သိပ္ပံပညာရှင်တို့၏ ခရေစေ့တွင်းကျ ရှိမှု
Vol. 100 Ch. 1491
“ ခစ်ခစ်ခစ် … ရှင်က ထန်စန်း ကိုယ်တော် မဟုတ်တောင် ရှင်က သူ့ထက် ပိုပြီး ဆွဲဆောင်မှု ရှိနေတုန်းပဲရှင့်…”
“ ဟေ့ … မင်းရဲ့ သွားရည်တွေ ငါ့ပေါ် ကျကုန်တော့မယ်…”
“ အို အဲ့လောက် အသေးစိတ် ကပ်တွက်မနေနဲ့လေ…”
“ ဟဲ့ နင်တို့ … ကြားကနေ ဖြတ်မလုကြနဲ့… ဒီ abs တွေက ငါ့အပိုင်…” A cup ပိုင်ရှင် နာ့စ်က သူမ၏ ပိုင်ဆိုင်မှုကို သတ်မှတ်လိုက်သည်။
“ မဟုတ်ဘူး ငါ့ဟာ…” တခြား နာ့စ် အလှလေး တစ်ဦးကလည်း ဝင်ပြီးပြော၏။
“ ညှပ်ရိုးတွေက တို့ဟာနော်..” C cup ပိုင်ရှင် နာ့စ်က ကြေညာလိုက်၏။
“ ဟော့ဒီ ရင်အုပ်က ငါ့ဥစ္စာ…” D cup နာ့စ်က ပြောလိုက်၏။
“ ချီးပဲ… နင်တို့တွေ သိပ်တရားလွန်နေပြီ..” ချောင်ရှင်း ပြောလိုက်ပြီး “ ငါ နင်တို့ကို ဝေမျှပေးမယ်.. နင်တို့ ကြိုက်တာ ယူကြ… ဒါပေမယ့် အဓိကကိုတော့ ငါ့အတွက်ပဲ…”
“ အဲ့အပိုင်းက အဖိုးတန်ဆုံး မဟုတ်ဘူးလား…”
“ ဒါပေမယ့် ငါတော့ ဒါရိုက်တာလီ ငါ့ကို သတ်မှာ ကြောက်တယ်…”
“ ဟားဟားဟား …”
ချောင်ရှင်းနှင့် ဒါဇင်ချီသည့် နာ့စ်များ၏ ခွဲတမ်း ပြဿနာကြောင့် လင်းရီ၏ ပတ်တီးလဲသည့် လုပ်ငန်းစဉ်မှာ တစ်နာရီနီးပါးမျှ ကြာညောင်းသွားခဲ့သည်။ ဆေးရုံတွင် လီချူးဟန်နှင့် ခေတ္တနေပြီးနောက် လျန်ရူရွှယ်၏ နေရာသို့ မောင်းနှင်လာလေသည်။
“ ပခုံး ဒဏ်ရာက ဘယ်လိုနေသေးလဲ…”
ရုံးခန်းထဲတွင် လျန်ရူရွှယ်သည် လင်းရီအတွက် ရေတစ်ခွက် ငဲ့ပေးလိုက်ပြီး စိုးရိမ်ပူပန်နေသည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်၏။ လီချူးဟန်ကဲ့သို့ တည်ငြိမ် မနေနိုင်ပေ။
“ ပြင်းပြင်းထန်ထန် ဘာမှမလုပ်သရွေ့တော့ ရှစ်ရက်ကနေ ဆယ်ရက်လောက်အထိ အေးဆေးပဲ…”
“ ခုကစပြီး ကျိုးဟိုင်မှာပဲနေတော့… ဘယ်မှ လျှောက်မသွားနဲ့တော့…”
“ မြွေတစ်ခါ ကိုက်ခံရဖူးတာနဲ့ ကြိုးကို ဆယ်နှစ်လောက် ကြောက်နေလို့တော့ ဘယ်ဖြစ်မှာ..”
“ နင့်ကိုတော့ ငါလေ … တကယ်ကို ပြောစရာ စကားကင်းမဲ့ရတယ် သိလား…” လျန်ရူရွှယ် လက်ချာ ရိုက်လိုက်ပြီး “ တကယ်လို့ တစ်ခုခုဆိုရင် ငါ့ကို ဖုန်းသာဆက်လိုက်… ငါနင့်အတွက် မိနစ်ပိုင်း အတွင်း ဖြေရှင်းပေးမယ်… အဲ့လောက်ထိ ဒုက္ခများစရာ မလိုပါဘူး…”
“ ဟုတ်တယ်… ဒါပေမယ့် ငါ လုပ်နိုင်နေရဲ့သားနဲ့ သူများကို ဒုက္ခပေးနေတာကြီးကတော့ မဟုတ်သေးဘူးလေ…”
လျန်ရူရွှယ် မျက်မှောင်ကြုတ်လိုက်၏။
“ ငါက သူများလား…”
“ မဟုတ်တာ မဟုတ်တာ … မင်းက ကိုယ့် ဇနီးချောလေးပါ..”
