရွှေအမြုတေအဆင့် မယုံနိုင်စရာပဲ" ကျန်းဟောင် အံ့သြနေ၏။ အတိတ်တွင် သူ၏ အခြေခံအား ကြာမြင့်စွာစုစည်းခဲ့ရသည်။ ယွင်ရိုသေပြီးနောက် အန္တရာယ်နှင့် ဆက်တိုက်ကြုံနေရသည်။ သို့သော် သူ၏ အဆင့်တက်မှုက မြန်ဆန်ပြီး လွယ်ကူလာခဲ့သည်။

"ငါ့ကို တွန်းအားပေးတဲ့ သူမကိုပဲ ကျေးဇူးတင်သင့်လား" သူ ခေါင်းယမ်းသည်။ ဒါတွေအားလုံးရဲ့ အရင်းအမြစ်က ယွင်ရို မဟုတ်ပေ။

ဝတ်စုံနီနဲ့ အမျိုးသမီးဖြစ်သည်။

သူမ ပေါ်လာခြင်းက ကောင်းကင်ရှင်းလင်းဂိုဏ်းတွင် ပြောင်းလဲမှုဖြစ်လာစေပုံရသည်။ သူလျှိုနှင့် သစ္စာဖောက်များကို စတင်ရှာဖွေလာသည်။ ဒါကြောင့်လည်း ယွင်ရိုက သူ့ကို ပစ်မှတ်ထားခဲ့ခြင်းပင်။

နောက်ပြီး သစ္စာဖောက်များအား ပိုမိုမျှားထုတ်ရန် ကောင်းကင်ဘုံရနံ့တာအိုပန်းက သူ့လက်ထဲ ရောက်လာခဲ့သည်။

ထို့ကြောင့် ဟိုအမျိုးသမီးကို ကျေးဇူးတင်သင့်သည်။ သို့သော် သူ့ကြောင့်ပင် တချိန်လုံး ဒုက္ခရောက်နေသည်လည်းဖြစ်၏။

သူ ခေါင်းယမ်းကာ အတွေးများကိုရုတ်သိမ်းပြီး ဆေဘာယူ၍ ခြံထဲသွားလိုက်သည်။ ဤညတွင် တခုခုဖြစ်လာမည်ဟုတ်ဟုတ်မဟုတ်ဟုတ် စိတ်ရှည်စွာစောင့်ရပေမည်။ ခြံထဲတွင် တစ်ညလုံးရှိနေခဲ့၏။

မနက်အလင်းရောင်က မိုးကုပ်စက်ဝိုင်းမှထွက်လာသည်။ အလင်းရောင်နဲ့အတူ ပုံရိပ်တခုလည်း ရောက်လာ၏။

"သူ လာပြီ" ကျန်းဟောင် ဆေဘာကောက်ကိုင်ပြီး ခြံအပြင်ကို ထွက်သွားလိုက်သည်။ စမ်းချောင်းလေးဆီ ရောက်သွား၏။

နှစ်ယောက်သား မျက်နှာချင်းဆိုင်လျက် အချင်းချင်းကြည့်နေကြသည်။ ထွက်ပြူစနေရောင်အောက်တွင် ၎င်းအား ရှင်းရှင်းလင်းလင်းမြင်နေရသည်။

ထိုလူက ဗလတောင့်သည်။ အော်ရာက အားနည်းပြီး အဝတ်များက စုတ်ပြတ်နေလေ၏။ လက်မောင်းနှင့် ခါးရှိ ယောင်ကိုင်းရာများက ကြောက်စရာတိုက်ပွဲတခုကို ဖြတ်ကျော်ခဲ့ရကြောင်း မြင်သာနေသည်။

သို့သော် သူသန်မာသည်အား သံသယရှိစရာမလိုပေ။

ကျန်းဟောင်လည်း ကောင်းကင်ဘုံရနံ့တာအိုပန်းအကြောင်း တွေးလိုက်မိသည်။ ၎င်းကိုထိပါက မည်သို့ဖြစ်မည်ကို လူအများသိချင်နေကြသည်။ ဒါကြောင့် လျှိုရှင်းချန်က ပြပွဲကောင်းကြည့်ရရန် လွှတ်ပေးလိုက်ခြင်းပင်။

"မင်း မလွတ်နိုင်ပါဘူး" ကျင်ကျိုးဟန်က ပြောသည်။

"ငါမပြေးပါဘူး"

"မင်းကို လာကယ်မဲ့လူကို စောင့်နေတာလား တွေးတောင်မတွေးနဲ့ ငါ့ကို လိုက်ဖမ်းတဲ့လူက ထောင်ချောက်မိကျန်ရစ်ခဲ့ပြီ သူ ဒီကို မိုးသောက်ချိန်အထိ ရောက်လာနိုင်မှာမဟုတ်ဘူး" သူ၏ မျက်နှာထက် မကျေချမ်းမှုများ ပေါ်လွင်နေသည်။" ဘာကြောင့် ဂျူနီယာညီမယွင်ရိုကို သတ်လိုက်ရတာလဲ"

"သူမက သစ္စာဖောက်မို့ပဲ" ကျန်းဟောင် တည်ငြိမ်စွာ ပြန်ဖြေသည်။

"ယွင်ရိုက ငါ့အတွက် ဘယ်လောက်အရေးကြီးလဲသိလား သူမက ငါအသက်ရှင်ဖို့ မျှော်လင့်ချက်ပဲ ငါ အားနည်းနေတုန်းက ငါ့အနားမှာ သူပဲရှိနေခဲ့ပေးတာ သူမကသာ ငါ့ကမ္ဘာကို ထွန်းလင်းစေတဲ့အလင်းရောင်ပဲ ငါ့ကို ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေပေးခဲ့တာ ဒါပေမဲ့ မင်းက သူမကိုသတ်ခဲ့တယ်"

ကျင်ကျိုးဟန်က ပြောရင်းပြောရင်းဖြင့် ကြမ်းကြုတ်လာသည်။ သူ၏ မျက်လုံးထဲ အမုန်းတရားများပြည့်နှက်နေတော့သည်။

ကျန်းဟောင်က သူ့ကိုကြည့်ပြီး ခေါင်းညိတ်သည်။ "ငါသိပြီ"

"ဒါဆို မင်းကိုသတ်ဖို့ ငါရောက်လာတာလည်း သိမှာပေါ့" ကျင်ကျိုးဟန်က လှောင်ရယ်လိုက်သည်။

ကျန်းဟောင်က တည်ငြိမ်လျက်သာ။ "ယွင်ရိုက မင်းအပေါ် ကောင်းခဲ့တာတွေ မှတ်မိသေးလား"

"ငါ ဘယ်တော့မှမမေ့ဘူး ဒီဘဝတသက်တာလုံးအတွက်"

"ဒါဖြင့် အဲ့ဒီလှပတဲ့အမှတ်တရကို ပွေ့ပိုက်ပြီး ငါ့ကို လာသတ်ချေ " ကျန်းဟောင်က ကြင်နာစွာပြောသည်။

All Chapters