← Chapters

မိုးပြာတောင်တန်းနှင့် စစ်ပွဲ

Vol. 4 Ch. 46

မိုးပြာတောင်တန်းနှင့် စစ်ပွဲ

Vol. 4 Ch. 46

[ယုန်၊ စိတ်အသိဉာဏ်ပုံပေါ်ကာစ၊ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းတွင်ရှိသည်၊ မိစ္ဆာသားရဲသွေးမျိုးဆက်ရှိသည်၊ တစ်ရက်လျှင် ဝိညာဥ်ကျောက်တုံး ၁၀၀ ကျွေးပါက ၄၉ ရက်ကြာပြီးနောက် သွေးမျိုးဆက် အသက်ဝင်သွားပေမည်၊ ဝိညာဥ်ကျောက်တုံး နေ့တိုင်းကျွေးခြင်းဖြင့် သင့်အပေါ် ရင်းနှီးမှုတိုးလာနိုင်သည်၊ ယခု သင့်ကို ကြောက်နေသည်]

အချက်အလက်ကိုမြင်ပြီးနောက် ကျန်းဟောင် အံ့အားသင့်သွားခဲ့သည်။ သွေးမျိုးဆက်ကို မည်မျှအသက်သွင်းနိုင်မည်အား သိချင်နေမိသည်။ သို့သော် သူ့အနေနဲ့ ဝိညာဥ်ကျောက်တုံး ၁၀၀ နေ့တိုင်းကျွေးရန်လိုသည်။

ဒါကို သူ မတတ်နိုင်ပေ။ ရွှေရောင်ပူဖောင်းကိုရလိုပါက သူ့အနေနဲ့ နှစ်ကြော့ ကျွေးမွေးရမည်ဖြစ်သောကြောင့်ပင်။

တစ်ရက်ကို အတုံး ၁၀၀ နှင့် ၄၉ ရက်အတွက် ၄၉၀၀

ဤပမာဏကိုရရန် သူ့အနေနဲ့ စွမ်းအားကြီးအဆောင်များစွာလုပ်ဆောင်ရန်လိုသည်။ ထိုမျှမက ဝိညာဥ်ကျောက်တုံး ၁၀၀ ထိရနိုင်ရန် ရောင်းချနိုင်ရန်လည်း လိုအပ်ပါသေး၏။

သားရဲအား ကြိုးဖြေပေးလိုက်သည်။ သူ တတ်နိုင်သည့်အချိန်မှ ထပ်မံလုပ်ဆောင်ရပေမည်။

သားရဲက ဖြည်းဖြည်းချင်း ခြံထဲလျှောက်သွားနေ၏။ အချိန်ကြာမြင့်စွာ ချည်နှောင်ထားသောကြောင့် လမ်းကောင်းစွာလျှောက်ရန်ပင် ခက်နေသည်။

"ဒီကိုလာ " ကျန်းဟောင် ခေါ်လိုက်၏။

သားရဲက သူ့ကိုကြည့်ပြီး တုန်တုန်ယင်ယင်ဖြင့် ရောက်လာသည်။

"ငါပြောတာကို နားလည်လား"

သားရဲ ခေါင်းညိတ်သည်။ ထိုအခါ ကျန်းဟောင်က ကောင်းကင်ဘုံရနံ့တာအိုပန်းကို လက်ညှိုးထိုး၍ "အဲ့ဒီပန်းနားမသွားနဲ့ ကျန်တဲ့ဆေးပင်တွေကို စားနိုင်တယ် အဲ့ဒီပန်းကိုတော့ မထိရဘူး ကြားလား"

သားရဲက ပန်းကိုကြည့်ပြီး ခေါင်းညိတ်သည်။

ကျန်းဟောင်လည်း ၎င်း ကောင်းကောင်း နာခံရန် မျှော်လင့်၍ ဆေးဥယျာဥ်ကို ထွက်လာခဲ့သည်။

ပြီးခဲ့သည့်နှစ်လက သူ့အတွက် အလွန်ငြိမ်းချမ်းခဲ့သည်။ ကျင့်ကြံခြင်းကလည်း ဖြည်းဖြည်းမှန်မှန် တိုးတက်ခဲ့သည်။ သို့သော် သူ၏ လုံခြုံရေးအား စိတ်ချစေရပေမည်။

သူသာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုပါက ပိုပြီးသန်မာလာရန်လို၏။

သူ နှိမ့်နှိမ့်ချချ နေရပေမည်။ ကောင်းကင်ရှင်းလင်းဂိုဏ်းသာ ကျယ်ပြန့်လာပါက သူ သန်မာပြီးသားဖြစ်နေပေမည်။ နောက်ပြီး ဂိုဏ်းပျက်စီးသွားပါကလည်း ထင်ပေါ်ခြင်းမရှိ၍ နာမည်ရှင်းလင်းပြီး အစက ပြန်စနိုင်ပေမည်။

သူက အခု အမျိုးမျိုးသောဂိုဏ်းများ၏ ပစ်မှတ်ထားခြင်းခံနေရသည်။ သူ၏ အမည်ကိုရှင်းလင်းရန်မှာ မလွယ်နိုင်သောကြောင့် လုံံခြုံရေးအတွက် ပိုသန်မာလာစေဖို့ရာရှိလေသည်။

ဆေးဥယျာဥ်တွင် ယနေ့အတွက် အမှာစာများအား လက်ခံရခဲ့သည်။ အများစုက ကုသခြင်းအတွက် ဆေးပင်များဖြစ်သည်။

"ဂိုဏ်းက မိုးပြာတောင်တန်းနဲ့ စစ်ပွဲအတွက် ပြင်ဆင်နေတယ်ကြားတယ်" ချန်ချိုးက ပြောသည်။

"တကယ်လား" ကျန်းဟောင် မေးသည်။

သူ အသည်းကွဲကမ်းပါးကနေ မခွာပဲနေခဲ့သည်။ ကမ်းပါးသခင်ကရော အခြားတပည့်များကပါ ဘာမှမပြောလာခြင်းကြောင့် သူ မသိဖြစ်နေခဲ့သည်။

"ဟုတ်တယ် ဂိုဏ်းက လူတွေအများကြီးစေလွှတ်လိုက်ပြီးပြီ မိုးပြာတောင်တန်းကို ဖိနှိပ်ဖို့ ဆုံးဖြတ်ထားပုံပဲ ဒါကြောင့် ဆေးပင်အမှာတွေများနေတာ"

ကျန်းဟောင် မျက်မှောင်ကြုတ်၏။ ကောင်းကင်ရှင်းလင်းဂိုဏ်းနှင့် မိုးပြာတောင်တန်းအကြား ပွတ်တိုက်မှုကိုသိသည်။ သို့သော် နှစ်ဖက်လုံးက တိုက်ရိုက် ရင်ဆိုင်ကြမည်မထင်ထားပါချေ။

သူ့ကို ဘာလို့ စစ်ပွဲထံ မစေလွှတ်ရသလဲ စဥ်းစားနေမိသည်။ စေလွှတ်ခဲ့ပါက သူ ငြင်းဆန်နိုင်မည်မဟုတ်ပါချေ။

သူ အပြင်ကိုမသွားချင်ပေမဲ့လည်း လူတိုင်းစေလွှတ်ခံနေရချိန် သူ မပါခြင်းက ထူးဆန်းနေသည်။

"ငါက ဥပဒေခန်းမရဲ့ စောင့်ကြည့်မှုအောက် ရောက်နေလို့လား"

ဥပဒေခန်းမက သူ့ကို ဆက်လက်စောင့်ကြည့်နေသည်ဟု ခံစားနေရသည်။ သူ့ကို သစ္စာဖောက်အဖြစ် သံသယဝင်နေပါက ဂိုဏ်း၏ အရေးကြီးသည့်အချိန်မျိုးတွင် သူ့အား အပြင်ပေးထွက်မည်မဟုတ်ပါချေ။

"အမှာအတိုင်း ပြင်ပေတော့" ကျန်းဟောင် ပြော၏။

ချန်ချိုး ခေါင်းညိတ်သည်။

ကျန်းဟောင်က တိုက်ပွဲအခြေအနေနဲ့ပတ်သတ်ပြီး စုံစမ်းကြည့်ရာ ကောင်းကင်ရှင်းလင်းဂိုဏ်းက အသာစီးရနေကြောင်း သိခဲ့ရသည်။

