← Chapters

ဟော့ပေါ့

Vol. 39 Ch. 571

ဟော့ပေါ့

Vol. 39 Ch. 571

ဖူမိသားစု အလုပ်ရှုပ်နေချိန်တွင် ဖုန်းယွီလည်း ငြိမ်မနေချေ။ ဖူကွမ်းကျန့်နှင့် သူ့လူများသည် တရုတ်နိုင်ငံတစ်ဝှမ်းရှိ သင့်လျော်သော နေရာများ ရှာဖွေခဲ့ကြသည်။ ထို့ကြောင့် သူသည် ကုမ္ပဏီများကို စစ်ဆေးရန် အချိန်မရှိချေ။

ဖုန်းယွီ ကုမ္ပဏီများ၏ ဘဏ္ဍာရေးနှစ်ကို တစ်ချိန်တည်းတွင် ကုန်ဆုံးစေချင်သဖြင့် ပြီးခဲ့သည့်နှစ်အတွက် ကုမ္ပဏီများ၏ နှစ်ပတ်လည် အစီရင်ခံစာများကို တစ်ပြိုင်တည်း အသင့်ပြင်ထားပြီးဖြစ်သည်။ ဖုန်းယွီသည် သူ့စက်ရုံများနှင့် ကုမ္ပဏီအားလုံးသို့ သွားရောက်လှည့်ပတ်ရန် လိုအပ်ပေသည်။

သို့ရာတွင် ဖုန်းယွီသည် ကောင်းသောင်တွင် အလုပ်မပြီးခင် ပေကျင်းသို့ ပြန်ရန် ဖုန်းလက်ခံရလိုက်သည်။ ကီရီလန်ကိုသည် မကြာမီ ပေကျင်းသို့ ရောက်လာမည် ဖြစ်သည်။

ကီရီလန်ကို သည် ဖုန်းယွီ၏ အထင်ရှားဆုံး စီးပွားရေး လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ ဖုန်းယွီ၏ အသက်မွေးဝမ်းကြောင်း အစတွင် သူသည် ကီရီလန်ကိုနှင့် လက်တွဲခဲ့သည်။ ဖုန်းယွီသည် ဖူကွမ်းကျန့်ထက် ကီရီလန်ကိုနှင့် ပိုရင်းနှီးပေသည်။

ကီရီလန်ကိုသည် ပေကျင်းသို့ ရောက်ရှိလာပြီး ဖုန်းယွီ စီစဉ်ပေး ရပေလိမ့်မည်။

ယခုတစ်ကြိမ်တွင် ကီရီလန်ကိုသည် သူ့ကိုယ်ပိုင် အရည်အချင်းဖြင့် လာရောက်ခြင်းမဟုတ်ချေ။ ရုရှနိုင်ငံခြားရေးဝန်ကြီးအား ဂါရဝပြုရန် ကိုယ်စားလှယ်အဖြစ် ရောက်လာခြင်းဖြစ်သည်။ ဖုန်းယွီ အံ့ဩထိတ်လန့် သွားမိသည်။ အစ်ကိုကီသည် ရုရှတွင် အဆက်အသွယ် အမှတ်တကယ် ရှိသူဖြစ်သည်။ နိုင်ငံခြားရေးရာတွင် တွင် ပါဝင်နေနိုင်ပေသည်။

သို့ရာတွင် ကီရီလန်ကိုသည် စီးပွားရေးသမား တစ်ဦးသာ ဖြစ်ပေသည်။

ဖုန်းယွီ ကီရီလန်ကိုကို နားမလည်သေးချေ။ ကီရီလန်ကိုသည် ယခုအခါ ရုရှားနိုင်ငံ၏ အောင်မြင်ဆုံး တင်သွင်းသူ ဖြစ်သည်။ ထိုင်ဟွာကုန်သွယ်ရေးနှင့် သူ၏ ကုန်သွယ်မှုသည် အခြားကုမ္ပဏီများထက် အဆများစွာ ပိုများပေသည်။

ယမန်နှစ်က ကီရီလန်ကိုသည် စောင်ကျင်းမော်တာ များကို ရုရှားသို့ တင်သွင်းခဲ့ပြီး စစ်တပ်နှင့် အစိုးရအဖွဲ့များသို့ ရောင်းချခဲ့သည်။ ယခုဆိုလျှင် နာမည်ကြီး တစ်ယောက် ဖြစ်နေပေပြီ။

ကီရီလန်ကိုသည် ဖုန်းယွီကို မြင်သည့်အခါ ထုံးစံအတိုင်း ဝက်ဝံကြီး တစ်ကောင်ကဲ့သို့ ပွေ့ဖက်လိုက်တော့သည်။ မည်မျှ အားပါသနည်းဟူမူ ဖုန်းယွီပင် အသက်ရှူကြပ်မတတ် ဖြစ်ခဲ့ရသည်။ ဖုန်းယွီသည် ကြံ့ခိုင်မှုရှိသော တက်လူတစ်ယောက် ဖြစ်သော်လည်း ထိုပိုလာဝက်ဝံကြီးနှင့် ဆုံသည့်အခါ ကြက်ကလေး ငှက်ကလေးကဲ့သို့ ဖြစ်နေဆဲပင်။

"အစ်ကိုကီ.. ဒီနေ့ ဘာအစီအစဉ်ရှိလဲ.."

