← Chapters

လှည့်စားခြင်း

Vol. 4 Ch. 52

လှည့်စားခြင်း

Vol. 4 Ch. 52

"ကျန်တဲ့လူတွေ" ကျန်းဟောင်က စာအုပ်ကိုဖွင့်ပြီး ၎င်းတို့၏ နာမည်အား ရေးမှတ်သည်။

"နေဝင်ဆည်းဆာဂိုဏ်း၊ ပေ့ရွှယ်" ကျန်အမျိုးသမီးက အေးစက်စက်ပြောသည်။

"နေဝင်ဆည်းဆာဂိုဏ်း" ကျန်းဟောင်က ခံစားချက်များကို မဖော်ပြပဲ ရေးမှတ်သည်။ ထို့နောက် လုမန်ကိုကြည့်သည်။ "ဂျူနီယာညီမလု သူ့ကို စောင့်ကြည့်ရမယ်"

လုမန် ခေါင်းညိတ်သည်။

"ကောင်းကင်နက်ဂိုဏ်း၊ စစ်ထူကျန်း "လူငယ်က ခပ်ပြုံးပြုံးပြောသည်။

"ကောင်းကင်နက်ဂိုဏ်း၊ ရှန့်ကွမ်းဝမ် " စစ်ထူကျန်းဘေးမှ လူငယ်က ပြောသည်။

ကျန်းဟောင်က မိုတုကိုကြည့်ပြီး "ရှန့်ကွမ်းဝမ်ကို မင်းတာဝန်ယူပါ စစ်ထူကျန်းကို ငါ့တာဝန်ထား"

အဖွဲ့ထဲတွင် ရှန့်ကွမ်းဝမ်နှင့် စစ်ထူကျန်းက အန္တရာယ်အများဆုံးဖြစ်ကြောင်း ခံစားရသည်။

မိုတု ခေါင်းညိတ်သည်။ ကျန်းဟောင်က သူ့နားကပ်ပြီး တိုးတိုးပြောသည်။ "သတိထားပါ သူ့ကို မျက်ခြေမပြတ်စေနဲ့"

ကျန်းဟောင် မလိုအပ်ပဲ အကဲပိုနေသည်ဟု မိုတုခံစားရသော်လည်း ခေါင်းညိတ်လိုက်ဆဲပင်။

လမ်းတစ်ဝက်တွင် ကျင်းရုက ရုတ်တရက် လဲကျပြီး မြေပြင်အား လက်ဖြင့်ဖိထားသည်။

ကျင်းလင်က သူမကိုဆွဲထူရန် ပြင်ပေမဲ့ ကျန်းဟောင် တားလိုက်သည်။ ကျန်းဟောင်က လခြမ်းဆေဘာကိုထုတ်ပြီး ကျန်းရု၏ လက်ကိုဖိထားလိုက်သည်။

"မင်း လက်ကိုဖြတ်ပစ်ရမလား ဒါမှမဟုတ် တခုခုလုပ်ဖို့ ကြိုးစားနေတာကို ရပ်မလား "

လေထုက မတည်မငြိမ်ဖြစ်သွားသည်။ ကျန်းဟောင်က သတိမပြတ်ကြည့်နေ၏။ သူမ၏ အော်ရာတွင် ပြောင်းလဲခြင်းမရှိပါချေ။

ကျင်းရုက ကျန်းဟောင်ကိုစိုက်ကြည့်ပြီး အဆောင်နှစ်ခုကို ပေးလာသည်။ ကျန်းဟောင်စစ်ဆေးကြည့်ရာ သာမန်အဆောင်များမဟုတ်ကြောင်း သတိပြုမိသည်။

အဆောင်နှစ်ခုလုံးက အဆင့်မြင့်များဖြစ်ကြသည်။ တခုက တောင်ရွှေ့ပြောင်းအဆောင်ဖြစ်ပြီး ကျန်တခုမှာ ကောင်းကင်ကိုးပါးမိုးကြိုးအဆောင်ဖြစ်သည်။

"မင်းက တကယ်ပဲ ပြဿနာရှာဖို့ ကြိုးစားနေတာပဲ သူမကိုရှာစမ်း"

ကျင်းရုက နောက်ဆုတ်လိုက်သည်။ "လုပ်ရဲလား"

"ခုခံရင် ချက်ချင်း အသတ်ခံရမယ်" ကျန်းဟောင် ပြောသည်။

အခြားသူများအား အန္တရာယ်အကြောင်း သတိပေးရန် သူ ကြိုးစားနေခြင်းဖြစ်သည်။ ဒီအဆောင်များနဲ့ဆို သူ၏ အဖွဲ့သားများအား ရှင်းပြရန် အကြောင်းပြချက်ရသွားလေပြီ။

