← Chapters

တုံးအသူ

Vol. 4 Ch. 59

တုံးအသူ

Vol. 4 Ch. 59

မိုင်းတွင်းထဲရှိ လူများမှာ အမျိုးသမီး၏ အပြုအမူကြောင့် ရှော့ရသွားကြသည်။ ကျန်းဟောင်က အဆောင်နဲ့ဘဆေးလုံးများပေးသည့်အတွက်လည်း အံ့သြနေကြသည်။

"ဘာကြောင့် မင်းကို ဆေးလုံးပေးရမှာလဲ" ကျန်းဟောင် မေးသည်။ သူမက အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းတွင်ရှိသည်။ ငယ်ရွယ်သောကြောင့် အဆင့်တက်မြန်သည်ဟု ဆိုနိုင်သည်။

သို့သော် သူမ၏ စိတ်သဘောထားက ရင့်ကျက်ဟန်မရပေ။ အဆင့်နိမ့်သူက ကိုယ့်နေရာကိုယ်သိရပြီး ကျင့်ကြံဆင့်မြင့်မားသူများကို မပြစ်မှားမိရန်လိုသည်။ မဟုတ်ပါက သေခြင်းနှင့် ကြုံတွေ့ရနိုင်၏။

ဤမိန်းကလေးက မျိုးရိုးမြင့်မားသည့် မိသားစုမှလာပုံရပြီး အရာအားလုံးကို ရထိုက်သလို ရည်မွန်ခြင်းကင်းမဲ့စွာ တောင်းဆိုနေလေသည်။

"သူ ဒဏ်ရာရသလို ကျမလည်း ဒဏ်ရာရတာပဲ ဘာလို့ ကျမကြ နာကျင်မှုသက်သာစေတဲ့အဆောင်ပဲ ရရတာလဲ" ရမ်ရှောင်းက ပြောသည်။

ကျန်းဟောင်က ဒဏ်ရာရသူများကို အဆောင်နှင့် ဆေးလုံးများပေးသည့်အတွက် ကြောက်စရာမလိုဟု ယူဆထားသည်။ သူမက ကောင်းကင်နက်ဂိုဏ်းမှ အကြီးအကဲတဦး၏ သမီးဖြစ်သည်။ ဤနေရာရှိ လူများအောက် မကျပါချေ။

ကျန်းဟောင်က လခြမ်းဆေဘာကို သူမ လည်ပင်းပေါ်တင်လိုက်သည်။ ဓားအိမ်မချွတ်ရသေးသော်လည်း ထိုသို့ လုပ်စရာမလိုပါချေ။

"မင်း မိုင်းတူးနိုင်လား "

"ကျမ ဒဏ်ရာရထားတယ်လေ ဒီလိုအခြေအနေနဲ့တော့ အလုပ်မလုပ်နိုင်ဘူး"

ဆေဘာက ရုတ်တရက် လက်သွားပြီး သွေးများက သူမ ဂုတ်ပိုးမှစီးကျလာသည်။ သေးငယ်သည့် ဒဏ်ရာတခုရှိနေ၏။

သူမက ဂုတ်ကိုကိုင်ပြီး ကျောထဲစိမ့်သွားခဲ့သည်။

"ပြန်မေးမယ် မင်း တူးနိုင်လား" ကျန်းဟောင်က ဆိုသည်။

"တူး တူးနိုင်ပါတယ်" ရမ်ရှောင်းက ထိတ်လန့်တကြားပြောသည်။ ဂုတ်ကိုအုပ်ထားသည့် လက်တွင် သွေးများစွန်းထင်းနေ၏။ မရဘူးဟုထပ်ပြောပါက ဇတ်ပြတ်သွားမည်ဖြစ်သည်။

"ကောင်းတယ်" ကျန်းဟောင် ဆေဘာကိုသိမ်းပြီး ထွက်သွားခဲ့သည်။

ဝူကျင်းအား သားရဲအလောင်းကိုထုတ်သွားရန် ညွှန်ကြားသည်။ အပြာရောင်ပူဖောင်းနှစ်ခုကိုကောက်ပြီးနောက် တူရွင်းဖြင့် စတင်တူးဆွတော့သည်။

အခြားသူများလည်း အချောင်မခိုရဲကြပေ။ ရမ်ရှောင်းက ဒဏ်ရာကိုအုပ်၍ သွေးတိတ်စေရန် လုပ်ဆောင်နေသည်။

ကျင်းရုက ကျန်းဟောင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်သည်။ သူ ထင်ထားသည်နှင့် ကွာခြားကြောင်း သတိပြုမိလိုက်သည်။

ရှန့်ကွမ်းဝမ်က ခေါင်းငုံ့၍ မိုင်းတူးနေ၏။ သူ ဘာတွေးနေလဲဆိုတာ မည်သူမှသိမည်မဟုတ်ချေ။

ထိုကဲ့သို့ဖြစ်ပွားပြီးနောက် လူတိုင်း ကျန်းဟောင်ကို အနည်းငယ် ကြောက်ရွံ့သွားကြသည်။ သူတို့ တိတ်တိတ်ဆိတ်ဆိတ်နှင့် အလုပ်ကောင်းကောင်းလုပ်နေကြသည်။

နေ့တာကုန်ဆုံးသွားပြီး ရလဒ်က မနေ့ကထက် ၃၀% ပိုကောင်းသည်။ ဝူကျင်းကတော့ မယုံနိုင်ဖြစ်နေ၏။ အလုပ်သမားတွေ ဒီလောက်ထိလုပ်ဆောင်နိုင်တာ အံ့သြစရာကောင်း၏။

ဒါက ကျန်းဟောင်ကြောင့်ဖြစ်ကြောင်း သူသိသည်။ အတွင်းစည်းတပည့်များက သွားရှုပ်၍ရပုံမပေါ်ပေ။

ရန်ဟွားက ပြုံးသည်။ "ဂျူနီယာမောင်လေးက အရမ်းအံ့သြစရာကောင်းတာပဲ"

"မြှောက်နေပါပြီ စီနီယာအစ်မ"

"စကားမစပ် ဟိုလေးယောက်က မသင်္ကာစရာကောင်းသလိုပဲ" သူမ မေးသည်။

ကျန်းဟောင် ခေါင်းယမ်း၏။ အကဲဖြတ်ခြင်းမှရသည့် အချက်အလက်ကလွဲ၍ ဘာကိုမှ ရှာမတွေ့ပါချေ။

ဒါက သူ့ကို သိလိုစိတ်ဖြစ်စေ၏။ အမည်မဲ့ကျင့်စဥ်နဲ့ ပတိသတ်ပြီး နက်ရှိုင်းစွာ နားလည်ရန် လုပ်ဆောင်ရမည်ဖြစ်သော်လည်း သူ့တွင် အချိန်မရှိပါချေ။ ကျင့်ကြံခြင်းကိုသာ ဦးစားပေးနေရသည်။

နှစ်ရက်ကြာပြီးနောက် ကျင်းရုအား ထပ်မံအကဲဖြတ်သည်။ ရရှိသည့် အချက်အလက်အရ မနက်ဖြန်တွင် တိုက်ခိုက်သူများ ရောက်လာနိုင်၏။

မနက်ဖြန်

ကျန်းဟောင် အိမ်ရောက်သောအခါ စနစ်အား ဖွင့်လိုက်သည်။

အမည် ကျန်းဟောင်

အသက် ၂၁

ကျင့်ကြံခြင်းအဆင့် အလယ်အလတ်ရွှေအမြုတေအဆင့်

ကျင့်စဥ်နည်းလမ်း ကောင်းကင်တေးသံတစ်ရာလှည့်ခြင်း၊ ဟုန်မုန့်နှလုံးသားဆုဒြာ

နတ်စွမ်းရည် ကိုးလှည့်သေခြင်းအစားထိုး (ထူးခြား)၊ အကဲဖြတ်ခြင်း၊ ကြည်လင်သန့်စင်နှလုံးသား

အသက်သွေး ၇၀/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

ကျင့်ကြံရေး ၇၅/၁၀၀ (ဆက်လက်ကျင့်ကြံနိုင်)

နတ်စွမ်းရည် ၂/၃ (မရနိုင်)

"မနက်ဖြန် ပူဖောင်းရရင်တောင် မလုံလောက်ဘူး အနည်းဆုံး နှစ်ရက်လောက်မှအဆင်ပြေမယ် နောက်ပြီး အဆင့်တက်ဖို့က တစ်ညအချိန်ယူရမယ် "

သူ တိတ်ဆိတ်သွား၏။ အခြား ရွေးချယ်စရာမရှိတော့ပါချေ။ သက်ပြင်းချ၍ ဝူယွမ်ဝူကိုရှာရန် ထွက်သွားလေသည်။

မိုင်းတွင်းနားနီးလာသောအခါ လှည့်ပတ်နေသူများအား ကြည့်မိသည်။ အချို့က ရွှေအမြုတေအဆင့် အစောပိုင်းတွင်ရှိပြီး ထို့ထက် မြင့်မားသူများမှာ အနည်းစုဖြစ်၏။

ကောင်းကင်ရှင်းလင်းဂိုဏ်းက တစုံတခုအား သိရှိထား၍လော မသိပါချေ။

"အခု ငါ အကောင်းဆုံးလုပ်နိုင်တာက ကပ်ဘေးကိုကျော်လွှားဖို့ပဲ ငါ မနက်ဖြန် အသက်ရှင်နိုင်ရမယ်"

မနက်ဖြန်က နေ့ကြီးရက်ကြီးဖြစ်သည်။ သူသာ သေသွားပါက အခုချိန်ထိ အားထုတ်ခဲ့သမျှမှာ အလဟဿဖြစ်သွားပေမည်။

ဒီလောက်ထိ နီးကပ်နေပြီးမှ ရွှေအမြုတေအဆင့် အလယ်အလတ်သို့ မချိုးဖြတ်နိုင်ခဲ့ခြင်းကို နောင်တရနေမိသည်။ ထို့နောက် အိမ်ပြန်လာခဲ့၏။

မိုးသောက်ချိန်၌ အိမ်ထဲမှထွက်လာ၍ ခြံထဲက ဆေးပင်များကိုကြည့်သည်။ ကောင်းကင်နက်ဂိုဏ်းနဲ့ အခြားသူများ ယနေ့တိုက်ခိုက်မည်ဆိုလျှင် ဤနေရာလည်း ပစ်မှတ်ထားခံရပေမည်။ မသင်္ကာစရာကောင်းမည်စိုးသောကြောင့် မည်သည့်ပြောင်းလဲမှုမှ မလုပ်ခဲ့ပါချေ။

တစုံတယောက်အား တိုက်ခိုက်မှုအကြောင်း ပြောပြချင်ပေမဲ့ ထို့အတွက် သူ့တွင် အထောက်အထားမရှိပါချေ။

မိုင်းတွင်းကိုရောက်သောအခါ ရန်ဟွားကိုတွေ့သည်။ သူမက ခါတိုင်းထက် ပျော်နေပုံရသည်။

ကောင်းကင်နက်ဂိုဏ်း၏ တိုက်ခိုက်မှုကို သူမ သိထားလောက်သည်။ တိုက်ခိုက်မှုစသည်နှင့် သူမက သူ့ကို လာရှာမည်ဖြစ်သည်။

"ဂျူနီယာမောင်လေးကျန်း မိုင်းတွင်းထဲ တခုခုဆို လျှောက်မသွားနဲ့နော် အစ်မကိုစောင့်နေ မဟုတ်ရင် ဒဏ်ရာရသွားနိုင်တယ် "

ကျန်းဟောင်က ခေါင်းညိတ်ပြီး ဘာမှပြန်မပြောပဲ အလုပ်သမားများကို မိုင်းတွင်းထဲ ဦးဆောင်ခေါ်သွားလိုက်သည်။

All Chapters