"နေ့လည်ပိုင်း အစီအစဉ်မရှိဘူး.. သွားချင်ရာ သွားလို့ရတယ်.. ဘာဖြစ်လို့လဲ.. မင်း ငါ့ကို တရုတ် အတွေ့အကြုံတွေ ပေးမလို့လား.."

ကီရီလန်ကို အပြုံးဖြင့် မေးလိုက်သည်။

ထိုလူမိုက် မိမိအား ထိုလမ်းကြောင်းပေါ် တင်နေပေသည်။ ပြဿနာမရှိချေ။ ညကလပ်များသို့ ခေါ်သွားယုံပင်။ ထိုဝက်ဝံကြီးအတွက် မိန်းမများ ရှိနိုင်မည်လော တွေးကြည့်မိသည်။

ဝမ်သောင်ကျွင်းနှင့် ကျန်သူများ ကျောင်းပိတ်၍ ဖုန်းယွီ သူ့ကား ပြန်ယူထားသည်။ ကီရီလန်ကို သူ့လူများကို ဟိုတယ်သို့ ပြန်ခိုင်းကာ ဖုန်းယွီကားပေါ်သို့ တက်ခဲ့လိုက်သည်။

"အစ်ကိုကီ.. မင်းပျော်ချင်ရင် ညအထိ စောင့်ရလိမ့်မည်.. ငါ ကလပ်တွေကို ခေါ်သွားပေးမယ်.. ဒါပေမယ့် အဲ့အမျိုးသမီးတွေ မင်းအခန်းထဲ လိုက်ချင်လား မလိုက်ချင်လားတော့မသိဘူး.. မင်း စိတ်မပါရင်လဲ တခြားနေရာ ခေါ်သွားပေးမယ်လေ.."

ဖုန်းယွီ ကားမောင်းရင်း ပြောလိုက်သည်။

"အဆင်ပြေပါတယ်.. ညအထိ စောင့်တာပေါ့.. ငါလဲ ခပ်လန်းလန်းလေးတွေ ဆွဲဆောင်နိုင်မှာ သေချာပါတယ်.."

ကီရီလန်ကို ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။ ဤသည်မှာ ဝမ်သောင်ကျွင်းကဲ့သို့ ယုံကြည်မှုပင်။

"ဒါဆို ငါတို့ တစ်နေရာသွားပြီး သောက်ရအောင်လေ.."

"ဟုတ်တယ်.. ဟုတ်တယ်.. အခု သွားသောက်ရအောင်.."

ကီရီလန်ကို စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။

သွားသောက်မည်လော။ ဖုန်းယွီ မသမာပြုံးတစ်ခု ပေါ်လာသည်။ သူ့ယောက္ဖဂျင်းထည့်သကဲ့သို့ ကီရီလန်ကို ကို မူးအောင်တိုက်ချင်နေပေသည်။

"အစ်ကိုကီ.. ဒီဟော့ပေါ့ လာစမ်းကြည့်.."

ကီရီလန်ကို မျက်လုံးထဲတွင် ထိတ်လန့်မှုများ စပေါ်လာသည်။ သူ့ရှေ့တွင် ပွက်ပွက်ဆူနေသည့် အိုးနီကြီး တစ်လုံးရှိပေသည်။ ဤသည်မှာ စားစရာလော၊ သောက်စရာလော။ အရသာ ကောင်းမွန်နိုင်သည်လော။ ဖုန်းယွီ ခေါ်လာခြင်း ဖြစ်သည့်အတွက် စားကြည့်သင့်ပေသည်။

ဖုန်းယွီ ကီရီလန်ကို ဇွန်ကောက်ကိုင်သည်ကို မြင်သည့်အခါ ချက်ချင်းတားလိုက်သည်။ ကီရီလန်ကိုသာ ထိုငရုတ်ဆီ တစ်ဇွန်းသောက်မိပါက ဆေးရုံတင်ရပေလိမ့်မည်။ လျာနှင့် အူများပင် မီးလောင်ပေတော့မည်။

ကီရီလန်ကိုသည် ဖုန်းယွီ၏လက်ကို အံ့အားသင့်စွာကြည့်လိုက်သည်။ မည်သည့်အတွက် တားသနည်း။ ဟင်းရည်မဟုတ်သည်လော။

"အစ်ကိုကီ ဒါက ဟော့ပေါ့.."

