← Chapters

တကယ့် မိစ္ဆာမပဲ

Vol. 3 Ch. 43

တကယ့် မိစ္ဆာမပဲ

Vol. 3 Ch. 43

"နှုတ်ဆက်ပါတယ် စီနီယာ" ကျန်းဟောင် ဦးညွတ်သည်။ "ဒီသားရဲကို ဆေးဥယျာဥ်မှာ တွေ့ခဲ့တာပါ ကျနော်မွေးမလို့"

ဟုန်ယွီယဲဲ့က ယုန်ကိုကြည့်လိုက်ပြီး ".ဘာလို့ အိမ်မှာ မမွေးပဲ ဒီမှာမွေးရတာလဲ"

"စီနီယာရဲ့ ပန်းကို ထိခိုက်စေမှာစိုးလို့ပါ"

သန်မာသည့် လေပြင်းတခုက သစ်ပင်များကို ဖြတ်တိုက်သွားခဲ့၏။ ကျန်းဟောင် မတုံ့ပြန်နိုင်ခင် အားတရပ်က သူ့ရင်ဘတ်ကို ရိုက်ခတ်ပြီး လွင့်သွားစေ၏။ ထို့နောက် သစ်ပင်နဲ့ ဝင်တိုက်သွားခဲ့သည်။

ဟုန်ယွီယဲ့က သားရဲကိုကိုင်လိုက်ပြီး "မင်း ပါးစပ်က အလိမ်အညာတွေပဲ ထွက်နေမှာလား မင်းရဲ့ကျင့်ကြံခြင်းက အတော်တိုးတက်လာတာပဲ"

ကျန်းဟောင် ဘာမှမပြောပဲ။ သူရလိုက်သည့် ရိုက်ခတ်မှုကြောင့် မည်သည့် ဒဏ်ရာမှမရပါချေ။

သူ၏ ကျင့်ကြံခြင်းဖုံးကွယ်ထားသည်အား သူမ သိမသိ မသိပါချေ။ မေးလည်း မမေးရဲပေ။

ယုန်အား ဂုတ်ကနေဆွဲမထားသည့် အမျိုးသမီးအား ကြည့်လိုက်သည်။ သူမ၏ သွယ်လျသည့် လက်ချောင်းများက ၎င်း၏ အရေပြားကိုညှစ်ထားလေသည်။

"စီနီယာ ကျနော်..."

ဟုန်ယွီယဲ့က ယုန်၏ လည်ပင်းကိုညှစ်လိုက်သည်။ သားရဲက ရုန်းကန်နေ၏။ ထို့နောက် ပုလဲတစ်လုံးနှင့် မြေပုံတစ်ချပ်က သူမလက်ထဲ ပြုတ်ကျလာသည်။ ၎င်းကိုသန့်စင်ပြီး သိမ်းဆည်းလိုက်၏။

ထို့နောက် ကျန်းဟောင်ဆီ သားရဲအား ပစ်ပေးသည်။ "ခြံထဲမှာ ထားထား"

သူမက ကျန်းဟောင်၏ အိမ်ထံ လျှောက်သွားလေသည်။

ကျန်းဟောင် အံ့အားသင့်သွား၏။ တောထဲမှာ အစောက ဘယ်သူမှမတွေ့ခဲ့ပါဘူး။ ဘယ်လိုရောက်လာတာလဲ။

ဒီတကြိမ် သူမ ဘာလိုချင်ပြန်လဲ မသိပါချေ။ ကောင်းကင်ဘုံရနံ့တာအိုပန်းကို စစ်ဆေးချင်လို့လား။

နေ့ခင်းကြောင်တောင်ဖြစ်၍ တစုံတယောက် နောက်ယောင်ခံလိုက်လာမည်အား စိုးရိမ်မိသည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ မှားယွင်းနေသည်အား မတွေ့ရပေ။

သူ့လက်ထဲက သားရဲကိုငုံ့ကြည့်လိုက်၏။ ၎င်းမှ ရတနာကိုထုတ်ယူထားပြီးဖြစ်၍ သူ၏ ခြံထဲထားလျှင်ပင် ပြဿနာမရှိနိုင်တော့ပေ။

ယနေ့အတွက် အကဲဖြတ်စွမ်းရည်အား မသုံးနိုင်တော့ပေ။ မနက်ဖြန်မှ သေချာစေရန် သုံးကြည့်ရပေမည်။

ထိုအမျိုးသမီးက အကင်းပါးလှသောကြောင့် သူမ သံသယဝင်အောင် အခုမလုပ်နိုင်သေးပေ။

ကျန်းဟောင်လည်း သက်ပြင်းချ၍ သားရဲအား အိမ်သယ်လာသည်။ ၎င်းမှာ သတိလစ်နေပြီဖြစ်၏။

"ဘာလို့ သူမကိုတွေ့လိုက်တိုင်း ငါ့စိတ်တွေ မတည်မငြိမ်ဖြစ်နေရတာလဲ ငါ အဆင့်တက်တာမြန်လွန်းလို့ စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်သေးတာလား"

သူ ပြန်ရောက်လာသောအခါ ဟုန်ယွီယဲ့က ခြံထဲတွင် သစ်သားကုလားထိုင်ဖြင့် ထိုင်နေကြောင်းမြင်လိုက်ရသည်။ သူမအကြည့်က ကောင်းကင်ဘုံရနံ့တာအိုပန်းပေါ် ရောက်နေသည်။

