← Chapters

သတ္တုတွင်း ကုမ္ပဏီ၏ အဓိက ရှယ်ယာရှင်

Vol. 39 Ch. 575

သတ္တုတွင်း ကုမ္ပဏီ၏ အဓိက ရှယ်ယာရှင်

Vol. 39 Ch. 575

နောက်တနေ့တွင် အယ်လီနာ အက အစမ်းလေ့ကျင့်ရန် သွားလိုက်သည်။ ဖျော်ဖြေပွဲသည် နေ့လည်ပိုင်းတွင်ဖြစ်ပြီး ရုရှား ကိုယ်စားပြု တစ်ဦးအနေဖြင့် ကီရီလန်ကိုအား ဤပွဲသို့ ဖိတ်ကြားခဲ့သည်။ ဖုန်းယွီသည် နွေဦးပွဲတော် ပျော်စရာည အစမ်းလေ့ကျင့်မှုကို ကြည့်ရန် CCTV သို့သွား၍ အကြံအနည်းငယ် ပေးခဲ့သည်။

ညနေခင်းတွင် ဖုန်းယွီနှင့် ကီရီလန်ကိုတို့ အတူထိုင်ဖြစ်ကြပြန်သည်။ ကီရီလန်ကိုသည် ဖုန်းယွီနှင့် အလေးအနက် စကားပြေချင်နေသည်။ ယဲ့ဆင် အာဏာဆက်မြဲနေမည်လော အတိုက်အခံ ပြိုင်ဖက်များကို ရှုံးနိမ့်မည်လော သိချင်နေသည်။

ရုရှားသည် ယင်းပါတီကို တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သည်မှာ ယဲ့ဆင်နှင့် ဘုရှ်တို့သည် ၎င်းတို့၏ လက်နက်ပြိုင်ဆိုင်မှုကို ရပ်တန့်ရန် လွန်ခဲ့သည့် နှစ်အစောပိုင်းတွင် သဘောတူညီထားခြင်းကြောင့် ဖြစ်သည်။ ရုရှားနှင့် အမေရိကန်ကြား ဆက်ဆံရေး တိုးတက်လာခဲ့ပေသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေး ရုတ်တရက်ဆိုးရွား ခဲ့ပေသည်။ အဘယ့်ကြောင်မူ ကလင်တန်သည် သမ္မတဖြစ်လာပြီး အမေရိကန်သည် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် ပစ်မှတ် ထားခဲ့ခြင်းကြောင့် ဖြစ်သည်။

ဤသည်ကို ‘ယင်းဟယ် ဖြစ်ရပ်’ ဟုခေါ်ပေသည်။

အဆိုပါ တရုတ်ရေယဉ် ယင်းဟယ်သည် ဓာတုလက်နက်များတွင် အသုံးပြုသည့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို အီရန်သို့ ပေးပို့ထားကြောင်း ထောက်လှမ်းရေး သတင်းရရှိထားကြောင်း အမေရိကန် အစိုးရမှ ပြောကြားထားသည်။ ၎င်းတို့သည် ယင်းဟယ်ကို နိုင်ငံတကာ ရေပိုင်နက်တွင် တစ်လကျော်ကြာ ရပ်နားထားရန် စစ်သင်္ဘောများနှင့် လေယဉ်များ စေလွှတ်ခဲ့ပေသည်။

၎င်းတို့သည် နှစ်ကြိမ်တိုင်တိုင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း အဆိုပါ ဓာတုပစ္စည်းများ ရှာမတွေ့ခဲ့ချေ။ တရုတ်အစိုးရသည် အမေရိကန် အစိုးရအား..

“သတင်းအချက်အလက်များကို (၁)ဒေါ်လာနဲ့ ဝယ်ခဲ့သည်လော..”

ဟုပင် မေးမြန်းခဲ့သည်။

အမေရိကန် တာဝန်ရှိသူများ ရှက်ရွံ့သွားကြသော်လည်း ၎င်းတို့သည် မည်သည့်အမှားမှ မလုပ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ နောက်ဆုံးတါင် အမေရိကန်အစိုးရသည် ၎င်းတို့၏ ထောက်လှမ်းရေး မှားယွင်းမှု ဖြစ်ကြောင်း ဝန်ခဲ့ကာ လျော်ကြေး ပေးခဲ့ပေသည်။ သို့ရာတွင် အမေရိကန်မှ တောင်းပန်ရန် ငြင်းဆိုခဲ့ပေသည်။

ထိုဖြစ်ရပ်ကြောင့် တရုတ်တွင် အမေရိကန် ဆန့်ကျင်ရေး စိတ်ဓာတ်များ ရှိခဲ့သည်။ တရုတ်ကျောင်းသား အများအပြားသည် အမေရိကန်ကို ရှုတ်ချပြီး သူတို့အနေဖြင့် ပညာဆက်လက်သင်ကြားရန် အမေရိကန်သို့ ဘယ်သောခါမှ မသွားဟုပင် ထုတ်ဖော်ပြောဆိုခဲ့ကြပေသည်။

ရုရှားမှာ ဤသည်ကို အခွင့်အရေး တစ်ခုအဖြစ် ရှုမြင်ခဲ့သည်။ ရန်သူ၏ ရန်သူသည် မိတ်ဆွေမဟုတ်ပေလော။ အမေရိကန်နှင့် ရုရှား ဆက်ဆံရေး တိုးတက်လာသော်လည်း ရုရှားသည် အမေရိကန်အပေါ် အမုန်းတရားများ မေ့ပျောက်သွားလိမ့်မည်ဟု မဆိုလိုချေ။

ရုရှားသည် ယခင် ဆိုဗီယက် ယူနီယံ၏ ဝါဒကို လိုက်နာခဲ့သည်။ သူတို့သည် အမေရိကန်နှင့် မည်သောခါတွင်မှ မိတ်ဆွေ မဖြစ်နိုင်ချေ။ ရန်သူများသာ ဖြစ်နိုင်ပေသည်။ ဤသည်ကို ပွင့်ပွင့်လင်းလင်း ကြေငြာမထားသော်လည်း ရုရှားနိုင်ငံသား အများစုမှာ ထိုသို့ ယူဆကြပေသည်။ မည်သူမှ မသိသော်လည်း ရုရှအစိုးရ ပါဝင်နေပေလိမ့်မည်။

ယခု ရုရှား၏ တရုတ်နိုင်ငံ ခရီးစဉ်သည် နယ်ပယ်များစွာတွင် ပူးပေါင်းဆောင်ရွက်မှု ရယူခဲ့ခြင်းဖြစ်သည်။ ယခင် ဆိုဗီယက် ယူနီနံခေတ်တွင် တရုတ်သည် ၎င်းတို့အတွက် ညီငယ်လေး ပမာ ဆက်ဆံခဲ့သည်။ ထိုသို့ဖြင့် ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်။ ယခင် ဆိုဗီယက် ယူနီယံ အစိုးရသည် မာနကြီးကာ ဆိုဗီယက် ယူနီယံသည် တရုတ်ထက် ပိုကြီးကာ အားကောင်းသည်ဟု ခံစားထားခြင်း ဖြစ်သည်။

သို့ရာတွင် ဆိုဗီယက် ယူနီယံ ဖျက်သိမ်းပြီးနောက် ရုရှားစီးပွားရေးသည် ယဲ့ဆင်အတွက် ပြဿနာကြီး ဖြစ်ကာ ဖြေရှင်းရန် တာဝန်အပြည့်အဝ ရှိနေပေသည်။

လက်ရှိ တိုးတက်နေသော စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းခြင်းသည် ရုရှားနိုင်ငံ၏ စီးပွားရေးကို တည်ငြိမ်စေရန် အမြန်ဆုံး နည်းလမ်းဖြစ်သည်။ ဂျပန် စီးပွားရေး ကျဆင်းသွားပြီးနောက် ရှင်သန်နိုင်ရန် တရုတ်၏ ဈေးကွက်ကို မှီခိုအားထားခဲ့ရသည်။ သို့ရာတွင် ဂျပန်အစိုးရသည် ထိုကိစ္စအတွက် တန်ဘိုးကြီးကြီး ပေးခဲ့ရပေသည်။

ရုရှားသည်လည်း တတ်နိုင်ပေသည်။ အထူးသဖြင့် ယဲ့ဆင်ပင်။ တရုတ်အစိုးရ၏ ပံ့ပိုးကူညီမှု လိုအပ်ပေသည်။ ပြီးခဲ့သည့် စက်တင်ဘာလတွင် ယဲ့စင်သည် ရုရှားပါလီမန်အား ဖြုတ်ချခဲ့ပြီး သမ္မတနှင့် ရုရှားနိုင်ငံ ဖက်ဒရယ် ညီလာခံတွင်သာ အာဏာရရန် ကျန်တော့သည်။ ပါလီမန်အစည်းအဝေးပွဲများတွင်ပင် ရန်ဖြစ်နေကြပေသည်။

အဆုံးတွင် ယဲ့ဆင်အနိုင်ရခဲ့ပြီး ထိုအတိုက်အခံများအားလုံးကို ဖမ်းဆီးခဲ့သည်။ ပါလီမန်မှ ခန့်အပ်ထားသည့် သမ္မတအား ထောက်ခံသူများအားလုံး ဖမ်းဆီးခဲ့သည်။ ထောက်ခံသူတွေထဲမှာ တပ်မတော်အရာရှိ တစ်ချို့လည်း ပါဝင်ပေသည်။

ထိုအချိန်တွင် ကီရီလန်ကိုသည် ဖုန်းယွီကို ခေါ်တွေ့တော့သည်။ အဘယ့်ကြောင့်မူ သူ့ဖခင်သည် ဌာနဆိုင်ရာ တာဝန်ခံ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်သည်။ ဩဇာအာဏာ ကြီးမားသူဟု သတ်မှတ်ခံထားရသည်။ သူ့အဖေသည် ပါလီမန်ဘက်ကို ဦးတည်ပါက ယဲ့ဆင် ဒုက္ခရောက်ရပေလိမ့်မည်။

သို့ရာတွင် ဖုန်းယွီသည် ပါလီမန်ထဲမှ လူများအား လူရွှင်တော်များသာဖြစ်၍ လျစ်လျူရှုထားနိုင်ကြောင်း ကီရီလန်ကို ကို ပြောခဲ့ပေသည်။ ယဲ့ဆင်သည် ရုရှားတို့၏ ထောက်ခံမှုဖြင့် အာဏာရလာခဲ့သည်။

ယဲ့ဆင်သည်လည်း စစ်တပ်အပေါ် ဩဇာလွှမ်းမိုးမှု ရှိခဲ့သည်။ စစ်သားများသည် ယဲ့ဆင်စကားကို လွှတ်တော်ထက် ပိုနားထောင်ပေသည်။ ရုရှားနိုင်ငံသည် သမ္မတကောင်းတစ်ဦးကို ဆုံးရှုံးရမည်ဖြစ်ပြီး သူ့ဖခင်သည်လည်း ပါလီမန်တွင် ပါဝင်ပတ်သက်မည် ဖြစ်ကြောင်း ကီရီလန်ကို ကို ပြောခဲ့ပေသည်။

ယခင်က ရန်သူဖြစ်ခဲ့သည့် ဗိုလ်ချုပ်တစ်ဦးကို မည်သူမှ မလိုလားချေ။ ယဲ့ဆင်သည် ကီရီလန်ကို၏ ဖခင်အား ရာထူးတိုးပေးမည်ဟု ကတိပြုခဲ့သော်လည်း မည်သည့် အခွင့်အာဏာမှ ပေးမည် မဟုတ်ချေ။

ဖုန်းယွီ၏ ခွဲခြမ်းစိတ်ဖြာမှုအား ကြားပြီးနောက် ကီရီလန်ကို၏ ဖခင် ဘာလုပ်ရမှန်းမသိ ဖြစ်ခဲ့သည်။ သူ့ကို ယဲ့ဆင်၏ ဘက်တော်သား တံဆိပ်ကပ်ထားပြီး ဖြစ်၍ ယဲ့ဆင်ကို အကြွင်းမဲ့ ထောက်ခံရပေလိမ့်မည်။ ယဲ့ဆင်အနိုင်ရပါက သူပို၍ အကျိးခံစားခွင့် ရပေလိမ့်မည်။

ယဲ့ဆင်တွင် အာဏာများစွာ ရှိပေသည်။ သူသည် စစ်တပ်၏ ထက်ဝက်ကိုသာ ချုပ်ကိုင်ထားသော်လည်း ကောင်းကင် တမန်များကဲ့သို့ ရှုမြင်ခံနေရသည်။ ပါလီမန်ကောင်စီကို အတိုက်အခံပါတီအဖြစ် ရှုမြင်နေကြသည်။ အဘက်ဘက်မှ အားသာချက်များ ရှိနေကြောင်း ရှင်းလင်းပေသည်။

ကီရီလန်ကို၏ဖင် ရွေးချယ်မှု မှားယွင်းပါက ယဲ့ဆင်ကို အနိုင်ယူနိုင်မည် မဟုတ်ချေ။ နောက်ဆုံးရလဒ်မှာ ကီရီလန်ကို၏ ဖခင်သည် ခိုလုံခွင့်အတွက် အခြားနိုင်ငံသို့ ထွက်ပြေးခြင်းဖြစ်ပြီး ဖုန်းယွီနှင့် ကီရီလန်ကို၏ သတ္တုကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးသွားမည် ဖြစ်သည်။

ဤသည်မှာ ဖုန်းယွီ၏ ထူးခြားသည့် ရင်းနှီးမြုပ်နှံမှု တစ်ခုဖြစ်သည်။ အဆုံးရှုံးမခံနိုင်ချေ။ ဖုန်းယွီသည် ကီရီလန်ကိုမှာ သူငယ်ချင်းကောင်း တစ်ယောက်ဖြစ်ကြောင်း ခံစားခဲ့ရပြီး ခင်မင်ရင်းနှီးမှုကို တန်ဖိုးထားခဲ့သည်။

ထို့အပြင် ကီရီလန်ကိုဘက်မှ ဖုန်းယွီသည် အမေရိကန် အကျိုးတူအဖွဲ့များကို တိုက်ဖျက်ရာတွင် ကူညီရန် ဘဏ္ဍာရေး စွမ်းရည်ရှိသည်။ ထိုအမေရိကန် ဈေးကစားသူများကို သင်ခန်းစာပေးရန် လူတိုင်း စည်းလုံးရပေလိမ့်မည်။

ဤအဖြစ်အပျက်ပြီးနောက် ကီရီလန်ကိုသည် ဖုန်းယွီကို ကြွေးတစ်ခု တင်ခဲ့သည်။ သူ့ဖခင်၏ ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်ချက်များသည် ယဲ့ဆင်ထံမှ ချီးကျူးမျုရရှိခဲ့ပြီး ၎င်း၏ဖခင်သည် ယခုနှစ်အတွင်း နောက်ထပ် ရာထူးတိုးရန်ပင် ရှိပေလိမ့်ဦးမည်။

ကီရီလန်ကိုသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်များ ရှိမရှိ ကြည့်ရှုရန် ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဤရုရှားပါတီသို့ ဝင်ရောက်ခဲ့ပြီး ဖုန်းယွီကို ကျေးဇူးတင်ပေသည်။

အဆိုပါ မော်တော်ယဉ်တင်သွင်းရေး အဆိုပြုချက်မှာ ဖုန်းယွီအား ရုရှား နိုင်ငံသို့ စောင်ကျင်းမော်တာမှ မော်တော်ကားများ တင်သွင်းရုံသာမက ယခင် ဆိုဗီယက် ပြည်ထောင်စု၏ မဟာမိတ်နိုင်ငံများသို့လည်း တင်သွင်းမည် ဖြစ်ကြောင်း ဖုန်းယွီအား ပြောခဲ့သည်။

“အစ်ကိုကြီး.. စိတ်ချနေလိုက်.. ယဲ့ဆင်ကိုသာ ကပ်ထားလိုက်.. မင်းအဖေရဲ့ နေရာ ကျောက်တောင်ကြီးလို ငြိမ်နေလိမ့်မယ်..”

“ဖုန်း.. မင်း ဒီလိုပြောမှတော့ ငါ့အဖေနဲ့ငါ စိတ်သက်သာရာရသွားပြီ.. မင်းငါ့ဆီက အကူအညီလိုချင်ရင် ပြော.. ငါ မင်းကို (၁၀၀)ရာခိုင်နှုန်း ကူညီမယ်လို့ ကတိပေးတယ်ကွာ..”

ကီရီလန်ကို သူ့ရင်ဘတ်ထုရင်း ပြောပေသည်။

“နောက်(၂)နှစ်အတွင်း အမေရိကန် ဘဏ္ဍာရေး ကုမ္ပဏီကြီး နည်းနည်းနဲ့ ငါတို့တွေ ဘဏ္ဍာရေး စစ်ပွဲ လုပ်ရတော့မယ်.. အချိန်ကျလာတဲ့အခါ မင်းရဲ့ဘဏ္ဍာရေးစွမ်းအား အကုန်သုံးပြီး မင်းငါ့ကို ထောက်ပံ့ပေးဖို့ပဲ မျှော်လင့်ပါတယ်..”

“ဖုန်း.. အမေရိကန်ကို ဆန့်ကျင်မယ်ဆို မင်းမပြောလဲ ငါထောက်ခံမှာ သေချာတယ်.. အာ… ငါတို့တွေ အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်မှာလား..”

ကီရီလန်ကို ပြန်မေးလိုက်သည်။ သူ့တွင် ယုံကြည်မှု သိပ်မရှိခဲ့ချေ။

“ဆုံးရှုံးမှုလား.. ဆုံးရှုံးစရာတွေ့မယ် ထင်လို့လား.. ငါတို့ ဘာဆုံးရှုံးမှုမှ ခံစားရမှာမဟုတ်ဘူး.. တကယ်ဆိုရင် ငါတို့တွေ အမြတ်အစွန်းတောင် အများကြီးရအုံးမယ်.. ငါတို့က အမေရိကန်စီးပွားရေးကို သွားထိပြီး အဲ့ဘဏ္ဍာရေး ဘီလူးတွေကို အနိုင်ယူနိုင်မှာ.. ဒါပေမယ့် ရိုးရိုးသားသား ပြောရရင် အဲ့ဒါက သူတို့ကြောင့်သာမဟုတ်ရင် ရူဘီးငွေ ငွေ ဒီလောက်ထိ အမြန်ဆုံး တန်ဖိုးလျော့သွားမှာ မဟုတ်ဘူး.. ငါတို့နှစ်ယောက်စလုံး အခု ငါတို့ရောက်တဲ့နေရာလဲ ဖြစ်လာမှာ မဟုတ်ဘူး.. ဘာပဲဖြစ်ြဖစ် သူတို့တွေ မင်းတို့ နိုင်ငံ စီပါားရေးကို ထိခိုက်နစ်နာစေချင်သူတွေပဲ..”

“ဖုန်း.. မင်း ငါ့ကို ပိုက်ဆံရှာဖို့ ကူညီပေးနေတာဆိုတော့ မင်းဆီက တောင်းဆိုမှုလို့ မသတ်မှတ်ဘူး.. ဘာတောင်းဆို ချင်လဲ ပြောကွာ.. အဲ့လိုမှမဟုတ်ရင်း သတ္တုတွင်း ကုမ္ပဏီက ငါ့ရှယ်ယာတွေအားလုံး မင်းကို လွှဲပေးလိုက်မယ်..”

“မလိုပါဘူး.. ဒါပေမယ့် ရှယ်ယာ တကယ်ပေးချင်ရင် (၂)ရာခိုင်နှုန်းလောက် ပေးပေါ့..”

ဖုန်းယွီ ဟန်ဆောင် ငြင်းကာ သူလိုချင်သည်ကို ပြောလိုက်သည်။

“ကောင်းပြီ.. ဒီစာချုပ်ကိုကြည့်ပြီး လက်မှတ်ထိုးလိုက်..”

ကီရီလန်ကို သူပြင်ဆင်ထားသည့် စာရွက်တစ်ရွက် ထုတ်ယူလိုက်သည်။ (၂)ရာခိုင်နှုန်း အတိအကျ ဖော်ပြထားသည်။

ဖုန်းယွီ ထိုစာရွက်စာတမ်းများကို (၂)ကြိမ်ဖတ်ပြီးမှ လက်မှတ်ရေးထိုးလိုက်သည်။ ယခု သူသည် သတ္တု တူးဖော်ရေး ကုမ္ပဏီ၏ အဓိက ရှယ်ယာရှင် ဖြစ်လာခဲ့သည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters