သံရုံးနယ်မြေ အရက်ဆိုင်
Vol. 39 Ch. 573
ခေတ္တမျှ တစ်ရေးတစ်မော အိပ်ပြီးနောက် ဖုန်းယွီ နာရီကြည့်လိုက်သည်။ ညနေ(၆)နာရီ ထိုးပေပြီ။ ကီရီလန်ကို အား နှိုးရန် သွားလိုက်သည်။ ကီရီလန်ကို ကိုယ်လက်သန့်စင်ပြီးအောင် နာရီဝက်ခန့် စောင့်လိုက်ရသည်။
ဖုန်းယွီသည် ကီရီလန်ကို အရက်နာမကျသည်ကို သဘောကျနေပေသည်။ သူသည် ပုကျို့ (၂)ပုလင်း သောက်ကာ ငြိမ်သွားခြင်းဖြစ်သည်။
ကီရီလန်ကို သည်ကလေးဘဝကတည်းက စသောက်လာသူဟု ဖုန်းယွီ ခံစားရပြီး ထိုအရက် မဖြစ်စလောက်သည် ဘာမှမဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဖုန်းယွီကမူ အရက်သောက်ရခြင်းကို မကြိုက်ချေ။ အများစုမှာ အပန်းဖြေရန် ဘီယာ အနည်းငယ်သောက်ခြင်းသာပင်။
ဤသည်က ဖုန်းယွီနှင့် ကီရီလန်ကို ကြား ကွာခြားချက်ပင်။ ကီရီလန်ကိုအနေဖြင့်မူ မိမိကိုသာတိုက်၍ သူသည် မည်သည့်အတွက် မရက်မသောက်ချင်ရသနည်း။
ညစာ စားနေစဉ် ကီရီလန်ကိုသည် အလွန်စားနိုင်ပေသည်။ နေ့လည်ခင်တွင် စားခဲ့သည့် ဟော့ပေါ့ ကြေညက်သွားပုံပင်။
သို့ရာတွင် ညစာစားချိန်၌ ကီရီလန်ကိုသည် အရက်လုံးဝမသောက်ခဲ့ချေ။ ညဘက်တွင်မူ အမျိုးသမီးများနှင့်သာ သောက်ချင်ပေသည်။
ဖုန်းယွီသည် ပေကျင်းရှိ အရက်ဆိုင်များနှင့် ကလပ်များသို့ မရောက်ဖူးချေ။ ပေကျင်းတွင် ထိုခေတ်က အရက်ဆိုင်နှင့် ကလပ် သိပ်မရှိချေ။ ဖုန်းယွီသည် စန်းလီထွင် ကိုသာ သိပေသည်။ ၎င်းသည် ယခင်ဘဝက ပေကျင်းရှိ အကျော်ကြားဆုံး ကလပ်အသင်း တစ်ခုဖြစ်သည်။
ထိုနေရာတွင် ပထမဆုံး အရက်ဆိုင်ကို (၁၉၈၃)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး (၁၀)နှစ်ကြာသည်အထိ ထိုလမ်းတွင် ကလပ်အနည်းငယ်သာ ရှိခဲ့ပေသည်။ တရုတ်လူမျိုးများသည် အလုပ်ပြီးပါက ပါတီပွဲများတွင် အချိန်မကုန်တတ်ကြချေ။ ထိုနေရာသို့ သွားသူများသည် အနားဝန်းကျင်ရှိ လူများနှင့် နိုင်ငံခြားသား အနည်းငယ်သာပင်။ ထို အရက်ဆိုင်မှာ သံရုံးနယ်မြေအတွင်း၌ ဖြစ်ပေသည်။
နိုင်ငံခြားသားများသည် တရုတ်လူမျိုးများနှင့် ကွဲပြားခြားနားသော နေထိုင်မှုပုံစံရှိသည်။ အလုပ်ပြီးပါက အပန်းဖြေရန် နေရာရှာလေ့ရှိကြသည်။ ၎င်းတို့သည် အလုပ်ကိုလည်း အလွန်ကြိုးစားကြသည်။ သို့ရာတွင် တရုတ်များနှင့် မတူညီချေ။ အလုပ်ချိန်အတွင်း အားစိုက်လုပ်ကာ အလုပ်ပြီးသည်နှင့် အိမ်ပြန်ရန်သာ လုပ်တတ်ကြပေသည်။ တခါတရံ အချိန်ပို ဆင်းပေးပေလိမ့်မည်။ အလုပ်ပြီးသည်နှင့် အရက်ဆိုင် သို့တည်းမဟုတ် ကလပ်သို့ သွားသူများကို အရူးများဟုသာ ရှုမြင်တတ်ကြသည်။