"ဟော့ပေါ့ဆိုတာတော့ မင်းပြောလို့ သိတယ်လေ.. ဒီဟင်းရည် မြည်းဖို့ မင်းပဲ ပြောတာလေ.."

ကီရီလန်ကို စိတ်ရှုတ်သွားမိသည်။

မိမိမှာ ၎င်းးအား ပမ့်မြို့တော် ဟင်းရည်ပူပူနှင့် ခံတွင်းရှင်းအောင် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုဟင်းရည်ကို တိုက်ရိုက် သောက်နိုင်ပြီး အရသာလည်း ကောင်းမွန်ပေသည်။ သို့ရာတွင် ယခုတစ်ကြိမ်တွင် ချောင်ချင်း ဟော့ပေါ့ ဆီပူနေဆဲဖြစ်သည်။ ဖုန်းယွီ၏ ဘဝ နှစ်ခုစလုံးတွင် ငရုတ်ဆီပူပူကို သောက်ဝံ့သူ မတွေ့ဖူးသေးချေ။

"မတူဘူး.. ဒါတွေက ငရုတ်ဆီတွေ.. ပွက်ပွက်ဆူတဲ့ ရေထက် ပိုပူတယ်.. မင်းမသောက်နိုင်ဘူး.. ဒီလိုလေး စားရတယ်.. အသားကို အိုးထဲမှာ ခနနှစ်ပြီး ငံပြာရည်ထဲ ခနနှပ်ပြီးမှစား.. စမ်းကြည့်လေ.."

ဖုန်းယွီ ပါးပါးလှီးထားသည့် အမဲသားတစ်ပိုင်း လုပ်ပြပြီး ကီရီလန်ကို ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။ ပြီးသည်နှင့် ငရုတ်ဆီ ပန်းကန်လုံးကို ပြန်သိမ်းလိုက်သည်။ ကီရီလန်ကို မသောက်စေချင်၍ ဖြစ်သည်။

ကီရီလန်ကိုသည် ထိုအမဲသားတစ်ပိုင်းကို တူဖြင့် ကိုးရိုးကားရား ယောက်ယူ စားလိုက်သည်။ အနည်းငယ် ကိုက်ဝါးပြီးနောက် မျက်လုံးများ တောက်ပလာသည်။ မန်ဒရင်းဘာသာ မပီကလာပီကလာဖြင့်..

"ကောင်းလိုက်တာကွာ.."

"စားလို့ ကောင်းတယ်မို့လား.. တရုတ်မှာ စားစရာတွေ အများကြီးရှိတယ်.. နာမည်ကြီး အစားအသောက် (၈)မျိုးနဲ့ တခြား ဒေသအစားအစာတွေ ရှိသေးသည်။ ဒီ ဟော့ပေါ့မှာတင် (၁၀)မျိုးလောက် ရှိတယ်.. ဒါကြိုက်ရင် မနက်ဖြန်ကျ မွန်ဂိုလီးယား ဟော့ပေါ့ ထပ်စားကြတာပေါ့.."

ဖုန်းယွီ ပြောရင်းဖြင့် ဖန်ခွက်မြှောက်လိုက်သည်။ ကီရီလန်ကိုလည်း သူ့ဖန်ခွက်ကို မသိစိတ်ဖြင့်ကိုင်၍ တစ်ကြိုက်တည်း မော့လိုက်သည်။

ဖုန်းယွီ သူ့ဖန်ခွက်ကို စားပွဲပေါ် အသာ ပြန်ချထားကာ ကီရီလန်ကိုခွက်ကို ပြန်ဖြည့်‌ပေးထားလိုက်သည်။ ယောက္ဖပြောသည်မှာ မှန်ပေသည်။ ဖန်ခွက်မြှောက်ယုံဖြင့် ကီရီလန်ကို မှောက်သွားနိုင်ပေသည်။ ယနေ့ မူးအောင် လုပ်ရပေတော့မည်။

ကီရီလန်ကိုသည် တူကိုသုံးနိုင်သော်လည်း ဟော့ပေါ့အတွက် အဆင်ပြေသည်အထိ မဟုတ်ချေ။ သူသည် တူကို ဘေးသို့ချ၍ အသားများပြုပ်ရန် ခက်ရင်းနှင့် ဇွန်းကို သုံးတော့သည်။ အသားများကို ဆီပွက်ပွက်ဆူနေသည့် အိုးထဲသို့ တစ်ကြိမ်နှစ်ကြိမ်ခန့် နှစ်လိုက်သည်။ အသားပြုတ်လော၊ အသားချက်လော ဂရုမစိုက်ချေ။ ထိုအသားကို ငံပြာရည်ထဲနှစ်၍ ပါးစပ်ထဲ ထည့်လိုက်တော့သည်။

