← Chapters

ရောက်လာပြန်ပြီ

Vol. 3 Ch. 42

ရောက်လာပြန်ပြီ

Vol. 3 Ch. 42

ကျန်းဟောင် လည်ပတ်အား ကြည့်လိုက်သည်။ သားရဲမွေးမြူရခြင်းက ဈေးကြီးလှသည်။

အသက်သွေးသန့်စင်ခြင်းအဆင့် သားရဲအတွက် လည်ပတ်က ဝိညာဥ်ကျောက်တုံး ၁၀၀ ကျသင့်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့်အတွက်မူ ၅၀၀ ကျလေသည်။

သားရဲသာ အဆင့်တက်သွားပါက ပိုကောင်းသည့် လည်ပတ်နှင့် လဲလှယ်ရန်လိုသည်။ မဟုတ်ပါက သားရဲ လွတ်မြောက်သွားနိုင်သည်။

ရွှေအမြုတေအဆင့်အတွက်မူ ထောင်ဂဏန်းထိကျနိုင်လေသည်။

တော်သေးတာက အဆောင်ပစ္စည်းတွေရဲ့ ဈေးနှုန်းက သင့်လို့ပဲ သူ အဆောင်ပစ္စည်းခြောက်စုံဝယ်ခဲ့သည်။ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြုတေအဆင့်အတွက် အသုံးဝင်သည်။ ၎င်းက ဝိညာဥ်ကျောက်တုံး ၁၀၀ သာကျသင့်သည်။

ဆေးညွှန်းများထက် ဈေးသက်သာသည်။ ပန်းပဲ၊ မှော်ဆေးပညာနှင့် အဆောင်ဆရာများတွင် အဆောင်ဖန်တီးသူများက အကုန်အကျနည်းသည်။

ဝိညာဥ်ကျောက်တုံး ၆၀၀ လောက်သုံးပြီးနောက် သူ့အနေနဲ့ ပြန်လည်ရှာဖွေရန်လိုလာသည်။ အဆောင်ရောင်းရန်အတွက် ဆိုင်ဖွင့်ရန်တွေးမိသည်။

သို့သော် အိမ်တွင်ရှိနေသည့် သားရဲကိုတွေးမိသောအခါ အကြံအား လက်လျှော့လိုက်သည်။ အခု လောလောဆယ် သားရဲက အရေးကြီးသည်။ အဆောင်များက ဘယ်နေ့မဆို ရောင်း၍ရသည်။ အရင်ဆုံး သားရဲကိုဖြေရှင်းရန်လိုသည်။

....

ပန်းတစ်ရာရေကန်

ဟုန်ယွီယဲ့က စံအိမ်ထဲထိုင်နေသည်။ သူမရှေ့ စားပွဲပေါ်တွင် အနက်ရောင်ဆေဘာတစ်လက်ရှိနေ၏။ ၎င်းက ကျန်းဟောင်၏ ဆေဘာဖြစ်သည်။

သူမက ဆေဘာကိုကောက်ယူပြီး အကြာကြီးကြည့်နေသည်။

"ဆက်ပြော "

ပိုင်ကျီက ခေါင်းငုံ့လျက် ရိုသေစွာရပ်နေသည်။ ဂိုဏ်းချုပ်ရှေ့တွင် အသက်ရှူဖို့ပင် ခက်နေ၏။ "မိုးပြာတောင်တန်းရဲ့ တာအိုတွေ့ဆုံပွဲပြီးတော့ ကျမတို့ကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ကောင်းကင်ဘုံရနံ့တာအိုပန်းပေါ်လာတာကြောင့်ဖြစ်နိုင်ပါတယ်"

"ကြည့်ရတာ ဂိုဏ်းထဲမှာ သစ္စာဖောက်ကတော့ ကျိန်းသေရှိနေပြီ" ဟုန်ယွီယဲ့ တည်ငြိမ်စွာပြောသည်။

"ကျမရဲ့ ညံ့ဖျင်းမှုအတွက် တောင်းပန်ပါတယ်" ပိုင်ကျီက ဒူးထောက်ချလိုက်သည်။

ဟုန်ယွီယဲ့က သူမကိုမကြည့်ပဲ တိမ်များကို ငေးမောနေ၏။ "ပြောဖို့စောသေးတယ် ငါတို့ စောင့်ကြည့်ကြတာပေါ့ မိုးပြာတောင်တန်းကိုတော့ မင်းဖြေရှင်းရမယ်"

"နားလည်ပါပြီ" ပိုင်ကျီ ခေါင်းညိတ်သည်။ "အသည်းကွဲကမ်းပါးမှာတော့ ပြောင်းလဲမှုမရှိပါဘူး ဒါပေမဲ့ ကျန်းဟောင်ရဲ့ ကျင့်ကြံခြင်းက တိုးတက်လာပြန်ပြီ သူ့ကို လျှို့ဝှက်ထောက်ပံ့သူတွေရှိနိုင်တယ် နတ်ဆိုးအသိုက်က အကြောင်းပြချက်ဖြစ်နိုင်ပါတယ် သူ့ရဲ့ နာမည်ကို ရှင်းလင်းအောင် မလုပ်နိုင်သေးဘူး ရွှေအမြုတေအဆင့် နေဝင်ဆည်းဆာဂိုဏ်းရဲ့ သူလျှိုက သူ့လက်ထဲ သေသွားပါတယ်"

"ဒါဖြင့် သူ့ကို ဆက်စောင့်ကြည့်ပါ " ဟုန်ယွီယဲ့က ပန်းများကိုကြည့်သည်။ "မိုးပြာတောင်တန်းနဲ့ ရင်ဆိုင်ရမယ်ဆိုမှတော့ သူတို့ရဲ့ ကျင့်ကြံနည်းစနစ်နဲ့ စာအုပ်တွေကိုရအောင် လုပ်ရမယ်"

ပိုင်ကျီ ခေါင်းညိတ်သည်။

လေပြည်ညင်းက ကန်ရေပြင်ပေါ်ဖြတ်သန်းသွားပြီး ပန်းများအား လွင့်ပျံစေသည်။

အတန်ကြာမှ ဟုန်ယွီယဲ့က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ "ပိုင်ကျီ မိုးပြာတောင်တန်းက ဘာလို့ ရုတ်တရက် တိုက်ခိုက်ဖို့လုပ်လာတာလဲ ကောင်းကင်ရှင်းလင်းဂိုဏ်းက အားနည်းသွားလို့လား ဒါမှမဟုတ် သူတို့က အင်အားကြီးထွားလာတာလား"

"မဟုတ်ရပါဘူး ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ မိုးပြာတောင်တန်းက အားကောင်းလာပေမဲ့ ခွန်အားခြင်းအရ ကောင်းကင်ရှင်းလင်းဂိုဏ်းကို မယှဥ်နိုင်ပါဘူး"

ပိုင်ကျီက ဂိုဏ်းချုပ်ကဲ့သို့ တာဝန်ယူခဲ့ရသည့်အတွက် ဂိုဏ်း၏ တိုးတက်မှုများအပေါ် တာဝန်အပြည့်ရှိသည်။ အခြားဂိုဏ်းများသန်မာလာလျှင် ကောင်းကင်ရှင်းလင်းဂိုဏ်းက ပိုသန်မာရမည်။ ထိုသို့မဟုတ်ပါက ပိုင်ကျီ၏ လစ်ဟင်းခြင်းဖြစ်ပြီး တာဝန်ခံရပေမည်။

"မိုးပြာတောင်တန်းမှာ ကောင်းကင်ဘုံရနံ့တာအိုပန်းကို အသည်းအသန် လိုအပ်နေသူရှိနိုင်ပါတယ်" ပိုင်ကျီပြောသည်။" မဟုတ်ရင် သူတို့ အခုလို အရဲတင်းမှာ မဟုတ်ပါဘူး"

