← Chapters

ရွှေဒဏ္ဌာရီ

Vol. 3 Ch. 44

ရွှေဒဏ္ဌာရီ

Vol. 3 Ch. 44

စာကြည့်တိုက်ကိုသွားပြီးနောက် ကျန်းဟောင် ပိုစိတ်ရှုပ်ထွေးသွား၏။ ဂူအဆိပ်အကြောင်းဖော်ပြထားပေမဲ့ ၎င်း၏ ဇစ်မြစ်မပါပေ။

ယင်ဂူနှင့် ယန်ဂူက တူညီသည့် အာနိသင်ရှိကြသည်။ အဆိပ်မိသူက သူတော်စင်အခြေအနေတွင်ရှိနေပြီး အခြားအဆိပ်မိသူနဲ့တွေ့မှသာ လှုပ်ရှားလာတတ်ကြသည်။

ဟိုအမျိုးသမီး၏ ခံစားချက်များကရော သူ့ကြောင့် လှုပ်ရှားတတ်သလားဟု ကျန်းဟောင် သံသယရှိမိသည်။ သူမက အလွန်အားကောင်းပြီး အတွေ့အကြုံများသည်။ အဆိပ်အာနိသင်ကို သူ့လောက်ခံစားရတာမျိုး ဖြစ်ချင်မှဖြစ်မည်။

ဒါက သူ့ကို အားသာချက်မရသလို ခံစားရစေသည်။

နောက်နေ့မနက် ယုန်အပေါ် အကဲဖြတ်စွမ်းရည် ထပ်သုံးလိုက်သည်။

[ယုန်၊ စိတ်အသိဉာဏ်မရှိသေး၊ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းတွင်ရှိသည်၊ မိစ္ဆာသားရဲသွေးမျိုးဆက်ရှိသည်၊ တစ်ရက်လျှင် ဝိညာဥ်ကျောက်တုံးတစ်တုံးကျွေးပါက ခုနစ်ရက်ကြာပြီးနောက် သွေးမျိုးဆက်အား ထုတ်ဖော်နိုင်ပေမည်၊ ဝိညာဥ်ကျောက်တုံး နေ့တိုင်းကျွေးခြင်းဖြင့် သင့်အပေါ် ရင်းနှီးမှုတိုးလာနိုင်သည် ]

၎င်းနဲ့ ပတ်သတ်ပြီး ပြဿနာမရှိတော့ပေ။ သူ စိတ်အေးအေးဖြင့် ဝိညာဥ်ကျောက်တုံးများအား ကျွေးလိုက်သည်။

ခုနစ်ရက်ကြာပြီးနောက် သားရဲအား စစ်ဆေးရန် ခြံထဲရောက်လာခဲ့သည်။ ခရမ်းရွှေရောင်ပူဖောင်း မတွေ့ရသည့်အတွက် သူ စိတ်ပျက်သွားသည်။

ယုန်က ကျန်းဟောင်ကိုမြင်သောအခါ ချုံထဲ ပြေးပုန်းလိုက်သည်။ ၎င်း၏ အစွယ်များကိုဖြဲပြသည်။ အရင်ထက် ပိုကြမ်းကြုတ်ပုံရလာသည်ကလွဲလျှင် သွေးမျိုးဆက် နိုးထသည်ဟန်မျိုး မတွေ့ရပါချေ။

ကျန်းဟောင် ပဟေဠိဖြစ်ပြီး အကဲဖြတ်လိုက်ပေမဲ့ တူညီသည့် အဖြေကိုသာရသည်။ မပြောင်းလဲပါချေ။