ဖုန်းယွီ ထိုနေရာသို့ ရောက်သည့်အခါ မှောင်နေပေပြီ။ ထိုနေရာသည် သူ့ယခင်ဘဝနှင့် တော်တော် ကွာခြားပေသည်။ တိတ်ဆိတ်လွန်းလှပေ၏။
ဖုန်းယွီနှင့် ကီရီလန်ကို တို့သည် နာမည်ကျော် ကလပ်အတွင်း ဝင်လာသည့်အခါ ဘာနှင့် ဖောက်သည် အများအပြား မရှိသော်လည်း မိန်းမလှလေးများကိုမူ တွေ့နေရပေသည်။
မိန်းခလေး အများစုမှာ လွန်ငယ်ရွယ်ကြပေ၏။ ဖုန်းယွီသည် အနီးအနားတွင် ကျောင်းများ ရှိကြောင်း သတိရလိုက်မိသည်။ ဤနေရာသည် ပေကျင်းတက္ကသိုလ်နှင့် နီးသော်လည်း ဖုန်းယွီကမူ ဤနေရာသို့ မရောက်ဖူးခဲ့ချေ။ လီနရော သူပါ ထိုနေရာများကို စိတ်မဝင်စားကြချေ။ ဤသည်က ပထမဆုံး အကြိမ်ပင်။
ကီရီလန်ကိုသည် ထိုနေရာ၌ တစ်ဦးတည်းသော နိုင်ငံခြားသား ဖြစ်မည်ဟု တွေးထားမိသည်။ သူ့အရွယ်အစားအရ လူအများ အာရုံစိုက်ရာ ဖြစ်လာပေလိမ့်မည်။ ထိုနေရာ၌ နိုင်ငံခြားသား အများအပြား တွေ့ရသဖြင့် အံ့ဩ သွားမိသည်။
ကီရီလန်ကို ဒေါသတကြီးဖြင့်..
“ဖုန်း.. ဒါ တရုတ်နိုင်ငံရဲ့ ကလပ်သေချာလား.. ဒီမှာ တရုတ်အများစုက ဘယ်လိုလဲ.. ရုရှားစကား ပြောသံတွေပါ ကြားနေရတယ်..”
“အစ်ကိုကီ.. ဒါ တရုတ်က အကျော်ကြားဆုံး ကလပ်တစ်ခုလေ.. မင်း ပတ်ပတ်လည်ကို ကြည့်လိုက်ပေါ့.. နုနုထွတ်ထွတ် မိန်းမလှလေးတွေ အများကြီးပဲလေ.. ဒီနေရာက သံရုံးနဲ့ နီးနေလို့ နိုင်ငံခြားသား များနေတာ…”
ဖုန်းယွီ ရှင်ပြယုံမှလွဲ၍ ဘာမှ မတတ်နိုင်တော့ချေ။
မိမိကိုယ်မိမိ ယုံကြည်မှု လွန်ကဲထားသည်လော။ နိုင်ငံခြားသား အများအပြား တွေ့ရပြီး ယုံကြည်မှု မည်သည့်နေရာ ရောက်သွားသနည်း။ တရုတ်လူမျိုးများကိုသာ အနိုင်ယူချင်နေသည်လော။
အမျိုးသမီးများသည် စူးစမ်းလိုစိတ်ရှိသည့် သတ္တဝါများဟု ပညာရှိတစ်ယောက် ပြောဖူးပေသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် နိုင်ငံခြားသားများသည် အလွန်ရှားပါးပြီး တရုတ်မိန်းကလေးများသည် မိမိကိုယ်မိမိ စတေးလိုကြ ပေသည်။ ဖုန်းယွီသည် သူ၏ လက်ရှိဘဝ ပြန်မရောက်သည်အထိ ထိုအတိုင်းသာဖြစ်သည်။
ကီရီလန်ကိုမှာမူ မိန်းမလှလေးယောက်ထံသွား၍ စကားစမြည်ပြောနေပေသည်။
ထိုလူမိုက် တရုတ်စာတစ်ကြောင်းပင် မသိဘဲ ထိုမိန်းမလှလေးနှင့် စကားပြောနိုင်သည်လော။ ထိုမိန်းမလှလေး သည်ရော ကီရီလန်ကို မည်သည်ကိုပြောကြောင်း သိနိုင်သည်လော။ တစ်ယောက်နှင့်တစ်ယောက် အလိုလို နားလည်မှုပေလော။
