← Chapters

အထင်ပိုကြီးဖို့ကောင်းတဲ့လူက ယုတ္တိပိုရှိတယ်

Vol. 100 Ch. 1496

အထင်ပိုကြီးဖို့ကောင်းတဲ့လူက ယုတ္တိပိုရှိတယ်

Vol. 100 Ch. 1496

အခြား ဖုန်းတစ်ဖက်ခြမ်းတွင် ဟော်ယွမ်ယွမ်သည် အချိန်အတော်ကြာအောင် ကြက်သေသေနေလျက် ရှိသည်။

“ ဒါ … ဒါ မဖြစ်နိုင်တာ…”

လင်းရီနှင့် ကျီချင်းရန်တို့၏ အရေးတွင် ဟော်ယွမ်ယွမ်သည် သူမက ပြောရေးဆိုခွင့် အရှိဆုံးဟု သူမ ခံစားမိ၏။

သူတို့နှစ်ယောက် စတင်၍ အတူ ရှိစဉ်ကတည်းက သူမ သိလာခဲ့တာ ဖြစ်ပြီး အတူနေလာသည်မှာလည်း အချိန်တို့ မနည်းတော့ပေ။ လူတိုင်းကလည်း လင်းရီ မည်သို့သော လူစားမျိုး ဖြစ်ကြောင်းကို သိကြလေသည်။

ဘာမျှ မပြောသော်ငြားလည်း သူမ၏ အစ်မကျီအပေါ် ထားရှိသည့် ခံစားချက်ကိုတော့ သံသယ ရှိနေရန် မလိုအပ်ချေ။

ခရီးလေး တစ်ခေါက် ထွက်သွားတာနဲ့ပဲ သူ ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားနိုင်ရတာလဲ။

သို့ပေမယ့် လေယာဉ်လက်မှတ်ကိစ္စကို ရှင်းပြနိုင်သည့် နည်းလမ်း မရှိချေ။

“ မဖြစ်နိုင်တာ မရှိဘူး… ဒီကို လာခဲ့…” ကျီချင်းရန် မျက်ရည်များကို လက်ဖြင့် သပ်ချလိုက်ပြီး “ ငါ့ကို ပစ္စည်းတွေ သိမ်းဖို့ ကူညီပေးဦး…”

“ ငါ အခု ရောက်လာမယ်…”

ဖုန်းချပြီးနောက် ဟော်ယွမ်ယွမ်သည် နာရီဝက်အတွင်း ကျိုကျုံးဗီလာသို့ ရောက်ရှိလာခဲ့၏။

မူလတုန်းက သူမ ကောင်းကျုံးယွမ်ကို ဤအကြောင်းနှင့် ပတ်သက်၍ အကူအညီ တောင်းချင်ခဲ့သည်။

သို့သော် စဉ်းစားပြီးသည့်နောက် မသင့်လျော်ဟု ခံစားရကာ သူမဘာသာပဲ ဤနေရာသို့ အပြေးလာခဲ့လိုက်၏။

ကျီချင်းရန်၏ ဖွာလန် စုတ်ပြတ်နေသည့် အသွင်အပြင်က သူမ၏ ဝိဉာဏ်ကို ပျောက်ဆုံးသွားစေသည်အထိပင်။ ဟော်ယွမ်ယွမ် အထိတ်တလန့် ဖြစ်သွားခဲ့၏။

“ အစ်မကျီ… နင် …”

ကျီချင်းရန်နှင့် သိလာသည်မှာ နှစ်ပေါင်း မနည်းတော့ပြီ ဖြစ်သော်လည်း ယခုလို ပုံစံမျိုး ဖြစ်နေသည်ကို ယွမ်ယွမ် တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်း မရှိချေ။

“ ငါ အဆင်ပြေတယ်…”

ကျီချင်းရန် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး “ အဝတ်ဗွီယိုထဲကဟာတွေ အကုန် ခေါက်ထားပြီးပြီ… သေတ္တာထဲပဲ ထည့်လိုက်တော့…”

“ သူ့ကို နောက်တစ်ကြိမ် အခွင့်အရေး ပေးမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား… သူ ဘာမှ မပြောလာဘူးလာ…”

“ မနေ့တုန်းက ငါပြန်လာကတည်းကရင် သူ TV ကြည့်နေတာ … ပြီးတော့ အိပ်သွားတာပဲ…”

“ အဲ့တော့… ဒီ မနက်ရော..”

