ခရမ်းရွှေရောင်ပူဖောင်းရနိုင်ခြေ
Vol. 3 Ch. 41
"ဝိညာဥ်သားရဲ" ကျန်းဟောင် အံ့အားသင့်သွား၏။ ဤလက သူ့အတွက် မထင်မှတ်ထားအောင် ငြိမ်းချမ်းနေခဲ့သည်။ လျှိုရှင်းချန်က လာမရှာသလို သူ့ဆရာကလည်း ထပ်မမေးခဲ့ချေ။
ကျင်ကျိုးဟန်၏ သေဆုံးမှုက မည်သည့် လှုပ်ခတ်မှုကိုမှ မဖြစ်စေပုံရသည်။ ဥပဒေခန်းမ မရောက်လာမခြင်းတော့ သူလုပ်နိုင်တာ ဘာမှမရှိပေ။ သူ၏ ကျင့်ကြံခြင်းကို ကြိုးစားအားထုတ်နေရန်သာ ရှိသည်။
ကျန်းဟောင်လည်း စိုက်ကွင်းထဲသွားပြီး အနေအထားကိုကြည့်သည်။ သားရဲက များစွာ ဖျက်ဆီးးထားခြင်းမရှိရာ အန္တရာယ်မမြင့်မားဟု ဆိုလိုသည်။ သို့သော်လည်း အသက်သွေးသန့်စင်ခြင်းအဆင့် တပည့်များအတွက်မူ သန်မာနေလောက်သည်။
ဆေးပင်များက လှုပ်နေသောကြောင့် ကျန်းဟောင် အနားကပ်သွားလိုက်သည်။ သားရဲက သူ၏ တည်ရှိမှုကို သတိပြုမိသွားဟန်ရသည်။
အဖြူရောင်အရိပ်တခုက ခုန်ထွက်ပြီး သူ့ကို တိုက်ခိုက်လာ၏။ ကျန်းဟောင် ရှောင်လိုက်သည်။
သားရဲက ပျောက်သွားလေသည်။
"အတော်မြန်ပါလား" ကျန်းဟောင် ရေရွတ်သည်။
အခြေအနေကို အကြမ်းဖျင်းနားလည်သွား၏။ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းရှိသူများပင် သားရဲ၏ အလျင်အား လိုက်မီနိုင်မည်မဟုတ်ပါချေ။
ဆေးပင်များ ထပ်လှုပ်လာပြန်၍ သားရဲက တိုက်ခိုက်လာပြန်သည်။ ကျန်းဟောင်လည်း ဆေဘာဖြင့် ခုခံလိုက်၏။
ထန်
ပြင်းထန်သည့် အင်အားက သူ့ကို ခြေလှမ်းအနည်းငယ် ဆုတ်သွားစေသည်။ သားရဲလည်း လွင့်သွား၏။
"အားမနည်းဘူးး အခြေခံတည်ဆောက်ခြင်းအဆင့်မှဟုတ်ရဲ့လား ဘာသားရဲပါလိမ့် "
ကောင်းကင်ရှင်းလင်းဂိုဏ်းတွင် သားရဲများမွေးမြူသည့် နေရာမရှိပါချေ။ သို့သော် ပိုင်ရှင်ရှိသည့် သားရဲတွေတော့ရှိသည်။ အခု အသည်းကွဲကမ်းပါးတွင် ရုတ်တရက် ပေါ်လာသည့်သားရဲက တပည့် သို့မဟုတ် ဆရာတဦး၏ သားရဲဖြစ်နိုင်သည်။
၎င်းတို့ကို မဆန့်ကျင်ချင်သောကြောင့် သားရဲအား အနာတရဖြစ်စေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းအား မလုပ်ဆောင်လိုပါချေ။
ကျန်းဟောင်က ဆေဘာကိုဝေ့ယမ်းပြီး မိစ္ဆာအသံဓားချက်အား အသုံးပြုလိုက်သည်။
ဘုန်း
မိစ္ဆာဟိန်းသံက လှိုင်းလို ပျံ့နှံ့သွားခဲ့သည်။ ဆေးပင်များ၏ လှုပ်ရှားမှုက ငြိမ်သက်သွားခဲ့သည်။
အသံကြားသည့် တပည့်များက သတိအပြည့်ဖြစ်သွားကြသည်။ လိုအပ်ပါက ကြားမညှပ်စေရန် ရှောင်နေရမည်ဖြစ်၏။
"အဆင်ပြေတယ် လုပ်စရာရှိတာဆက်လုပ်ကြ" ကျန်းဟောင် သားရဲထံ လျှောက်သွားလိုက်သည်။
အခြားသူများလည်း စိတ်သက်သာရသွားကြသည်။ သို့သော် သူတို့ ကျန်းဟောင်ကို စိတ်ဝင်စားစွာဖြင့် မသိမသာအကဲခတ်နေကြသည်။
ကျန်းဟောင်လည်း ဆေးပင်များကိုဖယ်လိုက်သောအခါ ပါးစပ်မှ အမြုပ်များထွက်နေသည့် သားရဲကိုမြင်လိုက်ရသည်။ ၎င်းက သတိလစ်နေ၏။ ရှည်လျားသည့် နားရွက်များအတူ တချက်ကြည့်ရုံနှင့် ကြီးမားသည့်ယုန်တကောင်ဖြစ်ကြောင်း သိနိုင်လေသည်။
နားရွက်ကနေကိုင်၍ ဆွဲမလိုက်သည်။ သေချာကြည့်လျှင် လူသားအင်္ဂါရပ်များနှင့် ပင် ခပ်ဆင်ဆင်တူသေး၏။ အတော်လေးချစ်စရာကောင်းသည်။
"ပိုင်ရှင်က ဘယ်သူပါလိမ့်"
သိလိုစိတ်ဖြင့် အကဲဖြတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။ ပိုင်ရှင်ကိုသိရလျှင် ပြန်ပေးနိုင်အောင်ဖြစ်၏။
[ယုန်၊ စိတ်အသိဉာဏ်မရှိသေး၊ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းတွင်ရှိသည်၊ ကောင်းကင်ဘုံရနံ့တာအိုပန်းကို ရှာဖွေနိုင်သည့် ရတနာရှိသည်၊ ရှာတွေ့ပါက နေရာနှင့် ပုံရိပ်များကို မှတ်သားနိုင်စွမ်းရှိသည်၊ မိုးပြာတောင်တန်းက လွှတ်ထားသည့် သူလျှိုဖြစ်၏၊ မိစ္ဆာသားရဲသွေးမျိုးဆက်ရှိသည်၊ တစ်ရက်လျှင် ဝိညာဥ်ကျောက်တုံးတစ်တုံးကျွေးပါက ခုနစ်ရက်ကြာပြီးနောက် သွေးမျိုးဆက်အား ထုတ်ဖော်နိုင်ပေမည်၊ ဝိညာဥ်ကျောက်တုံး နေ့တိုင်းကျွေးခြင်းဖြင့် သင့်အပေါ် ရင်းနှီးမှုတိုးလာနိုင်သည် ]
ကျန်းဟောင် ဆွံ့အသွား၏။ ဤယုန်က စီနီယာတဦး၏ ပိုင်ဆိုင်မှုဟု ထင်ထားသော်လည်း မိုးပြာတောင်တန်းက လွှတ်ထားသည့် သူလျှိုဖြစ်နေသည်။
မိုးပြာတောင်တန်းက ကောင်းကင်ရှင်းလင်းဂိုဏ်းနှင့် အနီးကပ်ဆုံးတည်ရှိပြီး တယောက်ကိစ္စ တယောက် ဝင်မစွက်ကြပေ။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာနေခဲ့ကြသည်။