သက်ပြင်းချပြီး ဝိညာဥ်ကျောက်တုံးတခုကို ပစ်ပေး၍ လေ့လာနေလိုက်သည်။

ယနေ့ ဆေးဥယျာဥ်ကိုမသွားပဲ အိမ်မှာပဲနေ၍ သားရဲအား လေ့လာရန် ဆုံးဖြတ်ထားသည်။

သားရဲက ထူးဆန်းစွာ မပြုမူပါချေ။ ခြံထဲလျှောက်ပြေးပြီး ဆေးပင်အချို့အား ကိုက်ဝါးနေသည်။ ကျန်းဟောင် တနေ့လုံးစောင့်ကြည့်နေသော်လည်း ဘာမှဖြစ်မလာချေ။

နောက်တစ်ရက်တွင် အကဲဖြတ်စွမ်းရည်သုံးကြည့်ပေမဲ့ မထူးခြားသောကြောင့် သူ စိတ်ရှုပ်ထွေးသွားရသည်။

"ဘာမှမထူးခြားဘူး ဖြစ်နိုင်တာက သွေးမျိုးဆက်နိုးထဖို့ ဝိညာဥ်ကျောက်တုံးကလွဲပြီး တခြားဘာမှမစားရဘူးလား အဲ့လိုဆိုမှ နေ့တိုင်းလိုလို ဆေးပင်ဝါးစားနေတာကို သတိထားမိတယ်"

ကျန်းဟောင်က တိုင်စိုက်ပြီး ယုန်ကို ကြိုးချည်ထားလိုက်သည်။ ဝိညာဥ်ကျောက်တုံးပစ်ပေးပြီး အခြား ဘာမှမစားရရန် သေချာစေသည်။ ယုန်က လွတ်မြောက်ရန် ရုန်းကန်ပြန်သည်။

ကျန်းဟောင်က ၎င်း၏ ပြောင်းလဲမှုများကို ဆက်လက်လေ့လာ၏။

နောက်တစ်ရက်တွင် အကဲဖြတ်စွမ်းရည်သုံးသည်။

[ယုန်၊ စိတ်အသိဉာဏ်မရှိသေး၊ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းတွင်ရှိသည်၊ မိစ္ဆာသားရဲသွေးမျိုးဆက်ရှိသည်၊ တစ်ရက်လျှင် ဝိညာဥ်ကျောက်တုံးတစ်တုံးကျွေးပါက ခုနစ်ရက်ကြာပြီးနောက် သွေးမျိုးဆက်အား ထုတ်ဖော်နိုင်ပေမည်၊ ဝိညာဥ်ကျောက်တုံး နေ့တိုင်းကျွေးခြင်းဖြင့် သင့်အပေါ် ရင်းနှီးမှုတိုးလာနိုင်သည်၊ ယခု သင့်အပေါ် မျက်နှာသာပေးမှုက အနုတ်ဖြစ်သည် ]

ကျန်းဟောင် သက်ပြင်းချသည်။ အနည်းဆုံးတော့ ပြောင်းလဲမှုဖြစ်သွားသည်။

နောက်ခြောက်ရက်အတွင်း ကျန်းဟောင်က ဝိညာဥ်ကျောက်တုံးများကိုသာ ကျွေးခဲ့သည်။ သားရဲက အသိဉာဏ်မရှိသောကြောင့် အခြေအနေကို နားမလည်ပါချေ။

ခုနစ်ရက်မြောက်နေ့တွင် သားရဲက ပြောင်းလဲလာသည်။

ရွှေရောင်ပူဖောင်းတခုက ၎င်း၏ဘေးနားတွင် မျောလွင့်နေသည်။ သူ၏ စိတ်ရှည်မှုက အကျိုးပေးလေသည်။ သူ မျှော်လင့်ထားသည့် ခရမ်းရွှေရောင်ပူဖောင်းမဟုတ်ပေမဲ့လည်း ကောင်းသည့် အရာမှန်းသိသည်။ ရွှေရောင်ပူဖောင်းကို တခါမှမမြင်ဖူးပေ။ အနားကပ်လိုက်သောအခါ ပူဖောင်းက သူ့ထံ ပျံသန်းလာ၏။

