← Chapters

ကုန်ကားများ

Vol. 39 Ch. 572

ကုန်ကားများ

Vol. 39 Ch. 572

ဟော့ပေါ့စားပြီးသည်နှင့် နှစ်ယောက်စလုံး ကျေနပ်သွားကြသည်။ ဖုန်းယွီသည် သူ့ ပုကျို့ဖန်ခွက်ကို ထိပင်မထိခဲ့ချေ။ လက်ဖက်ရည်ကို အဓိကသောက်နေပေသည်။ ထို ပုကျို့တစ်ခွက်သည်ကား ဝိုင်းစမှ ဝိုင်းဆုံးထိ ထိုအတိုင်းသာပင်။

ကီရီလန်ကိုသည် အာကုန်းထုန် (၂)ပုလင်းစလုံး တစ်ယောက်တည်း လက်စသတ်ခဲ့သည်။ စားသောက်ဆိုင်မှ ထွက်သည့်အခါ လမ်းဖြောင့်ဖြောင့်ပင် မလျှောက်နိုင်တော့ချေ။ ဖုန်းယွီမှာ ကီရီလန်ကိုအား ကားထဲရောက်အောင် စာပွဲထိုး(၂)ယောက်ကိုပင် အကူအညီယူခဲ့ရသေးသည်။

ဟော်တယ်သို့ ပြန်ရောက်သည်အထိ ကီရီလန်ကိုသည် မူးမူးဖြင့် ဟော့ပေါ့ ထပ်စားချင်သေးကြောင်းသာ ပြောနေတော့သည်။ ဖုန်းယွီ ဤကဲ့သို့သော အရသာရှိလွန်းသည့် အစားအစာစားရန် ခေါ်လာသည့်အတွက် အခင်ဆုံး သူငယ်ချင်းဟုသာ မရပ်မနား ပြောနေတော့သည်။

အခင်ဆုံး သူငယ်ချင်းလော။ အဆင်ပြေပေသည်။ နောက်တစ်ကြိမ် ထပ်တိုက်ပေးရပေအုံးမည်။

ဟိုတယ်သို့ ရောက်သည့်အခါ ဖုန်းယွီနှင့် ဧည့်ကြိုတို့သည် ကီရီလန်ကိုကို အခန်းထဲထိ တွဲပို့ခဲ့ရပြီး ဧည့်ကြိုကို ယွမ်(၁၀၀) အပိုဆု ပေးလိုက်သည်။ ဧည့်ကြိုလေးသည်လည်း အံ့ဩသွားမိသည်။ သူသည် နိုင်ငံခြား ဧည့်သည်များထံမှ အပိုဆုများ ရခဲ့ဖူးပြီး တရုတ်လူမျိုးမှ မရဖူးသလောက်ထိပင်။ ဖုန်းယွီကို အလွန် ကျေးဇူးတင်ကာ နောက်နောင် ပိုကြိုးစားမည့်အကြောင်း ပြောနေတော့သည်။

"ဖုန်း.. ငါ့အိတ်ထဲမှာ စာရွက်စာတမ်းတွေရှိတယ်.. ငါနားတော့မယ်.. မင်း အဲ့စာရွက်စာတမ်းတွေ အရင်ဖတ်ကြည့်လိုက်အုံး.."

ဖုန်းယွီ ကီရီလန်ကို၏ အိတ်နားမရောက်ခင်ပင် မိုးခြိမ်းသံကြံသို့သော ဟောက်သံများ ထွက်လာနေပေပြီ။ ကီရီလန်ကိုသည်ကား ခေါင်းအုံးနှင့် ထိသည်နှင့် အိပ်ပျော်သွားပေပြီ။