ဟုန်ယွီယဲ့က သူမကိုကြည့်လိုက်ပြီး "ဒါဖြင့် စုံစမ်းချေ"

"နားလည်ပါပြီ "

ပိုင်ကျီ စံအိမ်မှ ထွက်ခွာလာခဲ့သည်။ လမ်းတွင် ကျန်းဟောင်ကို စမ်းသပ်ရန် တပည့်မတဦးကို တာဝန်ပေးရန် စဥ်းစားနေသည်။ သို့သော် ဂိုဏ်းချုပ်က ကျန်းဟောင်ကို သစ္စာဖောက်အဖြစ် မယူဆကြောင်း သူမ ခံစားနေရသည်။

ဂိုဏ်းချုပ်မှာ တခြားအတွေးရှိနိုင်ပေမဲ့ ကျန်းဟောင် လုံးဝအပြစ်ကင်းပါတယ်လို့ ငါမယုံနိုင်ဘူး ပိုင်ကျီ ရေရွတ်သည်။ သူမက သံသယစာရင်းကို ဖန်တီးခဲ့သူမဟုတ်ပါလော။

လောလောဆယ် သစ္စာဖောက်ကိစ္စကို ရွေ့ထားပြီး မိုးပြာတောင်တန်းကို လှုပ်ရှားစေတဲ့ ကြိုးကိုင်သူကို ဖော်ထုတ်ရမယ်

...

ကျန်းဟောင် ဆေးဥယျာဥ်ကိုသွားပြီး သားရဲကိုလာရှာသူရှိပါက အကြောင်းကြားရန် တပည့်များအား မှာကြားသည်။

သူ့အနေနဲ့ နောက်ထပ်သူလျှိုတဦးကို မျှားထုတ်နိုင်မလား သိချင်နေမိသည်။ သားရဲအတွက်ကတော့ ခုနစ်ရက်ကြာပြီးမှ ဆုံးဖြတ်ရပေမည်။

သားရဲကို တောအုပ်ထဲခေါ်သွားပြီး လည်ပတ်တပ်ပေးလိုက်သည်။ ၎င်းက သတိရနေပြီဖြစ်ပြီး လည်ပတ်အား ချွတ်ရန်ရုန်းကန်နေသည်။

ကျန်းဟောင်မှာ အသုံးမဝင်သည့် ရုန်းကန်မှုအား ကြည့်နေပြီးနောက် ဝိညာဥ်ကျောက်တုံးတခုအား ပစ်ပေးလိုက်သည်။ ၎င်းကို အနံ့ခံပြီး စားလိုက်သည်။

"နောက်တခုက နေရာသတ်မှတ်ဖို့ပဲ "

၎င်းက လည်ပတ်၏ လုပ်ဆောင်ချက်ဖြစ်သည်။ သားရဲအား လျှောက်မသွားစေရန် နေရာတခုသတ်မှတ်၍ ထားနိုင်သည်။

ကျန်းဟောင်မှာ သားရဲမလွတ်သွားစေရန် ထောင်ချောက်များ တပ်ဆင်ရာ၌ ညံ့ဖျင်းသောကြောင့် လည်ပတ်၏ လုပ်ဆောင်ချက်က သူ့အတွက် အဆင်ပြေသည်။

နေရာသတ်မှတ်တော့မဲ့အချိန် သူ့နောက်မှ အသံတခုထွက်လာသည်။ အသံက တည်ငြိမ်ပြီး မည်သည့်ခံစားချက်မှ မပါချေ။ ထိုအသံကို သူ ကောင်းကောင်းကြီး သိပါလေ၏။

"ဘာလုပ်နေတာလဲ"

သူ လှည့်ကြည့်သောအခါ အနီရောင်ပုံရိပ်တခုအား တွေ့မြင်လိုက်ရသည်။

All Chapters