ဖုန်းယွီမှာမူ ဖြည်းညှင်းစွာသာ စားနေပေသည်။

ဆောင်းရာသီဖြစ်သော်လည်း အခန်းအတွင်း၌ အပူရှိန် အနည်းငယ်ရှိနေပေသည်။ ပွက်ပွက်ဆူနေသည့် ငရုတ်ဆီအိုးနှင့် ငံပြာရည် ပူပူတို့ကြောင့် ကီရီလန်ကို ချွေးများထွက်ကာ အစပ်ကြောင့် တဟွတ်ဟွတ် ဖြစ်နေပေသည်။

ကီရီလန်ကိုသည် သူ့ကိုကြည့်ရာ ပျော်နေသည့် ဖုန်းယွီကို ကြည့်လိုက်သည်။ ဖုန်းယွီ အရသာ မခံစားရသည်လော။ ကီရီလန်ကိုက ဟော့ပေါ့ကို ညွှန်ပြရင်း..

"ဖုန်း.. ဒါ တော်တော်စပ်တယ်ကွ.."

"စပ်တာလား.. မင်း အတွေ့အကြုံမရှိသေးလို့ပါ.. အဲ့အစပ်ဆိုတာ မင်းပါးစပ်ပေါ်မှာ မူတည်တယ်.. အစပ်ကို အစပ်နဲ့ပဲ ဖြေလို့ရတယ်.. ငါတို့ တရုတ်တိုင်းရင်း ဆေးပညာမှာ မီးနဲ့ပဲ တိုက်ရတယ်တဲ့.. အစပ်ကို အစပ်နဲ့ တိုက်ဆိုတဲ့ စကားရှိတယ်.. ဒါကြောင့် ပုကျို့ များများ သောက်ပေးရမယ်.. ဒါဆို အစပ်ကို သိပ်ခံစားရမှာ မဟုတ်တော့ဘူး.."

ကီရီလန်ကို ဖုန်းယွီကို ကြည့်ကာ..

"ဘာလို့ စောစောက မပြောတာလဲ.."

ပုကျို့ တစ်ခွက် ချက်ချင်းသောက်လိုက်တော့သည်။

ကီရီလန်ကို သူ့ပါးစပ်သည် ယခင်ကကဲ့သို့ ထုံကျင်မနေတော့ကြောင်း ခံစားလိုက်ရသည်။

"ဘယ့်နှယ့်လဲ.. ပိုကောင်းတယ်ထင်လား.. များများစား.. အသားတွေ အများကြီး မှာထားတယ်.. ဝက်သား. ကလီစာ.. မျှစ်လေးတွေတောင် ပါသေးတယ်.. စမ်းကြည့်လေ.."

ဖုန်းယွီ စိတ်လှုပ်ရှားတကြီး အကြံပေးတော့သည်။ ကီရီလန်ကို ဖုန်းယွီအပြောကို ထပ်စောင့်မနေချေ။ ခက်ရင်းနှင့် ဇွန်းကို သုံး၍ အသားများ စတင်ပြုပ်တော့သည်။ ထို့နောက် စစားတော့သည်။

"အာ ... ငံပြာရည်ထဲ မနှပ်တော့ဘူးလား.. လာလာ နှပ်ပန်းကန်ထဲ နှပ်ပေးမယ်.. ဒီလို မနှပ်ရင် အရသာ မရှိတော့ဘူး.."

ဖုန်းယွီ ကီရီလန်ကိုထံ ငံပြာရည်ပန်းကန်လုံးအတွင်း လှီးထားသည့် ငရုပ်သီးများ ဖြည့်ကာ ပုကျို့ကို ဖန်ခွက်အတွင်း ဖြည့်ပေးလိုက်သည်။

ဖုန်းယွီ ဘာမှ လုပ်စရာမလိုတော့ဘဲ ကီရီလန်ကိုမှာ အသား(၂)တုံး ပုကျို့ (၁)ခွက်နှုန်း ချနေတော့သည်။ ခနအကြာ ကီရီလန်ကို၏ ပုကျို့ပုလင်း ကုန်သွားတော့သည်။

ဖုန်းယွီ တံခါးဘက်သို့ ..

"စားပွဲထိုး.. နောက်ထပ် အာကုံးထုန် (၅၆)ရာခိုင်နှုန်း တစ်လုံး ယူခဲ့ဟေ့.."

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters