← Chapters

သွေးမြေခ

Vol. 4 Ch. 47

သွေးမြေခ

Vol. 4 Ch. 47

လူငယ်က သူ့လည်ပင်းပေါ်က ဓားကိုခံစားမိသွားသည်။

"စီနီယာ ကျေးဇူးပြု၍ အသက်ချမ်းသာပေးပါ"

ကျန်းဟောင်က ဆေဘာကိုယမ်းလိုက်ရာ လေထဲ ဆေဘာရိပ်က ဖြတ်ပြေးသွားလေသည်။ လူငယ်၏ လက်က ဒဏ်ရာရသွားခဲ့သည်။

ရုတ်တရက် တိုက်ခိုက်မှုက လူငယ်ကိုကြောင်အသွားစေ၏။ ၎င်းက ကျန်းဟောင်ကိုကြည့်ပြီး နောက်ဆုတ်သွားခဲ့သည်။

"လုပ်ကြတော့ " လူငယ် အော်လိုက််၏။

ကျန်းဟောင်က ဆေဘာလက်ကိုင်ဖြင့် မြေပြင်ကိုဆောင့်ချရာ တုန်ခါသွားခဲ့သည်။ အခြားသူများက ဆေးပင်ချုံများနောက်တွင် ပုန်းအောင်းနေကြသည်။

ကျန်းဟောင်က မရပ်ပဲ လူအုပ်ရှေ့ရောက်သွားခဲ့သည်။ ဆေဘာက တယောက်သောသူကိုထိုးဖောက်ပြီး ချက်ချင်း သတ်ဖြတ်ပစ်လိုက်သည်။

အားလုံး လေးယောက်ရှိ၏။ ကျန်းဟောင်မှာ မြန်ဆန်လွန်းရကား သုံးယောက်မှာ ချက်ချင်းသေသွားခဲ့သည်။ နောက်ဆုံးတယောက်ထံ ချဥ်းကပ်သွားသောအခါ ၎င်းက မှော်ရတနာကို အသက်သွင်းပြီးဖြစ်လေသည်။

လခြမ်းဆေဘာကို ဝေ့ယမ်းလိုက်ရာ အလင်းလက်သွားခဲ့သည်။ ကောင်းကင်ဆေဘာခုနစ်ကွက်မှ ငွေလသတ်ဖြတ်ခြင်းကို အသုံးပြုလိုက်သည်။

ဘုန်း

လရောင်ကဲ့သို့ဆေဘာက ကောင်းကင်ကိုဖြတ်သွားခဲ့သည်။ ဆေဘာက မှော်ရတနာကိုဖျက်ဆီး၍ ၎င်း၏ လက်ကိုလည်း နှစ်ခြမ်းကွဲစေသည်။

ထိုလူက ကျန်းဟောင်ကို ပဟေဠိဖြစ်ခြင်းနဲ့အတူ အမုန်းတရားများဖြင့် ကြည့်နေ၏။ ကျန်းဟောင်က သွက်လက်စွာ အနောက်သို့ရောက်လာပြီး လည်ပင်းအား ဖြတ်တောက်လိုက်သည်။

သူလဲကျသွားသောအခါ ပထမဆုံးလူငယ်မှာ ကျန်းဟောင်ကိုကြည့်ပြီး ထွက်ပြေးတော့သည်။

ကျန်းဟောင်မှာ သူ့နောက်သို့ ဖျတ်ခနဲပေါ်လာပြီး နောက်စေ့အား ဆေဘာရိုးဖြင့် ထုချလိုက်သည်။ ထိုအခါ သတိလစ်သွားခဲ့သည်။

ကျန်းဟောင်က ချန်ချိုးကိုပြောသည်။ "သွား တယောက်ယောက်သွားခေါ်ချေ"

