ကောင်းကင်ဆေဘာ ဒုတိယအကွက်
Vol. 4 Ch. 48
"ဟင် လူသားစားတာလား" ချန်ချိုးက အံ့အားသင့်စွာပြောသည်။
လူများစွာက ဆေးဥယျာဥ်ကို လာကြသည်။ သားရဲသာ လူသားစားချင်ပါက မဖြစ်နိုင်သည်မဟုတ်ပါချေ။ အခြားသော မိစ္ဆာဂိုဏ်းများတွင်လည်း လူသားစားသားရဲများ ရှိကြသည်။
ချန်ချိုးမှာ အခုမှ တကယ် စိုးရိမ်လာသည်။
"ဟုတ်တယ် လူသားကိုပြောတာ သွား ငါစားဖို့ အရာရှိနဲ့ တော်ဝင်မျိုးနွယ်တွေကို ဖမ်းလာခဲ့ပေး"
"အရာရှိမှလား" ချန်ချိုးကပြောသည်။ "သာမန်လူရော မရဘူးလား"
"မရဘူး" သားရဲက ခေါင်းယမ်းသည်။
"ဘာကြောင့်လဲ အကြောင်းရင်းရှိလို့လား"
"သူတို့က အရသာမရှိဘူး" သားရဲက ဆေးပင်များကို ပြုစုနေသူများကိုကြည့်သည်။ "နောက်ပြီး သာမန်လူတွေက ဒုက္ခဆင်းရဲတွေ ခံစားခဲ့ရပြီးပြီ သူတို့ကို ဒုက္ခ ထပ်မပေးချင်ဘူး"
ချန်ချိုး ဆွံ့အသွား၏။
ကျန်းဟောင် ရောက်လာသောအခါ သူတို့ပြောနေသည်အား ကြားသည်။
သားရဲက သူ့ကိုမြင်သောအခါ ထိတ်လန့်စွာပြောသည်။ "မုန်လာဥစားလည်းရပါတယ် ငါ မုန်လာဥကြိုက်တယ်"
ကျန်းဟောင်က ၎င်းကို လျစ်လျူရှူထား၏။ ချန်ချိုးအား စစ်ပွဲအကြောင်းမေးကြည့်ရာ ကောင်းကင်ရှင်းလင်းဂိုဏ်းက မိုးပြာတောင်တန်း၏ တပည့်အတော်များများကို ဖမ်းထားကြောင်း သိရသည်။
သူတို့ကို ဥပဒေမဲ့မျှော်စင်ထဲ ပစ်ထည့်ထားပြီး တချို့ကိုတော့ မိုင်းတွင်းထဲ ခိုင်းစေထားလေသည်။
၎င်းတို့၏ ကံကြမ္မာက သေသည်ထက်ပင်ဆိုးသည်ဟု ကျန်းဟောင် ခံစားရလေသည်။ ထို့နောက် သူ အိမ်ကို ပြန်လာခဲ့သည်။
ဤရက်ပိုင်းအတွင်း သူ အတော်လေးပင်ပန်းခဲ့သည်။ မတော်တဆမဖြစ်ရန် ဆေးဥယျာဥ်အား သေချာစောင့်ရှောက်နေရသည်။
ဆေးဥယျာဥ်ကို ထပ်မံဖျက်ဆီးမည့်လူများပေါ်လာမည်ကို စိုးရိမ်နေရသည်။ ပြီးခဲ့သည့် ကိစ္စအပြီး တိုက်ခိုက်မှုများ မရှိတော့သော်လည်း သူ သတိထားနေရဆဲပင်။
သူ့နောက်ကို အမြဲတမ်းလိုက်လေ့ရှိသည့် သားရဲမှာ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းသာရှိပါသေး၏။
သတိထားတာကောင်းမည်။ အရာအားလုံးက ရှုပ်ထွေးနေသောကြောင့် သတိထားမှ တော်ကာကျပေမည်။
အပြင်ဖက်မှ ခြိမ်းခြောက်မှုများမရှိပေမဲ့လည်း ဂိုဏ်းစစ်ပွဲဆင်နွှဲနေချိန်တွင် ဘာမဆိုဖြစ်သွားနိုင်လေ၏။ တခုတည်းသောစိတ်ဖိအားက သူ၏ အလုပ်ဖြစ်သည်။ ဆေးဥယျာဥ်တွင် အချိန်ကုန်နေသောကြောင့် ဝိညာဥ်ကျောက်တုံးများ ရှာရန် မအားလပ်ဖြစ်နေသည်။
အမည် ကျန်းဟောင်
အသက် ၂၀
ကျင့်ကြံခြင်းအဆင့် အစောပိုင်း ရွှေအမြုတေအဆင့်
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ
နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား
အသက်သွေး ၄၇/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၄၉/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၁/၃ (မရနိုင်)
"နောက်လအနည်းငယ်ဆို အလယ်အလတ် ရွှေအမြုတေအဆင့်ကို တက်နိုင်လောက်မယ် "
နောက်လာမည့်အချိန်များက ငြိမ်းချမ်းပါ့မလား သူ မသိပါချေ။ ကျင့်ကြံသူများ အသက်ရှည်ရှည်နေနိုင်ခြင်းက အားသာချက်ဖြစ်ပြီး အားနည်းချက်လည်းဖြစ်သည်။ ရန်သူများလည်း ကြာမြင့်စွာ တည်ရှိနေနိုင်သည်။
ရန်သူတွေ အများကြီးရှိနေလျှင် အေးဆေးကျင့်ကြံရန်မှာ မဖြစ်နိုင်ပေ။
ကောင်းကင်ဆေဘာခုနစ်ကွက်စာအုပ်ကိုဖွင့်ပြီး ဒုတိယအကွက်ကို လှည့်ကြည့်လိုက်သည်။ ဒုတိယအကွက်က တောင်တန်းဖိနှိပ်ခြင်းဖြစ်သည်။
ကျန်းဟောင်က ပထမအကွက်ကို အတော်လေးလေကျင့်ခဲ့သောကြောင့် ရင်းနှီးနေလေပြီ။ ပထမအကွက်ဖြစ်သည့် ငွေလသတ်ဖြတ်ခြင်းက ရန်လိုသည့်သဘောရှိသည်။
သို့သော် သူ့တွင် တိုက်ခိုက်ရေးစွမ်းရည်ကင်းမဲ့နေသည်။ သူသာ ထိုနည်းစနစ်ကို ထိထိရောက်ရောက်အသုံးချချင်ပါက တိုက်ခိုက်ရေးစွမ်းရည်ထက်မြက်လာစေရန် သွေးရပေမည်။
ဒုတိယအကွက်က ပထမအကွက်နဲ့ကွာသည်။ ရက်အနည်းငယ်လောက်ဖတ်ရှုပြီးနောက် သဘာဝစွမ်းအားဖြင့် ရန်သူကို အနိုင်ယူရန်မှာ သော့ချက်ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ ရှီယုဖြင့် ဒုတိယအကွက်ကို လေ့ကျင့်ရန်မှာ အသင့်တော်ဆုံးဖြစ်သည်။
တစ်လကြာပြီးနောက် ကျန်းဟောင်က ခြံထဲက ပူဖောင်းများကိုကောက်ယူပြီး အပြင်ထွက်လာခဲ့သည်။ သားရဲက သူ့ဘေးနားတွင်ပါလာသည်။
"သခင် အစောကြီးပါလား ကျနော်ရော လိုက်လို့ရမလား"
"ပြဿနာရှာရင် ငါရှင်းပေးမှာမဟုတ်ဘူးနော်"
ထိုသားရဲက အသိစိတ်ရှိလာပြီးနောက်ပိုင်း ပြောင်ချော်ချော်နှင့် စကားအလွန်များသည့် ပုံစံအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဟုတ်ကဲ့ အရာအားလုံးအဆင်ပြေပါတယ် သခင် ကျနော့်ကို ဂရုစိုက်ပေးသလို အနာဂတ်ကျရင် သခင့်ကို ပြန်ဂရုစိုက်ပေးမှာပါ "
ကျန်းဟောင်က စမ်းချောင်းနားတွင် ရပ်တန့်ပြီး တရားထိုင်သည်။ အတန်ကြာသော် စွမ်းအင်လုံးတခုက စုစည်းလာသည်။
ရှီယုကိုကိုင်ပြီး ညင်သာစွာ မြှောက်လိုက်သည်။ ကြီးမားသည့် စွမ်းအားများ ဆေဘာမှထွက်ပေါ်နေသည်ကို သတိထားမိသောအခါ သားရဲ၏ မျက်နှာထက် ပဟေဠိပေါ်လာသည်။
ဆေဘာကို လွှဲချလိုက်သောအခါ ကြီးမားသည့် တောင်တန်းကြီးက ဖိချလာသလို ခမ်းနားသည့် အော်ရာက အံ့သြဖွယ်ထွက်ပေါ်လာသည်။
ကျန်းဟောင်က စမ်းချောင်းကို ခုတ်လိုက်သည်။ ရေများက ဘောင်ဘင်ခတ်ပြီး မြင့်တက်လာသည်။ ကြီးမားသည့် အရာတခုက ရေပေါ် ပြုတ်ကျလာသလို ပြင်းထန်သည့် သက်ရောက်မှုက ရေများအား လွင့်စင်သွားစေသည်။
အတော်ကြာပြီးမှ စမ်းချောင်းက နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ဘာမှမဖြစ်ခဲ့သလိုမျိုး တည်ငြိမ်သွားလေသည်။
ကျန်းဟောင် ပြုံး၏။ ဒုတိယအကွက်က ထင်ထားသလို အားကောင်းသည်။ သူ၏ အမြန်နှုန်းကို မြှင့်တင်ရန်သာလို၏။ မဟုတ်ပါက အရေးပေါ်အခြေအနေတွင် ၎င်းကို အသုံးပြုနိုင်မည်မဟုတ်ပါချေ။
ရှီယုကို သိမ်းဆည်းပြီး ဆေးဥယျာဥ်ကို ထွက်လာခဲ့သည်။
မကြာခင် ဝိညာဥ်ကျောက်တုံးများ လိုလာတော့မည်ဖြစ်ကြောင်း ခံစားနေရသည်။ လက်ဖက်ရွက်ဝယ်ရန်ရှိသလို ဆေဘာတစ်လက်လည်း လိုနေသည်။ လခြမ်းဆေဘာက အက်ရာများရှိနေပြီဖြစ်သောကြောင့် ကြာကြာခံတော့မည် မဟုတ်ပါချေ။
လျှိုရှင်းချန်က သူ့ကို စောင့်နေသည့်အတွက် ကျန်းဟောင် ရပ်သွားပြီး မကောင်းသည့် ခံစားချက်ပါ တပါတည်း ရလိုက်သည်။
"ဂျူနီယာညီလေး မတွေ့ရတာတောင်ကြာပြီ အဆင်ပြေတယ်မဟုတ်လား မင်း အကျိုးဆောင်ခဲ့တာကို ကြားပါတယ်လေ"
"ဘာမှမဟုတ်ပါဘူး ကျနော့်တာဝန်ပဲလေ "
လျှိုရှင်းချန်က လမ်းလျှောက်ကြရန် အချက်ပြလိုက်သည်။ သူတို့က ဆေးဥယျာဥ်ကို အတူတူတကွ လျှောက်လာကြသည်။
"မုချီ ဒဏ်ရာရသွားတယ် "