သူရော စစ်ပွဲထဲတွင် မပါဘူးလားဟု ချန်ချိုးမေးရာ ခေါင်းခါခဲ့သည်။ သူက စောင့်ကြည့်စာရင်းတွင် ပါနေသည့်အကြောင်း မပြောချင်ပါချေ။

တပည့်အတော်များများက တိုးတက်ရန် အခွင့်ကောင်းတခုဖြစ်၍ စစ်ပွဲတွင်ပါဝင်လိုကြကြောင်း ချန်ချိုးပြောပြသည်။ အတွင်းစည်းသို့ဝင်နိုင်မည့် အခွင့်ကောင်းတခုလည်း ဖြစ်လာနိုင်သည်။

ကျန်းဟောင် မှတ်ချက်မပေးပေ။ လူတိုင်းတွင် မတူညီသည့် အမြင်များရှိကြသည်။ အများစုက အမြင့်ကို ခုန်တက်ချင်ကြချိန် ကျန်းဟောင်ကတော့ ငြိမ်ငြိမ်သက်သက်လေးသာ ရှိနေချင်လေသည်။

နောက်ရက်များတွင်လည်း ဆေးဥယျာဥ်တွင် အလုပ်များနေသည်။ ဈေးကိုလည်း မကြာမကြာသွား၍ နာကျင်မှုသက်သာစေသည့်အဆောင်၊ ဓားတစ်သောင်းအဆောင်နှင့် ဝိညာဥ်စုစည်းအဆောင်တို့ကို ရောင်းချသည်။

ခုနစ်ရက်အတွင်း ဝိညာဥ်ကျောက်တုံး ၃၀၀ ရခဲ့သည်။ စစ်ဖြစ်နေသောကြောင့် အဆောင်များက ရောင်းကောင်းသည်။ လူတိုင်းက ကောင်းမွန်သည့် ခုခံရေးအဆောင်များလိုချင်ကြသော်လည်း ကျန်းဟောင်တွင် မရှိပေ။ နာကျင်မှုသက်သာစေသည့်အဆောင်မှာ သာမန်ဆန်လွန်း၏။ သူသာ ပိုကောင်းသည့် အဆောင်များဖန်တီးနိုင်ပါက ဝိညာဥ်ကျောက်တုံး ပိုရပေမည်။

နောက်ရက်များတွင် သားရဲက သူနဲ့အတူ ဆေးဥယျာဥ်ကို လိုက်လာ၏။ ကျန်းဟောင် သတိပေးထားသောကြောင့် ပြဿနာမရှာရဲပါချေ။

ကျန်းဟောင်လည်း လုပ်နေကြအတိုင်း ပူဖောင်းများယူလိုက်ပြီးနောက် လူစိမ်းတအုပ်အား သတိထားမိသည်။

"ဒီမှာ လူအင်အားနည်းနေလို့ နှင်းကြာပန်းစံအိမ်က အကူအညီပို့လိုက်တာ" ချန်ချိုးပြောသည်။

ကျန်းဟောင် ကြည့်လိုက်ရာ မသင်္ကာစရာတခုကို သတိပြုမိသည်။ ဥယျာဥ်အလယ်တွင် လူတဦးက တစုံတခုအား မြုပ်နှံနေ၏။

ကျန်းဟောင်လည်း လခြမ်းဆေဘာကိုထုတ်ပြီး ၎င်း၏ လည်ပင်းထက် တင်ထားလိုက်သည်။ "ဘာလုပ်နေတာလဲ"

ချန်ချိုးက ချက်ချင်း နောက်ဆုတ်သွားသည်။ သားရဲက စိတ်ရှုပ်ထွေးနေ၏။ အခြားသူများလည်း နောက်ဆုတ်သွားခဲ့သည်။

ကျန်းဟောင်က အတွင်းစည်းတပည့်ဖြစ်ပြီး အလွယ်တကူပြဿနာမရှာတတ်သူမှန်း သိကြသည်။ အကြောင်းရင်းမရှိပဲ သူ၏ လက်နက်အားထုတ်မည်မဟုတ်ပါချေ။

All Chapters