ဖုန်းယွီ ကီရီလန်ကို၏ အိတ်ကိုရှာတွေ့ကာ စာရွက်စာတမ်းများ တွေ့လိုက်ရသည်။ ဤသည်မှာ သတ္တုတွင်း ကုမ္ပဏီ၏ ယမန်နှစ် နှစ်ပတ်လည် အစီရင်ခံစာ ဖြစ်သည်။ ဖုန်းယွီ အစီရင်ခံစာကို ဖတ်လိုက်သည်။ ယမန်နှစ်က ဝင်ငွေသည် ကန်ဒေါ်လာ သန်း(၃၀)အောက်သာ ရှိပြီး စက်ပစ္စည်းအသစ်အတွက် သန်း(၂၀)ကျော် သုံးခဲ့ပေသည်။ အလုပ်သမားများ၏ လစာဖြင့် အသားတင်အမြတ်ငွေမှာ ကန်ဒေါ်လာ (၃၆၀၀၀)သာရှိသည်။ ဖုန်းယွီ ကျန်သူများအား ပြောပြပါက မည်သူမှ ယုံကြည်ကြမည် မဟုတ်ချေ။

သို့တိုင်အောင် ဖုန်းယွီ အလွန်ကျေနပ်မိသည်။ ကီရီလန်ကိုသည် သူ့ညွှန်ကြားချက်များကို လိုက်နာ၍ အနိမ့်ဆုံးသာ တူးဖော်ခဲ့သည်။ သူသည် ဝင်ငွေ အများစုကို စက်ကိရိယာများ ဝယ်ယူရန်နှင့် မိုင်းတွင်း လုံခြုံရေး တိုးမြှင့်ရန် ဝင်ငွေအများအပြား သုံးခဲ့ပေသည်။

တွင်းထွက်ပစ္စည်းများ ဈေးမတက်သေးချေ။ ဓာတ်သတ္တု ပမာဏမ မြင့်မားစွာ တင်ပို့နိုင်သည့် နိုင်ငံအနည်းငယ်သာ ရှိသေးသည်။ ရုရှားနိုင်ငံသည် ထိုအထဲမှ တစ်နိုင်ငံဖြစ်ပေသည်။

နောက်(၂)နှစ်အတွင်း ထိုနိုင်ငံအနည်းငယ်နှင့် လက်တွဲ၍ ၎င်းတို့၏ ပို့ကုန်များ လျော့ချမည်ဖြစ်သည်။ ထိုကာလသည် သတ္တုတွင်းထွက်ဈေးနှုန်းများ တဟုန်ထိုး တက်လာမည့် အချိန်ဖြစ်သည်။ ထိုသို့ ဖြစ်လာသည့်အခါ ဖုန်းယွီ၏ မိုင်းများအားလုံးတွင် စက်ကိရိယာ အသစ်များဖြင့် တူဖော်မှု အရှိန်အဟုန် တိုးမြှင့်နိုင်ပေလိမ့်မည်။

ဓာတ်သတ္တုကုမ္ပဏီ၏ အစီရင်ခံစာဖတ်ပြီးနောက် ရုရှားမော်တော်ကား လုပ်ငန်းဆိုင်ရာ စိစစ်သုံးသပ်ချက် တွေ့လိုက်ရသည်။ ထိုသုံးသပ်ချက်ကို အခြေခံ၍ ကီရီလန်ကိုသည် ယခုနှစ်တွင် မော်တော်ယဉ်တင်သွင်းမှု တိုးမြှင့်ရန် လုပ်ဆောင်နေပေသည်။ မော်တော်ကား အရေအတွက်သည် ယခင်နှစ်ကထက် (၂)ဆ တိုးလာပေလိမ့်မည်။

ရုရှားအစိုးရနှင့် စစ်တပ်သည် စောင်ကျင်း မောတာမှ မော်တော်ကားများ ဝယ်ယူပြီးနောက် ဤကားအမှတ်တံဆိပ်ကို လူသိများလာပေသည်။ ကီရီလန်ကိုသည် စောင်ကျင်း မော်တော်ယဉ်များ၏ ဈေးကွက်ချဲ့ထွင်မှုကို ကူညီရန် လူများ ရှိပေသည်။ ရုရှားတွင် စောင်ကျင်း မော်တော်ကားများသည် ယခုအခါ သွင်းကုန် အမှတ်တံဆိပ် တစ်ခု ဖြစ်နေပေပြီ။