“ သူ တုံးစန်းကောင်တီ ပြန်သွားခဲ့တယ်…”

“ သူ ဘာမှ မပြောသွားဘူးလား… သူ နင့်ကို မတွေ့သွားဘူးလား…”

“ ဟင့်အင်း…” ကျီချင်းရန် ခေါင်းခါရမ်းလိုက်၏။ သူမ၏ မျက်လုံးတို့က အသက်ကင်းမဲ့နေပြီး အတွင်းရှိ တောက်ပမှုတို့ ပျောက်ဆုံးနေသည်။

“ ချီးပဲ… ဒင်းကို အပိုင်းအပိုင်း ဖြစ်အောင် ခုတ်ထစ်ပစ်လိုက်ချင်တယ်..” ဟော်ယွမ်ယွမ် မနေနိုင်ဘဲ ကျိန်ဆဲမိလိုက်၏။ သူမ၏ စိတ်တွေ ကယောင်ချောက်ခြား ဖြစ်သည်အထိ လင်းရီကို ဒေါသထွက်နေမိလေသည်။

“ ဒါ ငါတို့ကိစ္စ… နင် အဲ့လိုတွေ လုပ်စရာ မလိုဘူး….”

သူမ အသက် ပြင်းပြင်း ရှူသွင်းလိုက်ပြီး “ ငါတို့နှစ်ယောက်က အတူ လက်ထပ်ပြီးကြတာလည်း မဟုတ်ဘူး… ဒီတိုင်း အတူတူနေတာပဲ ရှိတာ… ဒီလို ကိစ္စမျိုး ဖြစ်တယ်ဆိုတာ သာမန်ပါပဲ…”

“ ဒါပေမယ့် သူ့လိုမျိုးတော့ ဘယ်သူမှ လုပ်မှာ မဟုတ်ဘူး..” ဟော်ယွမ်ယွမ် ကြိမ်းမောင်းလိုက်ပြီး “ သူက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ… ငါ ကောင်းကျုံးယွမ်ကိုလည်း မောင်းထုတ်ပစ်တော့မယ်… သူနဲ့ အတူ မနေတော့ဘူး…”

“ နင် ဘာတွေ ပြောနေတာလဲ… ဒါက ငါတို့နှစ်ယောက်ကိစ္စ… ကောင်းကြီးနဲ့ ဆိုင်တာမှ မဟုတ်တာ… မဆိုင်တဲ့သူကို ဆွဲမထည့်ရဘူးလေ..”

“ ဟွန့်… ဝါသနာတူလို့ ပေါင်းဖြစ်ကြတာ သူလည်း အဲ့အတိုင်း မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်လို့… အဲ့ဒီ သူဌေးသားတွေ တစ်ယောက်မှ မကောင်းဘူး…”

“ ကဲပါ… စိတ်ကိုငြိမ်ငြိမ်ထားစမ်း…”

“ ကားတစ်စင်း ခေါ်လိုက်… ငါတို့ ပစ္စည်းတွေ ရွေ့ကြမယ်…”

“ နင် ဘယ်မှာ သွားနေမှာ… အန်ကယ်နဲ့ အန်တီတို့ဆီလား…”

“ ငါသာ ဒီလို ပုံစံနဲ့ သွားတွေ့ရင် သူတို့ ကျိန်းသေပေါက် စိတ်ပူကြမှာပေါ့…”

“ ယွင်ရွှေ ဗီလာပဲ သွားကြစို့… ကံကောင်းတာ မရောင်းခဲ့မိတာပဲ… မဟုတ်ရင် ငါတော့ သွားစရာ နေရာ ရှိတော့မှာတောင် မဟုတ်ဘူး…”

ဟော်ယွမ်ယွမ် မျက်ရည်များကို လူမမြင်အောင် သုတ်လိုက်သည်။ သူမ၏ စီနီယာ အစ်မနှင့် အချိန်အတော်ကြာအောင် ရင်းနှီးလာခဲ့ပြီး ဖြစ်သော်လည်း ယခုလို ပုံစံမျိုး ဖြစ်နေသည်ကိုတော့ တစ်ခါမျှ မမြင်ခဲ့ဖူးသေးချေ။

“ ငါ လုပ်လိုက်မယ်…”

သူမ နောက်တစ်ကြိမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အရာအားလုံးကို လက်လွှတ်လိုက်သည့်ပုံ ပေါ်သည်။

“ ကောင်းပြီ… လုပ်လိုက်…”

……………..

