← Chapters

မိုင်းတွင်းထဲက အခြားသူလျှိုများ

Vol. 4 Ch. 49

မိုင်းတွင်းထဲက အခြားသူလျှိုများ

Vol. 4 Ch. 49

"စီနီယာအစ်ကိုမု ဒဏ်ရာရသွားတာလား ဘယ်လိုများတုန်း" ကျန်းဟောင် အံ့အားသင့်သွား၏။

မုချီ၏ ကျင့်ကြံခြင်းက တပည့်အများစုထက် သန်မာသည်။ တစုံတယောက်က သူ့ကို ချောင်းတိုက်ခဲ့ခြင်းဖြစ်ရပေမည်။

"သူ မိုင်းတွင်းမှာ ကူညီတုန်းဖြစ်တာပဲ ဂျူနီယာညီလေး ကောင်းကင်ရှင်းလင်းဂိုဏ်းနဲ့ မိုးပြာတောင်တန်းကြားက စစ်ပွဲအကြောင်းကြားပြီးရောပေါ့"

"ဟုတ်ကဲ့ ကျနော်တို့ဂိုဏ်းက အသာစီးရနေတယ်လို့ ကြားပါတယ်"

"ဟုတ်တယ် အကြီးအကဲပိုင်ကျီကိုယ်တိုင် ဝင်ပါခဲ့တာလေ အခြားသူတွေလည်း ဒီတိုင်းမနေကြပါဘူး ကမ်းပါးသခင်၊ ကောင်းကင်ရွှင်ပျော်စံအိမ်သခင်၊ မိုးကြိုးမီးတောင်ထွတ်သခင်၊ ရေခဲလတောင်ကြားသခင်တို့လည်း ပါဝင်ခဲ့ကြတယ် နောက်ပြီး မိုးပြာတောင်တန်းမှာ အတွင်းပိုင်းတည်ငြိမ်မှုလည်း ရှိမနေတော့ လောလောဆယ် ငါတို့ နိုင်နေတုန်းပဲ"

"ဒါပေမဲ့ သူတို့ တာအိုတွေ့ဆုံပွဲ အဆုံးသတ်လိုက်ပြီ" လျှိုရှင်းချန် ပြောသည်။ "တွေ့ဆုံပွဲက ကျွမ်းကျင်သူအများစုက မိုးပြာတောင်တန်းကို လက်ကမ်းကူညီဖို့ ဆန္ဒရှိနေကြတယ် ပြီးခဲ့တဲ့လက မိုးပြာတောင်တန်းရဲ့ ဂိုဏ်းချုပ်ကို အကြီးအကဲပိုင်ကျီက ဒဏ်ရာအပြင်းအထန်ရအောင် လုပ်လိုက်တယ် အခု ငါတို့ အသာရနေပြီ"

"ဖမ်းမိတဲ့သုံ့ပန်းတွေကတော့ ဥပဒေမဲ့မျှော်စင် ဒါမှမဟုတ် မိုင်းတွင်းမှာ စေခိုင်းခံရတယ် "

"ဖမ်းမိသူတွေက မိုးပြာတောင်တန်းတင်မကပဲ အခြားဂိုဏ်းသားတွေလည်း ပါနေတယ်ပေါ့ " ကျန်းဟောင် မေးသည်။

လျှိုရှင်းချန် ခေါင်းညိတ်သည်။" ဟုတ်တယ် ဖမ်းခံထားရသူတွေကို လွှတ်ပေးဖို့ ကြိုးစားကြသူတွေရှိတယ် ဒါကြောင့် မုချီ ဒဏ်ရာရသွားတာပဲ သူတို့ကို အချိန်မီဖမ်းဆီးပြီး ဥပဒေမဲ့မျှော်စင်ထဲ ပို့ဆောင်လိုက်ပြီ"

ကျန်းဟောင် ပဟေဠိဖြစ်လျက် ခေါင်းညိတ်သည်။ လျှိုရှင်းချန်က ဤသတင်းကို ပြောပြရုံသက်သက် ရောက်လာခြင်းမဟုတ်နိုင်ပေ။

သူတို့ခြင်း ရန်ငြိုးရန်စမရှိသော်လည်း အရေးမကြီးပါက လျှိုရှင်းချန်က သူ့ကို တကူးတက လာပြောမည်မဟုတ်ပါချေ။

မကြာခင် လျှိုရှင်းချန်က သူ လာရောက်ရသည့် အကြောင်းရင်းမှန်ကို ထုတ်ဖော်ပြတော့သည်။ "မုချီ ဒဏ်ရာရသွားတော့ မကူညီနိုင်တော့ဘူး သူ့နေရာအစားထိုးဖို့ အသည်းကွဲကမ်းပါးက လူလိုနေတယ် မင်းက ဒီတာဝန်နဲ့ သင့်တော်မယ်ထင်လို့ လာပြောရတာပဲ"

ကျန်းဟောင် ခေါင်းငုံ့၍ တိတ်နေသည်။ သူ့တွင် ဆေးဥယျာဥ်ကလွဲပြီး အရေးပေါ် လုပ်ဆောင်စရာမရှိပါချေ။ မုချီနေရာတွင် အစားဝင်ရန် ပြဿနာမရှိပေ။ တခုခုဖြစ်လာပါက ဥယျာဥ်ကိုကာကွယ်ရန် သားရဲလည်း ရှိသည်။

"ကောင်းပါပြီ စီနီယာအစ်ကို " ကျန်းဟောင် ခေါင်းညိတ်သည်။ သူလည်း မကြာခင် အဆင့်တက်တော့မည်ဖြစ်ရာ စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားနိုင်လေသည်။

"ဂျူနီယာညီလေး မင်းသတ်လိုက်တဲ့ သူလျှိုကိုမှတ်မိသေးလား" လျှိုရှင်းချန်က ကျင်ကျိုးဟန်အကြောင်း ပြောလာသည်။

"ဒါပေါ့ ဘယ်မေ့နိုင်ပါ့မလဲ "ကျန်းဟောင် ခေါင်းညိတ်သည်။ ထိုမတော်တဆမှုဖြစ်ပြီးနောက် သူ့ကို မည်သူမှ လာမရှာခဲ့ပေ။

သူ ဘယ်လိုလုပ်လိုက်သလဲပင် မမေးကြပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်တွင်ရှိသူက ရွှေအမြုတေအဆင့်တွင်ရှိသူအား သေစေသည်မှာ စိတ်ဝင်စားဖို့ကောင်းမှာ သေချာသည်။ သို့သော် မည်သူမှ ချဥ်းကပ်မလာကြပါချေ။

"ဒီကိစ္စက မပြီးသေးဘူး" လျှိုရှင်းချန် ပြောသည်။ "ကျင်ကျိုးဟန်က နေဝင်ဆည်းဆာဂိုဏ်းကပဲ ယွင်ရိုအတွက် လက်စားချေဖို့ ရောက်လာတာပဲ ရွှေအမြုတေအဆင့်ကို ချိုးဖျက်ထားတာကလွဲရင် များများစားစား မသိထားဘူး ယွင်ရိုက ဘယ်လိုများလုပ်ထားလို့ အသက်စတေးပြီး လက်စားချေရတာလဲမပြောနိုင်ဘူး"

"ငါတို့ သူ့ကို မနက်ပိုင်းထိန်းသိမ်းဖို့ လုပ်ခဲ့ပေမဲ့ မင်းကိုရအောင် လာရှာသေးတယ် သူ့လိုမျိုး မင်းကို ပစ်မှတ်ထားနေသူတွေရှိသေးတယ် ငါတို့ ၅ ယောက်ဖမ်းမိထားတယ် လက်ရှိတော့ ဥပဒေခန်းမက သူတို့ကို ထိန်းသိမ်းထားတယ်"

"တခြား သူလျှိုက ဘယ်သူလဲ "ကျန်းဟောင် မေးသည်။

"သရဲအရိပ်ဂိုဏ်းကပဲ သူ့ကို ဥပဒေမဲ့မျှော်စင်ထဲ ပစ်ထည့်ထားပြီးပြီ မကြာခင် မိုင်းတွင်းကို ပို့ခံရလိမ့်မယ် တိုက်တိုက်ဆိုင်ဆိုင် သူ အရင်က မိုင်းအလုပ်သမားအဖြစ် လုပ်ကိုင်ဖူးတာကို တွေ့ရှိထားတယ် မိုင်းတွင်းမှာ သစ္စာဖောက်တွေရှိနိုင်သေးတယ် ညီလေး ဂရုစိုက်ဖို့လိုလိမ့်မယ်"

"ဥပဒေခန်းမက မိုင်းတွင်းတွေမှာ စုံစမ်းဖို့က ခက်ခဲတယ် သူတို့မှာ ကိုယ်ပိုင်စည်းမျဥ်းရှိတော့ စုံစမ်းမှုအပေါ် သက်ရောက်စေနိုင်တယ်"

"သတိပေးတဲ့အတွက် ကျေးဇူးပါ စီနီယာအစ်ကို" ကျန်းဟောင် ကျေးဇူးတင်လိုက်သည်။ "ယွင်ရိုက နေဝင်ဆည်းဆာဂိုဏ်းမှာ လွှမ်းမိုးမှုရှိတယ်လို့ပြောဖူးတာ မှတ်မိပါတယ် သူ့ကို စွဲလမ်းနေတဲ့ အဆင့်အတန်းမြင့်သူ တစုံတဦးရှိနိုင်တယ် အဲ့တာ ကျင်ကျိုးဟန်များလား "

"မဟုတ်ဘူး" လျှိုရှင်းချန်က ခေါင်းယမ်းသည်။

သူ ထပ်မမေးတော့ချေ။ နေဝင်ဆည်းဆာဂိုဏ်းက သူ့အတွက် ခြိမ်းခြောက်မှုဖြစ်နေဆဲပင်။ သရဲအရိပ်ဂိုဏ်းအတွက်မူ သိပ်မစိုးရိမ်လှပေ။ ၎င်းတို့က ကောင်းကင်ဘုံရနံ့တာအိုပန်းကို ပစ်မှတ်ထားခြင်းဖြစ်နိုင်ပြီး သူ့ကို ဦးတည်နေခြင်းဖြစ်ချင်မှဖြစ်မည်။ သေချာတာက နေဝင်ဆည်းဆာဂိုဏ်းက သူ့ကို သေစေချင်နေသည်။

လက်ရှိ သူ စိတ်ပူရမည်က မိုင်းတွင်းဖြစ်သည်။ ထိုနေရာရှိ သစ္စာဖောက်များက သူ့ကို တိုက်ခိုက်လာနိုင်သည်။

သူ့တွင် ပြင်ပရန်သူမက အတွင်းရန်သူလည်း ရှိနေ၏။ သို့သော် လျှိုရှင်းချန်က ကောင်းကင်ရွှင်ပျော်စံအိမ်က အလုပ်များနေသည့်အတွက် လတ်တလောမစိုးရိမ်ရန်တော့ ပြောသွားခဲ့သည်။ သူ့ကို ပစ်မှတ်ထားရန် အချိန်မရှိပါချေ။

သတင်းအရ စိတ်ပူစရာမရှိပေမဲ့လည်း သတိထားတာကောင်းမည်။

လျှိုရှင်းချန် ပြန်သွားပြီးနောက် ကျန်းဟောင် တယောက်တည်း ဆေးဥယျာဥ်ကိုသွားသည်။ အဝင်ဝ၌ မျက်နှာ ဖြူဖပ်ဖြူရော်နဲ့ မုချီအား မြင်လိုက်ရသည်။

All Chapters