ကျီချင်းရန်၏ အတွေးငယ်လေးများ
Vol. 100 Ch. 1489
“ ရီ … ငါ ပြီးပြီ… နင် အခု လာချိုးလို့ရပြီ…”
လင်းရီ တစ်စုံတစ်ရာကို အတွေးနက်နေစဉ်မှာပဲ အပေါ်ထပ်ကနေ ကျီချင်းရန် လှမ်းခေါ်လာခဲ့၏။
လင်းရီ ကိုယ်ညောင်းဆန့်၍ ဝမ်မိသားစု ကိစ္စများကို စိတ်၏ အနောက် တစ်နေရာတွင် ခေတ္တ ချိတ်ထားလိုက်ပြီး သူ့တွင် အချိန်ရှိတော့မှ ဆက်ပြီး စဉ်းစားမည်ဟု ဆုံးဖြတ်လိုက်၏။
အပေါ်ထပ်တွင် ကျီချင်းရန်သည် ရေချိုးခန်းထဲက ထွက်လာခဲ့သည်။
သူမ၏ ကျက်သရေရှိသည့် ကောက်ကြောင်းများကို စိတ်တိုချင်စရာ ပုဝါရှည်တစ်ထည်က ကာစည်းထားပြီး ဖြူဖွေးသည့် အသားအရေမှာတော့ ကျောက်စိမ်းနှယ် သွေးကြောများကိုပင် မြင်တွေ့နေရသည်။ စည်းနှောင် ခံထားရသည့် ယုန်ကြီးများမှာလည်း ဖိနှိပ် ချုပ်ချယ်ထားချင်းကို မခံလိုဟန်ဖြင့် ခုန်ပေါက်ချင်နေဟန် တူသည်။
ဆံပင် ရေသုတ်ရန်အတွက် ကိုယ်ကို အနည်းငယ် တိမ်းလိုက်သည်တွင် လင်းရီမှာ ကမ္ဘာလောကကြီး တစ်ခုလုံး အနည်းငယ်ပင် တန့်နှေးသွားသည်ဟု ခံစားလိုက်ရ၏။
“ ငါတို့ တွဲလာတာ တစ်နှစ်ကျော်နေပြီကို ခုထိ ကိုယ့်ကိုယ်ကို တဘက်စည်းထားတုန်းလားဟ… ဒါကြီးက အရမ်း အနေဝေးတဲ့ပုံစံ ပေါက်တယ်နော်… မင်းလုပ်ပုံက ငါကပဲ ချောင်းကြည့်မယ့် ပုံစံနဲ့…”
“ ဪ … နင်က ချောင်းမကြည့်ဘူးပေါ့…”
“ ဟေ့… ငါတို့ကြားမှာ ယုံကြည်မှု ဆိုတာ မရှိဘူးလား…”
“ ကျစ်… ပြောချင်သလိုသာပြော.. ဘယ်လိုပဲ ဖြစ်ဖြစ် ငါကတော့ နင့်ကို ပေးကြည့်မှာမှ မဟုတ်တာ ခစ်ခစ် ခစ်ခစ် …”
ကျီစယ်တတ်သည့် မြေခွေးမလေးတစ်ကောင်ကဲ့သို့ ပြောပြီးနောက် ကျီချင်းရန်သည် သူမ၏ အခန်းထဲသို့ ဝင်သွားခဲ့သည်။
လင်းရီမှာတော့ ဤကောင်မလေး သူ့လက်ထဲ ရောက်လာသည့်တစ်နေ့ ပြီပြီပြင်ပြင် ပညာပေးရမည်ဟု စိတ်ထဲ ကြိမ်းဝါးရင်း ရေချိုးခန်းထဲ ဝင်လိုက်သည်။
သို့သော် ပခုံးရှိ ဒဏ်ရာကြောင့် မျက်နှာသစ်၊ သွားတိုက် ၊ ခြေလက် ဆေးကြောပြီးသည်နှင့် အနားယူရန် ကိုယ့်အခန်းကိုယ် ပြန်သွားလိုက်တော့သည်။
အိပ်ခန်းထဲတွင်တော့ ကျီချင်းရန်သည် ဆံပင်ကို ဒရိုင်ယာဖြင့် အခြောက်ခံနေသည်။ ပြီးနောက် မျက်နှာ မာ့စ်ကပ်ပြီး စာအုပ်တစ်အုပ် ဖတ်နေလိုက်၏။
သတိမထားမိလိုက်သည့် အချိန်တိုအတွင်းမှာပဲ အချိန်နာရီဝက် ကုန်ဆုံးသွားခဲ့ပြီး လင်းရီသည် ယခုချိန်ထိ သူမ အခန်းထဲ ရောက်မလာသေးကြောင်းကို ကျီချင်းရန် သတိထားမိလိုက်သည်။