နှစ်နာရီ ကြာပြီးနောက် လင်းရီသည် တုံးစန်းကောင်တီသို့ နေ့လည်ခင်း အချိန်တွင် ရောက်လာခဲ့သည်။

“ အစ်ကိုရီ… ရှင်ပြန်ရောက်လာပြီလား..”

သူ ပြန်လာသည်ကို မြင်တော့ ရုံးခန်းထဲတွင် လီစီကျင်းက မတ်တပ်ရပ် နှုတ်ဆက်လိုက်သည်။

လီချင်းခိုင်လည်း ရုံးခန်းထဲ ရှိနေသည်။

လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ကောင်တီ အခြေအနေ ဘယ်လိုရှိလဲ..”

“ တော်တော်လေး ကောင်းတယ်..” လီစီကျင်း ပြုံးလိုက်ပြီး “ ကျွန်မ ကြားတာတော့ အစ်ကိုလီ မြို့ပေါ် အစည်းအဝေးသွားတက်တော့ ချီးကျူးခံလိုက်ရသေးတယ်ဆိုပဲ ခစ်ခစ်ခစ် …”

“ မင်းတို့နှစ်ယောက်က ရှိမှမရှိတာ … ငါလည်း ဘယ်တတ်နိုင်မှာ… အဲ့တော့ အကျိုးအမြတ်က ငါ့အတွက်ပဲ ဖြစ်သွားတယ်လေ… မင်းတို့ အပြစ်မတင်ကြဖို့ပဲ မျှော်လင့်တယ်…”

“ ထွေထူး မဟုတ်တာတွေ…” လင်းရီ လက်ဝှေ့ယမ်း၍ အပြုံးဖြင့် ပြောလိုက်ပီဲး “ အစ်ကိုလီ… ခုက ကောက်ပဲသီးနှံတွေ စုဆောင်းတဲ့ အချိန်မလား…”

လီချင်းခိုင် ခေါင်းညိမ့်လိုက်၏။ “ ဒီရက်ပိုင်း လာတဲ့လူတွေ သုံးလေးယောက် မကဘူး… ဈေးနှုန်းတော့ ဆွေးနွေးနေကြတာပဲ… ဘယ်လို ဖြစ်သွားမလဲ မသိပေမယ့်ပေါ့နော်… ငါ့လက်ထဲမှာ လုပ်စရာတွေကလည်း အများကြီးဆိုတော့ အဲ့ကိစ္စတွေ သိပ်ပြီး အာရုံစိုက်မနေနိုင်ဘူး…”

“ သူတို့အားလုံး ကျီထဲ ရှိရောပေါ့…”

“ အင်း … အဲ့မှာ အစောင့် ရှိတယ်..”

“ ကျွန်တော် တစ်ချက်သွားကြည့်ပြီး ဈေးကောင်းကောင်းနဲ့ ရောင်းပစ်လိုက်မယ်…”

“ အဲ့တာလည်း ကောင်းသားပဲ… သွားပေါ့…”

“ အစ်ကိုရီ… ကျွန်မလည်း လိုက်မယ်…”

“ သွားစို့…”

နှစ်ယောက်သား ရုံးခန်းထဲက အတူ ထွက်သွားခဲ့ကြပြီး နေ့လည်စာ အရင် စားသောက်လိုက်ကြသည်။ ထို့နောက်တွင်မှ တုံးစန်းကောင်တီ၏ ကျီရှိရာသို့ မောင်းနှင်လာခဲ့ကြ၏။

တုံးစန်းကောင်တီတွင် သိုလှောင်ထားသည့် ကောက်ပဲသီးနှံတို့က တော်တော်လေးကို နည်းပါးလှ၏။

ပြောင်းဖူး တန်ချိန် သိန်းရှစ်သောင်းနှင့် ပဲပုပ် တန်ချိန် ရှစ်သောင်း ခုနစ်ထောင်သာလျှင် ရှိသည်။

လင်းရီကဲ့သို့ တောင်သူပင် ထိုမျှ ပမာဏက သွားကြားညှပ်ဖို့ မလုံလောက်မှန်း သိလေရာ ထိုမှတဆင့် တုံးစန်းကောင်တီ မည်မျှ ဆင်းရဲကြောင်းကို အတိုင်းသား သိနိုင်လေသည်။

သူ မြောက်ပိုင်းကို ခရီးထွက်လာခဲ့စဉ်က လင်းရီ တစ်ခု နားလည်သွားခဲ့ရသည်။ အခြားနေရာများ၌ တောင်သူများ၏ နေအိမ်သို့တိုင် အထူးတလည် မောင်းနှင်လာပြီး ကောက်ပဲသီးနှံများ ၀ယ်ယူစုဆောင်းကြ၏။ ယင်းက ဘာကြောင့်လဲဆိုတော့ ဧရာမ များပြားသည့် ပမာဏကြောင့်ပင်။ အနည်းငယ် ကရိကထ များရသော်လည်းပဲ ပြဿနာ မရှိပေ။

သို့သော် တုံးစန်းကောင်တီကတော့ ခြားနား၏။

ကောင်တီ၏ အထွက်နှုန်းက အနှီကျေးရွာတို့နှင့်ပင် မနှိုင်းယှဉ်သာချေ။ သဘာဝအလျောက် အစိုးရက ရောင်းချရန် လာစုဆောင်းရ၏။

“ ကြည့်ရတာ အဲ့မှာ လူတော်တော်များများ ရှိနေသလိုပဲနော်…” လင်းရီ ပြုံးပြီး ပြောလိုက်သည်။

ကျီသို့ ကားရောက်လာတော့ ဒါဇင်ချီသည့် လူတို့က ဝင်ချည်ထွက်ချည် ပြုနေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။ အခြေအနေက မဆိုးဟု ခံစားလိုက်ရ၏။

လူတို့ ပိုပြီး များများစားစား ရှိလေလေ ၊ ပြိုင်ဆိုင်မှုကလည်း ပိုပြီး ပြင်းထန်လေလေပင်။

၎င်းတို့က ဤနေရာသို့ ရောက်လာကြမှတော့ သီးနှံများ၏ ဈေးကလည်း အလိုအလျောက် မြင့်တက်လာလိမ့်မည်။ အကျိုးအမြတ် ရှိမည့်သူက သဘာဝအလျောက် လူသာမန်တို့သာ ဖြစ်ပေသည်။

“ အစ်ကိုရီ … ရှင် အခြေအနေကို နားမလည်လို့ပါ…” လီစီကျင်းက “ အခု ရှင်မြင်နေရတဲ့ လူတွေက တုံးစန်းကောင်တီက လူတွေ… သီးနှံလာစုဆောင်းတဲ့ လူတွေ မဟုတ်ဘူး…”

“ တုံစန်းကောင်တီက လူတွေ ဟုတ်လား… သူတို့က ဒီ ဘာလာလုပ်တာလဲတဲ့… အဲ့‌လောက် အားယားနေကြတာလား…”

“ တကယ်လည်း အားယားနေကြတာပဲလေ..” လီစီကျင်း ပြောလိုက်ပြီး “ သူတို့အားလုံးက တောင်ယာလုပ်ပြီး အသက်မွေးဝမ်းကြောင်း ပြုကြတဲ့လူတွေဆိုတော့ ကျွန်မတို့လို နေ့တိုင်း အလုပ်ဆင်းရတဲ့ လူတွေနဲ့ မတူဘူး… အခု သီးနှံစုဆောင်းချိန်ဆိုတော့ သူတို့တွေ အားလပ်ကြပြီ… ဘာမှ လုပ်စရာ မရှိတော့ ဒီကို နေ့တိုင်းလာပြီး ကင်းစောင့်ကြတာ … တကယ်လို့ ဈေးကောင်းပေးတဲ့လူ ရှိလာရင် သူတို့ ရောင်းကြလိမ့်မယ်…”

ကားပြတင်းပေါက်ကနေတဆင့် ရွာသူရွာသားများ စကားပြောရင်း ချက်စ်ထိုးနေသည်ကို ကြည့်ရင်းဖြင့် လီစီကျင်း၏ ဆိုလိုရင်းကို လင်းရီ နားလည်သွားခဲ့သည်။

အားနေမှတော့ ဒီလာပြီး နေတာ ပိုကောင်းတယ်လေ။

အိမ်က ကျားမကြီးကို ရင်ဆိုင်တာထက် သူများ မိန်းမနဲ့ ဟေးလား ဝါးလား လုပ်ရတာ ပိုမကောင်းဘူးလား။

“ ဆင်းပြီး တစ်ချက်ကြည့်ကြစို့…”

“ အိုကေ…”

နှစ်ယောက်သား ကားပေါ်က ဆင်းလိုက်ကြ၏။ သိုမှီးသည့် ကိစ္စ စကားပြောရန် လင်းရီ အလျင်မလိုသေးချေ။ ထိုအစား ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်၏။

ကျီ၏ အပြင်နံရံတွင် သီးနှံ စုဆောင်းသူတို့၏ ကြော်ငြာ စာရွက် အများအပြား ကပ်ထား၏။

အမှန်တကယ် ကမ်းလှမ်းသည်လော ၊ သို့မဟုတ် လိမ်ညာနေသည်လော ဆိုတာကိုတော့ မိမိတို့၏ မသိစိတ်ကို အသုံးချ၍ ဆုံးဖြတ်ကြရလိမ့်မည်။

နှစ်ယောက်သား ကျီတစ်ဝိုက်တွင် လမ်းလျှောက်ရင်းဖြင့် လင်းရီ မေးမြန်းလိုက်၏။

“ ဘာလို့ ကြော်ငြာတွေချည်းလဲ… လူတစ်ယောက်ကနေပြီး သီးသန့် လာဝယ်စုဆောင်းတာမျိုး မရှိဘူးလား…”

“ နည်းနည်းတော့ ရှိတယ်… ဒါပေမယ့် တုံးစန်းကောင်တီရဲ့ အထွက်နှုန်းက အရမ်းနည်းတယ်လေ… ဒီတော့ သူတို့ ဘယ်အချိန်လာမလဲ ကျွန်မတို့လည်း မပြောတတ်ဘူး… ဒါကြောင့်မို့ လူတိုင်းက ဒီမှာ လာစောင့်နေကြတာ…” လီစီကျင်း သက်ပြင်းချ၍ ပြောလိုက်ပြီး “ ကျွန်မတို့က မြောက်ပိုင်းနဲ့ ယှဉ်ကြည့်လို့ကို မရတာ… ဟိုက တောင်သူတွေက တကယ့် သူဌေးတွေ… သူတို့ ကျွန်မတို့ဆီ လာရင် သူတို့ရဲ့ အဆင့်အတန်းကလည်း ပြောင်းလဲသွားရော…”

“ သာမန်ပါပဲ… အကောင်းမြင်တတ်မှပေါ့..” လီစီကျင်း၏ ပခုံးကို ပုတ်၍ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဟော့ဒီကမ္ဘာကြီးမှာ အရာတော်တော်များက ကွဲပြားသယောင် ထင်ရလိမ့်မယ်… ဒါပေမယ့် နိယာမ သဘောတရားတွေက အတူတူတွေချည်းပဲ… လုံလောက်တဲ့ အားသာချက် ရှိမှသာလျှင် ကိုယ်က ပြိုင်ဘက်ကင်းနိုင်မယ်… တစ်နည်းပြောရရင် အထင်ကြီးစရာ ပိုကောင်းတဲ့လူက ယုတ္တိအရှိဆုံးပဲ.. “

“ ဒရယ်ကို မြင်းဆိုပြီး ပြောသလိုမျိုးလား…”

“ တော်တယ်…” လင်းရီ ပြုံးလိုက်ပြီး “ နောင်ကျ မမျှတတဲ့ အခြေအနေ ကိစ္စရပ်တွေ ကြုံလာပြီဆိုရင် စောဒက မတက်နဲ့ … ဘာလို့ဆို အသုံးမဝင်လို့… ကိုယ့်ဘာကိုယ် နောက်ကွယ်မှာ တိတ်တိတ်လေး ကြိုးစားပြီး တစ်နေ့ သူတို့ကို ကိုယ့်ခြေထောက်အောက် နင်းထားနိုင်တဲ့ အချိန်ထိ စောင့်ရမယ်…”

“ ဒါဆို ကိုယ်က ကြိုးစားနေတောင် သူတို့ကို လိုက်မမီသေးဘူးဆိုရင်ကော…”

“ ဒါဆိုလည်း ငါ့ဆီ ဖုန်းဆက်လိုက်လေ… အစ်ကိုကြီးလင်းက အဲ့လူတွေကို ကိုင်တွယ်ဖြေရှင်းပေးမှာပေါ့….”

All Chapters