အင်မော်တယ်ဂိုဏ်းက သုံ့ပန်းများ
Vol. 4 Ch. 50
မုချီ ပြုံးသည်။ "ဂျူနီယာညီလေးရော အခုတလော ဘယ်လိုလဲ"
"အဆင်ပြေပါတယ်" ကျန်းဟောင် ပြောသည်။ "ဘာလို့ ဒီမှာ စောင့်နေတာလဲ စီနီယာအစ်ကို ဆေးဥယျာဥ်မှာ လိုအပ်တာရှိလို့လား"
"ငါ မင်းကိုစောင့်နေတာ" မုချီ ပြောသည်။ "မင်းရဲ့အကူအညီကို လိုတယ်ဆိုပါတော့"
ကျန်းဟောင်က မသိသလိုပြုနေလေသည်။
"ငါ့ရဲ့ တာဝန်က မိုင်းတွင်းမှာဖြစ်ပေမဲ့ မသွားနိုင်တော့ဘူး ဒါကြောင့် ဂျူနီယာညီလေး ငါ့အစား သွားပေးနိုင်မလား ဆေးဥယျာဥ်အတွက်တော့ မပူပါနဲ့ ငါ မကြာမကြာလာပြီး စစ်ဆေးပေးပါမယ်"
ကျန်းဟောင် ခေါင်းညိတ်သဘောတူလိုက်၏။ သူ့အနေနဲ့ ငြင်းဆန်နိုင်စွမ်းမရှိပါချေ။ သို့သော် မုချီ မိုင်းတွင်းကနေ ထွက်သွားချင်သည်မှာ တကယ်ပဲ အန္တရာယ်များသောကြောင့်လား သို့တည်းမဟုတ် အခြားအကြောင်းရင်းများရှိနေသေးသည်လားဟု သိချင်နေမိသည်။
ကျန်းဟောင်လည်း မုချီအပေါ် တခါမှမသုံးဖူးသေးသည့် အကဲဖြတ်စွမ်းရည်ကို အသုံးပြုလိုက်သည်။
[မုချီ၊ ကောင်းကင်ရှင်းလင်းဂိုဏ်း အသည်းကွဲကမ်းပါးတပည့်၊ ရွှေအမြုတေအဆင့် နှောင်းပိုင်း၊ တချိန်က ကောင်းကင်သူတော်စင်ဂိုဏ်းမှ သူတော်စင်မ မြောင်တင်းလျန်နှင့် ပတ်သတ်ခဲ့ဖူးသည်၊ မိုင်းတွင်းမှ ရှေးဟောင်းအမွေအနှစ်ကိုရခဲ့ပြီး အန္တရာယ်ကင်းစေရန် ကိုယ့်ကိုကိုယ် ဒဏ်ရာရစေပြီး အသည်းကွဲကမ်းပါးကိုပြန်ကာ ရတနာစုပ်ယူမည်]
အနည်းဆုံးတော့ သူ့ကို ထောင်ချောက်ဆင်ခြင်းမဟုတ်၍ စိတ်သက်သာရသွားသည်။ မဟုတ်ပါက မိုင်းတွင်းက သူ့အတွက် ထောင်ချောက်ဖြစ်နေပေမည်။
"ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ လက်သည်းတွေက နေရာအနှံ့မှာပါပဲလား မုချီကရော နောက်ဆုံးမှာ သစ္စာဖောက်ဖြစ်သွားလေမလား ဒါဆို သူ ငါ့ကို အရင်ဆုံးပစ်မှတ်ထားလာနိုင်တယ် "
ကျန်းဟောင် မေးလိုက်သည်။" ကျနော် ဘယ်တော့သွားရမလဲ"
"ဒီနေ့ နေ့လယ်ပဲ" ကျန်းဟောင် မငြင်းသည့်အတွက် မုချီ စိတ်အေးသွားပုံပေါ်သည်။ "ကျေးဇူးတင်ပါတယ် ငါ့ ဆုလာဘ်ထဲက ဝေစုတခုကို ပေးမှာပါ"
ကျန်းဟောင်လည်း မိုင်းတွင်းကို တိုက်ရိုက်ထွက်ခဲ့သည်။ ဆေးဥယျာဥ်အတွက်မူ မုချီက သူ ဂရုစိုက်ပေးမည်ဟု ကတိပေးခဲ့သည်။
သူ၏ သားရဲအား မိုင်းတွင်းကိုခေါ်သွားရန် မသင့်သောကြောင့် ထားရစ်ခဲ့ရသည်။ ကောင်းကင်ဘုံရနံ့တာအိုပန်းကို ရေလောင်းရန် ညွှန်ကြားချက်ပေးခဲ့သည်။
မိုင်းတွင်းများက ကောင်းကင်ရှင်းလင်းဂိုဏ်း၏ တဖက်တွင်ရှိသည်။ ဥပဒေခန်းမမှ ပစ္စည်းကိရိယာများရယူပြီးနောက် မိုင်းတွင်းကိုလာခဲ့သည်။
မိုင်းတူးသမားအများစုက အသက်သွေးသန့်စင်ခြင်းအဆင့်ဖြစ်ကြသည်။ ထို့ထက် နိမ့်ပါးသူများကိုမူ လုပ်အားနည်း၍ မိုင်းတွင်းထဲ ဝင်ခွင့်မပြုပေ။ အပြင်ကနေကြည့်သောအခါ ခြောက်ကပ်မှုကလွဲပြီး မမြင်ရပေ။
နက်ရှိုင်းသည့် ဂူပေါက်များရှိသည့် တောင်တခုအား တွေ့မြင်လိုက်ရသည်။ အဝင်ဝတွင် အစောင့်များရှိနေကြသည်။
ဤနေရာက ဂိုဏ်း၏ အစွန်အဖျားတွင်ရှိသောကြောင့် တခုခုဖြစ်ပါက ဂိုဏ်းက လာကူပေးနိုင်မည်မဟုတ်ပါချေ။
မိုင်းတွင်းနားတွင် မျှော်စင်များနှင့် ဆိုင်များကိုလည်း တွေ့ရသည်။
"အနည်းဆုံးတော့ သူ့ဟာသူတော့ ရှိပါတယ်လေ" ကျန်းဟောင်က ကြီးကြပ်ရေးမှူး အဆောက်အဦကို သွားလိုက်သည်။
အခန်းထဲ ဝင်လိုက်သောအခါ စားပွဲနောက်တွင် ထိုင်နေသည့် သက်လတ်ပိုင်းလူတဦးအား တွေ့ရသည်။
"ကျန်းဟောင် ၊ အသည်းကွဲကမ်းပါးရဲ့ အတွင်းစည်းတပည့်၊ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်၊ ဒီကို မုချီရဲ့ တာဝန်ကို လွှဲပြောင်းယူမလို့ ဟုတ်တယ်နော်"
"ဟုတ်ပါတယ်" ကျန်းဟောင် ခေါင်းညိတ်သည်။
ကြီးကြပ်ရေးမှူးက လျှိုရှင်းချန်နှင့် မုချီတို့ထက် အားကောင်းမည့်ပုံပေါ်သည်။ သူကလည်း ကျန်းဟောင်ကို အကဲခတ်နေ၏။
"အင်း မင်းရဲ့ ကျင့်ကြံဆင့်က သိပ်မမြင့်ဘူးပဲ" ဝူယွမ်ဝူက ပြောသည်။ "မင်း ဝေလိုင်ရဲ့ လက်အောက်မှာ အလုပ်လုပ်ရမယ် "
သူက ခေါင်းပြောင်လူတဦးကို ညွှန်ပြသည်။
ဝေလိုင်က သူ့ကို အဆောက်အဦအပြင်ကို ခေါ်သွား၏။ သူက သိပ်ပြီး မယဥ်ကျေးလှချေ။
"မင်း ငါ့လက်အောက်ရောက်လာပြီဆိုမှတော့ ငါ့စကားနားထောင်ရလိမ့်မယ် အတွင်းစည်းတပည့် ဘာညာဂရုမစိုက်ဘူး ငါ အရှေ့သွားခိုင်းရင် အရှေ့သွားရမယ် အနောက်သွားခိုင်းရင် အနောက်သွားရမယ် ကြားလား"
ကျန်းဟောင် ခေါင်းညိတ်သည်။
ဝေလိုင်က ခေါင်းပြောင်နေသည့်အပြင် မျက်နှာတွင် အမာရွတ်လည်း ရှိသောကြောင့် ကြောက်စရာကောင်းလှသည်။ သူက ရွှေအမြုတေအဆင့် အစောပိုင်းတွင်ဖြစ်သည်။
"နောက်ပြီး မင်း စိတ်ထင်တိုင်း ဝင်ထွက်သွားလာလို့မရဘူး ဒီမှာက အန္တရာယ်များတယ် "
မကြာခင် မိုင်းတူးသမားများနဲ့ တွေ့ရသည်။ ၎င်းတို့က ဥပဒေမဲ့မျှော်စင်ကနေ အကျဥ်းသားအဖြစ် ဤနေရာကို ရောက်လာကြသည်။
အမျိုးသားသုံးယောက် အမျိုးသမီးနှစ်ယောက်ဖြစ်သည်။ သူတို့ ပုံစံက စုတ်ပြတ်နေကြသည်။ အဝတ်အစားများမတူသောကြောင့် တူညီသည့် ဂိုဏ်းမှမဟုတ်မှန်း သိသာလေသည်။
သူတို့ငါးဦးက ကျန်းဟောင်တို့ကို အမုန်းတရားများဖြင့် ကြည့်နေကြသည်။
အပြာရောင်ဝတ် အမျိုးသမီးက မြေပေါ် တံတွေးထွေးလိုက်ပြီး "မိစ္ဆာလမ်းစဥ်က ယုတ်ညံ့တဲ့ကောင်တွေ တစ်နေ့ကျရင် ငါတို့ အင်မော်တယ်ဂိုဏ်းက နင်တို့ကို အဆုံးသတ်ပေးလိမ့်မယ်"
ဝေလိုင်က သူမကို ပါးရိုက်ချလိုက်သည်။ နီရဲသည့် လက်ဝါးရာနဲ့အတူ သွေးများက သူမ နှုတ်ခမ်းထောင့်မှ ကျလာသည်။
သူက တခြားဘာမှမပြောပဲ ဆိုသည်။" သွားစို့"
"ဘယ်ကိုခေါ်သွားမလို့လဲ" တယောက်သောအမျိုးသားက မေးသည်။
ဝေလိုင်က ၎င်း၏ ဗိုက်ကိုထိုးပြီး သွေးအန်စေသည်။ "နောက်တခါ မလိုအပ်ပဲစကားပြောရင် လုံးဝအသံမထွက်နိုင်အောင် လုပ်ပေးလိုက်မယ်"
ကျန်းဟောင်လည်း အကျဥ်းသားများကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။ ထို့အပြင် ၎င်းတို့ကိုကယ်ရန် ဂိုဏ်းထဲတွင် ပုန်းနေသူများကိုလည်း စိုးရိမ်မိသည်။