← Chapters

အင်မော်တယ်ဂိုဏ်းသားများ

Vol. 4 Ch. 51

အင်မော်တယ်ဂိုဏ်းသားများ

Vol. 4 Ch. 51

နောက်ရက်များတွင် ကျန်းဟောင်မှာ အကျဥ်းသားများကို စောင့်ကြည့်သည်ဖြစ်စေ မိုင်းတွင်းတဝိုက်အား ကင်းလှည့်သည်ဖြစ်စေ လုပ်ဆောင်သည်။

ဝေလိုင်ကိုလည်း အကဲဖြတ်စွမ်းရည်သုံးခဲ့သည်။ ၎င်းက အနည်းငယ် ကြမ်းတမ်းဟန်ရပေမဲ့လည်း သစ္စာဖောက်တော့ မဟုတ်ပါချေ။

သူသာ ကောင်းကောင်း အလုပ်လုပ်ပါက ဝေလိုင်က သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေမည်မဟုတ်ပါချေ။

ဝေလိုင်က မိုးကြိုးမီးတောင်ထွတ်မှ အစစ်အမှန်တပည့်ဖြစ်သည်။ သူ ဒီလောက်ထိ မောက်မာနေတာ မဆန်းတော့ပါချေ။

ဒါပေမဲ့လည်း ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်နေသမျှ ကျန်းဟောင်နဲ့ သူ့အကြား မည်သည့် ပြဿနာမှရှိမည် မဟုတ်ပါချေ။

ဥပဒေ ခန်းမက တပည့်များကြား ကတောက်ကဆတ်ဖြစ်မှုကို လိုက်အလေးထားနေမည်မဟုတ်ချေ။

ကျန်းဟောင်က မည်သည့် ပြဿနာထဲမှမပါချင်ပဲ သိုသိုသိပ်သိပ်သာ နေချင်လေသည်။

သူ၏ အကြီးမားဆုံးဒုက္ခက ဝိညာဥ်ကျောက်တုံးများ မရှာနိုင်ခြင်းပင်။ မနက်ခင်း ပူဖောင်းများကိုပင် မကောက်နိုင်ရှိ၏။

မိုင်းတွင်းအနက်ပိုင်းထဲ ပူဖောင်းများရှိမည်ဟု ထင်ထားပေမဲ့ လျှိုရှင်းချန်က အန္တရာယ်ရှိနိုင်၍ မဝင်ရန် သတိပေးထားလေသည်။

"ငါ စိတ်ရှည်ရမယ် ဒီမှာ အကြာကြီးမနေရတာလည်း ဖြစ်နိုင်တာပဲလေ"

အခြားလူများ ရောက်လာပါက သူ အိမ်ပြန်နိုင်ပေမည်။ မိုးပြာတောင်တန်းနဲ့ ဖြစ်နေသည့် ကိစ္စ မြန်မြန်ပြီးသွားပါရန် မျှော်လင့်နေမိသည်။ ထိုကိစ္စကြောင့်ပဲ ဂိုဏ်းတွင် လူနည်းနေခြင်းဖြစ်သည်။

ပူဖောင်းများအတွက်မူ အခြားနည်းလမ်းတခုရှာရန်လိုသည်။ "ငါ အချိန်ယူပြီး သူတို့ကို လေ့လာနေတာ အန္တရာယ်ရှိသူ မရှိခွဲခြားပြီးရင်တောင် ဝင်နိုင်ကောင်းပါရဲ့လေ"

ဝေလိုင်က သူ့ဆီရောက်လာပြီး စာအုပ်သေးတခု ပစ်ပေးသည်။

"ဘာများလဲ စီနီယာအစ်ကို"

"အဲ့စာအုပ်ထဲမယ် ဥပဒေမဲ့မျှော်စင်က လာမဲ့လူတွေရဲ့ နာမည်ပါတယ် နောက်ကျရင် မင်းက အဲ့လူတွေကို စောင့်ကြပ်ရမှာ ဒါပေမဲ့ ငါ့အမိန့်အောက်မှာ ရှိနေတုန်းဆိုတာကိုတော့ မမေ့နဲ့" ဝေလိုင်က ခပ်မာမာပြောသည်။