"စိတ်အေးအေးထားပါ " စစ်ထူကျန်းက ဆိုသည်။ "ငါတို့ ပူးပေါင်းပေးပါမယ်"

ရှန့်ကွမ်းဝမ်နဲ့ ပေ့ရွှယ်က အညံ့ခံသည့်အလား လက်မြှောက်လိုက်ကြသည်။

ကျင်းရု အံ့ကြိတ်လိုက်သော်လည်း တိတ်ဆိတ်နေ၏။ ကျန်းဟောင်က မိန်းမယောကျာ်းဘာညာ ဂရုမစိုက်ပေ။ သူသာ အခွင့်အရေးပေးခဲ့လျှင် ၎င်းတို့က ထိုအရာကို အသုံးချပြီး သူ့ကို ဆန့်ကျင်လာပေမည်။

ခဏလေးအတွင်း သုံးယောက်သား အကျဥ်းသားများကို ရှာဖွေပြီးသွားသည်။ ကျန်းဟောင်က ၎င်းတို့ကိုကြည့်ပြီး "ထပ်ရှာဦး"

ကျင်းရုက ဒေါသဖြစ်နေသည်။ ပေ့ရွှယ်က မထူးခြားနားစွာရှိ၏။ တဖက်တွင် စစ်ထူကျန်းနှင့် ရှန်ကွမ်းဝမ်က သက်သောင့်သက်သာဖြစ်နေကြသည်။

ဒုတိယအကြိမ် ရှာပြီးတော့မှ မိုင်းတွင်းကို ပြန်ခေါ်သွားသည်။ ကျန်းဟောင်က အလုပ်နဲ့ပတ်သတ်ပြီး စစ်ထူကျန်းအား အတိုချုပ် ရှင်းပြသည်။

"ရောင်းရင်းက ဂိုဏ်းမှာ သာမန်တပည့်တော့မဖြစ်နိုင်ဘူး အတော်လေးထူးခြားတယ်" စစ်ထူကျန်းက ပြောသည်။

"ရောင်းရင်းကရော မိုင်းတွင်းမှာ အတင်းအကြပ်ခံရတာ စိတ်မရှိသလိုပဲ" ကျန်းဟောင် ပြော၏။

စစ်ထူကျန်းက ရယ်လျက် "ကောင်းကင်နက်ဂိုဏ်းမှာ ကျုပ်က အဆင့်အတန်းတခုရှိတယ် မကြာခင် ကျုပ်ကို ပြန်လာခေါ်လိမ့်မယ်"

"အဲ့အချိန်မတိုင်ခင်အထိတော့ ကောင်းကောင်းအလုပ်လုပ်ဖို့ မျှော်လင့်ပါတယ် "

ကျန်းဟောင်မှာ ပတ်ဝန်းကျင်အား လေ့လာနေ၏။ မိုင်းတွင်း အပြင်ဖက်တွင် လူအများကြီးမရှိပေ။ အများစုက အတွင်းတွင်ဖြစ်သည်။

ဤနေရာ၏ တည်ဆောက်ပုံနဲ့ပတ်သတ်ပြီး အကြမ်းဖျင်း သိရှိသွားသည်။ မိုင်းတွင်းက ဝင်္ကပါလိုဖြစ်သည်။ သတိမမူပါက လမ်းပျောက်ပြီး သေသွားနိုင်သည်။ အရိပ်ထဲကနေ ရုတ်တရက် တိုက်ခိုက်လာမည်အား ကျန်းဟောင် စိုးရိမ်မိလေသည်။

မိုင်းတွင်းထဲဝင်ပြီး သိပ်မကြာခင် ခရမ်းရောင်ပူဖောင်းတခုကို တွေ့လိုက်ရသည်။

၎င်းက သူ့ဆီပျံသန်းလာသောအခါ အချက်ပေးသံပေါ်လာသည်။

နတ်စွမ်းရည်အပိုင်းအစ +၁

ထင်သည့်အတိုင်း မိုင်းတွင်းထဲတွင် အကျိုးအမြတ်များရှိလေသည်။ အတွင်းအကျဆုံးလမ်းအတိုင်း လျှောက်လာသောအခါ ပိုမိုများပြားသည့် အဖြူနဲ့ အစိမ်းပူဖောင်းများအား တွေ့လေသည်။

သာမန်ဝိညာဥ်လှံ +၁

စိတ်ဝိညာဥ် +၁

ခွန်အား +၁

ခံနိုင်ရည် +၁

ပူဖောင်းများကိုစုပ်ယူပြီး သူ့စိတ်က အနည်းငယ် လှုပ်ရှားနေသည်။ အနည်းဆုံး ဤနေရာတွင် အလုပ်လုပ်ပြီး ပူဖောင်းများရနိုင်သည်။ နောက်ရက်တွင် တူညီသည့်နေရာ၌ ပေါ်လာဦးမည်လားကိုတော့ မသိပါချေ။

အရာအားလုံးက လွယ်ကူသည်မဟုတ်ပေ။ အမှောင်ထဲတွင် အန္တရာယ်များရှိသည်။ သူလျှိုများသာမက အကျဥ်းသားများကလည်း ရုတ်တရက် ကြမ်းတမ်းသွားနိုင်လေသည်။

စစ်ထူကျန်းတို့ ရောက်လာခြင်းက သူ၏ သံသယကို မြင့်မားစေသည်။ နောက်ပြီး ၎င်းတို့မှာ နောက်ဆုံးစောင့်ကြပ်ရမည့် အကျဥ်းသားများပင် မဟုတ်ပါချေ။

သူ့အနေနဲ့ အကြောင်းကြားရပေမည်။

ဝေလိုင်က စားပွဲကို လက်ဝါးဖြင့်ရိုက်ပြီး ခုန်ထလိုက်သည်။ "သူတို့ ဒီလိုလှည့်ကွက်သုံးရဲရင် ပိုပြီးလုပ်လာနိုင်တယ်လို့ မတွေးမိဘူးလား သူတို့ကို တခါတည်း သတ်ပစ်လိုက်ရမှာ ဒီတိုင်းထားရင် ဒုက္ခဖြစ်လိမ့်မယ် မင်းကို ယုံကြည်ထားခဲ့တာ ပထမဆုံးအလုပ်မှာတင် ကျရှုံးနေပြီ ဘယ်လိုကြောင့် ဒီလို အမှားမျိုးကို ကျူးလွန်ရတာလဲ"

ကျန်းဟောင်က တိတ်ဆိတ်နေပြီးမှ ရှင်းပြသည်။

သူက အသည်းကွဲကမ်းပါးမှဖြစ်သည့်အတွက် ဝေလိုင် သူ့ကို အပြစ်မပေးနိုင်ပါချေ။ ဒါကို အမှား ဟုပင် မဆိုနိုင်ချေ။

ထိုအခိုက် သူတို့က ကြီးကြပ်ရေးမှူး ရုံးခန်းထဲရှိနေကြသည်။ ဝူယွမ်ဝူက တိတ်ဆိတ်စွာ နားထောင်နေသည်။

ဝေလိုင်က သူ့ဘယ်ဖက်တွင် ထိုင်နေသည်။ အမျိုးသမီးတဦးက ညာဖက်တွင် ထိုင်နေ၏။ သူမက ရိုးစင်းသည့် ဝတ်စုံများသာဝတ်ထားပြီး ရွှေအမြုတေအဆင့် အလယ်အလတ်တွင်ရှိသည်။

"ဂျူနီယာမောင်လေးဝေ စိတ်အေးအေးထားပါ" အမျိုးသမီးက ဆိုသည်။ "သူမ အဆောင်တွေဝှက်ထားနိုင်တယ်ဆိုတာက ဥပဒေမဲ့မျှော်စင်က သေချာမလုပ်လို့ပဲ သူတို့ အသေအချာစစ်ဆေးရမယ်မဟုတ်ဘူးလား အခုလည်း စစ်ဆေးပြီးပြီပဲ သူတို့ကိုသတ်လိုက်ရင် လုပ်သားအင်အား လျော့သွားလိမ့်မယ် "

"အကယ်၍ မောင်လေး စိတ်မကျေလည်ဖြစ်နေရရင် ဂျူနီယာမောင်လေးကျန်းကို အစ်မလက်အောက်မှာ ထားလိုက်မယ် သူက သိပ်မဆိုးပါဘူး တို့လည်း လူလိုနေတယ်"

ဝေလိုင်က လိုလားစွာ သဘောတူသည်။ ကျန်းဟောင်၏ လုပ်ဆောင်ချက်အား စိတ်တိုင်းမကျတာ သေချာသည်။

ကျန်းဟောင် သက်ပြင်းချသည်။ အနည်းဆုံးတော့ အင်မော်တယ်ဂိုဏ်းတပည့်များနှင့် ရင်ဆိုင်စရာမလိုတော့ပါချေ။

အမျိုးသမီးက ကျန်းဟောင်နဲ့အတူ အဆောက်အဦမှ ထွက်လာပြီး မိတ်ဆက်သည်။

"ဂျူနီယာမောင်လေး တယောက်နဲ့တယောက် ကူညီကြတာပေါ့ အစ်မက ရန်ဟွားပါ"

"ရန်ဟွား" ထိုနာမည်က ကျန်းဟောင်ကို ရှော့ရစေခဲ့သည်။

All Chapters