ချန်ချိုးလည်း ဘာလုပ်ရမည်ကိုသိပြီး ပြေးထွက်သွားခဲ့သည်။

သားရဲမှာ ကြောက်၍တုန်နေသည်။ အသိဉာဏ်အခြေခံမျှသာရှိသော်လည်း ရုတ်တရက် သတ်ဖြတ်မှုများက သူ့ကို အလွန်တုန်လှုပ်စေသည်။

ကျန်းဟောင်က အခြားသူများကိုကြည့်သည်။ "အားလုံးအဆင်ပြေသွားပြီ လုပ်စရာရှိတာဆက်လုပ်ကြ ထိခိုက်ပျက်စီးထားတဲ့နေရာကိုတော့ မကပ်ကြနဲ့ဦး"

သူတိုက်ခိုက်ထားသည့် ဆေးဥယျာဥ်နေရာက ထိခိုက်ထားသည်။ သို့သော် အများကြီးတော့မဟုတ်ပါချေ။

သူစိမ်းများကိုတွေ့လိုက်ကတည်းက ပြဿနာဖြစ်တော့မည့် ခံစားချက်ကိုရခဲ့သည်။ နောက်ပြီး မြုပ်နှံရန်ကြိုးစားနေသည့် အရာမှလည်း စိတ်ဝိညာဥ် လှုပ်ခတ်မှုများကို သတိထားမိသည်။ ၎င်းက ဓမ္မရတနာတခုဖြစ်ရပေမည်။

ကျူးကျော်သူများက ဆေးဥယျာဥ်ကို ပစ်မှတ်ထားနေသည်မှာ သေချာသည်။ သူတို့အောင်မြင်သွားပါက အသည်းကွဲကမ်းပါးအတွက် ကြီးစွာသောဆုံးရှုံးမှုဖြစ်သွားစေမည်။

ကျန်းဟောင်လည်း တုံ့ဆိုင်းနေပြီးမှ အကဲဖြတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။

[ရုပ်သေး တစ်၊ ကောင်းကင်သူတော်စင်ဂိုဏ်း၏ ရန်ဟွားစိုက်ပျိုးထားသော ရုပ်သေးမျိုးစေ့၊ ကောင်းကင်ရှင်းလင်းဂိုဏ်း၏ ဆေးဥယျာဥ်ကိုဖျက်ဆီးပြီး မိုးပြာတောင်တန်း၏ ကျူးကျော်မှုတွင် အကူအညီမရနိုင်စေရန် ရည်ရွယ်သည်]

ကောင်းကင်သူတော်စင်ဂိုဏ်း၏ ရန်ဟွား

၎င်း၏ အမည်ကိုမသိပေမဲ့ ကောင်းကင်သူတော်စင်ဂိုဏ်းကိုတော့ ကောင်းကောင်းကြီးသိလေသည်။ သူသာ အကဲမဖြတ်ခဲ့ပါက သာမန်အစေ့ဟုသာထင်ပေမည်။

ကောင်းကင်သူတော်စင်ဂိုဏ်းက ကောင်းကင်ဘုံရနံ့တာအိုပန်း၏ တည်ရှိမှုအကြောင်း သိထားသည်ဟု သံသယရှိမိသည်။ ဒါကြောင့် မိုးပြာတောင်တန်း၏ ကျူးကျော်မှုအား ကူညီခြင်းဖြစ်ရပေမည်။

မုချီက ဆေးဥယျာဥ်ကိုရောက်လာသည်။ လူသေများကို စစ်ဆေးကြည့်ပြီး သက်ပြင်းချ၏။

"ဆေးဥယျာဥ် အနည်းငယ်ထိခိုက်သွားပေမဲ့ အားလုံးအန္တရာယ်ကင်းလို့ တော်သေးတယ် ငါ ဒါကို ကမ်းပါးသခင်ဆီ တင်ပြလိုက်မယ်" မုချီက ကျန်းဟောင်ကိုကြည့်ပြီး "ဒါမျိုး ထပ်ဖြစ်မလာအောင် ဂျူနီယာညီလေးကိုပဲ အားကိုးရမှာပဲ ဆေးဥယျာဥ်ကို ကာကွယ်ပေးလို့ ကျေးဇူးပါ"

"စီနီယာအစ်ကို အားနာနေပါပြီ ဒါ ကျနော့်တာဝန်ပါ" ကျန်းဟောင် ခေါင်းငုံ့လိုက်သည်။

မုချီက အတော်လေးထက်မြက်သည်။ ကျန်းဟောင်က သူ၏ စွမ်းရည်ကိုသိပြီး လေးစားသောကြောင့် ဝေးဝေးကရှောင်ခဲ့သည်။

မုချီက သူသွားရှုပ်နိုင်သည့်လူမျိုးမဟုတ်ပေ။ သူက လျှိုရှင်းချန်ထက် ကျင့်ကြံခြင်းတွင် အားမနည်းပါချေ။

မုချီက ရုပ်သေးမျိုးစေ့ကို ယူဆောင်သွား၏။ တစုံတခုတွေ့ပါက ချက်ချင်းအကြောင်းကြားပေးရန် မှာကြားခဲ့သည်။

ကောင်းကင်ရှင်းလင်းဂိုဏ်းက ပြီးခဲ့သည့်ရက်များအတွင်း မငြိမ်းချမ်းခဲ့ပေ။ ကျန်းဟောင် အနေနဲ့ အချိန်မရွေး အသင့်ပြင်ထားရန်လို၏။ ဒီတိုင်း ထိုင်မနေနိုင်ပါချေ။

တခုသောပြဿနာက ဂိုဏ်းသာပျက်စီးခဲ့ပါက ကောင်းကင်ဘုံရနံ့တာအိုပန်းနှင့် မည်သို့ထွက်သွားရမည်နည်း။ သူက လူတိုင်း၏ ပစ်မှတ်ဖြစ်သွားပေမည်။

ထိုကိစ္စများပြီးနောက် ဆေးဥယျာဥ်အား သူစိမ်းများဝင်ခွင့်ပိတ်လိုက်သည်။ အခုလို တိုက်ခိုက်မှုမျိုး မရှိနိုင်တော့ပေ။

အခြားသော ဆေးဥယျာဥ်များတွင် ထိခိုက်မှုများဖြစ်ခဲ့သည့်အတွက် ဆေးပင်ထောက်ပံ့မှုတွင် အသည်းကွဲကမ်းပါးအပေါ် ဖိအားများလာသည်။

သုံးပတ်ကုန်ဆုံးသွား၏။ ကျန်းဟောင်မှာ နေ့ရောညပါ အလုပ်များနေ၏။ အခြား ဆေးဥယျာဥ်များ အဆင်ပြေသွားတော့မှ သူတို့အပေါ် တောင်းဆိုမှုနည်းသွားပြီး လူတိုင်း အေးဆေးဖြစ်သွားကြတော့သည်။

ကျန်းဟောင်တွင် သားရဲမွေးထားကြောင်း လူတိုင်း သိနေကြလေပြီ။ ဆေးဥယျာဥ်က လူများနဲ့ပါ ရင်းနှီးနေလေပြီ။ သွေးမျိုးဆက်နှစ်ကြိမ်နိုးထပြီးနောက် စကားပင်ပြောနိုင်လာသည်။

"ဒီချစ်စရာသားရဲလေးက ဒီနေ့ ဘာများစားချင်လဲ" ချန်ချိုးက မေးသည်။

"ဦးလေးယုန်လို့ခေါ်ပါ" သားရဲ၏ အသံက တကယ့်ကို သက်လတ်ပိုင်းလူကြီးအလား ရင့်ကျက်နေပေ၏။

"ကဲဒါဖြင့် ဦးလေးယုန် ဘာများစားချင်လဲ" ချန်ချိုးက ၎င်း၏ အပြုအမူနဲ့ပတ်သတ်ပြီး ကျင့်သားရနေလေပြီ။

"လူပေါ့" ယုန်က ဖြေသည်။

All Chapters