သစ်သားထိုင်ခုံနဲ့ စားပွဲက ထိုနေရာတွင် မရှိခဲ့ချေ။ မည်သို့ ရောက်လာသည်ကို မသိပေမဲ့ သူ မမေးပေ။

"ပန်းကို ဘယ်လိုဂရုစိုက်လဲ" သူမက ရုတ်တရက် မေးသည်။

ကျန်းဟောင် ကြောင်သွား၏။ သို့သော် သူ သေချာဂရုမစိုက်ဘူးဟုထင်၍ မေးခြင်းဖြစ်သည်ဟုထင်သောကြောင့် လည်ချောင်းရှင်း၍ ဖြေသည်။

"ရေတစ်ခွက်လောင်းပါတယ်"

"နေ့တိုင်းလား"

"ဟုတ်ကဲ့"

"အင်း အဲ့လိုလား" သူမ တိတ်ဆိတ်သွား၏။

ကျန်းဟောင်လည်း သားရဲကိုအောက်ချပြီး စောင့်နေသည်။

ဟုန်ယွီယဲ့က ပန်းကိုကြည့်နေဆဲဖြစ်သည်။ ကျန်းဟောင်လည်း အိမ်ထဲမှ လက်ဖက်ရည်ယူလာပြီး စားပွဲပေါ် တည်ခင်းလိုက်သည်။ ထို့နောက် သားရဲထွက်မပြေးစေရန် နေရာသတ်မှတ်ပေးသည်။

အားလုံးပြီးစီးသွားပြီးနောက် သူမ ဘေးအသာရပ်နေလိုက်သည်။

"ကောင်းကင်ဆေဘာခုနစ်ကွက်ကို လေ့ကျင့်လား "

"ဟုတ်ကဲ့ "

"ဘယ်လောက်ကျွမ်းကျင်နေပြီလဲ"

"ပထမအကွက်ပဲ ရပါသေးတယ်" သူ အမှန်တိုင်းဖြေသည်။

ကောင်းကင်ဆေဘာ ပထမအကွက်ဖြစ်သည့် ငွေလသတ်ဖြတ်ခြင်းအား ကြာမြင့်စွာလေ့လာခဲ့သော်လည်း ပြီးပြည့်စုံစွာ ကျွမ်းကျင်ရန်မူ လိုနေပါသေး၏။

အခြားသောအကွက်များက ပိုပြီးခက်ခဲမှာ သေချာသည်။ နောက်ပြီး ကျင့်ကြံခြင်းအကန့်အသတ်များလည်း ရှိသေးသည်။

သူ စိတ်ဆန္ဒရှိလျှင်တောင် အားလုံးကို မတတ်မြောက်နိုင်ပါသေးချေ။

ဟုန်ယွီယဲ့က ဘာမှမပြောပဲ လက်ဖက်ရည်ခွက်ကိုကိုင်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် ခွက်ကိုချပြီးပြောသည်။ "နောက်တခါ လူသောက်လို့ရတဲ့ လက်ဖက်ရည်မျိုးပြင်ပေး"

"ဘယ်လို လက်ဖက်ရည်မျိုးပါလဲ မိုးနီလက်ဖက်ရည် ဒါမှမဟုတ် နွေဆောင်းဦးလက်ဖက်ရည်မျိုးပါလား"

ကျန်းဟောင်က သူကြားဖူးသည့် လက်ဖက်ရည်အချို့အား ပြောပြလိုက်သည်။ ၎င်းတို့မှာ အရည်အသွေး ထိပ်တန်းဖြစ်ပြီး ဈေးကြီးလှသည်။ သူ အရသာခံချင်ရင်တောင် မတတ်နိုင်ပါချေ။

"စီနီယာ ကျနော်..."

သူမ၏ အေးစက်စက်အကြည့်အောက် သူ့အနေနဲ့ ငြင်းဆန်ရန်မစွမ်းသာပဲ ခေါင်းညိတ်ရလေသည်။

ဤအမျိုးသမီး အလွန်အားကောင်းကြောင်းသိပေမဲ့လည်း ဒီလောက်ထိ မိစ္ဆာဆန်မည်မထင်ထားပေ။

သူမက တကယ့် မိစ္ဆာမပဲ။

ဟုန်ယွီယဲ့က ထရပ်ပြီး အပြင်ကိုလျှောက်ထွက်သွား၏။ "ငါ့ရဲ့ပန်းကို ကောင်းကောင်း ဂရုစိုက်ချေ"

သူမ ထွက်သွားသည့်တိုင် ကျန်းဟောင်က တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ လက်ဖက်ရည်က ဤမျှဆိုးမှန်းသိပါက တည်ခင်းခဲ့မည်မဟုတ်ပေ။

သက်ပြင်းချပြီး သားရဲကိုကြည့်သည်။ အနည်းဆုံးတော့ သူ့နားတွင် မွေးထားလို့ရပြီဖြစ်၏။

သူသိချင်နေသည့်အရာက သူမတွင်လည်း ယင်ဂူအဆိပ်ရှိပြီး သူ့လိုမျိုး တူညီသည့် သက်ရောက်မှုခံစားနေရသလားဟုပင်။

ထို့ကြောင့် စာကြည့်တိုက်ကိုသွားရန် ဆုံးဖြတ်လိုက်သည်။

All Chapters