← Chapters

မိုင်းတူးခြင်း

Vol. 4 Ch. 54

မိုင်းတူးခြင်း

Vol. 4 Ch. 54

ပူဖောင်းများပေါ်လာကြသည်။ အများစုက အဖြူရောင်သာဖြစ်သော်လည်း ဘာမှမရသည်ထက်စာလျှင် တော်ပေသေး၏။

အနည်းဆုံးတော့ မိုင်းတွင်းထဲတွင်လည်း ပူဖောင်းများရနိုင်သည့် သက်သေဖြစ်လေသည်။ သူ ပိုပြီး တက်ကြွလာခဲ့သည်။ ခွန်အားကိုထိန်းချုပ်၍ အတော်ကြာကြာ တူးနေမိသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်အား မတော်တဆ ထုတ်ဖော်မိသွားမည်ကို မလိုလားပေ။ ထို့ကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်၏ အနိမ့်ဆုံးစွမ်းအားကိုသာ အသုံးပြုထားလေသည်။

ဤနည်းအားဖြင့် မည်သူကမှ သူ့ကို သံသယဝင်နိုင်မည် မဟုတ်ပါတော့ချေ။ ကျောက်ရိုင်းများကို တူးထုတ်လေ အဖြူရောင်ပူဖောင်းများရလေပင်။ အစိမ်းရောင်ပူဖောင်းအချို့လည်း ရောနှော၍ ပါလာတတ်လေသည်။

ခွန်အား +၁

စိတ်ဝိညာဥ် +၁

လှံ +၁

ကျန်းဟောင် မရပ်ပဲ ဆက်လက်လုပ်ကိုင်နေသည်။ အရည်အသွေးကောင်းသည့် ကျောက်ရိုင်းများရပါက အပြာရောင်ပူဖောင်းပေါ်လာတတ်လေသည်။

ကျင့်ကြံရေး +၁

သူ သက်ပြင်းချသည်။ ရက်များစွာ ကြိုးစားပြီးပါမှ အဆင့်တက်ရန် မျှော်လင့်ချက်အား တွေ့လာရသည်။

သူ့ရဲ့ ပါရမီသက်သက်နဲ့ဆို အလယ်အလတ် ရွှေအမြုတေအဆင့်ကို တက်ရန်မှာ အတော်ကြာမြင့်နိုင်သည်။ အပြာရောင်ပူဖောင်းများက အကောင်းဆုံးပင်။ လုံလောက်သည့် ပမာဏသာရှိပါက ချက်ချင်းပင် အဆင့်တက်နိုင်လေသည်။

မိုင်းတွင်းထဲ ကျောက်တုံးနှင့် တူရွင်းထိသံများက အဆက်မပြတ် ထွက်နေသည်။ အရည်အသွေးမြင့်သည့် ကျောက်တုံးများပါလျှင်တောင် သူ ဂရုမစိုက်ပေ။ အလုပ်သမားများကို ယူဆောင်သွားစေ၏။

သူ၏ ရည်ရွယ်ချက်မှာ အပြာရောင်ပူဖောင်းဖြစ်သည်။ ပူဖောင်းများပေါ်လာသည့် နှုန်းက မယုံနိုင်ဖွယ်ရာပင်။ သူတူးနိုင်သလောက် ပေါ်လာသည်။ မိုင်းတွင်းထဲတွင် ကျန်းဟောင်ကို ဆွဲဆောင်နိုင်သည့်နည်းလမ်းတခု ပေါ်လာသည်ဟု ဆိုနိုင်သည်။

မိုင်းတူးခြင်းက အမြန်ဆုံးသန်မာလာစေမည့် နည်းလမ်းဖြစ်သည်။ အသက်သွေးနှင့် ကျင့်ကြံရေးအား ၁၀ ခုလောက် စုပ်ယူခဲ့ပြီးဖြစ်လေသည်။

ကျန်းဟောင် တူရွင်းကိုလွှဲလိုက်သောအခါ ဖြောင်းခနဲမြည်သံဖြင့် ကျိုးထွက်သွားလေသည်။ သူ မျက်မှောင်ကြုတ်၏။ ရှီယုကို ထုတ်ယူပြီး ကျောက်ရိုင်းများအား တူးထုတ်လိုက်ချင်သည်။ သို့သော် ၎င်းက အာရုံစိုက်ခံရမည်ဖြစ်သည်။

"စီနီယာအစ်ကိုကျန်း ခဏလောက်နားပါဦးလား" ကြီးကြပ်နေသည့် တပည့်တဦးက ပြောသည်။

ဝူကျင်းက အသက်သွေးသန့်စင်ခြင်းအဆင့်ရှိ အပြင်စည်းတပည့်ဖြစ်သည်။ အခြေခဲံတည်ဆောက်ခြင်းအဆင့်ကို တက်ရောက်ပြီး အတွင်းစည်းတပည့်ဖြစ်ရန်သာလိုတော့သည်။

ကိစ္စပြီးစီးပါက မိုင်းတွင်းမှ ထွက်သွားရန် စီစဥ်ထားလေသည်။ သာမန်အားဖြင့် အတွင်းစည်းတပည့်များက လွတ်လွတ်လပ်လပ်ထွက်ခွာနိုင်ပြီး အခြားအလုပ်များကို လုပ်နိုင်သည်။ သို့သော် ဂိုဏ်း၏ တိုက်ပွဲကြောင့် လူအင်အားနည်းနေသဖြင့် မည်သူမှ ထွက်သွားခွင့်မရဖြစ်နေသည်။

ကျန်းဟောင် ကြည့်လိုက်ရာ လူတိုင်းအနားယူနေကြောင်း မြင်လိုက်ရသည်။ သူ ခေါင်းညိတ်ပြီး ထောင့်ကိုသွားလိုက်သည်။ ဂျူနီယာအား ပိုကောင်းသည့် တူရွင်းတစ်လက်ရနိုင်မည်လားဟု တောင်းဆိုသည်။

"စီနီယာအစ်ကိုက ဆက်တူးဦးမလို့လား" ဝူကျင်းက ပဟေဠိဖြစ်စွာ မေးသည်။

"ဟုတ်တယ် စိတ်မပူပါနဲ့ အားလုံး အန္တရာယ်ကင်းတာ သေချာစေရမယ် "

သူ့အလုပ်က အလုပ်သမားများကို ကြီးကြပ်ပြီး အလုပ်အား ချောချောမောမောဖြစ်စေရန်ပင်။

"ကောင်းကင်ရှင်းလင်းဂိုဏ်းရဲ့ ဘယ်အပိုင်းကလဲ" စစ်ထူကျန်း မေးသည်။

ကျန်းဟောင်က သူ့နားချဥ်းကပ်လာသည့် စစ်ထူကျန်းကို ကြည့်ပြီးပြောသည်။ "နားပြီးရင် အလုပ်ဆက်လုပ်တော့"

၎င်းတို့နှင့် အာလာပသလ္လာပမပြောနိုင်ပေ။ မနက်ဖြန်ထိ စောင့်ပြီးမှ အကဲဖြတ်ရပေမည်။

ထိုလေးယောက်က တကယ့် ပြဿနာဖြစ်သောကြောင့် ရွှေအမြုတေအဆင့် အလယ်အလတ်အား အမြန်ဆုံးတက်ရောက်ထားရန်လိုသည်။

၎င်းတို့ တခုခုလုပ်ဆောင်ရန် အချိန်မည်မျှကျန်သေးသည်ကို မသိပါချေ။ ကျန်းဟောင်၏ စိတ်ထဲ အတွေးများနေသည့်နည်းတူ ကျောက်ရိုင်းများအား ပိုမိုတူးဖော်ချင်သည်။

သူ စိတ်မရှည်မဖြစ်သင့်ပေ။ နတ်ဆိုးအသိုက်မှာတုန်းက သူ၏ စိတ်မရှည်မှုကြောင့် လော့ဖုန်းက သံသယဝင်ခဲ့သည်။

ဒီလိုမျိုးထပ်ဖြစ်ပြီး ရန်ဟွား အာရုံစိုက်သည်ကို မခံလိုပေ။ ဒါကြောင့် သူ စိတ်ရှည်ရပေမည်။

ခဏကြာသော် ဝူကျင်းက သူ့အတွက် တူရွင်းတစ်ချောင်းယူလာပေးသည်။ ၎င်းက သာမန်ပစ္စည်းကိရိယာမဟုတ်ပဲ မှော်ရတနာဖြစ်လေသည်။

"စီနီယာအစ်ကိုကျန်း ဒါကို စီမံဌာနက ယူလာတာ ကျေးဇူးပြုပြီး မချိုးပစ်ပါနဲ့နော် မဟုတ်ရင်..." ဝူကျင်းက မျက်နှာငယ်ဖြင့် ပြောသည်။

ကျန်းဟောင် ခေါင်းညိတ်သည်။ "ကောင်းပြီ ငါ ဂရုစိုက်ပါမယ်"

ဝူကျင်းက သူ့နေရာသူပြန်သွားပြီး သူကလည်း ဆက်လက်တူးဖော်သည်။

ပူဖောင်းများက တခုပြီးတခုထွက်လာပြီး သူ့ကိုယ်နှင့် ပေါင်းစပ်သွားကြသည်။ ကျင့်ကြံရေးနှင့် အသက်သွေးတို့၏ ပြောင်းလဲမှုအား ခံစားမိနေသည်။

ခွန်အား +၁

ခွန်အား +၁

စိတ်ဝိညာဥ်ဓား +၁

ကျင့်ကြံရေး +၁

ကျင့်ကြံရေး +၁

သူ တူးနေသမျှ အပြာရောင်ပူဖောင်းထက် ကောင်းသည့်အရာရနိုင်သည်။ အတွေးနဲ့မြူးနေပေမဲ့ အခြားသူများ သံသယမဝင်စေရန် တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နေသည်။

တူးနှုန်းက မယုံနိုင်အောင်ဖြစ်သည်။ ဤအတွင်းစည်းတပည့်က ပထမဆုံးရက်တွင် ဟန်ရေးပြနေသည်ဟု လူတိုင်း ခံစားနေရသည်။ ယင်းက အဆင့်နိမ့်သူများအပေါ် ကျရောက်ပြီး အကျိုးဆက်များခံစားရစေမည်ဖြစ်သည်။

All Chapters