သို့သော် မကြာသေးခင်က နှစ်ဖက်ထိတွေ့မှုအချို့တော့ ရှိခဲ့ကြသည်။ ဟန်မင်က ထိုနေရာသို့ လေ့ကျင့်ရန် ထွက်သွား၏။ မိုးပြာတောင်တန်းကလည်း ကောင်းကင်ဘုံရနံ့တာအိုပန်းကို စိတ်ဝင်စားနေပုံရသည်။
ကြည်လင်ကောင်းကင်ဂိုဏ်း၊ ကောင်းကင်သူတော်စင်ဂိုဏ်းနှင့် နေဝင်ဆည်းဆာဂိုဏ်းတို့မှာ အလျင်စလိုမလှုပ်ရှားရဲကြပေ။ မိုးပြာတောင်တန်းက သူတို့၏ အင်အားတခုလုံးကို လွှတ်လိုက်လျှင်တောင် အသုံးမဝင်ပါချေ။
ကျန်းဟောင်က သားရဲကိုကြည့်သည်။ ၎င်းတွင်ရှိသည့် ရတနာက မရိုးရှင်းနိုင်ပေ။ ယုန်ကိုမထိခိုက်စေပဲ မည်သို့ ထုတ်ယူရမည်အား စဥ်းစားနေ၏။
အခုအရေးကြီးဆုံးက သားရဲကို ကိုင်တွယ်ရန်ပင်။ သူသတ်လိုက်သင့်သော်လည်း ရှားပါးသွေးမျိုးဆက်ကြောင့် ကျန်းဟောင် တွန့်ဆုတ်နေ၏။ သူနဲ့ခေါ်သွားပါကလည်း အန္တရာယ်များသည်။
ကောင်းကင်ဘုံရနံ့တာအိုပန်းလို မွေးမြူထားချင်သည်။ လျှို့ဝှက်လုပ်ဆောင်နိုင်လောက်သည်။ ခုနစ်ရက်ကြာပြီးမှ ခရမ်းရွှေရောင်ပူဖောင်းရနိုင်လေသည်။
ကျန်းဟောင်လည်း မှော်လည်ပတ်တခုဝယ်ပြီး သားရဲအား သူ့အိမ်နောက်က တောအုပ်ထဲတွင် မွေးမြူထားရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ဆေးဥယျာဥ်မှ ထွက်ခွာလာခဲ့သည်။ ဈေးသို့ ခေါ်သွားရန် မသင့်လျော်သောကြောင့် အိမ်၏ ထပ်ခိုးတွင် ထားခဲ့သည်။ သူ့အိမ်ကို လာသူမရှိသောကြောင့် အဆင်ပြေပေမည်။
ကျန်းဟောင် အတန်ငယ် ဆွံ့အပြီး စိတ်လေးနေမိသည်။ နေရာတိုင်းတွင် သူလျှိုများရှိနေ၏။ ၎င်းတို့က သူ့တွင်ရှိနေသည့် ကောင်းကင်ဘုံရနံ့တာအိုပန်းကို ပစ်မှတ်ထားနေကြသည်။
မသိလိုက်မသိဘာသာဖြင့် ဂိုဏ်းတခုလုံးကိုသက်ရောက်စေမည့် အရှုပ်အထွေးကြီးထဲ ပါဝင်ပတ်သတ်နေမိသည်။ သူ့ကိုယ်သူကာကွယ်ရန် လုံလောက်အောင် မသန်မာသေးပါချေ။
ဈေးကိုသွားပြီး သားရဲကိုထိန်းချုပ်ရန် မှော်လည်ပတ်တခု ဝယ်လာခဲ့သည်။ အဆောင်ပစ္စည်းများလည်း ဝယ်လာရာ စုစုပေါင်း ဝိညာဥ်ကျောက်တုံး ၆၀၀ လောက် ကုန်ကျသွားခဲ့သည်။
ဒါက မယုံနိုင်စရာကောင်းသည်။ ယခင်ကဆို ဒီလောက်ပမာဏထိသုံးစွဲနိုင်မည်ဟု စိတ်ပင်မကူးမိပါချေ။