"သူတို့ကို စောင့်ကြပ်ရုံတင်မဟုတ်ဘူး ပြဿနာမရှိပဲ မိုင်းတွင်းထဲ ခေါ်သွားဖို့လည်းလိုတယ် ငါတို့သာ လူအင်အားပြတ်လပ်သွားရင် အဲ့တာ မင်းအပြစ်ပဲ"

ဝေလိုင် ပြောပြီး လှည့်ထွက်သွားရာ ကျန်းဟောင်မှာ စိတ်ရှုပ်ထွေးလျက် ကျန်ခဲ့သည်။ ဒါက ဝေလိုင်ရဲ့ တာဝန်မဟုတ်ဘူးလား။ ဘာလို့ သူ့ကို မိုင်းတွင်းထဲသွားရတဲ့တာဝန်ပေးတာလဲ။

မသင်္ကာစရာကောင်း၍ ကျန်းဟောင်လည်း အကဲဖြတ်စွမ်းရည်ကို ထပ်မံအသုံးပြုလိုက်သည်။

[ဝေလိုင်၊ ရွှေအမြုတေအဆင့် အစောပိုင်း၊ မိုးကြိုးမီးတောင်ထွတ်မှ တပည့်၊ ပတ်ဝန်းကျင်အား ကင်းလှည့်ရန် ခေါ်ခြင်းခံရသည်၊ ရေခဲလတောင်ကြားက လူတချို့နဲ့ မတည့်ဖြစ်ပြီး ၎င်းတို့အား သင်ခန်းစာပေးချင်နေသည်]

ရေခဲလတောင်ကြား

တစုံတယောက်က သူ့ကို ဤအလုပ်စီစဥ်ပေးကြောင်း နားလည်လိုက်သည်။ အစက သူ့ကို ကောင်းကင်ရွှင်ပျော်စံအိမ်က ထပ်ရှုပ်နေပြီဟု ထင်ခဲ့သည်။ အခု ကြည့်ရတာ ကောင်းကင်ဘုံရနံ့တာအိုပန်းကြောင့် နောက်ထပ်သူလျှိုတယောက်က ပစ်မှတ်ထားလာခြင်းလား ထင်နေမိသည်။

ကျန်းဟောင်လည်း ဥပဒေမဲ့မျှော်စင်မှ လူသွားခေါ်ရသည်။ ဝေလိုင်ထွက်သွားတာကြောင့် သူတို့အဖွဲ့တွင် လေးယောက်သာ ကျန်တော့သည်။

ကျန်လူများက အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းတွင်ရှိသည်။ တဦးက ရေခဲလတောင်ကြားမှဖြစ်ပြီး သူမက စကားများများမပြောပေမဲ့ တာဝန်တော့ကျေသည်။

ကျန်နှစ်ဦးမှာ တိမ်မြူခိုးတောင်မှဖြစ်သည်။ ပိန်ပိန်နဲ့က ကျင်းလင်ဖြစ်ပြီး ကျန်ဗလတောင့်တောင့်နဲ့က မိုတုဟုခေါ်သည်။

ထိုနှစ်ဦးက လမ်းတွင် ဟာသများပြောဆိုရယ်မောလာခဲ့သော်လည်း ဝမ်ထန်း သူတို့ကို မယုံပေ။ ၎င်းတို့က ကြင်နာတတ်ဟန်ရပေမဲ့ သူ့နောက်ကျောကို အချိန်မရွေး ဓားနဲ့ ထိုးနိုင်သည်။

ကျန်းဟောင် အားလုံးကို အကဲဖြတ်ခဲ့သည်။ ကျင်းလင်က အားလုံးထဲတွင် အထူးခြားဆုံးဖြစ်သည်။ သူက လေမိုးကြိုးဂိုဏ်းကို စွန့်ခွာပြီး ကောင်းကင်ရှင်းလင်းဂိုဏ်းကို ဝင်လာခြင်းဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် မကြာသေးမီက လေမိုးကြိုးဂိုဏ်းမှ အကျဥ်းသားများ ဖမ်းမိထားသည်။

ကျန်းဟောင် အနည်းငယ် စိုးရိမ်သွား၏။ ဖမ်းထားသူများထဲ ကျင်းလင်၏ သိကျွမ်းသူများပါပါက တုံးအသည့် အရာမျိုး သူလုပ်တန်လောက်သည်။

အတန်ကြာသော် ဥပဒေမဲ့မျှော်စင်၏ လက်ခံနေသည့် နေရာကို ရောက်သွားကြသည်။ သေချာစီထားသည့် အကျဥ်းသားလေးဦးကို တွေ့သည်။

ကျန်းဟောင်မှာ ထိုလေးဦးကိုမြင်သည်နှင့် မကောင်းသည့် ခံစားချက်များရလာသည်။ သို့သော် သူ ဘာမှမပြောပဲ အကဲခတ်ကြည့်နေသည်။

အကျဥ်းသားများ၏ အော်ရာက မမှန်ပေ။ ၎င်းက အသက်သွေးသန့်စင်ခြင်းအဆင့် အစောပိုင်းအဖြစ် ပြထားသော်လည်း ရွှေအမြုတေအဆင့် အော်ရာမျိုးရှိနေကြသည်။

"ဥပဒေမဲ့မျှော်စင်က အလုပ်မလုပ်တာလား ဒါမှမဟုတ် သူတို့မှာ ကျင့်ကြံခြင်းကို ထိန်းသိမ်းထားနိုင်တဲ့ မှော်ရတနာရှိနေတာလား "

အကဲဖြတ်စွမ်းရည်အား အခု မသုံးနိုင်သေးသောကြောင့် ၎င်းတို့၏ အော်ရာကိုသာခံစားနိုင်၍ သေချာမဆုံးဖြတ်နိုင်ပါသေးချေ။

ကျန်းဟောင်က စာအုပ်လေးကိုဖွင့်သည်။" နာမည်နဲ့ ဂိုဏ်းကိုပြောပါ "

အားလုံးတိတ်ဆိတ်နေကြသည်။

"အတူပူးပေါင်းပေးဖို့ ပြောချင်တယ် မင်းတို့သေသွားလို့ မင်းတို့ဂိုဏ်းက တစုံတယောက် မှတ်တမ်းလာယူရင်တောင် နာမည်မရှိရင် သေရကျိုးနပ်မှာမဟုတ်ဘူး"

"လေမိုးကြိုးဂိုဏ်း၊ ကျင်းရု" မိန်းမငယ်တဦးက ပြောသည်။

ကျန်းဟောင် ရေးမှတ်လိုက်၏။ ဂိုဏ်းနှင့် မျိုးရိုးတူနေသောကြောင့် သူမက ကျင်းလင်နဲ့ ဆွေမျိုးတော်စပ်သလား တွေးမိသည်။

သူ့အဖွဲ့က သုံးယောက်ကို ကြည့်လိုက်သည်။ "အခုကစပြီး တစုံတယောက်က သူတို့ကို ကြီးကြပ်ပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် လုပ်ဆောင်ပေးရလိမ့်မယ် ဒီတကြိမ် ဘယ်သူဦးဆောင်မလဲ "

လူတိုင်း တိတ်နေကြသည်။ ကျန်းဟောင်က ကျင်းလင် တွန့်ဆုတ်နေသည်ကိုမြင်သောအခါ ပြောသည်။ "ကျင်းလင် မင်းလုပ်ချင်လား"

ကျန်းဟောင် အနေနဲ့ ပြဿနာမရှိရန် မျှော်လင့်မိသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးဦးတောင်ရှိနေရာ သူတို့ ပူးပေါင်းတိုက်ခိုက်လာပါက ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

သူ၏ ကျင့်ကြံခြင်းကို အမြန်မြှင့်တင်ရန် လိုနေပြီဖြစ်ကြောင်း ခံစားမိသည်။

All Chapters