← Chapters

စစ်ထူကျန်း

Vol. 4 Ch. 55

စစ်ထူကျန်း

Vol. 4 Ch. 55

ကျန်းဟောင်က အခြားသူများ၏ အတွေးကို ဂရုမစိုက်ပေ။ သူ့အား တူးဖော်နေခြင်းမှ မရပ်တန့်နိုင်သည့်အပြင် ပိုမိုတက်ကြွလာ၏။ ကျောက်တုံးများပြုတ်ကျလာ၍ ဘေးဖယ်သည်ကလွဲလျှင် မရပ်တန့်ပါချေ။

အပြင်တွင် ကောင်းကင်က မှောင်မဲလာ၏။ ကျန်းဟောင်လည်း သူ တူးဖော်ထားသည်အား ကြည့်သည်။ ယနေ့ လုပ်ဆောင်မှုက အတော်ကောင်းသည်။

အလုပ်သမားများ သက်ပြင်းချလိုက်ကြသည်။ သူတို့လိုလူများက ဝူမင်လို နာမည်တခုဖန်တီးချင်ကြသည်။ သူတို့သာ အလုပ်ကောင်းကောင်းလုပ်၍ ပြစ်မှုမှတ်တမ်းမရှိပါက အတွင်းစည်းတပည့်ပင်ဖြစ်နိုင်သည်။

အကျဥ်းသားများအတွက်ကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကိုရောက်သည်နှင့် ဥပဒေမဲ့မျှော်စင်ထဲ ပြန်ပစ်ထည့်ခံရပြီး မိုင်းတူးရပေမည်။

ကျန်းဟောင်က စစ်ထူကျန်းနှင့် အခြားသူများကို ကြည့်လိုက်သည်။ ထိုအခိုက် ရှန့်ကွမ်းဝမ်က သူ့ကို ပြန်ကြည့်လာသည်။

ကျန်းဟောင်လည်း အံ့သြသွားပေမဲ့ အကြည့်မလွဲပဲ ၎င်းနောက်ဆုတ်သွားသည်အထိ ကြည့်ပေးလိုက်သည်။ ထိုအဖြစ်အပျက်က သူ၏ ကျင့်ကြံဆင့်အား အမြန်ဆုံးမြှင့်တင်ရန်လိုကြောင်း လောဆော်လေသည်။

တစ်ရက်တာ တူးဖော်ပြီးနောက် ကျင့်ကြံရေး ၉ နှင့် အသက်သွေး ၈ အားရခဲ့ပြီး ကျန်သည်က အဖြူနှင့် အစိမ်းပူဖောင်းများဖြစ်ကြသည်။

နည်းပါးသော်လည်း ဘာမှမရသည်ထက်တော့ တော်ပါသေး၏။ ကောင်းကင်ဘုံရနံ့တာအိုပန်းပင် ဒီလောက်အများကြီး မထုတ်နိုင်ပါချေ။ သူ အဆင့်တက်ပြီးနောက် ကောင်းကင်ဘုံရနံ့တာအိုပန်းက သုံးရက်မှ ပူဖောင်းနှစ်ခုသာ ထုတ်ပေးတော့သည်။

အသက်သွေး ၇၁/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၇၄/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

"အားလုံးသာ အဆင်ပြေမယ်ဆို ငါ လေးရက်အတွင်း အဆင့်တက်နိုင်လိမ့်မယ်" ကျန်းဟောင်လည်း နောက်လေးရက်အတွင်း ပြဿနာမရှိစေရန် မျှော်လင့်နေမိသည်။

သူတို့အားလုံး မိုင်းတွင်းမှ ပြန်ခဲ့ကြသည်တွင် ရန်ဟွားက အပြုံးဖြင့် ချဥ်းကပ်လာ၏။ "ဒီနေ့ တူးရဖော်ရ အလုပ်များနေတယ်ဆို ဂျူနီယာမောင်လေးကျန်း"

"ဟုတ်ကဲ့ ကျနော်လည်း ဘာမှလုပ်စရာမရှိတာနဲ့ ကူပေးနေတာပါ စီနီယာအစ်မရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ချင်လို့ပါ"

ဝေလိုင်ကို ကြိုက်နှစ်သက်သူမှာ မရှိသလောက်ဖြစ်သည်။ သို့သော် သူသာ ဖြစ်နိုင်ပါက ရန်ဟွားထက်စာလျှင် ဝေလိုင်ကိုသာ ရွေးချယ်ပေမည်။ အနည်းဆုံးတော့ ဝေလိုင်က သူ့ကို သတ်ချင်မနေပေ။

ရန်ဟွားက စစ်ထူကျန်းနဲ့ အခြားသူများ ပြဿနာရှာမည်အား စောင့်နေဟန်ရသည်။ ထို့အပြင် ပြီးခဲ့သည့် မိုင်းတွင်းအလုပ်များကနေလည်း သူမ အကျိုးအမြတ်ရခဲ့သည်။

"ဒါဖြင့် ဂျူနီယာမောင်လေးကိုပဲ အားကိုးရမှာပဲ မနက်ဖြန်ရော မိုင်းတွင်းနံပါတ် ၆ ကို ကြီးကြပ်ပေးဦးမလား "

"ဒါပေါ့"

သူတို့စကားခဏပြောကြပြီး ကျန်းဟောင် ထွက်လာခဲ့သည်။

သူ အလွန်ဂရုစိုက်ရန်လိုနေသည်။ ထွက်ခွာလာခဲ့စဥ် မျက်လုံးများက သူ့နောက်ကျောကို စူးစိုက်ကြည့်နေကြောင်းခံစားရပြီး မသက်မသာဖြစ်ရလေသည်။ သူ တကိုယ်လုံးကို ဝါးမျိုလိုက်တော့မည့်အလားပင်။

မိုင်းတွင်းနားတွင် လူများစွာ တွေ့ရသည်။ အကျဥ်းသားများမှာ သူတို့ဂိုဏ်းက လာကယ်ရန်လူလွှတ်မည်အား မျှော်လင့်နေကြသည်။

သူ သက်ပြင်းချပြီး လျှောက်သွားသည်။ ဥပဒေခန်းမက မိုင်းတွင်းနဲ့ပတ်သတ်ပြီး ဂရုမစိုက်ပါချေ။ ၎င်းတို့ ကောင်းစွာလုပ်၍ ကျောက်ရိုင်းများယူဆောင်လာပေးလျှင် လုံလောက်ပြီဖြစ်သည်။

လမ်းတွင် ကင်းလှည့်နေသူများနှင့်လည်း တွေ့ခဲ့သည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က မြင့်ကြသည်။

နောက်တစ်ရက်

ကျန်းဟောင် မိုင်းဆက်တူး၏။ သူ့အနေနဲ့ ပိုသတိထားထားသည်။ အခြားသူများက သိချင်နေမိသည်။ အဘယ်ကြောင့် ဤအတွင်းစည်းတပည့်က သူတို့နဲ့အတူ အလုပ်လုပ်နေရပါသနည်း။

ကျန်းဟောင်က စစ်ထူကျန်းကို အကဲဖြတ်လိုက်သည်။

[စစ်ထူကျန်း၊ ကောင်းကင်နက်ဂိုဏ်းတပည့်၊ ရွှေအမြုတေအဆင့် အလယ်အလတ်၊ မြင့်မားသည့်ပါရမီရှိသည် ၊ ကောင်းကင်ခိုးယူဓမ္မရတနာကိုသုံးပြီး ဥပဒေမဲ့မျှော်စင်၏ စုပ်ယူအားကို လမ်းလွှဲကာ စိတ်ဝိညာဥ်ချည်နှောင်အဆောင်ဖြင့် ကျင့်ကြံခြင်းအား ဖုံးကွယ်ထားသည်၊ ရှာတွေ့ခဲ့သည့် အဆောင်နှစ်ခုကလည်း သူ့ဟာပဲဖြစ်၏၊ မိုင်းတွင်းကို ဖောက်ခွဲပြီး ကောင်းကင်ရှင်းလင်းဂိုဏ်းအား ထိခိုက်စေချင်သည်၊ မိုင်းတူးနေစဥ် သတိမထားမိဖွယ် ရုန်းများချန်ခဲ့သည်၊ သင်နဲ့ပတ်သတ်ပြီး သိချင်စိတ်များရှိနေ၏]

ရလဒ်က အံ့သြစရာပင်။ အဆောင်များက စစ်ထူကျန်း၏ ဥစ္စာဖြစ်ပါက အဘယ်ကြောင့် ကျင်းရုက သူ၏ အကြံတွင် ပါနေရပါသနည်း။

ကျန်းဟောင်၏ စိတ်ထဲ မေးခွန်းများထပ်ပေါ်လာသည်။ သို့သော် အကဲဖြတ်စွမ်းရည်ကိုသုံးရန် မနက်ဖြန်အား စောင့်ရပေမည်။

စစ်ထူကျန်းချန်ခဲ့သည့် ရုန်းများနှင့် ပတ်သတ်၍မူ ကျန်းဟောင် ထိုနေရာအား စစ်ဆေးသည်။ မသင်္ကာစရာတွေ့ပါက ချက်ချင်း သတင်းပို့မည်ဖြစ်သည်။

ကျန်းဟောင်က အားသွန်ခွန်စိုက်တူးနေသည်။ သူ၏ ကျင့်ကြံခြင်းပေါ်သွားမည်အား စိုးရိမ်မနေတော့ပါချေ။ ရန်သူများ မတိုက်ခိုက်လာခင် မြန်မြန်အဆင့်တက်ရန် လိုနေလေသည်။

အဖြူ၊ အစိမ်းနှင့် အပြာရောင်ပူဖောင်းများကျလာသည်။

ခွန်အား +၁

ခွန်အား +၁

ကျင့်ကြံရေး +၁

အသက်သွေး +၁

စိတ်ဝိညာဥ် +၁

ဆေးလုံး +၁

သူ၏ ခွန်အားနှင့် စိတ်ဝိညာဥ်က တိုးလာသည်။ သူသာ ဤနေရာတွင် အနှစ်တစ်ရာလောက် မိုင်းတူးနေရပါက အသန်မာဆုံးပင် ဖြစ်လာနိုင်သည်။

နေ့တာကုန်ဆုံးသွားချိန် ကျင့်ကြံရေး ၁၀ နှင့် အသက်သွေး ၁၀ ရခဲ့သည်။

"မကြာတော့ဘူး" သူ ရေရွတ်သည်။

ထွက်သွားရန်အချိန်တန်သောအခါ မိုင်းတွင်းထဲ၌ စစ်ဆေးကြည့်သည်။ ဘာမှမတွေ့ပေ။

"ရုန်းတွေကို စစ်ထူကျန်း ဘယ်မှာဝှက်ထားတာလဲ"

သူကလည်း ရွှေအမြုတေအဆင့်ကိုရောက်နေပြီး စွမ်းအင်လှုပ်ခတ်မှုများကို ထောက်လှမ်းနိုင်သည့် အမည်မဲ့ကျင့်စဥ်ကို ဖတ်ရှုထားသည်။ သို့တိုင် ဘာမှမတွေ့ပါချေ။

သူ့အနေနဲ့ သက်သေမရှိပဲ မပြောနိုင်သောကြောင့် အားလုံးအဆင်ပြေသလို ဟန်ဆောင်နေရလေသည်။

ယနေ့ လုပ်ဆောင်မှုက မနေ့ကထက် ၂၀% သာသည်။ အခြားသူများကတော့ အလုပ်ပြီးသွား၍သာ ဝမ်းသာနေခြင်းဖြစ်ပေမည်။

နောက်တရက်ရောက်သော် ကျင်းရုအား အကဲဖြတ်သည်။

All Chapters