သူတို့ နှစ်ဦး အမှန်တကယ် စကားပြောနိုင်ပေသည်။ သူတို့ ရယ်မောပျော်ရွှင်စွာ စကားပြောနေကြသည်။ တစ်ယောက်နှင့်တစ်ယောက် အမှန်တကယ် နားလည်နေကြသည်လေ။ ကီရီလန်ကိုအား ဖုန်းယွီ ဂုဏ်ယူစွာ ကြည့်လိုက်သည်။ ခေတ်ကောင်မလေးများသည် ဤမျှ လွယ်ကူနေကြသည်လော။ သို့ဆိုပါက ထိုမိန်းမလှလေးသည် မိမိထံ မည်သည့်အတွက် အချဉ်းကပ်ခဲ့ပေသနည်း။
ဖုန်းယွီ ဘာမှမဖြစ်ချင်သော်လည်း တစ်ယောက်တည်း သောက်ရသည်မှာ ပျင်းစရာပင်။ ထို့အပြင် ကီရီလန်ကို၏ ဂုဏ်ယူဝံ့ကြွားနေမှုများကြောင့် ဒေါသထွက်နေရပေသည်။
ရုတ်တရက် နိုင်ငံခြားသူတစ်ယောက် ဖုန်းယွီအနားဝင်ထိုင်ကာ သူ့ကို အရက်ချင်စိတ်ရှိမရှိ အင်္ဂလိပ်လို မေးလာပေသည်။
ယခု ဆောင်ရာသီ ဖြစ်ပေသည်။ အရက်ဆိုင်အတွင်း အပူရှိန် အနည်းငယ်ရှိသော်လည်း ထိုအမျိုးသမီး၏ ဝတ်စား ဆင်ယင်မှုမှာ လွန်လွန်းလှပေသည်။ ထိုအမျိုးသမီး အအေးဒဏ်မခံစားရသည်လော။
ဖုန်းယွီ ထိုအမျိုးသမီး၏ မိတ်ကပ်ထူထူကြီးကို ကြည့်လိုက်မိသည်။ ထိုအမျိုးသမီးကို မကြိုက်ချေ။ အသက်(၃၀)ခန့် ရှိမည့်ပုံပင်။ မည်သည့်အတွက် ဤနေရာသို့ လာခဲ့ပေသနည်း။ တရုတ်လူငယ်များအား ရှာနေသည်လော။ ဖုန်းယွီ အင်္ဂလိပ်ဘာသာဖြင့်ပင်..
“စိတ်မကောင်းပါဘူး.. ကျုပ်တစ်ယောက်ကို စောင့်နေလို့ပါ..”
ထိုအမျိုးသမီးသည် ဖုန်းယွီကို ကျောခိုင်းကာ အခြားယောက်ျားလေး တစ်ယောက်နှင့်အတူ စားပွဲဝိုင်းတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ဤနေရာနိုင် နိုင်ငံခြားသူများ ရှာဖွေသူများ ရှိနေပေသည်။
ဖုန်းယွီ ကီရီလန်ကို လက်ပြနှုတ်ဆက်နေသည်ကို မြင်လိုက်ရသည်။
ဖုန်းယွီ၏ ခပ်ဆိုင်းဆိုင်း အမူအရာကို မြင်ရသဖြင့် ကီရီလန်ကိုက..
“ဖုန်း.. ငါတို့နဲ့အတူ တရုတ်ကို ရောက်လာတဲ့ ရုရှားက ဖျော်ဖြေရေးအဖွဲ့ ရှိတယ်ဆိုတာ ပြောဖို့ မေ့သွားတယ်။ အယ်လီနာလဲ အနုပညာရှင်တွေထဲက တစ်ယောက်ပေါ့.. သူတို့ ဖျော်ဖြေပွဲက မနက်ဖြန်နေ့လည်မှာဆိုတော့ ဒီည သူ့ကို သွားတွေ့စေချင်တယ်..”
မိမိကို စည်းရုံးချင်နေသည်လော။ သို့ရာတွင် မိမိ လက်ခံနေမိသည်။ အယ်လီနာ ရှိကြောင်း မည်သည့်အတွက် ကြိုမပြောခဲ့သနည်း။
“ရှင်းသူဌေးက ချမ်းသာလား..”
ကောင်မလေး ဝင်မေးလာသည်။
“သူက ဒီအရက်ဆိုင်ထဲမှာရှိတဲ့ လူအားလုံးထက် ပိုချမ်းသာလိမ့်မယ်.. ဒါပေမယ့် ရှင်းအောင် ကြိုပြောထားရရင် ငါ့သူဌေး မင်းကို ယူမှာမဟုတ်ဘူး.. မင်းကိုလဲ ပြည်ပ ခေါ်သွားမှာ မဟုတ်ဘူး..”
ဖုန်းယွီ ထိုမိန်းကလေးအား အိပ်မက်များ ရပ်စေချင်နေပေသည်။
“ဒါဆို နင့်သူဌေး ငါ့ကို ရုရှားနိုင်ငံရဲ့ အမှတ်တရ လက်ဆောင် တစ်ခုခု ပေးနိုင်လောက်လား..”
ကောင်မလေးမှာ ငွေများရေတွက်နေသကဲ့သို့ လက်နှစ်ချောင်း ပွတ်နေပေသည်။
ဖုန်းယွီ သက်ပြင်းချကာ ရုရှား ဘာသာ စကားဖြင့် ကီရီလန်ကို အား..
“သူ ငွေလိုချင်နေတာကွ..”
မဟုတ်သေးပါဘူး။ ဖုန်းယွီအနေဖြင့် ထိုကောင်မလေး ကီရီလန်ကိုအား အမှန်တကယ် ကြိုက်သည် ထင်ခဲ့သော်လည်း အမှန်တကယ်အားဖြင့် ငွေကြောင့် ချဉ်းကပ်လာခြင်းပင်။
ကီရီလန်ကို ချက်ချင်းပင်..
“ပြဿနာမရှိဘူး.. ငွေပေးနိုင်တာပေါ့.. ဒါပေမယ့် ငါ့မှာ ကန်ဒေါ်လာတွေပဲရှိတယ်..”
“ဒေါ်လာက ပြဿနာမဟုတ်ပါဘူး.. ဒါပေမယ့် မင်း သူ့ကို လိုချင်တာ သေချာလား..”
ဖုန်းယွီ မေးလိုက်မိသည်။ ကီရီလန်ကိုသည် ရုရှားဖျော်ဖြေရေးအဖွဲ့တွင် သူ့ကောင်မလေး တစ်ယောက်ရှိကြောင်း သူသိနေပေသည်။ သူ့ကို စောင့်ကြည့်နေသည့် အမျိုးသမီးတစ်ယောက် ရှိနေပြီး နောက်ထပ် မိန်းကလေး တစ်ယောက် ထပ်လိုချင်နေသေးသည်လော။
“ဘာလို့ မဖြစ်ရမှာလဲ.. အရှေ့တိုင်း မိန်းကလေးတွေနဲ့ တခါမှ ညမအိပ်ဖူးသေးဘူးလေ..”
ဖုန်းယွီ ကီရီလန်ကိုနှင့် ကောင်မလေးကို ဟိုတယ်သို့ ပြန်ပို့ပေးလိုက်သည်။ ထို့နောက် သူ့လက်ထဲမှ ကတ်ကလေးကို ကြည့်လိုက်သည်။ ကတ်ပေါ်တွင် ဖုန်းနံပတ်တစ်ခုပါကာ ဟိုတယ် နံပတ် ဖြစ်လောက်ပေသည်။
ဖုန်းယွီ ထိုနံပတ်ကို နှိပ်ကြည့်လိုက်သည့်အခါ တစ်ဖက်မှ အယ်လီနာက..
“မစ္စတာဖုန်းလား.. မိစ္စတာ ကီရီလန်ကို ငါတရုတ်မှာဆိုတာ ပြောလိုက်တာလား..”
အယ်လီနာ၏ စိတ်လှုပ်ရှား ချိုမြိန်သည့် စကားသံကြားလိုက်ရသည့်အခါ ဖုန်းယွီ နှလုံးသား အရည်ပျော် သွားတော့သည်။
“ဟုတ်တယ်.. မင်း ရုရှားကိုယ်စားပြုပြီး ငါတို့ နိုင်ငံခေါင်းဆောင်တွေကို ဖျော်ဖြေဖို့ ရှိတယ်ကြားလို့လေ.. ဂုဏ်ယူပါတယ်..”
“မစ္စတာ ကီရီလန်ကို ကူညီလို့ ဒီအခွင့်အရေး ရလာတာ.. အာ.. တခြား ဖျော်ဖြေရေးသမားတွေ အခန်းရွေးနေကြတယ်.. အခု ငါ တစ်ယောက်ထဲရယ်.. ငါ အခု +-*+-* ဟိုယ်က အခန်း (၆၀၁)မှာ..”
ဗုဒ္ဓေါ…။ ထိုကောင်မလေး ပွင့်လင်းလွန်းလှပေသည်။ ဖုန်းယွီ သူ့ကို စောင့်ခိုင်းကာ တစ်လမ်းတည်းမှာပင် မလှမ်းမကမ်းရှိ ဟိုတယ်သို့ ကားမောင်းသွားလိုက်တော့သည်။
-------*****--------
ဘာသာပြန်သူ . (NTP)