← Chapters

တစ်ခုခုတော့ မှားနေပြီ

Vol. 100 Ch. 1497

တစ်ခုခုတော့ မှားနေပြီ

Vol. 100 Ch. 1497

“ ခစ်ခစ်ခစ် … ကျေးဇူးနော် အစ်ကိုရီ…”

“ သွားစို့… ငါတို့ ကြည့်တာလည်း လုံလောက်ပြီ… သွားပြီး ရွာသားတွေနဲ့ စကားသွားပြောကြည့်ရအောင်…”

“ အိုကေ…”

နှစ်ယောက်သား သီးနှံများ သိမ်းထားသည့် နေရာသို့ ရောက်လာတော့ အနက်ရောင် နစ်ရှန်ကား တစ်စင်းက အလှမ်းသိပ်မဝေးသည့် နေရာ၌ ပါကင်ထိုးထားကြောင်းကို မြင်တွေ့လိုက်ရသည်။ လူတော်တော်များကလည်း ၎င်းအနားတွင် ဝိုင်းအုံနေသည်။

လူအုပ်၏ အလယ်တွင် မတ်တပ်ရပ်နေသူမှာတော့ အမျိုးသားနှစ်ဦး ဖြစ်ပြီး၊ သက်လတ်ပိုင်း တစ်ဦးနှင့် လူငယ် တစ်ဦး ဖြစ်သည်။

တစ်ယောက်က အသက်လေးဆယ် အရွယ်ရှိပြီး ပါးစပ်တွင် ဆေးလိပ်ကိုက်ထား၏။ အခြား တစ်ယောက်က နှစ်ဆယ် ဝန်းကျင်သာ ရှိဦးမည် ဖြစ်ပြီး အဝတ်အစား မသေမသပ်နှင့် ရှိသော်လည်း ၎င်းက အများအပြား ပို၍ ငယ်ရွယ်သည်။

သူက တုံစန်းကောင်တီရှိ လူများထံ စကားပြောနေလျက်ရှိသည်။

သက်လတ်ပိုင်း အမျိုးသား၏ နာမည်က ကောင်းတဲ့ရှီ ဖြစ်ပြီး အခြား လူငယ်လေး၏ နာမည်က ယွီ့မင်မင် ဖြစ်သည်။ သူတို့က ယွီဟန်မြို့ ၊ ‘စန်းရန် လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက်’ ကဖြစ်ကြ၏။

အဆိုပါ ကုမ္ပဏီတွင် သီးနှံများ ဝယ်ယူစုဆောင်းသည့် အထူး ဌာန တစ်ခု ရှိသည်။ ကောင်းတဲ့ရှီက အဆိုပါ ဝန်ထမ်းများထဲမှ တစ်ဦးဖြစ်ကာ ယွီ့မင်က သူ၏ လက်အောက်ငယ်သားပင်။

“ ကြည့်ရတာ သီးနှံစုဆောင်းတဲ့သူတွေ ဒီရောက်နေတဲ့ပုံပဲ…”

“ သွားပြီး ဘာဖြစ်နေလဲ ကြည့်ကြစို့…”

နှစ်ယောက်သား အနားသို့ ရောက်လာပြီး ရွာသူရွာသားတို့၏ ဝိုင်းရံခြင်းကို ခံထားရသည့် ကောင်းတဲ့ရှီက တုံးစန်းကောင်တီရှိ လူများထံ စကားပြောနေသည်။

“ မင်းတို့တွေ နောက်ဆုံးတော့ ရောက်လလာကြပြီပေါ့… ငါတို့ စောင့်နေတာ တစ်မနက်ခင်းလုံးပဲ…”

“ ဈေးနှုန်းရော သဘောတူလိုက်ပြီလား.. ငါတို့ လူတွေ အများကြီး ငြင်းပြီးမှတောင် မင်းအတွက် သီးသန့် ဖယ်ထားပေးတာနော်… မင်း ငါတို့ကို ဈေးကောင်းကောင်းလေးတော့ ပေးမှဗျ…”

တုံးစန်းကောင်တီရှိ လူများက တစ်ယောက်ကို တစ်ယောက် ကြည့်၍ စကားပြောဆိုနေကြသည်။ မြင်ကွင်းက ပရမ်းပတာ ဆန်နေပြီး မည်သူက မည်သည့်အကြောင်းအရာ ပြောလိုက်မှန်းပင် လင်းရီ မသိတော့ချေ။

“ ရပ် ရပ် ရပ်… လူတိုင်းပဲ စိတ်ငြိမ်ငြိမ်ထားပေးကြပါ…” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ ကျုပ် ပြန်သွားပြီးတော့ ကုမ္ပဏီကို တင်ပြလိုက်တယ်… ပြောင်းဈေးက တစ်တန်ကို ယွမ် ၁,၉၀၀ ၊ ပဲပုပ် ဈေးက တစ်တန်ကို ၄,၇၀၀ ၊ ဒီ ဈေးဆို အဆင်ပြေတယ်မလား…”

“ ဟင်… ဒီဈေးက တခြားသူတွေထက် ၁၀ ယွမ်လေးပဲ ပိုသွားတာများ…”

“ ရောင့်ရဲတင်းတိမ်တတ်ကြစမ်းပါ…. ကျုပ်တို့ ကုမ္ပဏီက ခင်များတို့ တုံးစန်းကောင်တီက ထွက်တဲ့ သီးနှံတွေကို သိပ်ပြီး စိတ်ဝင်စားလှတာ မဟုတ်ဘူး… ဒီ ဈေးနှုန်းကတင် ကောင်းလွန်းလို့ တစ်ဖက်ကမ်းတောင် လွန်တော့မယ်..”

တုံးစန်းကောင်တီရှိ လူတိုင်း၏ စိတ်ထဲတွင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ကြသည်။ သူတို့တွေ အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သော်လည်းပဲ ပေးလာသည့် ဈေးနှုန်းက သူတို့ ထင်ထားသလောက် မရရှိခဲ့ချေ။ ယင်းက သိပ်ပြီးမှတော့ စိတ်ကျေနပ်ဖို့ မကောင်းလှသည်မှာ အမှန်ပင်။

ထို့ပြင် ရက်ပေါင်းများစွာ ကြာပြီးနောက် သီးနှံတို့ကလည်း ခြောက်သွေ့သွားပြီး နောက်ဆုံးတွင် တန်အလေးချိန် ပမာဏက စိုစဉ်တုန်းကထက် ပိုပြီး နင့်နေမည်မှာ သေချာသည်။ ထိုဒဏ်ကိုလည်း သူတို့တွေပဲ ခံစားရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် သူတို့ အရှုံးပင် ပေါ်သွားနိုင်လေသည်။

ထိုအချိန်၌ လင်းရီသည် လျန်ရူရွှယ် ကမ်းလှမ်းလာသည့် ဈေးနှုန်းနှင့် သီးနှံစုဆောင်းသူ ပေးသည့် ဈေးကို နှစ်ခု နှိုင်းယှဉ်ကြည့်လိုက်သည်။ ပြောင်းဈေးနှုန်း ကွာဟမှုက တစ်တန်လျှင် ယွမ် ၇၀၀ ဖြစ်ပြီး ပဲပုပ် ဈေးနှုန်းက ၁,၁၉၀ ယွမ်ပင်။

ကွာဟမှုက အင်မတန် သိသာထင်ရှားလှ၏။

စိုက်ပျိုးရေး ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားသော် အကယ်၍ သူတို့သာ ယခုလို ဈေးနှုန်းဖြင့် ရောင်းချလိုက်မည် ဆိုပါက ပိုက်ဆံအများအပြား မဖန်တီးနိုင်မည်မှာ ကျိန်းသေသလောက် ရှိသည်။

ဒီကောင်တွေ လူလည်ကျနေတာပဲ။

“ ခင်များတို့တွေ သေချာစဉ်းစားနော်..” ကောင်းတဲ့ရှီ သွေးဆောင် ဖျားယောင်းသည့် အသံဖြင့် ပြောလိုက်ပြီး “ ဒီဈေးက အခု ယာယီပဲ… ခင်များတို့တွေ ဒီနေ့ သဘောမတူဘူးဆိုရင် မနက်ဖြန် ဒီဈေးနဲ့ ခင်များတို့ ရမယ်လို့ ကျုပ် အာမ မခံနိုင်ဘူး… ရက်နည်းနည်းနေလို့ ပြောင်းဈေးတွေ ကျသွားတဲ့အခါကျမှ ကျုပ် သတိမပေးဘူးလို့တော့ မဆိုကြနဲ့ပေါ့ဗျာ…”

“ ကောင်လေး… မင်း ဒီထက် ပိုပေးလို့ မရတော့ဘူးလားကွ…”

“ ဒီထက် မြင့်ဖို့ စဉ်းတောင် မစဉ်းစားနဲ့.. ကျုပ် သည့်ထက် ဈေးမလျော့တာကိုပဲ ကျေးဇူးတင်…” ကောင်းတဲ့ရှီ ဆေးလိပ်ဖင်ကို နင်းချေရင်း ပြောလိုက်သည်။

တုံးစန်းကောင်တီရှိ ရွာသူရွာသားများ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆွေးနွေးကြတော့၏။

သူတို့အားလုံး ရိတ်သိမ်း ရရှိထားသည်များအား ဈေးကောင်းကောင်းနှင့် ရောင်းချချင်သည်။ သို့သော် တစ်ဖက်သူက ခွက်ဈေးမကျတကျနှုန်းနှင့် ကမ်းလှမ်းလာခဲ့၏။ ကြည့်ရသည်မှာ ညှိနှိုင်းဆွေးနွေးနိုင်မည့်လမ်းလည်း မမြင်ချေ။

အကယ်၍ နောက်ပိုင်းတွင် ဈေးကျသွားခဲ့မည် ဆိုပါက သူတို့တွေ ဆုံးရှုံးမှု ကြီးကြီးမားမား ခံစားရမည် ဖြစ်၏။

ထို့ပြင် ယခင်ကလည်း ထိုကဲ့သို့ ဖြစ်ရပ်များ ရှိခဲ့ဖူးလေသည်။ သူတို့၏ လောဘကြောင့် ခံစားခဲ့ရပေါင်းလည်း မနည်းချေ။

“ စီကျင်း … မင်း ဒီဈေးကို ဘယ်လိုမြင်လဲ…”

“ ဘာမှထူးခြားမနေပါဘူး…” လီစီကျင်း ပြောလိုက်ပြီး “ ပေးတာ အရမ်း နည်းလွန်းတယ်… သူတို့ စိုက်ပျိုးတဲ့လူတွေအတွက် အမြတ် ဘယ်လောက်မှ ကျန်မှာ မဟုတ်ဘူး…”

လင်းရီ ခေါင်းညိမ့်ပြီး ရွာသူရွာသားများအား လှမ်းကြည့်လိုက်သည်။

“ ကောင်းပြီ.. အားလုံးပဲ… စကားများမနေကြနဲ့တော့… ကျုပ် ခင်များတို့ကို ဈေးနှုန်းတစ်ခုပေးမယ်… ခင်များတို့ရဲ့ သီးနှံတွေကို တစ်ယောက်ယောက်လာပြီး စုဆောင်းခိုင်းလိုက်မယ်…”

လင်းရီ၏ စကားက ရှိနေကြသည့် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့လေသည်။

သူတို့အားလုံး လင်းရီကို လှည့်ကြည့်လာရင်း အနည်းငယ် ရင်းနှီးသယောင် ရှိသည်ဟု ခံစားနေရသော်ငြား မည်သို့ ရင်းနှီးနေသည်ကိုတော့ ပြောမပြတတ်ခဲ့ချေ။

လင်းရီ ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တော့ ကောင်းတဲ့ရှီနှင့် ယွီမင်မင်တို့ မသိစိတ်အလျောက် လှည့်ကြည့်လာကြ၏။

ထင်မှတ်မထားစွာဖြင့် တစ်စုံတစ်ယောက်က သူတို့၏ အရောင်းအဝယ်ကို လာပြီး ဖြတ်ခုတ်ချင်နေသည်လော။

“ ငါ့တူ … မင်းက ဘယ်လောက်ပေးမှာမို့လို့တုန်းကွ…” တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။

“ ပြောင်းဈေးကို တစ်တန် ၂,၆၀၀ ယွမ်ပေးမယ်… ပဲပုပ် ဈေးကို တစ်တန် ၅,၈၉၀ ယွမ် ပေးမယ်… ဒီဈေးကို အဆင်ပြေတယ်မလား…”

ဟင်….

အဆိုပါ ဂဏန်း နံပါတ်ကို ကြားတော့ ဘေး၌ ရှိနေသည့် လီစီကျင်းပင် ကြက်သေသေသွားခဲ့သည်။

တုံးစန်းကောင်တီကို မဆိုထားနှင့်။ မြောက်ပိုင်းဒေသ၌ပင် ထိုမျှ ဈေးကောင်းရဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ကြက်သေသေသွားခဲ့သည့်လူက လီစီကျင်း တစ်ယောက်တည်းသာလျှင် မဟုတ်ဘဲ တုံးစန်းကောင်တီရှိ ရွာသူရွာသားများအပြင် ကောင်းတဲ့ရှီနှင့် ယွီမင်မင်တို့အားလုံးပါ နောက်ပြောင်နေသည်လောဟု ခံစားလိုက်ကြရသည်။

“ ကောင်လေး … မင်း ဘာပေါက်ကရတွေ လာပြီး လျှောက်ပြောနေတာ… ပြောင်း တစ်တန်ကို ယွမ် ၂,၆၀၀ ၊ ပဲပုပ် တစ်တန်ကို ၅,၈၉၀ ယွမ် ဟုတ်လား…”

“ မင်း စကားပြောမယ်ဆို ကြည့်ပြော…”

“ ကျုပ် ပေါက်ကရတွေ ပြောနေတယ်လို့ ခင်များက ထင်တယ်ပေါ့…”

“ မင်း တကယ်လို့ တစ်တန်ကို ယွမ် ၁၈၀ လောက်ပဲ မြင့်မယ်ဆိုရင်တောင် ငါ ယုံကြည်ပေးလို့ရသေးတယ်..” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ ဒါပေမယ့် အခု … မင်းက ပြောင်းဈေးကို ယွမ် ၇၀၀ လောက်မြင့်ပြီး ပဲပုပ်ဈေးကျတော့ ယွမ် ၁,၀၀၀ ကျော်တောင် မြင့်လိုက်တယ်… အဲ့တာက ဟာသ မဟုတ်ရင် ဘာတုန်း…”

“ ခင်များကရော ဘာတွေ လာပြောနေတာ… ခင်များကိုယ်တိုင်က ဈေးကောင်းကောင်းလည်း မပေးနိုင်ဘဲ ဘာလို့ သူများတွေကို ဈေးကောင်းကောင်းနဲ့ မဝယ်ခိုင်းစေချင်တာ…”

“ မင်း ဒီလောက် ရက်ရောတဲ့ ဈေးနှုန်းနဲ့ ဝယ်မယ်ဆိုတာ မဖြစ်နိုင်ဘူး…”

“ ဒါကတော့… အဲ့တာ ခင်များနဲ့ ဆိုင်လို့လား … မဆိုင်ဘူးလေဟုတ်…”

ပြောပြီးနောက် လင်းရီသည် တုံးစန်းကောင်တီ ရွာသူ ရွာသားများ ရှိရာဘက်သို့ ပြန်ကြည့်လိုက်သည်။ “ ဈေးနှုန်းက သေချာ သတ်မှတ်ပြီးသား … မေးချင်တဲ့လူ ရှိလား..”

“ မင်း ငါတို့ကို တကယ်ကြီး အဲ့ဒီ ဈေးနဲ့ ဝယ်ပေးမှာလား…”

ဈေးနှုန်းက ထင်ထားသည်ထက်ပင် မြင့်မားနေသဖြင့် တုံးစန်းကောင်တီရှိ ရွာသူရွာသားတို့မှာ သိပ်မယုံဝံ့ကြချေ။ သူတိ့၏ အမြင်တွင် နည်းနည်းလေးပင် ရယ်စရာ ကောင်းနေတော့သည်။

ထိုမျှ လှပသည့် ဈေးနှုန်းကို သူတို့ အိပ်မက်ထဲပင် ထည့်မမက်ဖူးကြသည်မှာ သေချာလေသည်။

“ ကျုပ် ဝယ်နိုင်တယ်..”

“ မင်း လိမ်ညာနေတာ မဟုတ်ပါဘူးနော်…”

“ ခင်များတို့ကို လိမ်ပြီးညာပြီး ကျုပ်က ဘာလုပ်ရမှာ…” လင်းရီ ပြောလိုက်ပြီး “ ခင်များတို့ သဘောတူတယ်ဆိုရင် ကျုပ် သီးနှံတွေ စုဆောင်းဖို့ ကုန်ကားတွေ လွှတ်လိုက်မယ်… တစ်ရက်ပဲ… ဒိတ်လွန် ပုပ်ကုန်တဲ့အထိတော့ ကျုပ်တို့ မစောင့်နိုင်ဘူး..”

“ ရတယ်.. ငါ ရောင်းမယ်… ငါ မင်းကို မနက်ဖြန် ဒီနေရာမှာ စောင့်နေမယ်..”

“ ငါတို့ရော ရောင်းမယ်..”

“ အိုကေ .. ဒါဆို အတည်ဖြစ်ပြီ..”

ပြောပြီးနောက် လင်းရီသည် လီစီကျင်းကို ခေါ်၍ ကားထဲသို့ ဝင်ကာ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

သီးနှံရောင်းချသည့် ပြဿနာကို ဖြေရှင်းပြီးသည့်နောက် ရွာသူရွာသားများမှာ ဤနေရာ၌ အချိန် ဆက်မဖြုန်းကြတော့ချေ။ သူတို့အားလုံး၏ စိတ်အားတက်ကြွမှုက အမြင့်ဆုံးသို့တိုင် ရောက်ရှိနေပြီး ကောင်တီ အရက်ဆိုင်သို့ ခြေဦးလှည့်လိုက်ကြတော့၏။

“ ဟေ့ ဟေ့ ဟေ့ … ခင်များတို့ ဘာလို့ လှည့်ပြန်ကုန်ကြတာတုန်း…” ကောင်းတဲ့ရှီ အော်ခေါ်လိုက်ပြီး “ ဒီမှာ ကျုပ်တို့ ပြောလို့ ဆိုလို့ မပြီးသေးဘူးလေ…”

“ သူတို့ကမ်းလှမ်းတဲ့ ဈေးက မင်းထက် အများကြီးသာတယ်… အဲ့တော့ ဘာကိစ္စ မင်းဆီ ရောင်းရမှာ… လစ်လိုက်တော့…”

“ ဟိုင်းယား… ခင်များတို့တွေ တယ်လည်း အမြင်ကျဉ်းမြောင်းကြပါလားနော်…” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ ခင်များတို့ ဘာလို့ မစဉ်းစားကြည့်ကြလဲ… ဘယ်အချိန်တုန်းကများ ပြောင်းဈေးတွေ ၊ ပဲပုပ်ဈေးတွေက အဲ့လောက်ထိ မြင့်လေ့ရှိလို့လဲ… ဒီလောက်ထိ ဈေးမြင့်မြင့် ပေးနေတယ်ဆိုတော့ ဒါ တစ်ခုခုတော့ တစ်ခုခုပဲ…”

“ အဲ့တာက…”

ရွာသူရွာသားများအားလုံး ခြေလှမ်းတွေ တုံ့ခနဲ ဖြစ်ကုန်ကြသည်။ ကောင်းတဲ့ရှီက သူတို့အားလုံးအပေါ်သို့ ရေခဲရေ လောင်းချ၍ တက်ကြွနေသည့် စိတ်ခွန်အားများကို ကြက်ပျောက်ငှက်ပျောက် ပျောက်ရှသွားစေသည်။

သူတို့၏ ကောက်ပဲသီးနှံများ အဘယ်ကြောင့် ဤမျှ ဈေးကာင်းရနေရသလဲဆိုတာကို သူတို့ကိုယ်၌လည်း ပဟေဠိ ဖြစ်နေခဲ့ကြ၏။

သူတို့အားလုံးက ထမင်းစားလာခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့သည့် လူများဖြစ်ကြပြီး ကောင်းမွန်သည့် အရာများက ကောင်းကင်ကနေ ပြုတ်ကျလာလိမ့်မည်လို့ မစင်စားပြောလျှင်ပင် မယုံကြည်ချေ။

“ မင်းက ဘာပြောချင်နေတာ…”

“ မေးနေစရာ လိုသေးလို့လား… အဲ့ကောင် ခင်များတို့ကို ဂျင်းအကြီးကြီး ထည့်မလို့ ဆိုတာ အသိသာကြီးပဲ…” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ တကယ်လို့ ကျုပ်သာ ဆိုလို့ကတော့ ခင်များတို့ကို အဲ့လောက်ထိ ဈေးမြင့်မြင့်ပေးလိုက်ရင် သီးနှံတွေ စုဆောင်းပြီးလို့ကတော့ ပိုက်ဆံကို ရှင်းမှာ မဟုတ်ဘူး… လစ်ပြီးပြေးမှာ…”

“ မဖြစ်နိုင်တာ…”

“ ဘာလို့ မဖြစ်နိုင်ရမှာ..” ကောင်းတဲ့ရှီ ပြောလိုက်ပြီး “ ဒီနေ့ခေတ် လူတွေက အကုန် လူဆိုးတွေချည်းပဲ … တကယ်လို့ ခင်များတို့ဆီက တစ်ခုခု ညှစ်ထုတ်ဖို့ ကြံနေတာ မဟုတ်ရင် ဘာလို့ ဒီလောက် မြင့်တဲ့ ဈေးနှုန်းမျိုး ပေးမှာ.. သူတို့ ဦးနှောက်တွေ ရေဝင်ကုန်လို့လား… ဒါမှမဟုတ် ပိုက်ဆံတွေ ပေါလွန်းလို့ ဖြုန်းမကုန်နိုင်အောင် ဖြစ်နေလို့လား… ဒါ မဖြစ်နိုင်ဘူးလေ…. ဈေးနှုန်းက သိပ် ဆွဲဆောင်မှု ရှိလွန်းတယ်.. ခင်များတို့တောင် ဆွဲဆောင်ခံလိုက်ရပြီ ကျုပ်ပြောတာ ဟုတ်တယ်ဟုတ်… “

“ ဒါက . . . . . “

ရွာသူရွာသားများအားလုံး နှုတ်ဆိတ်သွားခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကောင်းတဲ့ရှီ ပြောသွားခဲ့သည်တို့က ယုတ္တိရှိလွန်းသည်။

ဆွဲဆောင်မှုဒဏ်ကို မခံနိုင်၍ အလိမ်ခံလိုက်ရသည့် ပုံပြင်တို့ကလည်း သူတို့အသိုင်းအဝိုင်းထဲတွင် အထူးအဆန်း ဖြစ်လှသည်တော့ မဟုတ်ချေ။

“ ကိုင်း ခင်များတို့ ဒီလိုဆိုရင်ကော… ကျုပ် ပြန်ပြီး ကျုပ်ရဲ့ ဈေးကို ပြောင်းအတွက် ယွမ် ၄၀ ၊ ပဲပုပ်ဈေးအတွက် ယွမ် ၉၀ ထပ်တိုးအောင် လုပ်ပေးမယ်… “

“ တကယ်လို့ ဒီဈေးကို အဆင်ပြေတယ်ထင်ရင် မနက်ဖြန် မနက် ငါးနာရီ ဒီကိုလာခဲ့… အဲ့ခါကျ သီးနှံတွေ စပြီး စုဆောင်းမယ်…”

All Chapters