ယခင်တုန်းကဆိုပါက လင်းရီ ရေချိုးသည့် အချိန်သည် အများဆုံး မိနစ် ၂၀ သာလျှင် ရှိသည်။
ယနေ့ကျမှ အဘယ်ကြောင့် နာရီဝက်ကျော် ကြာသည်အထိ မပြီးစီးနိုင် ဖြစ်နေရသနည်း။
“ ဒီအကောင် ဘယ်တုန်းက သန့်ရှင်းရေး လုပ်ရတာ ကြိုက်တဲ့ ငကြောင် ဖြစ်သွားတာပါလိမ့်…”
ထိုအကြောင်း တွေးမိတော့ ကျီချင်းရန်၏ မျက်နှာမှာ ရှက်သွေးဖြန်းသွားခဲ့ရလေသည်။
ပြောကြသည်မှာ ဝေးကွာမှုက နှလုံးသားထဲရှိ ချစ်ရမ္မက်တို့အား ပို၍ တိုးပွားလာစေသည်ဆိုပင်။ ထို အကောင်က ယနေ့ ဤမျှကြာသည်အထိ သန့်ရှင်းရေး လုပ်နေပုံထောက်လျှင် သူ့တွင် ရည်ရွယ်ချက် တစ်ခုခု ရှိမနေဟူ၍ မပြောနိုင်ပေ။
ကျီချင်းရန် တွေးလေလေ ၊ မျက်နှာက နီရဲလာလေလေ ဖြစ်ပြီး ဖတ်နေသည့် စာအုပ်ထဲလည်း မည်သို့မျှ စိတ်မရောက်နိုင်ဘဲ ရှိနေတော့၏။
နှစ်ယောက်မှာ အချိန်အတော်ကြာအောင် ခွဲခွာထားရသဖြင့် ယနေ့တွင် အတူအိပ်မည့် အကြံအစည်ကို ကျီချင်းရန် တိတ်ဆိတ်စွာ အသိအမှတ်ပြုထားခဲ့သည်။
ဤသည်က သူတို့နှစ်ဦး၏ ပုံမှန် လုပ်ရိုးထုံးစံပင်။ သူမ ငြင်းပယ်လျှင်ပင် လင်းရီက အတင်းအဓမ္မ သူမနှင့် အတူအိပ်ရန် ကုတင်ပေါ် တက်လာတတ်၏။ ထို့ကြောင့် ယနေ့တွင်လည်း လင်းရီ ထိုသို့ ပြုလုပ်မည့် အကြံအစည်ကို ငြင်းပယ်ခြင်း မရှိ လက်ခံရန် စိတ်ကူးထား၏။
ရေချိုးပြီးနောက် လင်းရီ အခန်းထဲ ရောက်လာမည်ကို စာအုပ်ဖတ်ရင်း သူမ ဆက်လက် စောင့်ဆိုင်းနေသည်။
“ နင့် တစ်ကိုယ်လုံး သန့်ရှင်းရေး လုပ်ထားတယ်ဆိုရင်တောင် နာနာခံခံနဲ့ပဲ အိပ်လို့ရမယ်.. ခြေဆော့လက်ဆော့ လုပ်လို့ကတော့ … ဟွန့်…”
သူမ တွေးလေလေ ၊ ပို၍ စိတ်လှုပ်ရှား ရင်ဖိုလာလေလေ ဖြစ်ပြီး ရင်ထဲ တလှပ်လှပ် ခံစားလာခဲ့ရ၏။
နှစ်ယောက်လုံးက အရွယ်ရောက်ပြီးသူများ ဖြစ်သဖြင့် မည်သူကမျှ သူတို့၏ သွေးသား ဆန္ဒများကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ချေ။
အကယ်၍ လင်းရီသာ အရမ်း အဖြစ်သည်းနေခဲ့ပါက သူမ မလိုက်လျောပေးနိုင်ခဲ့လျှင်ပင် ယခင်ကကဲ့သို့ သူမ၏ နှုတ်ခမ်းသုံး၍ ဖြေလျော့ပေးရန် စဉ်းစားထားခဲ့သည်။
သို့တိုင် နောက်ထပ် မိနစ် ၂၀ ကျော် ကြာသည်အထိ စောင့်ဆိုင်းနေသော်လည်းပဲ လင်းရီသည် အိပ်ခန်းထဲသို့ ရောက်မလာပေ။
သူမ နာရီကို တစ်ချက် ကြည့်လိုက်တော့ လင်းရီ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်မှာ တစ်နာရီ ရှိပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
‘ ဘယ်လောက်ပဲ သန့်ရှင်းရေး လုပ်တယ် ပြောပြော တစ်နာရီကြီး ကြာအောင် ရေချိုးဖို့ ဆိုတာကတော့ မဖြစ်နိုင်ဘူးမလား…’
ခေတ္တ တွေးတောပြီးနောက် သူမ ကုတင်ပေါ်ကနေ တိတ်တဆိတ် ဆင်းလာပြီး ရေချိုးခန်းထဲ မီးမှိတ်ထားကြောင်းကို ကျီချင်းရန် သတိထားမိလိုက်သည်။
‘ ဟင်… သူ ပြီးသွားပြီလား…’
ပဟေဠိ ဖြစ်စွာနဲ့ပဲ သူမတိတ်တဆိတ် လျှောက်လှမ်းလာပြီး တံခါးကို ခေါက်ကြည့်လိုက်သည်။ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာချေ။
ရေချိုးခန်း တံခါးကို တိတ်တိတ်လေး ဟ,ကြည့်လိုက်တော့ အထဲတွင် မည်သူမျှ ရှိမနေကြောင်းကို သူမ တွေ့ရှိလိုက်ရသည်။ လင်းရီ ရေချိုးခန်းထဲ ရှိမနေချေ။
“ သူ ဘယ်သွားခဲ့တာပါလိမ့်.. သူ့ အခန်းသူ ပြန်သွားခဲ့တာလား… မဖြစ်နိုင်လောက်ပါဘူးနော်…”
သူမကိုယ်သူမ တီးတိုးရေရွတ်လိုက်ရင်း ကျီချင်းရန်သည် လင်းရီအခန်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်မိသည်။
သို့သော် တံခါးအောက်၌ အလင်းရောင် ထွက်ပေါ်နေသည်ကိုလည်း သူမ မမြင်တွေ့ရချေ။ အိမ်ထဲရှိ မီးရောင်များကို ပိတ်ထားသဖြင့် အကယ်၍ မီးဖွင့်ထားသည်ဆိုပါက အင်မတန် သိသာလှ၏။
“ ညလယ်ခေါင်ကြီး မအိပ်ဘဲနဲ့ သူ ဘယ်သွားခဲ့တာပါလိမ့်…”
“ သူ့အခန်းသူ ပြန်သွားခဲ့တာများလား.. ဒါ သူ့ပုံစံနဲ့လည်း မကိုက်သေးပါဘူး..”
မည်သို့ပင် စဉ်းစားစေကာမူ ကျီချင်းရန် ရေရာတိကျသည့် အဖြေတစ်ခုကို မစဉ်းစားနိုင်ခဲ့ချေ။ တွေးရင်းဖြင့် သူမ၏ ခြေလှမ်းတို့က လင်းရီအခန်းရှေ့သို့ အလိုလို ရောက်ရှိလာသည်။
ဒေါက် ဒေါက် ဒေါက် …
မည်သည့် တုံ့ပြန်မှုမျှ ထွက်မလာခဲ့ချေ။
ဒေါက် ဒေါက် ဒေါက်…
ကျီချင်းရန် သုံးလေးကြိမ်ခန့် တံခါး ခေါက်ကြည့်သည့်တိုင် ထဲက အသံထွက်မလာသဖြင့် အသံထွက် မေးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
“ ဘာလဲ…” ထိုအချိန် လင်းရီ၏ အိပ်ချင်မူးတူး အသံက အထဲကနေ ထွက်ပေါ်လာသည်။
ကြက်သေသေစွာဖြင့် …. သူမ၏ ကြီးမားရွှန်းစိုနေသည့် မျက်လုံးကြီးများအား ပုတ်ခတ်ပုတ်ခတ် ပြုလိုက်မိ၏။
သူ တကယ်ကြီး သူ့အခန်းသူ ဝင်အိပ်နေတယ်….
ချလပ်….
ထိုအခိုက်အတန့်တွင် အထဲကနေ တံခါး ဖွင့်လာခဲ့၏။
လင်းရီ ခေါင်းကုတ်ရင်း ကျီချင်းရန်ကို အိပ်ချင်မူးတူး မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။
“ ဒီလောက် ညဉ့်နေပြီကို ချင်းရန် မင်း အခုထိ မအိပ်သေးဘူးပေါ့..”
ထို့သို့ ပြောပြီးနောက် မုန်းချင်စရာ အကောင်က အာပင် သမ်းဝေပြလိုက်သေးသည်။
“ ဘာမှ … ဘာမှ မဟုတ်ပါဘူး…” ကျီချင်းရန် ပါးစပ်ထဲရှိရာ ဆင်ခြေတစ်ခု ကောက်ပေးလိုက်ပြီး “ နင့် အသံမကြားလို့ ငါ ဒီလာပြီး စစ်ကြည့်လိုက်တာ…”
“ ငါက လူကြီးဖြစ်နေပြီကို ဘာများ ဖြစ်နိုင်မှာမို့လို့ …” လင်းရီ ပြောလိုက်ပြီး “ ဒီတိုင်း ရေချိုးပြီး နည်းနည်း အိပ်ချင်လာလို့ ပြန်လာအိပ်နေလိုက်တာ.. မြန်မြန် မင်းလည်း သွားအိပ်တော့ သွား… နောက်ကျနေပြီ… မနက်ဖြန်ကျရင် အလုပ်သွားရဦးမယ်မလား…”
“ ဟင် အင်း .. အိုကေလေ.. ငါလည်း သွားအိပ်တော့မယ်… ဂွတ်နိုက်…”
“ ဂွတ်နိုက်…”
လင်းရီ တံခါးကို ပြန်ပိတ်လိုက်ပြီး ကျီချင်းရန်လည်း နောက်လှည့် ထွက်ခွာသွားခဲ့သည်။
ကျီချင်းရန်သည် ဘေးဘီသို့ကြည့်ရင်း မျက်မှောင်ကြုတ်မိသွားခဲ့၏။ သူမရှေ့ရှိ မြင်ကွင်းက သူမ စိတ်ကူးထားသည်နှင့် တပ်တပ်စင်အောင် လွဲချော်နေသည်။
သူမ၏ အခန်းထဲသို့ ပြန်ရောက်သည်တွင် စောင်အောက်သို့ ခေါင်းမြီးခြုံထားပြီး ဟိုလှည့်ဒီလှည့်နှင့် အိပ်လို့ မပျော်နိုင်ဘဲ ဖြစ်နေခဲ့သည်။
လင်းရီ၏ အကျင့်စရိုက်ဖြင့် ဆိုပါက သူမကို လာမတွေ့ဘဲနှင့်တော့ သူ့ဘာသူ တစ်ယောက်တည်း အိပ်ဖို့ မဖြစ်နိုင်ချေ။
ဆိုတော့….
ဒီခုက ဘာတွေ ဖြစ်နေတာလဲ။
ထိုအကြောင်းကို သူမ တစ်ညလုံး စဉ်းစားနေခဲ့သည့်တိုင် ကျီချင်းရန် အဖြေ မထုတ်နိုင်ခဲ့ပေ။ အရုဏ်တက်ခါနီး အချိန်မှသာ ရုတ်တရက် အိပ်ပျော်သွားခဲ့လေသည်။
နောက်တစ်နေ့ နံနက်ခင်း ၊ ကျီချင်းရန် အိပ်ရာက ထတော့ နံနက် ကိုးနာရီပင် ကျော်နေပြီးဖြစ်၏။
“ ဟင်… ပန်ဒါ မျက်လုံးနဲ့ မင်း မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရဘူးလား…”
“ အွန်း…. ဟုတ်တယ်.. မနေ့ညက အိပ်လို့ကောင်းနေပါတယ်ဆို ဖုန်းဝင်လာလို့ ကောင်းကောင်းမအိပ်လိုက်ရဘူး…”
“ ဒါဆိုလည်း မြန်မြန်သွားပြီး မျက်နှာသစ်တော့လေ… ငါ ထမင်းချက်လိုက်မယ်…”
“ အိုး.. အိုကေ….”
ကျီချင်းရန် စိတ်လွတ်လက်လွတ်ဖြစ်စွာ ပြန်တုံ့ပြန်လိုက်သည်။
သို့တိုင် ယခင်ည အဖြစ်အပျက်တို့က သူမခေါင်းထဲတွင် တဝဲဝဲလည်နှင့် ရှိနေဆဲဖြစ်ပြီး ဘာဖြစ်နေလဲဆိုတာကို မစဉ်းစားနိုင်ဘဲ ရှိနေခဲ့၏။
လင်းရီက သူမကို ယခင်လို ကျီစယ်စနောက်ခြင်းလည်း မရှိချေ။ ယင်းက ထူးဆန်းလှ၏။ သူမက သူ့ကို အလကား သပ်သပ် စောင့်ဆိုင်းနေခဲ့သလို ဖြစ်နေလေသည်။
သူ အလုပ်ခရီးက ပြန်လာလို့ တအား ပင်ပန်းသွားတာကြောင့်များလား။
သွားတိုက်နေရင်းဖြင့် ကျီချင်းရန် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်၏။ ယင်းကသာ တစ်ခုတည်းသော ဖြစ်နိုင်ချေဟု သူမ ခံစားနေရသည်။
သူမ အလုပ်ခရီးက ပြန်လာပြီဆိုလျှင်လည်း ထို့အတူပင်။ အိမ်သို့ ရောက်သည်နှင့် ချက်ချင်း ခေါင်းမြီးခြုံ၍ အိပ်ပျော်သွားခဲ့သည်။ အခြား ဘာတစ်ခုမျှ ပြုလုပ်ရန် စိတ်မပါခဲ့ချေ။
ထိုအကြောင်း တွေးမိပြန်တော့ ကျီချင်းရန်၏ စိတ်အခြေအနေသည် သိသိသာသာ တိုးတက်ကောင်းမွန်လာသည်။
လင်းရီကို ယနေ့ည နောက်တစ်ကြိမ် အခွင့်အရေး ပေးလိုက်မည်ဟု စိတ်ထဲ စိတ်ကူးထားလိုက်၏။
‘ ဟွန့်… နင် ဒီ နတ်သမီးကို အချိန်အကြာကြီး စောင့်ရအောင် လုပ်ရဲရင် လုပ်ကြည့်စမ်း…’
ကိုယ်လက် ဆေးကြော သန့်စင်ပြီးနောက် ထမင်းစားခန်းထဲ ရောက်လို့လာသည်။
“ နင် ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ..”
“ ငါ ကုမ္ပဏီ ခဏသွားမယ်.. အဲ့မှာ ငါ့အတည်ပြုချက် စောင့်နေတဲ့ ကိစ္စတွေ အများကြီးပဲ..”
“ ကောင်းပြီလေ.. ဒါဆို ဒီည စူပါမားကတ်သွားကြတာပေါ့… အိမ်က ရေခဲသေတ္တာလည်း ဗလာကျင်းလုနီးနီးပဲ…”
“ အင်း… ရတယ်…”
ထမင်းစားပြီးနောက် နှစ်ယောက်သား ကား ကိုယ်စီ မောင်းထွက်လာခဲ့ကြသည်။
ရုံးခန်းထဲရောက်တော့ လင်းရီသည် ချီရှန်းကျောက်၊ ဟော်ယွမ်ယွမ်နှင့် ထျန်းရန်တို့ကို ရုံးခန်းထဲ ဆင့်ခေါ်လိုက်၏။
“ ဥက္ကဌလင်း… ကျုပ်တို့ကို တွေ့ချင်နေတယ်ဆိုလို့ပါ…”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ “ သစ်တင်သွင်းမယ့် ကိစ္စ ဘယ်လို ရှိပြီလဲ…”
“ စာချုပ်ရဲ့ စုစုပေါင်း ပမာဏက ကန်ဒေါ်လာ ၁.၃၆ ဘီလီယမ် ရှိပါတယ်… အမြတ်က ဒေါ်လာ ၃သန်းပါ.. မပြောပလောက်ပါဘူး..” ချီရှန်းကျောက် ပြောလိုက်ပြီး “ ရုရှားက တင်သွင်းမယ့် အနီရောင် ထင်းရှူးနဲ့ အဖြူရောင် ထင်းရှူးကတော့ အဆင်သင့် ဖြစ်နေပြီ… သူတို့ ကျုပ်တို့ဆီ တစ်ပတ်ကနေ လဝက်အတွင်း ပို့ပေးလာပါလိမ့်မယ်..”
“ ဘရာဇီးကလည်း သင်္ဘောတွေနဲ့ စပြီး တင်နေပြီ… ဒါပေမယ့် သူတို့ကတော့ နည်းနည်း ကြာမယ်.. အနည်းဆုံး တစ်လပဲ… ကျုပ် ခန့်မှန်းထားတဲ့ အတိုင်းသာဆိုရင် ကျုပ်တို့ဘက် ရောက်ဖို့ကို ရက် ၅၀ ကနေ ၆၀ လောက် အထိ သွားကျလိမ့်မယ် ထင်တယ်…”
စားပွဲကို လက်ညိုးဖြင့် တတက်တက် ခေါက်နေရင်း စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်နေခဲ့သည်။
“ စာချုပ်ချုပ်ပြီးတာ တစ်ပတ်တောင် ကြာတော့မယ်… ဒီကြားထဲ ဘာမှ မဖြစ်ဘူးလား…”