ကျင့်ကြံဆင့်မြင့်တက်စေမည့် နည်းလမ်း
Vol. 4 Ch. 53
ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ ရန်ဟွား
ကျန်းဟောင် ရုပ်သေးမျိုးစေ့ကို အကဲဖြတ်စဥ်က ထိုနာမည်ကို မြင်ခဲ့ဖူးသည်။ ရန်ဟွားကို ယောကျာ်းကြီးအဖြစ် သူထင်ထားခဲ့သည်။
သူ့တွင် ရွေးချယ်စရာမရှိပဲ စောင့်ရပေမည်။ မနက်ဖြန်ကျမှ အကဲဖြတ်စွမ်းရည်ကို သူမအပေါ် သုံးရမည်။ သူတို့ချင်း မိတ်ဆက်ပြီးနောက် ရန်ဟွားက အလုပ်နဲ့ပတ်သတ်ပြီး ရှင်းပြသည်။ ကျန်းဟောင်က မိုင်းတွင်းထဲဝင်ပြီး အလုပ်သမားများကို ကြီးကြပ်ရပေမည်။
"သိပ်မခက်ပါဘူး ဟုတ်တယ်မလား" ရန်ဟွားက ပြုံးသည်။ "ခက်ခဲတာရှိရင် အမြဲတမ်း ငါ့ကိုပြောလို့ရတယ်"
"ဟုတ်ကဲ့ပါ စီနီယာအစ်မ" ကျန်းဟောင် ဦးညွတ်သည်။ "ကျေးဇူးတင်ပါတယ်"
နောက်ရက်တွင် ကျန်းဟောင် သူမနဲ့ ပြန်ဆုံသောအခါ အကဲဖြတ်စွမ်းရည်ကို သုံးသည်။
[ရန်ဟွား၊ ကောင်းကင်သူတော်စင်ဂိုဏ်းရဲ့ သစ္စာခံတပည့်၊ ရွှေအမြုတေအဆင့် အလယ်အလတ်၊ ရေခဲလတောင်ကြားတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ပြီး ဂိုဏ်းအနှံ့တွင် ရုပ်သေးများထားထားသည်၊ သင့်တွင် ကောင်းကင်ဘုံရနံ့တာအိုပန်းရှိကြောင်းသိသွားပြီးနောက် သင့်ကို ရုပ်သေးအဖြစ် ပြောင်းချင်ခဲ့သည်၊ နောက်ဆုံးအကြိမ်က အခွင့်အရေးလွဲချော်သွားသည်]
ကျန်းဟောင် စိတ်လေးသွား၏။ ရှီယုကို သုံးလျှင်တောင် ရွှေအမြုတေအဆင့် အလယ်အလတ်တွင်ရှိသူအား အနိုင်ယူနိုင်မည်မဟုတ်ချေ။
ဒီလောက်ထိိ သန်မာသူက သူ့ကို ပစ်မှတ်ထားနေမည်ဟု မထင်ထားပေ။ ကောင်းကင်ဘုံရနံ့တာအိုပန်းအကြောင်းကိုပင် သိနေသေး၏။
"အခြားသူတွေရော သိထားမလား" တွေးမိသည်။
"ဂျူနီယာမောင်လေးကျန်း အချိန်ကိုက်ပဲ" ရန်ဟွားက ပြုံးသည်။" ဒီနေ့ တွင်းနံပါတ် ၆ ကို သွားရလိမ့်မယ် အလုပ်မြန်မြန်ပြီးလေ အန္တရာယ်ကင်းလေပဲ"
"အာ ဟုတ်သားပဲ" သူမက တိုးတိုးပြောသည်။ "မနေ့ကလူတွေလည်းရှိတယ် စီနီယာအစ်ကိုဝူက သူတို့ တခုခုကြံနေသလားဆိုတာကို စောင့်ကြည့်ရမယ်တဲ့ သတိထားပါ"
"လေးယောက်လုံးလား" ရန်ဟွားက သူ့ကို ခက်ခဲသည့် အခြေအနေသို့ တွန်းပို့နေသည်ဟု ခံစားနေရသည်။ သူတို့ကို အသုံးချပြီး သူ့ကို အာရုံလွှဲပြီးမှ အလစ်တိုက်ခိုက်မလို့လား။
သူ ခေါင်းညိတ်ပြီး ကျေးဇူးတင်လိုက်သည်။ ထို့နောက် မိုင်းတွင်းဆီ ထွက်ခွာသွားလေသည်။
အလုပ်သမားများကိုတွေ့ရရာ အားလုံးက လူသေဟန်ပေါက်နေလေသည်။ ပိန်ချုံးပြီး အမာရွတ်များ၊ ဒဏ်ရာများ ရှိနေကြသည်။
စစ်ထူကျန်းတို့ကို သူတွေ့သည်။ ၎င်းတို့က လူမခွဲပဲ လေးယောက်အဖွဲ့အဖြစ် လုပ်နေကြသည်။ ကျန်းဟောင်က ဘာမှမပြောပဲ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
အမည် ကျန်းဟောင်
အသက် ၂၁
ကျင့်ကြံခြင်းအဆင့် အစောပိုင်း ရွှေအမြုတေအဆင့်
ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ
နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား
အသက်သွေး ၆၃/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
ကျင့်ကြံရေး ၆၅/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)
နတ်စွမ်းရည် ၂/၃ (မရနိုင်)
"၂၁ " သူ အံ့အားသင့်သွားသည်။ သူ သတိထားမမိခင်မှာပဲ တစ်နှစ်ကုန်သွားပြန်လေပြီ။ ရွှေအမြုတေအဆင့် အစောပိုင်းအဆင့်ကိုလည်းရောက်နေပြီး မကြာခင် အလယ်အလတ်အဆင့်ကို ရောက်နိုင်တော့ပေမည်။
ချိုးဖျက်နိုင်တော့မယ် လအနည်းငယ်ဆို ငါ့ရဲ့ ကျင့်ကြံရေးက ၁၀၀ ဖြစ်သွားလိမ့်မယ် ဒါပေမဲ့ ရန်ဟွား၊ စစ်ထူကျန်းနဲ့ အခြားသူတွေက သူ့ကိုစောင့်နိုင်ပါ့မလား။
သူ့အကြည့်က နတ်စွမ်းရည်ပေါ် ရောက်သွားသည်။ နောက်တခုသာရပါက နတ်စွမ်းရည်အသစ်တခုရပေမည်။
ထိုစွမ်းရည်က အားကောင်းသည့် အရာတခုခုဖြစ်နိုင်သည်။ သူ၏ စွမ်းရည်အသစ်နှင့် ရှီယုနဲ့ဆိုပါက ရန်ဟွားကို ရင်ဆိုင်ရန် အခွင့်အရေးရနိုင်သည်။
အလုပ်သမားများက တွင်းများ တူးဖော်နေကြသည်။ မကြာခဏဆိုသလို ဝိညာဥ်ကျောက်တုံးများရရှိလေသည်။
ကျန်းဟောင်က သတိအပြည့်ထားသည်။ သို့သော် သူ၏ လေ့လာမှုအရ တွင်းနံပါတ် ၆ မှာ ချောင်းတိုက်ရန် မသင့်တော်ပေ။ အခုလို နေရာတွင် ရန်ဟွား တိုက်ခိုက်မည်မဟုတ်ပေ။ ကျန်းဟောင်က သူမ၏ တည်ရှိမှုကို သတိပြုမိသည်။
စစ်ထူကျန်းတို့ကလွဲပြီး ဤနေရာတွင် ကျင့်ကြံဆင့် ဖုံးကွယ်ထားသူမပါပါချေ။
ကျန်းဟောင်က ကြာပွတ်ကိုင်ထားသည့် တပည့်တဦးနား ကပ်သွားလေသည်။
"စီနီယာအစ်ကိုကျန်း ဘာများကူညီပေးရမလဲ. ထိုတပည့်က မေးလာသည်။
".တူရွင်းအပိုရှိလား" ကျန်းဟောင် မေးသည်။
သူ ဒီနေ့ ပူဖောင်းပိုရနိုင်မလား ကြည့်ချင်သည်။ ဆေးဥယျာဥ်ကို မသွားရတာကြောင့် ပူဖောင်းများပိုရလိုပါက မိုင်းတွင်းကိုရှာဖွေရန် လိုလေသည်။
ဤနေရာတွင် ပူဖောင်းများပေါ်လာသည်ကို အံ့သြနေမိသည်။ တူးလိုက်တိုင်း ထွက်လာတာလား ဒါမှမဟုတ် တူညီတဲ့နေရာမှာ နေ့တိုင်းပေါ်လာတာလား။
သူသာ ပူဖောင်းအများကြီးရနိုင်ခဲ့ပါလျှင် အဆင့်မြန်မြန်တက်ရန်မှာ အိပ်မက်မဟုတ်တော့ချေ။
မိုင်းတွင်းက အန္တရာယ်များသလို အခွင့်အလမ်းလည်း များသည်။ မုချီပင် အဖိုးတန်သည့်အရာတခုကို ရခဲ့သည်။
သူ့မှာ အဖိုးတန်ရတနာ၊ အမွေအနှစ်များ မလိုချင်ပါချေ။ ပူဖောင်းများသာ လိုအပ်သည်။
ကျန်းဟောင်က တူရွင်းယူပြီး လျှောက်သွားသည်။
"ဂျူနီယာညီလေး သူတို့ကို မျက်ခြေမပြတ်စေနဲ့" သူ သတိပေးသည်။
လူတိုင်း ကျန်းဟောင်ကိုကြည့်လိုက်ကြသည်။ သူ တူရွင်းယူသွားသည်အား နားမလည်နိုင်ကြပေ။ သူ့တာဝန်က စောင့်ကြပ်ရန်သာမဟုတ်ပါလော။
စစ်ထူကျန်းတို့ပင် ပဟေဠိဖြစ်နေကြသည်။
ကျန်းဟောင်က တဖက်ကိုလျှောက်သွားပြီး နံရံတွင် တစ်ဝက်မျှပေါ်နေသည့် ကျောက်ရိုင်းတုံးထဲ တူရွင်းအား လွှဲလိုက်သည်။
အသက်သွေးသန့်စင်ခြင်းအဆင့်သာရှိသည့် အပြင်စည်းတပည့်များ ရှော့ရသွားကြသည်။ ဘာကြောင့် ဒီစီနီယာက ကိုယ်တိုင်ကိုယ်ကျ ဝင်လုပ်နေသည်အား မသိပါချေ။
ကျန်းဟောင်က သူတို့ကို အာရုံမထားပေ။ အခြေခံတည်ဆောက်ခြင်းအဆင့်စွမ်းအားဖြင့် တူးထုတ်လိုက်သည်။ မကြာခင် ဂူနံရံမှ ကျောက်ရိုင်းတုံးကို တူးထုတ်လိုက်နိုင်သည်။ အဖြူရောင်ပူဖောင်းတခုလည်း ထွက်ကျလာသည်။
ခွန်အား +၁