“ ငါ့ကို သောက်ခွက်လာပြောင်မနေနဲ့…”
လင်းရီသည် လက်နှစ်ဖက်ကို ခေါင်းအနောက်တွင် ထားလိုက်ပြီး ထိုင်ခုံနောက်သို့ မှီလိုက်၏။
“ မတော်တဆမှု ဖြစ်ခဲ့တယ်ဆိုပေမယ့် ငါတို့ ဘာမှ ပြန်မရခဲ့တာမှ မဟုတ်တာ… ဝမ်မိသားစုရဲ့ ကျန်တဲ့ အဖွဲ့ဝင်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အကြောင်းပြချက်ကောင်း ရသွားတယ်လေ… မဟုတ်ရင် ကျုံးဝေ့ တပ်ဖွဲ့ထဲမှာ သူတို့ ချန်သွားခဲ့တဲ့ လူတွေက ချိန်ကိုက် ဗုံးလိုမျိုးပဲ… ငါ့အထင် အဘိုးကြီးလုက ဒီလို အခွင့်အရေးမျိုးကို စောင့်နေတာပဲ ဖြစ်ရမယ်…”
“ ဟွန့်… ငါတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပျော်နေတာဆိုလို့ သူပဲ ရှိမယ် ထင်တာပဲ…”
“ ပျော်ချင်ပျော်ပေါ့ … ဘာလို့ ဂရုစိုက်နေရမှာ… ကိုယ့်ဘက် အဆင်ပြေနေရင် အကောင်းဆုံးပဲ မဟုတ်လား…” လင်းရီ ပြေလိုက်ပြီး “ ဒီ ဖြစ်ရပ်ကနေ ငါတို့ ဝမ်မိသားစုကို အောက်ဆုံးထိ ဆွဲချနိုင်မယ်ဆိုရင် အဘိုးကြီးလုတင်မကဘူး.. ငါနဲ့ လျန်မိသားစု နှစ်ခုလုံးလည်း ဒီကနေ အကျိုးအမြတ် အကြီးကြီး ရမှာပဲလေ…”
ဤမျှ ရိုးစင်းသည့် သဘောတရားကို လျန်ရူရွှယ် သတိမပြုမိဘဲ မည်သို့ နေလိမ့်မည်နည်း။
သို့သော် ထိုအရာအတွက် လင်းရီ၏ အသက်နှင့် လောင်းကြေး ထပ်ရသည်ကိုတော့ အဆတစ်ရာ အကျိုးအမြတ် ရှိစေဦးတော့ သူမ အလိုမရှိပေ။
“ ထားတော့ .. ထားတော့ … ဒီကိစ္စ ထပ်မပြောကြစို့…”
ယခုအခြေအနေ ရောက်ပြီးမှတော့ သူမ မကျေမနပ် ရေရွတ်နေလျှင်လည်း အသုံးမဝင်မှန်း သူမ သိသည်။ ထိုအစား တခြား အကြောင်းအရာ တစ်ခုကိုသာလျှင် ဆွေးနွေးသင့်၏။
“ နင့် ကုမ္ပဏီနဲ့ နင့်ဘေးနားကလူတွေရော ဘာမှ မှားယွင်းမနေဘူးမလား …”
လင်းရီ ပြုံးလိုက်၏။ လျန်ရူရွှယ် ညွှန်းဆိုချင်နေသည်အား သူ နားလည်သည်။
“ တကယ်လို့ တစ်ခုခုသာ မှားနေမယ်ဆို ခုချိန် ငါ ဒီနေရာမှာ ရှိနေနိုင်မှာတောင် မဟုတ်ဘူး..”