စောင်ကျင်းမော်တာသည် ကီရီလန်ကိုကြောင့် ဖုန်းယွီမျှော်လင့်ထားသည်ထက်ပင် ပိုကောင်းနေပေသည်။ ယမန်နှစ် တစ်ခုတည်းတွင်ပင် ရုရှားနိုင်ငံသို့ တင်သွင်းသည့် စောင်ကျင်း လမ်းကြမ်းမောင်းကား အရေအတွက်သည် အခြားကားတံဆိပ်များထက် ပိုများပေသည်။ ယခုနှစ်တွင် ထိုကိန်းဂဏန်း တိုးလာအုံးမည့် ပုံပင်။

တရုတ်နိုင်ငံ တဝှမ်းရှိ မော်တော်ကား စက်ရုံခွဲများသည် ထုတ်လုပ်မှုစတင်လာသည်နှင့်အမျှ ဤလုပ်ငန်းမှ အမြတ်ငွေများ စတင်ရလာပေတော့မည်။ ဖုန်းယွီသည် (၅)နှစ်မပြည့်မှီ သူ၏ ရင်းနှီးမြုပ်နှံမှုများအားလုံး ပြန်ရနိုင်ပြီး အမြတ်ပင် ပေါ်နိုင်ပေလိမ့်မည်။ ထိုအချိန်၌ စောင်ကျင်း မော်တာသည် တရုတ်နိုင်ငံ၏ ထိပ်တန်း မော်တော်ကား အမှတ်တံဆိပ် ဖြစ်လောက်ပေပြီ။ အော်ဒီနှင့် ဂျပန်ကားများကို ကျော်တက်သွားပေလိမ့်မည်။

သို့ရာတွင် ဖုန်းယွီ ရင်ဆိုင်နေရသည့် အကြီးဆုံးသောပြဿနာတစ်ခုမှာ ပမ့်မြို့တော် ယန္တယားကုမ္ပဏီမှ ကုန်တင် ကားတစ်စီး ဖြစ်သော စောင်ကျင်း ချမ်ခွင်း ဖြစ်သည်။ ဤကုန်တင်ကားသည် စောင်ကျင်း ချမ်းခွင်း မော်ဒယ် စတင်ထုတ်လုပ်ခဲ့ပြီး ဖုန်းယွီ၏ သတ်မှတ်ချက်အပေါ် အခြေခံထားပေသည်။ အနည်းငယ် ကြီးပေသည်။ ကားစီးရေ (၁၀၀)မှာယူသည် လေနှင့်မိုး ပို့ဆောင်ရေးမှလွဲ၍ အခြားကြီးကြီးမားမား အမှာစာများ မရှိချေ။ အမှာစာများမှာ တစ်ခုတည်းသော ဂဏန်းများဖြင့် အမှာစာတင်သွင်း ဖြန့်ဖြူးသူများ ဖြစ်ပေသည်။

ဖုန်းယွီသည် ဖောက်သည်ကြီး တစ်ယောက်အကြောင်း တွေးဖူးခဲ့သည်။ စာပို့လုပ်ငန်း။ လီမင်သဲသည် ၎င်းတို့နှင့် စကားပြောရန် သွားနေပေပြီ။ သူသည် အစိုးရအရာရှိများနှင့် ဆက်ဆံရာတွင် အတွေ့အကြုံရှိကာ ဖုန်းယွီ စိတ်ပျက် ရပေလိမ့်မည်။

လီမင်သဲ သည်ထိုအရာရှိများကို ဈေးမည်မျှလျော့သည်၊ သို့တည်းမဟုတ် ပြန်အမ်းငွေမည်မျှ ဖြစ်သည်ကို ဖုန်းယွီ ဂရုမစိုက်ချေ။ ဤသည်တို့သည် ဤခေတ်တွင် အရောင်းအခြေခံ ဖြစ်သည်။ မိမိကားများ မည်မျှကောင်းသည်၊ သို့တည်းမဟုတ် ကုန်တင်ကားများ မည်မျှ အရေးတကြီး လိုအပ်နေသည်ဖြစ်စေ အထက်လူကြီးများသည် အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရှိပါက မိမိကားများကို ဝယ်ယူမည် မဟုတ်ချေ။