ရွှေဒဏ္ဌာရီ +၁

ရွှေရောင်နှင့် ခရမ်းရွှေရောင်က ရှားပါးသည်။ ၎င်းတို့ကြား မည်သည့်ဟာက ပိုကောင်းမည်ကို မသိပါချေ။

ကျန်းဟောင် သူ၏ စနစ်ကိုဖွင့်လိုက်သည်။

အမည် ကျန်းဟောင်

အသက် ၂၀

ကျင့်ကြံခြင်းအဆင့် အစောပိုင်း ရွှေအမြုတေအဆင့်

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား

အသက်သွေး ၈/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၁၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၁/၃ (မရနိုင်)

ရွှေဒဏ္ဌာရီ ၁/၂ (မရနိုင်)

"ဒါက နှစ်ခုတောင်လိုတာလား နောက်တခုကို ဘယ်မှာရှာရမှာလဲ "

၎င်းကို တိုက်ရိုက်မရနိုင်သည့်အတွက် ရွှေရောင်ပူဖောင်းက ရှားပါးကြောင်း သိိလိုက်ရသည်။ နောက်ထပ်တခုအား ဘယ်တော့မှရမည်မှန်း မသိပါချေ။

ခရမ်းရောင်ပင်ခက်နေရာ ရွှေရောင်ဆို ပြောမနေပါနဲ့တော့ချေ။

ကျန်းဟောင် သားရဲကိုကြည့်ပြီး အကဲဖြတ်လိုက်သည်။

[ယုန်၊ စိတ်အသိဉာဏ်ပုံပေါ်ကာစ၊ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းတွင်ရှိသည်၊ မိစ္ဆာသားရဲသွေးမျိုးဆက်ရှိသည်၊ တစ်ရက်လျှင် ဝိညာဥ်ကျောက်တုံး ခုနစ်တုံးကျွေးပါက ၄၉ ရက်ကြာပြီးနောက် သွေးမျိုးဆက် အသက်ဝင်သွားပေမည်၊ ဝိညာဥ်ကျောက်တုံး နေ့တိုင်းကျွေးခြင်းဖြင့် သင့်အပေါ် ရင်းနှီးမှုတိုးလာနိုင်သည်၊ ယခု သင့်အပေါ် မျက်နှာသာပေးမှုက အနုတ်ဖြစ်သည် ]

ကျန်းဟောင် စိတ်သက်သာရသွား၏။ သူ့အနေနဲ့ ရွှေရောင်ပူဖောင်းရနိုင်သည့် အခွင့်အရေးရှိသေးသည်။

တစ်ရက်လျှင် ခုနစ်တုံးနှင့် ၄၉ ရက်ထိ လုပ်ဆောင်ရပေဦးမည်။ ပမာဏတိုးလာသော်လည်း သူသာ ပုံမှန်ဝင်ငွေရှိလျှင် တတ်နိုင်မည်ဟု ယုံကြည်သည်။

သူ့အနေနဲ့ အချိန်ကြာမြင့်စွာ လုပ်ဆောင်ရမည့်အရာအတွက် အမှားအယွင်းမဖြစ်ချင်ပါချေ။ မဟုတ်ပါက သူရင်းထားရသည့် ဝိညာဥ်ကျောက်တုံး ၃၄၃ တုံးက အလဟဿဖြစ်သွားပေမည်။

ယုန်ကတော့ ငြင်းဆန်ရန် အခွင့်အရေးမရှိပါချေ။ ရက်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ ကျန်းဟောင်က အသည်းကွဲကမ်းပါးမှ မထွက်ခွာခဲ့ချေ။ ဝိညာဥ်ကျောက်တုံးများအတွက် မစွန့်စားချင်ပေ။ ကံကောင်းစွာ နောက်ဆုံးရက်၌ ရွှေရောင်ပူဖောင်းပေါ်လာလေသည်။

ရွှေဒဏ္ဌာရီ +၁

All Chapters