← Chapters

အောင်မြင်ခြင်း

Vol. 4 Ch. 56

အောင်မြင်ခြင်း

Vol. 4 Ch. 56

[ကျင်းရု၊ လေမိုးကြိုးဂိုဏ်းတပည့်၊ ရွှေအမြုတေအဆင့် အလယ်အလတ်၊ စစ်ထူကျန်းနှင့် တူညီသောနည်းလမ်းကို အသုံးပြု၍ မိုင်းတွင်းထဲဝင်လာခဲ့သည်၊ သင်က မရက်စက်ကြောင်းတွေ့သည့်အတွက် အဆောင်နှစ်ခုကို တမင်ဖော်ပြခဲ့ခြင်းဖြစ်သည်၊ စစ်ထူကျန်းနဲ့အတူ မိုင်းတွင်းအား ထိခိုက်စေပြီး အကျဥ်းသားများကို လွတ်ပေးချင်နေသည်၊ အခြားသူများနှင့် လျှို့ဝှက်အဆောင်ကိုသုံးကာ ဆက်သွယ်ထားပြီး လဝက်အတွင်း လှုပ်ရှားမည်ဖြစ်သည်]

"ငါ့ကို မရက်စက်ဘူးထင်လို့ အသုံးချချင်တာလား" ကျန်းဟောင် သက်ပြင်းချသည်။ ဒါမျိုးဖြစ်တာ ပထမဆုံးအကြိမ် မဟုတ်ပါချေ။

"လဝက် ဒါဆို သူ့မှာ အချိန်ရှိသေးတယ်" သူသာ စွမ်းရည်ပူဖောင်း မြန်မြန်ရှာနိုင်လျှင် မကြာခင် အဆင့်တက်နိုင်ပေမည်။ သူသာ ရွှေအမြုတေအဆင့် အလယ်အလတ်ကိုရောက်သွားလျှင် ရန်ဟွားကို ရှောင်နိုင်ကောင်းလောက်သည်။

ကောင်းကင်နက်ဂိုဏ်း၏ တိုက်ခိုက်မှုအတွက်မူ

၎င်းတို့အားလုံးကို သူ ရင်ဆိုင်နိုင်ပါ့မလား မသေချာပေ။ သို့သော် သူသာ စစ်ထူကျန်းတို့အား ဂိုဏ်းမရောက်လာခင် ကိုင်တွယ်ထားနိုင်ပါက လုံခြုံပေမည်။

သူ၏ သံသယများအား မည်သူ့ကိုမှ မပြောနိုင်ပေ။ စစ်ထူကျန်းဖွက်ထားသည့် ရုန်းများအား အခုထိ ရှာမတွေ့သေးမဟုတ်ပါလော။

အန္တရာယ်က တဖြည်းဖြည်းချဥ်းကပ်လာသည်။ သူ့အနေနဲ့ အချိန်မဆွဲပဲ အမြန်ဆုံးလုပ်နိုင်မှ တော်ကာကျမည်။

အခြားသူများက ကျန်းဟောင်၏ အပြုအမူနဲ့ပတ်သတ်ပြီး နားမလည်ကြသော်လည်း သူတို့၏ ကြီးကြပ်သူကိုယ်တိုင် အားသွန်ခွန်စိုက်လုပ်နေသည့်အတွက် နောက်တွင် ပြတ်မကျန်ဝံ့ပါချေ။ နောက်ပြီး သူတို့ ကောင်းကောင်း လုပ်လျှင် ကောင်းကောင်းစားရမည်မဟုတ်ပါလော။

သုံးရက်ကြာပြီးနောက် သူ မိုင်းတူးပြီးသွားလေပြီ။ အပြာရောင်ပူဖောင်းများကို ဆက်လက် မစုပ်ယူနိုင်တော့ပါချေ။ သို့သော် အဖြူနှင့် အစိမ်းပူဖောင်းများကိုတော့ ဆက်ရှာနေသည်။

သူ့အတွက် ပူဖောင်းတွေပိုများလေ ကောင်းလေပင်။

အနားယူချိန်၌ သူ့နားက အလုပ်သမားများကိုကြည့်သည်။ စစ်ထူကျန်းနဲ့ အခြားသုံးဦးကို သူ အကဲဖြတ်ပြီးလေပြီ။

ရှန့်ကွမ်းဝမ်က တကယ် အန္တရာယ်များသည်။ သူက ရွှေအမြုတေအဆင့် အစောပိုင်းသာဖြစ်ပေမဲ့ ပါရမီရှင်ဖြစ်သည်။ သူ့ရဲ့စွမ်းအားကို အလုံးစုံထိန်းချုပ်နိုင်သည့် စွမ်းရည်အား ပိုင်ဆိုင်ထားလေသည်။

ကျန်းဟောင်က မြေပြင်အား ဂရုတစိုက်ကြည့်ရှုသည်။ သတိမမူပဲ ဖွက်ထားသည်အား လွတ်သွားမည်ကိုစိုးနေသည်။

သို့သော် ဘာမှမတွေ့ပြန်ပေ။

သူ သက်ပြင်းချသည်။ ရန်သူများက အတော်သတိကြီးသည်။ အမည်မဲ့ကျင့်စဥ်၏ အကူအညီနဲ့ပင် ဘာမှမတွေ့ရပေ။

ကံမကောင်းစွာ အချိန်က အဓိကဖြစ်သည်။ ရုန်းများကို ရှာရန်က အမည်မဲ့ကျင့်စဥ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်ရပေမည်။ ဒါကို တစ်ရက်တည်း မလုပ်နိုင်ပေ။

ကျန်းဟောင်က သူ့ခြံဝန်း၌ပင် သတိထားသည်။ သူ့အနေနဲ့ အိပ်ခဲ၏။ သို့သော် ယနေ့တော့ အနားယူရပေမည်။

ခြံထဲတွင် ဆေးပင်များက ယိမ်းနွဲ့နေကြသည်။ ၎င်းတို့မှ ပူဖောင်းအချို့ရရန် မျှော်လင့်၍ စိုက်ပျိုးထားခြင်းဖြစ်သည်။

တူရွင်းအား ခြံထဲထားလိုက်သည်။ ၎င်းက တူးဖော်သည့် ရတနာသာဖြစ်သော်လည်း သူ့အနေနဲ့ ဂရုစိုက်လျှင်မမှားသောကြောင့် အိမ်ထဲ အတူယူမသွားရန် ဆုံးဖြတ်ထားသည်။

ကျန်းဟောင် အိမ်ထဲကိုလျှောက်သွားပြီး စနစ်မျက်နှာပြင်အား ဖွင့်လိုက်သည်။

အသက်သွေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၁၀၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရန် ရွေးချယ်လိုက်သည်။ သူ့ကိုယ်မှ စိတ်ဝိညာဥ်စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။

ဟုန်မုန့်နှလုံးသားဆုဒြာက လည်ပတ်၍ ခရမ်းရောင်စွမ်းအင်က သူ၏ အသက်သွေးကို လမ်းညွှန်သည်။

စိတ်ဝိညာဥ်စွမ်းအင်များက အမြုတေထံ ပြန်သွားသည်။ အသက်သွေးက တစ်ရာသောသွေးကြောများကို သန်မာစေ၏။

ရွှေအမြုတေက စွမ်းအင်များဖြင့် အားဖြည့်လိုက်သောအခါ ပိုမိုသန်မာလာသည်။ စွမ်းအားများတည်ငြိမ်သွားသောအခါ ရွှေအမြုတေအဆင့် အလယ်အလတ်ကို ရောက်သွားပြီဖြစ်ကြောင်း သိလိုက်ရတော့သည်။

အရာအားလုံးက ချောမွေ့ခဲ့၏။ သူ မရပ်တန့်ပဲ ကျင့်ကြံခြင်းအား ခိုင်မာအောင်လုပ်သည်။ တချိန်တည်းတွင် အခြားသူများ သတိမထားမိစေရန် ဖုံးကွယ်သည်။

နောက်တစ်ရက် မနက်စောစော

ကျန်းဟောင် မျက်လုံးဖွင့်လိုက်သည်။ ထရပ်ပြီး ရှီယုကိုထုတ်ကာ ကောင်းကင်ဆေဘာခုနစ်ကွက်၏ ပထမအကွက်အား လေ့ကျင့်သည်။

အားကောင်းသည့် ဆေဘာဆန္ဒကိုခံစားမိခြင်းက သူ့ကို စိတ်သက်သာရာရစေသည်။

"ရန်ဟွားကိုရှာသင့်သလား " သူ တွေးလိုက်၏။

ရန်ဟွားက မှောင်လျှင် မိုင်းတွင်းထဲ နေခဲ၏။ မိုင်းတွင်းအပြင်တွင် တစုံတယောက်သာ အသတ်ခံရပါက ဥပဒေခန်းမ၏ အာရုံစိုက်မှုကိုရပေမည်။ ထို့ကြောင့် စိတ်ရှည်ရန်လိုသည်။

ကျန်းဟောင်က မိုင်းတွင်းကိုသွားပြန်သည်။ မိုင်းတူးခြင်းက ပူဖောင်းအမြန်ဆုံးရသည့် နည်းလမ်းဖြစ်သည်။ ဤနေရာတွင် အလုပ်လုပ်ရခြင်းက ဆိုးဝါးသည့်အရာမဟုတ်ကြောင်း ကျန်းဟောင် တွေးမိလေသည်။

သို့သော်လည်း သူ့တွင် ကောင်းကင်ဘုံရနံ့တာအိုပန်း တည်းဟူသော တာဝန်ကြီးရှိနေသေး၏။

ကျန်းဟောင် အပြင်တွင် အရိပ်တခုတွေ့လိုက်ရာ သတိအပြည့်ဖြစ်သွားသည်။ အပြင်ထွက်လိုက်သောအခါ မိစ္ဆာမဖြစ်နေကြောင်း မြင်လိုက်ရ၏။

"ဘာလို့ သူမ ဒီမှာရှိနေရတာလဲ" သူ ပဟေဠိဖြစ်သွား၏။

ဟုန်ယွီယဲ့က တူရွင်းကိုင်လျက် ကျန်းဟောင်ကို လှည့်ကြည့်လိုက်သည်။

"မင်း ကြည့်ရတာ အံ့သြသွားသလိုပဲ" သူမက ပြောလာသည်။

"နှုတ်ဆက်ပါတယ် စီနီယာ" သူ ဦးညွတ်လိုက်သည်။ "အမှန်တိုင်းပြောရရင် တကယ် အံ့သြမိသွားပါတယ်"

မိုင်းတွင်းတွင် သူမ ပေါ်လာမည်မထင်ထားပေ။

"ငါ့ရဲ့ ပန်းရော"

"အိမ်မှာပါ" ကျန်းဟောင် ပြောသည်။

ဟုန်ယွီယဲ့က သူ့ကို အကြာကြီးကြည့်နေသည်။ "ငါ့ရဲ့ လက်ဖက်ရည်ကရော"

ကျန်းဟောင် ဆွံ့အသွား၏။

All Chapters