ထိုအရာရှိများသည် မိမိကားများကို မဝယ်ရန် အကြောင်းပြချက်များ ရှာနိုင်ပေသည်။

ကုန်တင်ကားသည် ဖုန်းယွီ၏ ယခင်ဘဝတွင် အလွန်ရေပန်းစားခဲ့ပေသည်။ အထူးသဖြင့် လျှပ်စစ် လုပ်ငန်း ထွန်းကားပြီးနောက်ပိုင်း ဖြစ်သည်။ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီများစွာ ပေါ်လာပြီး အလျှင်အမြန်ပင် ကြီးထွားလာခဲ့သည်။ ထို့ကြောင့် ကုန်တင်ကား ဝယ်လိုအားများ တိုးလာပေလိမ့်မည်။

လျှပ်စစ် စက်ရုံအများအပြား မရှိ၊ အင်တာနက်ပေါ်မှ ဈေးဝယ်ခြင်းများမရှိသေး သော်လည်း ရထားတွဲများ ပြတ်လပ်ကာ လေကြောင်းပို့ဆောင်ခ ဈေးနှုန်းများ မြင့်မားခဲ့သည်။ ခရီးတို ပို့ဆောင်ရေးအတွက် ကုန်တင်ကားများ လိုအပ်ချက် ရှိနေလောက်ပေသည်။

ဥပမာအားဖြင့် အရှေ့မြောက်ဒေသရှိ သားမွေးများကို တောင်ဘက်ရှိ အထည်ချုပ်စက်ရုံများသို့ ပို့ဆောင်ရန် လိုအပ်ပေသည်။ တောင်ပိုင်းဒေသမှ စက်ရုံများသည် ၎င်းတို့၏ ထုတ်ကုန်များကို မြောက်ဘက်သို့ ပြန်ပို့ရန် လိုအပ်ပေသည်။ လျှပ်စစ်ပစ္စည်း၊ အဝတ်အထည် စသည်ဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ကုန်တင်ကားများ လိုအပ်နေသေးသည်။

ဖုန်းယွီသည် လီကျယ်ခိုင်ကိုလည်း ခေါ်ခဲ့ပေသည်။ သူတို့၏ ထိုင်ဟွာ ကုန်တိုက်များသည် လယ်ယာများမှ လတ်ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ လိုအပ်ပေသည်။ သူတို့သည် ဤသို့ ကြီးမားသည့် ကုန်တင်ကားများ သုံးရန် လိုအပ်ပေသည်။

ကုန်တိုက်တစ်ခုတွင် အနည်းဆုံး ကုန်ကား (၂)စီး လိုအပ်ပေသည်။ ကုန်တိုက် (၂၀)တွင် အနည်းဆုံး ကုန်ကား(၄၀)လိုအပ်ပြီး အမြင့်ဆုံး မော်ဒယ်ဖြစ်ရပေမည်။

လီကျယ်ခိုင်အနေဖြင့် ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် စောင်ကျန်းမော်တာတွင် ရှယ်ယာများ ရှိကြောင်း သိထားခဲ့သည်။ သူသည် ကုန်တိုက်များအတွက် ကုန်ကားများကို စောင်ကျင်း မော်တာမှ သေချာပေါက် ဝယ်ယူလိမ့်မည်။ ထို့အပြင် စောင်ကျင်း မော်တာမှ မော်တော်ကားများသည် အခြားအမှတ်တံဆိပ်များထက် အရည်အသွေး ကောင်းမွန်ပေသည်။

အထွေထွေ မန်နေဂျာဖြစ်သည့် လီကျယ်ခိုင်သည် ဝယ်ယူရေးတွင် တာဝန်ယူခဲ့သည်။ သူသည် ချက်ချင်းပင် သူ့လူများကို အစီရင်ခံစာ ရေးခိုင်းကာ ပမ့်မြို့တော် ယန္တယား ကုမ္ပဏီနှင့် စာချုပ် ချုပ်ခိုင်းလိုက်သည်။ သူ့လိုအပ်ချက်မှာ (၃)လအတွင်း ကုန်တင်ကားအစီးရေ (၅၀)ရှိပြီး ကုန်ကားတိုင်းကို ထိုင်ဟွာကုန်တိုက်၏ အမှတ်တံဆိပ် ဆေးချယ်သရမည်ဖြစ်သည်။