“ ဒါပေမယ့် ဒီလောက်ရက်တွေ ကြာပြီးတာတောင် ဝမ်မိသားစုက ဘာလှုပ်ရှားမှုမှ ရှိမလာသေးဘူး… ဘယ်လိုပဲ ပြောပြော ငါတော့ နည်းနည်း စိတ်သက်သာ ရမိတယ်…”
လင်းရီ၏ အမူအရာလည်း ပြောင်းလဲသွားခဲ့သည်။
“ ငါလည်း အဲ့တာကို ဇဝေဇဝါ ဖြစ်နေတာပဲ… ခုဥစ္စာက ဝမ်မိသားစုရဲ့ စတိုင်နဲ့ မကိုက်ညီသေးဘူး… သူတို့ လုပ်နေတာက ဒီကိစ္စကို ဒီတိုင်း ထားလိုက်တော့မယ့် ပုံစံကြီးနဲ့…”
“ ငါ တခြား ဘာမှတော့မပြောနိုင်ဘူးဆိုပေမယ့် ဝမ်မိသားစုက ဒီကိစ္စကို ဒီတိုင်း မထားလိုက်မှာတော့ ကျိန်းသေပေါက် ပြောနိုင်တယ်…” လျန်ရူရွှယ် ပြောလိုက်ပြီး “ သူတို့ ကြာကြာ ကွယ်ဝှက်ပြီး နေလေလေ ၊ နင့်ဆီ ရောက်လာမယ့် ခြိမ်းခြောက်မှုကလည်း ပိုပြီး ကြီးမားလေလေပဲ…”
“ တော်တယ်…”
“ ဒီတော့ ခုလို အားနေတဲ့ အချိန်မှာ အေးဆေး ထိုင်မနေနဲ့… နင့် လုပ်စရာရှိတာ ကောင်းကောင်းလုပ်… သူတို့ကို လမ်းဖွင့်ပေးလိုက်သလို မဖြစ်နဲ့…”
“ ဒါ ကျိန်းသေပေါက်ပဲပေါ့…”
အလုပ်ကိစ္စ ဆွေးနွေးပြီးနောက် နှစ်ယောက်သည် ရုံးခန်းထဲတွင် နွေးထွေးပြီး သက်တောင့်သက်သာ ရှိသည့် လေထုကို ဖန်တီးရင်း တစ်လျှောက်လုံး လျန်ရူရွှယ်ကို နေရခက်အောင် ပြုလုပ်နေသည်။ ထို့နောက် လင်းရီသည် ကြီးစိုးနိုင်သည့် ယုံကြည်ချက်တို့ဖြင့် ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
ချောင်ရန်အုပ်စုသို့ ပြန်ရောက်သည်တွင် ကျီချင်ရန်သည် သူမ၏ အလုပ်ကိစ္စများအားလုံး ပြီးစီးပြီ ဖြစ်သည်။
လင်းရီက သူမနှင့် အတူ စူပါးမားကတ်သို့ အတူ ဈေးဝယ်ထွက်ရန် ပြင်ဆင်နေခဲ့၏။
လင်းရီက သူမကို အဖော်ပြုပေးနေသဖြင့် ကျီချင်းရန်၏ ခံစားချက်တို့ ကောင်းမွန်နေသည်။ သူမ မြင်သမျှ ၊ လိုချင်သည့် အရာမှန်သမျှကို မဆိုင်းမတွ ဝယ်ယူနေပြီး မသိလိုက်ခင် အချိန်အတွင်းမှာပဲ ဈေးတွန်းလှည်း တစ်ခုလုံး ပြည့်လျှံသွားခဲ့တော့၏။ မတတ်နိုင်ပေ။ မင်းသမီးလေးက လက်လျော့ချင်စိတ် မပြသေးသည့် အတွက် လင်းရီမှာ ကူကယ်ရာမဲ့စွာဖြင့် နောက် တွန်းလှည်းတစ်ခု သွားဆွဲလာခဲ့ရတော့၏။
“ ငါတို့နှစ်ယောက်က ဒီလာပြီး ဂေဟာတစ်ခုခုကို ထောက်ပံ့ပေးဖို့ ပစ္စည်းတွေ လာဝယ်နေတဲ့လူတွေနဲ့ တူနေတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်…”
“ ဒီတိုင်း အိမ်က ရေခဲသေတ္တာထဲမှာ ဘာမှ မရှိတော့လို့ပါ နင်ကလည်း … ဘာဆို ဘာမှကို မရှိတော့တာ…”
“ မင်းကပဲ ပြောရတယ်ရှိသေး…” လင်းရီ ပြုံးလိုက်ပြီး “ မရှိတော့ဘူးဆိုလည်း ဘာလို့ လာဝယ်ပြီး ပြန်မဖြည့်လဲ..”
“ နင် အိမ်မှာ မရှိတဲ့ချိန် ဒီလာပြီး ပစ္စည်းဝယ်တော့ကော ဘာအဓိပ္ပာယ် ရှိမှာမို့လို့…”
“ ဒီနေရာက အခမ်းအနား လုပ်ထုံးလုပ်နည်းနဲ့ ဆိုင်တဲ့ နေရာလေ… လူနှစ်ယောက် အတူ လျှောက်လည်မှပဲ စိတ်ဝင်စားဖို့ကောင်းတာ…”
“ အဲ့တာ ရိုးရာလား…”
“ အင်း … ဟုတ်တယ် ရိုးရာ…”
“ ငါမှတ်မိတာ ငါ ငယ်ငယ်တုန်းက စူပါမားကတ်တွေ အဲ့တုန်းက ဒီလောက်ထိ ခေတ်မစားသေးဘူး… အဲ့တုန်းက ကွင်းပြင်ထဲက ဈေးကြီးထဲမှာ မိသားစု သုံးယောက် အတူတူ ဈေးဝယ်ထွက်ကြတာ… ငါတို့ နေ့စဉ် ဘဝမှာ သုံးနေရတဲ့ ပစ္စည်းတွေကို အတူဝယ်ရတော့ စစ်မှန်တဲ့ ဘဝရဲ့ တစ်စိတ်တစ်ဒေသလို့ ခံစားရတယ်…”
“ ဟင်… အင်း အဲ … ဟုတ်တယ်နော်…”
ချမ်းသာသည့် မိသားစုက ပေါက်ဖွားလာသည့် ဤမိန်းကလေးက တော်တော်လေး ပုံမှန်မဟုတ်ဟု လင်းရီ ခံစားလိုက်ရသည်။
ဈေးဝယ်ထွက်တာက ဒီလောက်ထိ နက်နဲတဲ့ အဓိပ္ပာယ်ထိ ရှိမှန်း ငါ မသိခဲ့ပါလားဟ။
သူ ငယ်ငယ်တုန်းက သူ့ အမေနဲ့ အတူ ဈေးလိုက်လာသည်က ဘန်းမုန့်ရောင်းသည့် အလန်းလေးကို ငမ်းကြည့်ပြီး ရေခဲမုန့် စားချင်သောကြောင့်ပင်။
အဆိုပါ ဘန်းမုန့်စားသည့် အကျင့်က ထိုအချိန်ကတည်းက ပျိုးထောင်ခြင်း ခံခဲ့ရသည်ဟု လင်းရီ ရုတ်တရက် အတွေးရောက်သွားခဲ့၏။
နှစ်ယောက်သား တစ်နာရီကျော်ကြာအောင် စိတ်ကြိုက် ဝယ်ယူနေကြပြီး ဈေးခြင်းတွန်းလှည်း နှစ်ခုလုံး ပြည့်လျှံနေတော့မှ ကျီချင်းရန် စိတ်ကျေနပ်သွားခဲ့တော့သည်။
“ ကြိုးစားပေးတဲ့အတွက် ကျေးဇူးနော်… လူကြီးမင်းလင်း..”
ယခင် အချိန်တုန်းကဆို သူတို့နှစ်ယောက် စူပါမားကတ်သို့ အတူ ဈေးဝယ်ထွက်မည်ဆိုပါက လေးလံသည့် ပစ္စည်းအိတ်များကို ကျီချင်းရန်က တတ်အားသရွေ့ ကူသယ်ပေးလေ့ရှိသည်။
သို့သော် ယခု ခွန်အားစိုက်ထုတ်ရသည့် အလုပ်များက လင်းရီ လက်ထဲရောက်လို့လာပြီး သူမကတော့ တစ်သျှူးနှင့် ဟင်းသီးဟင်းရွက်ကဲ့သို့သော ပေါ့ပေါ့ပါးပါး ပစ္စည်းတစ်ချို့ကိုသာ သယ်ဆောင်တော့သည်။
တွန်းလှည်းထဲရှိ အသီးနှင့် ဟင်းသီးဟင်းရွက်များကို ကြည့်ရင်း လင်းရီ အနည်းငယ် မှိုင်တွေသွားခဲ့ရသည်။
သူ၏ လက်ရှိ အခြေအနေဖြင့် ဤသည်က စစ်ဆေးမှု တစ်ရပ် ဖြစ်ပေသည်။ သူ၏ ဒဏ်ရာ ပြန် မပွင့်ပါစေနှင့် ဟူ၍သာ စိတ်ထဲ တိတ်တဆိတ် ဆုတောင်းလိုက်တော့၏။
မိနစ် နှစ်ဆယ်ကျော် ကြာပြီးနောက် ဝယ်လာခဲ့သမျှကို ကားထဲသို့ လင်းရီ သယ်ပို့ပြီးဖြစ်သည်။
သူ စိတ်သက်သာရစွာဖြင့် သက်ပြင်း ချနေစဉ်မှာပဲ ရုတ်တရက်ဆိုသလို သူ၏ အရေပြား အေးတိအေးစက် ဖြစ်လာသည်ကို ခံစားလိုက်ရ၏။
သောက်ကျိုးတော့ နည်းပြီ။
ပြောစရာ မလိုအောင်ပင် အနာက ပြန်ပွင့်သွားခဲ့ပြီ ဖြစ်ကြောင်းကို လင်းရီ တပ်အပ်သိလိုက်သည်။ ပြန်ပိတ်ရန်အလို့ငှာ လီချူးဟန်၏ နေရာသို့ အလျင်အမြန် သွားဖို့ လိုအပ်လေသည်။
“ ဘာဖြစ်တာလဲ…”
လင်းရီ၏ အမူအရာ တစ်မဟုတ်ချင်း ပြောင်းသွားသည်ကို မြင်တော့ ကျီချင်းရန် လှမ်းမေးလိုက်၏။
“ အဆင်ပြေပါတယ်…” လင်းရီ ပြောလိုက်ပြီး “ အိမ်ပြန်ကြစို့နော်…”
“ အွန်း…” သူမ၏ အပြုံးက ပွင့်လန်းလာသည့် ပန်းကလေး တစ်ပွင့်ကဲ့သို့ ဖြစ်နေပြီး “ ငါ မနေ့က အရမ်း ပင်ပန်းသွားလို့ ဒီနေ့ အိမ်ပြန်ရောက်ရင် နင့်ကို စကေး တစ်ခု ပြစရာ ရှိတယ်… ကြိုဆိုတဲ့ ပါတီလို့ပဲ သဘောထားလိုက်…. “
ယမန်နေ့ကနှင့် နှိုင်းယှဉ်ပါက ကျီချင်းရန်သည် ယနေ့ အတော်လေး ပျော်မြူးနေလျက် ရှိ၏။
“ အင်း… ဒါဆိုလည်း အိမ်အမြန် ပြန်ကြတာပေါ့…”
ဝယ်လာသည်များအား ထည့်သိပ်ပြီးနောက် နှစ်ယောက်သား ကားထဲသို့ ဝင်လိုက်ကြသည်။
လင်းရီ ဖုန်းထုတ်၍ ကျီချင်းရန် နောက်ကနေ လမ်းလျှောက်ရင်း ရှန်းထျန်းကျိုးထံ အသံမက်ဆေ့ချ် အမြန်ပို့လိုက်၏။
“ နာရီဝက်ကြာရင် ကျုပ်ဆီ ဖုန်းဆက်ပြီး စင်တာမှာ အချိန်ပို ဆင်းရမယ်လို့ ပြောပေးဦး…”
မက်ဆေ့ချ်ပို့ပြီးနောက် လင်းရီ ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။ ထို့နောက် ဘာမျှ မဖြစ်ထားသကဲ့သို့ ကားထဲ အေးအေးလူလူ ဝင်လာသည်။
ယခုလို ပြုလုပ်ပေးရန် ရှန်းထျန်းကျိုးအား သူ ယခင်ကလည်း တောင်းဆိုခဲ့ဖူး၏။ သူ၏ မက်ဆေ့ချ်ကို နားထောင်ပြီးသည်တွင် ဘာကို ဆိုလိုချင်နေလဲဆိုတာ ရှန်းထျန်းကျိုး နားလည်နိုင်လိမ့်မည်လို့ လင်းရီ ယုံကြည်သည်။
မည်သို့ပင်ဆိုစေ ထိုအဘိုးကြီး ကိုယ်တိုင်ကလည်း အရွယ်ကောင်းစဉ်က တော်တော်လေး ဇယား များခဲ့သူ တစ်ယောက်ပင်။
ထင်မှတ်ထားသည့်အတိုင်း နာရီဝက်ကြာပြီးသည့်နောက် လင်းရီ၏ ဖုန်းသံ မြည်လာခဲ့၏။ တိုင်မင်က လုံးဝ လွဲချော်ခြင်းမရှိ။ ကွက်တိဖြစ်လေသည်။
ယင်းက သိပ္ပံပညာ ရှင်တစ်ဦး၏ မည်မျှအထိ ခရေစေ့တွင်းကျ ရှိကြောင်းကို မီးမောင်းထိုးပြနေလျက်ပင်။
“ ဘာကြီး… ခင်များတို့ မဖြေရှင်းနိုင်တဲ့ ပြဿနာ တစ်ခု ရှိနေတယ်ဟုတ်လား…”
“ အိုကေ ကျုပ် ခဏနေရောက်မယ်…”