← Chapters

ရှီယု

Vol. 3 Ch. 45

ရှီယု

Vol. 3 Ch. 45

တစ်လကျော်လုံး သူ သတိထားခဲ့သည်။ ကံကောင်းစွာ မည်သူမှ သူ့ကို လာမရှာခဲ့ပေ။ လျှိုရှင်းချန်ပင် ကျင်ကျိုးဟန် ကိစ္စနဲ့ပတ်သတ်ပြီး ပေါ်မလာခဲ့ချေ။

ကျန်းဟောင်က အခြားသူများ၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်သည် မဟုတ်ပေ။ သူလျှိုများက အတော်လေးသတိထားနေကြပုံပေါ်၏။

သူ သားရဲကိုဖမ်းထားကြောင်းသိပေမဲ့ မည်သူမှ လာမယူကြပေ။ ဤရက်များက ငြိမ်းချမ်းစွာ ကုန်ဆုံးသွားခဲ့ပြီး ရွှေရောင်ပူဖောင်းကို ရခဲ့လေသည်။

သူ၏ စနစ်အား ဖွင့်လိုက်သည်။

အမည် ကျန်းဟောင်

အသက် ၂၀

ကျင့်ကြံခြင်းအဆင့် အစောပိုင်း ရွှေအမြုတေအဆင့်

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား

အသက်သွေး ၂၉/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၃၂/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၁/၃ (မရနိုင်)

ရွှေဒဏ္ဌာရီ ၂/၂ (ရနိုင်)

"ငါ့အသက်သွေးနဲ့ ကျင့်ကြံရေးလည်း တိုးတက်လာတာပဲ"

နောက်နှစ်ဝက်လောက်ဆို အသက်သွေးနဲ့ ကျင့်ကြံရေးက ပြည့်သွားလောက်သည်။ ထိုအခါ အလယ်အလတ် ရွှေအမြုတေအဆင့်ကိုတက်ရန် ကြိုးစားကြည့်နိုင်သည်။

နှစ်အနည်းငယ်လောက်အတွင်း လျှိုရှင်းချန်၏ ကျင့်ကြံဆင့်ကို ကျော်ဖြတ်နိုင်လောက်သည်။

စီနီယာအစ်မမင်ယီကလည်း ရွှေအမြုတေအဆင့် အစောပိုင်းတွင်ရှိသည်။ သူမက သန်မာနေသေးသော်လည်း အန္တရာယ်အရမ်းမများတော့ပေ။ သူမသာ သူ့ကို တိုက်ခိုက်လာပါက ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်း ရှိနေလေပြီ။

သူသာ ယုံကြည်မှုမရှိပါက သူမကို ချောင်းတိုက်ရန်ပင် လုပ်ဆောင်နိုင်သည်။

ရွှေရောင်ပူဖောင်းကိုရပြီးနောက် သူထရပ်ပြီး ရေတွင်းဆီသွားကာ လက်ဆေးသည်။

ရွှေရောင်ပူဖောင်းက ရှားပါးသောကြောင့် ကောင်းသည့်အရာတခုရရန် မျှော်လင့်မိသည်။ သူ့အနေနဲ့ အချိန်ရော ဝိညာဥ်ကျောက်တုံးတွေပါ ရင်းနှီးထားရသည်မဟုတ်ပါလော။

ကျန်းဟောင် အိမ်ထဲဝင်ပြီး ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ ထို့နောက် ရွှေဒဏ္ဌာရီအား ထုတ်ယူရန် ရွေးချယ်လိုက်၏။ ချက်ချင်းဆိုသလို အဆုံးမဲ့ဖရိုဖရဲဖြစ်ခြင်းအား ခံစားလိုက်ရသည်။

သူ ရှော့ရသွားပြီး ကြည့်လိုက်၏။ တစုံတခုက ထိုဖရိုဖရဲဖြစ်မှုများအတွင်း လှုပ်ရှားနေသည်။

ကလန်

တစုံတခုပြုတ်ကျသွားပြီး ဖရိုဖရဲဖြစ်မှုက နောက်ဆုတ်သွားခဲ့သည်။ ထိုအခါ အလယ်တွင် ဖရိုဖရဲစွမ်းအင်များကို ပိုင်းဖြတ်နေသည့် ငွေဖြူရောင်ဆေဘာတစ်လက်အား တွေ့မြင်လိုက်ရသည်။

၎င်းက ပြုတ်ကျလာပြီး သူ့ရှေ့က ကြမ်းပြင်၌ စိုက်ဝင်နေလေသည်။ ကျန်းဟောင်လည်း လက်ကိုင်ကနေ ဆွဲထုတ်လိုက်သည်။

ကျယ်လောင်သည့် အသံနဲ့အတူ ဆေဘာက သူ့လက်ထဲပါလာသောအခါ ဖရိုဖရဲစွမ်းအင်များ ပျောက်ကွယ်သွားကြသည်။ ဘေးဘီကိုကြည့်လိုက်ရာ အရာအားလုံးက ပုံမှန်အတိုင်းဖြစ်သည်။ ဘာမှမပြောင်းလဲပါချေ။

ဆေဘာကိုကိုင်ထားသောအခါ မိုးကောင်းကင်ကိုပင် ဖွင့်လှစ်နိုင်သည်ဟု ခံစားရသည်။ ၎င်း၏ စွမ်းအားက ခမ်းနားကြီးကျယ်လှသည်။

ဤဆေဘာကို အစောပိုင်း ရွှေအမြုတေအဆင့်အား အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟု ခံစားရသည်။ ၎င်းနဲ့သာဆို အလယ်အလတ် ရွှေအမြုတေအဆင့်ကိုပင် တိုက်ခိုက်ရဲသည်။

ကျန်းဟောင် သူ၏ အတွေးများအား ငြိမ်သက်စေလိုက်သည်။ ဆေဘာက သူ့ခံစားချက်များကို လှုံ့ဆော်ခဲ့သည်။

သေချာစစ်ဆေးကြည့်သောအခါ ဆေဘာက ၃ ပေရှည်ပြီး ၃ လက်မကျယ်သည်။

"ဒီဆေဘာက တကယ်မိုက်တာပဲ ထိလိုက်ရင် အေးစက်တဲ့ အငွေ့အသက်ရတယ် "

၎င်း၏အကြောင်းကို သေချာသိလိုရကား အကဲဖြတ်စွမ်းရည်ကိုသုံးလိုက်သည်။

[ရှီယု၊ ဖရိုဖရဲအတွင်း သွန်းလုပ်ခဲ့သည့် ရှေးဦးမူလဆေဘာ၊ ရှေးမူလကမ္ဘာ၏ စိတ်ဆန္ဒပါပြီး မိုးကောင်းကင်ကိုပင် ထက်ပိုင်းခွဲနိုင်သည်၊ အသက်သွေးလက်နက်အဖြစ် သုံးပြီး ဆက်လက်တိုးတက်နိုင်သည်]

ရှီယု

၎င်းက ဆေဘာ၏ အမည်ဖြစ်နိုင်သည်။ နာမည်က အရေးမပါပေ။ အဓိကက ၎င်း၏ စွမ်းအားဖြစ်သည်။ ကောင်းကင်ဆေဘာခုနစ်ကွက်ကို လေ့ကျင့်သည်ဖြစ်သောကြောင့် အခုလိုဆေဘာမျိုးက သူနဲ့ အံကိုက်ဖြစ်လေသည်။

နောက်ပြီး သူက မချမ်းသာပေ။ ဝိညာဥ်ကျောက်တုံးများ မည်မျှစုဆောင်းသည့်တိုင် အခုလို တန်ဖိုးရှိသည့်အရာအား ဝယ်နိုင်မည်မဟုတ်ချေ။

ကျန်းဟောင်က အပြင်တွင် ကြိုးချည်ထားသည့် သားရဲအားကြည့်လိုက်သည်။ ၎င်းက မရုန်းကန်တော့ပေ။ အသိဉာဏ်အနည်းငယ်ရလာသောကြောင့် အခြေအနေအား မှန်းဆမိပုံရသည်။

၎င်းအနေနဲ့ ဒါကို ဖြစ်ရိုးဖြစ်စဥ်အဖြစ် လက်ခံလိုက်ပြီး တစုံတယောက် အစာလာကျွေးမည်အား ငြိမ်သက်စွာ စောင့်နေသည်။

ကျန်းဟောင် ဆေဘာဝေ့ယမ်းလိုက်၏။ အေးစက်မှုတခုက ခြံထဲထွက်သွားသည်။ ၎င်းက သူ့ကို ကြောက်ရွံ့စွာကြည့်သည်။ ကြိုးပြတ်သွားသောအခါ အညံ့ခံသည့်သဘောနှင့် မြေပေါ် လှဲနေလိုက်သည်။

ကျန်းဟောင်လည်း တုန်ယင်နေသည့်သားရဲကိုကြည့်ပြီး ခေါင်းယမ်းသည်။

ဆေဘာကို စတင်သန့်စင်ရန်လုပ်သည်။ ၎င်းဖြင့် ကောင်းကင်ဆေဘာခုနစ်ကွက်အား လေ့ကျင့်လိုသော်လည်း မသုံးပဲ ဝှက်ဖဲအဖြစ်ထားရန် ဆုံးဖြတ်လိုက်သည်။

သူ့အနေနဲ့ အခြားဆေဘာကိုအသုံးပြုနိုင်ပြီး ရှီယုကို အထူးလက်နက်အဖြစ် သိမ်းဆည်းထားရပေမည်။

ယခု သူ့တွင်ရှိထားသည့် လခြမ်းဆေဘာက လုံလောက်သည်။ ၎င်းပျက်စီးသွားပါက နောက်တခုအစားထိုးလိုက်ရုံပင်။

"သားရဲကို ထပ်စစ်ဆေးကြည့်ရမယ်"

သားရဲကို အစာထပ်ကျွေး၍ သွေးမျိုးဆက်အား အသက်သွင်းနိုင်မည်လားဟု သိချင်မိသည်။ ဖြစ်နိုင်ပါက နောက်ထပ်ပူဖောင်းများရနိုင်သည်။

နောက်တစ်ရက်ရောက်သောအခါ အကဲဖြတ်စွမ်းရည်အား အသုံးပြုလိုက်သည်။

All Chapters