လေနှင့်မိုး ပို့ဆောင်ရေးနှင့် ထိုင်ဟွာ ကုန်တိုက်တို့သည် စက်ယန္တယားကုမ္ပဏီ ဂိုဒေါင်အတွင်းရှိ ကုန်တင်ကား အားလုံး ဝယ်ယူခဲ့ပေသည်။ အဆိုပါ ကုန်တင်ကားများ၏ ထုတ်လုပ်မှုမှာ ပုံမှတ်စလွန်းကားများထက် နှေးကွေးကာ ဈေးပိုကြီးပေသည်။ အမြတ်ငွေလည်း ပိုများပေသည်။ သို့ရာတွင် ဖော်သည်များသည် လေနှင့်မိုး ပို့ဆောင်ရေးနှင့် ထိုင်ဟွာ ကုန်တိုက်များ ဖြစ်သောကြောင့် လျော့ဈေးများစွာ ပေးခဲ့ပြီး အမြတ်ငွေ မြင့်မားခြင်း မရှိချေ။

လီမင်သဲသည် ဖုန်းယွီကို ဤကုမ္ပဏီ(၂)ခုအား အထူးနှုန်းထားများပေးရန် ဆင်ခြေတစ်ခု ကူစဉ်းစားပေးခဲ့ သည်။ ဤကုမ္ပဏီ(၂)ခုသည် အစုလိုက်အပြုံလိုက် ဝယ်ယူမှုများ ပြုလုပ်ခဲ့သဖြင့် အရှိန်အဝါ ပိုကြီးလာခဲ့သည်။ ဤသည်ကို စောင်ကျင်းမော်တာ၏ ချမ်ခွင်းမော်ဒယ်အတွက် ထည့်သွင်းစဉ်းစားခဲ့သည်။ ထို့ကြောင့် လျော့ဈေး ပေးရပေလိမ့်မည်။

အဆိုပါ ကုန်တင်ကားများသည် ၎င်းတို့စံနှုန်းထက် များစွာနိမ့်ချ၍ ရောင်းချနေကြောင်း ဌာနခွဲစက်ရုံများ သိရှိသော်လည်း အမြတ်ကျန်သေးသည်။ ၎င်းတို့၏ အထွေထွေမန်နေဂျာမှ ထိုဈေးနှုန်းများ သတ်မှတ်ပေးသည့် အတွက် ပြန်ငြင်း၍မရချေ။ ထို့အပြင် ဖုန်းယွီသည် ထိုကုမ္ပဏီ(၂)ခုတွင် ပါဝင်ခဲ့သည်။ ဖုန်းယွီ မရှိလျှင် ထိုကုန်တင်ကားများ ဂိုထောင်အတွင်း၌သာ ရှိနေပေလိမ့်အုံးမည် ဖြစ်သည်။

ယန္တယားကုမ္ပဏီမှ ဝန်ထမ်းများသည် ဖုန်းယွီကို အမှန်တကယ် လေးစားကြသည်။ ၎င်းတို့သည် နိုင်ငံပိုင် လုပ်ငန်းမှ ဝန်ထမ်းများအဖြစ်မှ ပုဂ္ဂလိကလုပ်ငန်း၏ ဝန်ထမ်းအဖြစ်သို့ ကူးပြောင်းခဲ့သော်လည်း ၎င်းတို့လစာများ မြင့်မားလာခဲ့သည်။ မန်နေဂျာနှင့် ခေါင်းဆောင်များသည်လည်း သူတို့အကျိုးကျေးဇူးများ တိုးမြှင့်ပေးလာကြသည်။

ကုမ္ပဏီဝန်ထမ်း ဆေးရုံ၏ စက်ကိရိယာအားလုံးကို ဂျာမနိနိုင်ငံမှ တင်သွင်းခဲ့ပြီး အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ကုမ္ပဏီသည် နိုင်ငံပိုင်ဖြစ်စဉ်က ဝန်ထမ်းများကို နေထိုင်ရာများ ပေးခဲ့သည်။ သို့ရာတွင် ထိုအိမ်များကို ယခု၎င်းတို့ နေထိုင်သည့် တိုက်ခန်းများနှင့် နှိုင်းယှဉ်၍ မရချေ။ တိုက်ခန်း၏ တန်ဖိုး တစ်စိတ်တစ်ပိုင်း ပေးရသော်လည်း ၎င်းတို့သည် ကိုယ်ပိုင် တိုက်ခန်းများ ဖြစ်သွားပေသည်။

၎င်းတို့၏ တိုက်ခန်းများသည် ကျယ်ဝန်းကာ စုပေါင်းဗဟို အပူပေးစနစ် ပါလာပေသည်။ ဓာတ်လှေကားများ တပ်ဆင်ထားသည့် အထပ်မြင့်အဆောက်အုံလည်း ဖြစ်ပေသည်။

ထို့အပြင် ဝန်ထမ်းများသည် ရုပ်မြင်သံကြား ကြည့်ခွင့်ရပြီး ပွဲတော်ကာလအတွင်း လက်ဆောင်မျိုးစုံ ရရှိနိုင်သေးသည်။ အချိန်ပို ဆင်းရပါက အချိန်ပိုကြေးရပေလိမ့်မည်။ တစ်ပတ်လျှင် ပိတ်ရက် (၁.၅)ရက် အဖြစ် ပြောင်းလဲခဲ့ကြသည်။

ထိုသို့သော အကျိုးကျေးဇူးများကို မည်သူပေးထားသနည်း။ ဖုန်းယွီပင် ဖြစ်သည်။ စက်ယန္တယား ကုမ္ပဏီသည် လယ်ယာသုံး စက်ယန္တယားများ ထုတ်လုပ်ခြင်းမှာ မော်တော်ဆိုင်ကယ်များအထိ၊ မော်တော်ဆိုင်ကယ်မှ မော်တော်ကားများထိ တိုးတက်လာခဲ့သည်။ ပမ့်မြို့တော် ယန္တယား ကုမ္ပဏီသည် အခြားသူများအား သတိထားမိလောက်သည်ထိ ဂုဏ်ယူနိုင်ခဲ့ကြသည်။ ကုမ္ပဏီသည် ထိုကုန်တင်ကားအားလုံးကို ဖုန်းယွီ၏ ကုမ္ပဏီများအား အလကားပေလျှင်ပင် မည်သူမှ ပြောမည် မဟုတ်ချေ။

ပမ့်မြို့တော် ယန္တယားကုမ္ပဏီမှ ဝန်ထမ်းအားလုံး မြို့တော်အစိုးရ၏ စကားကို နားမထောင်တော့ချေ။ ဖုန်းယွီစကားသာ နားထောင်ကြတော့သည်။

ဖုန်းယွီသည် ဝန်ထမ်းများ၏ အတွေးအမြင်များကို ပြောင်းလဲရန် အစီအစဉ်များ အမှန်တကယ် အောင်မြင်ခဲ့ပြီး သူ့အတွက်လည်း အံ့ဩစရာဖြစ်ခဲ့ပေသည်။ စက်ယန္တယား ကုမ္ပဏီသို့ ဝန်ထမ်းများက သူ၏ ပြောင်းလဲမှုများကို အသိအမှတ်ပြုခြင်း မလုပ်မှီ အချိန်အနည်းငယ် ယူရမည် ထင်ထားခဲ့သည်။

အလုပ်သမားများ စည်းလုံး၍ အလုပ်ကြိုးစားကြပေသည်။ ဖုန်းယွီသည် သူလိုအပ်ပါက ကုမ္ပဏီကို ဘာသာတစ်မျိုး အဖြစ်ပင် ပြောင်းနိုင်မည်ဟု ခံစားနေရပေသည်။

အစီရင်ခံစာများအားလုံး ဖတ်ရှုပြီးနောက် ကီရီလန်ကို၏ မိုးခြိမ်းသံတမျှ ဟောက်သံများ နားထောင်ပြီးနောက် ညနေပိုင်း ကီရီလန်ကို နိုးလာသည်အထိ အနားယူနိုင်ရန် တခြားအခန်းတစ်ခု ယူရန် ဆုံးဖြတ်လိုက်တော့သည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters