ကျန်းဟောင်ကို တစ်ချက်တည်းသတ်ခြင်း
Vol. 4 Ch. 58
စစ်ထူကျန်း ခေါင်းယမ်းလိုက်၏။ "ငါ ရုန်းတွေကို ရပ်လိုက်ပြီ"
အခြားသူများ အံ့အားသင့်သွားကြသည်။ သူတို့အနေနဲ့ အလုပ်အတူလုပ်ဆောင်ရန် သဘောတူထားပေမဲ့လည်း အချင်းချင်း အရမ်းရင်းနှီးကြသည်မဟုတ်ပါချေ။ သူတို့ချင်းသိတာ ရက်အနည်းငယ်သာရှိသေး၏။ ဖမ်းမိသွားခဲ့လျှင် တယောက်ကို တယောက်ဆွဲမချရန် သဘောတူထားလေသည်။
"ဘာလို့လဲ" ပေ့ရွှယ် မေးသည်။
"အစကတော့ ရုန်းတွေကိုဆင်ခဲ့တာပဲ ဒါပေမဲ့..." စစ်ထူကျန်း သက်ပြင်းချသည်။ "ကျန်းဟောင်နဲ့တွေ့ပြီးတဲ့နောက် ရပ်လိုက်တယ်"
"သူက အဲ့လောက်အန္တရာယ်များလား" ရှန့်ကွမ်းဝမ် မေးသည်။
"မသိဘူး သူ့ပုံစံက အားကောင်းပြီး အန္တရာယ်ရှိပုံလည်း မပေါ်ဘူး" စစ်ထူကျန်း ဆိုသည်။ "တခုခုကို ခံစားမိနေရုံပဲ သူက မြင်ရတာထက် အန္တရာယ်များတယ်လို့ထင်တယ် ဒါကြောင့် သူ သတိမထားမိရအောင် ရုန်းတွေကိုရပ်လိုက်တာ "
"နောက်ပြီး မင်းတို့ သတိထားမိလား သူက ဟိုရှာဒီရှာလုပ်နေတတ်တယ် ကြည့်ရတာ တခုခုကို သတိပြုမိထားလို့ သက်သေရှာနေတာဖြစ်နိုင်တယ် သတိထားကြပါ"
"အရမ်းစိတ်ပူလွန်းနေတာမဟုတ်ဘူးလား" ကျင်းရုပြောသည်။
"သတိထားတာ မမှားပါဘူး" စစ်ထူကျန်း ပြောသည်။ "အခု နေရာအတည်အကျဖြစ်ဖို့ကိုပဲ စောင့်ရတော့မယ် ငါတို့ ပြင်ဆင်ထားတာတွေက လုံလောက်သင့်ပြီ အပိုစွန့်စားစရာမလိုဘူး လွတ်မြောက်ဖို့ လမ်းကိုရော ရှာပြီးပြီလား"
"အင်း" ပေ့ရွှယ် ပြောသည်။ "အနောက်မှာ လမ်းတခုတွေ့ထားတယ် အချိန်ကျလာရင် အဲဒီကနေ ထွက်သွားရုံပဲ ငါတို့ တခြားလုပ်စရာမလိုဘူး စီနီယာတွေက မိုင်းတွင်းကို တိုက်ခိုက်ခိုင်းတာ ပိုကြီးတဲ့ ရည်ရွယ်ချက်ကြောင့်များလား စဥ်းစားမိတယ် "
"ဖြစ်နိုင်ပါတယ်" စစ်ထူကျန်း ပြောသည်။" မင်းတို့ကယ်ချင်တဲ့လူတွေကို တွေ့ထားပြီလား"
"စီနီယာတွေကိုလည်း သတင်းပို့ဖို့ သတိရဦး အချိန်သိပ်မကြာစေနဲ့ "
"အကြံအောင်မြင်သွားတာနဲ့ ကျန်းဟောင်က ငါတို့နောက်လိုက်လာလိမ့်မယ်လို့ ခံစားနေရတယ် သူ့ကို သတ်လိုက်သင့်လား" ရှန့်ကွမ်းဝမ် ပြောသည်။
"ငါ့အမြင်ကတော့ သူက ငါတို့ကို တိုက်ရိုက်ထိခိုက်စေတာမှမဟုတ်တာ ရန်သူဖြစ်အောင် မလုပ်သင့်ဘူးထင်တာပဲ" ကျင်းရုပြောသည်။ " ဒါပေမဲ့ သူသာ စစ်ထူကျန်းထင်သလို တကယ်ပဲ အားကောင်းနေရင်တော့ ငါတို့အကြံကိုဖျက်နိုင်တယ်"
"စောင့်ကြည့်ကြတာပေါ့ အခြေအနေပေါ်မူတည်ပြီး လိုအပ်လာရင် မြန်မြန်လှုပ်ရှားရမယ်" ပေ့ရွှယ်က ဆို၏။
"သူ့ကိုသတ်ဖို့က ခက်မယ်မထင်ပါဘူး ငါသူ့ကို တချက်တည်းနဲ့ သတ်နိုင်တယ်" ရှန့်ကွမ်းဝမ် ပြောသည်။" ငါ သူ့ကို လေ့လာပြီးပြီ ခွန်အား၊ စိတ်ဝိညာဥ်၊ ကျင့်ကြံခြင်း ဘယ်နေရာမှ သာလွန်တဲ့အနေအထားမတွေ့ဘူး သူ့ကို ရှင်းပစ်ဖို့က လွယ်ပါတယ် အရမ်းလည်း စိတ်ပူမနေပါနဲ့ "
"ကောင်းကင်ရှင်းလင်းဂိုဏ်းက ငါတို့ကို စောင့်ကြည့်နေတာ အရာအားလုံးက ထင်ထားသလို ချောမွေ့လိမ့်မယ်လို့ ပြောလို့မရဘူး" စစ်ထူကျန်း သတိပေး၏။
လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူတို့အနေနဲ့ နောက်ထပ် စောင့်ကြည့်ရဦးမည်ဖြစ်သည်။
ကျန်းဟောင်က နောက်ရက်အနည်းငယ်အထိ မိုင်းတူးနေခဲ့သည်။ ရန်ဟွားက သူ့ကို အမြဲတမ်းစောင့်ကြည့်နေကြောင်း ခံစားရသည်။ သူ့အား ရုပ်သေးအဖြစ်ပြောင်းရန် သူမ လက်မလျှော့သေးပေ။
ကျန်းဟောင်ကတော့ ခပ်တည်တည်သာနေသည်။ သူမတိုက်ခိုက်လာပါက သူ ပြန်တိုက်ခိုက်နိုင်လေပြီ။ သူ ရွှေအမြုတေအဆင့် အလယ်အလတ်ကိုရောက်ပြီး ရက်အနည်းငယ်ရှိသွားပြီဖြစ်၏။
ကောင်းကင်နက်ဂိုဏ်းကလူများ မကြာခင် ရောက်လာတော့မည််ကိုလည်း သိထားသည်။
စနစ်မျက်နှာပြင်အား စစ်ဆေးရန်လုပ်နေစဥ် အနီးအနားမှ ကျောက်ရိုင်းများထံက အသံတခုထွက်လာသည်ကို သတိပြုမိသွားသည်။
"မြန်မြန် နောက်ဆုတ်ကြ" ကျန်းဟောင် အော်လိုက်သည်။
အလုပ်သမားများ နားမလည်နိုင်ဖြစ်သွားကြသည်။ သုံးယောက်ကသာ သူ့စကားကို နားထောင်ပြီး နောက်ဆုတ်သွားကြသည်။
ကြီးမားသည့် မြွေမိစ္ဆာတကောင်က ကျောက်တုံးများကြားမှ ထွက်လာသည်။ ၎င်းလျှောတိုက်သွားသည့်နေရာမှ ကျောက်တုံးများ ပြိုကျလာသည်။
ကျောက်ဖောက်မြွေ
ကျောက်တုံးများဖြင့် ပိတ်မိနေသောကြောင့် အလုပ်သမားများထွက်မသွားနိုင်ဖြစ်နေကြသည်။ ကျောက်ဖောက်မြွေက ပါးစပ်ဟ၍ ပိတ်မိနေသူများအား မျိုချစားသောက်ရန်လုပ်သည်။
ဝူကျင်းက မြွေကို တိုက်ခိုက်ရန်လုပ်သည်။ သို့သော် ငွေရောင်အလင်းတချက်လက်သွားပြီး မြွေခေါင်းမှာ ပြုတ်ကျသွား၏။ နောက်ထပ် အလင်းများထွက်လာ၍ မြွေအား တစစီဖြစ်စေသည်။
အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ် မြွေမိစ္ဆာမှာ ဤသို့နှယ် သတ်ဖြတ်ခံလိုက်ရသည်။
ဝူကျင်းက ဆေဘာသိမ်းနေသည့် ကျန်းဟောင်အား မယုံနိုင်စွာ ကြည့်သည်။
ဝူကျင်းမှာ ကျောက်ဖောက်မြွေများစွာနှင့် ရင်ဆိုင်ခဲ့ဖူးသည်။ ၎င်းတို့က အရမ်းမသန်မာပေမဲ့ လူအများ အငိုက်မိနေချိန် တိုက်ခိုက်တတ်ကြသည်။ တခါတလေ အတွင်းစည်းတပည့်များအတွက် ခေါင်းကိုက်ရတတ်သည်။ အခုတော့ ပေါ်လာသည်နှင့် အသတ်ခံလိုက်ရသည်။
စစ်ထူကျန်းက ကျန်းဟောင်ကိုကြည့်သည်။ သူက ရိုးရှင်းသူမဟုတ်ကြောင်း အသိစိတ်ကပြောနေသည်။
ကျောက်တုံးများကြားပိတ်မိနေသူက အမျိုးသားနှစ်ဦး အမျိုးသမီးတစ်ဦးဖြစ်သည်။
ကျန်းဟောင် သူတို့ဆီလျှောက်သွား၏။ အမျိုးသားတဦးက ပေါင်တွင် ဒဏ်ရာရထားပြီး အမျိုးသမီးမှာ လက်မောင်းတွင်ဖြစ်သည်။
ကျန်းဟောင်က နာကျင်မှုသက်သာစေသည့် အဆောင်အား သူမလက်သို့ ပစ်လိုက်သည်။ သူမက အကျဥ်းသားဖြစ်သော်ငြား အခြားသူများထက်စာလျှင် တော်သေး၏။
ဒဏ်ရာရလူက ခေါင်းငုံ့ပြီး ဘာမှမပြောပေ။
ကျန်းဟောင် သူ့ကိုကန်ပြီးပြောသည်။" ပါးစပ်ဟ"
ထိုလူက အံ့အားသင့်သွားပေမဲ့ ပါးစပ်ဟပေးရာ ကုသဆေးတစ်လုံးအား ပစ်ထည့်ပေးလိုက်သည်။
ဆေးစွမ်းက ချက်ချင်းပြသည်။ ပေါင်မှ ဒဏ်ရာကသက်သာလာ၍ ကျင့်ကြံခြင်းပင် အနည်းငယ် တိုးလာသည်။
"ထိုင်ပြီး ခဏနားနေ ငါ အလုပ်ဆက်လုပ်လိုက်ဦးမယ်" ကျန်းဟောင် ပြောသည်။
သူ လှည့်ထွက်ရန်အလုပ် အမျိုးသမီးက ဆွဲထားသည်။ "အဲ့တာ စိတ်ဝိညာဥ်စုစည်းဆေးလုံးမဟုတ်လား ကျမလည်း ဒဏ်ရာရထားတာပဲ ကျမကိုရော ဘာလို့ မပေးတာလဲ"
ကျန်းဟောင် ဆွံ့အသွား၏။