← Chapters

လူသား ဝက်ပေါင်ခြောက်

Vol. 39 Ch. 576

လူသား ဝက်ပေါင်ခြောက်

Vol. 39 Ch. 576

ဖုန်းယွီ အယ်လီနာနှင့် နောက်တစ်ည အတူနေခဲ့သည်။ နောက်တစ်နေ့တွင် ရုရှားကိုယ်စားလှယ်များ ရုရှားနိုင်ငံသို့ ပြန်သွားကြတော့သည်။ ဖုန်းယွီသည်လည်း တရုတ်အစိုးရနှင့် မည်သို့သော သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ကြောင်း မမေးမြန်းခဲ့ချေ။ သို့ရာတွင် ကီရီလန်ကိုသည် ထိုင်ဟွာ ကုန်သွယ်ရေးနှင့် သူ့၏ ကုန်သွယ်မှုများ တိုးမြှင့်မည်ဟု ဖုန်းယွီအား ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ ဖုန်းယွီကို ထိခိုက်ခြင်းမရှိချေ။

ထိုင်ဟွာ စိုက်ပျိုးရေးထွက်ကုန် အထွေထွေ မန်နေဂျာ ကျန်းမင် ရောက်မလာမှီ တစ်ရက်အလိုတွင် ဖုန်းယွီ ပေကျင်းသို့ ရောက်ရှိနေပေသည်။ ဖုန်းယွီနှင့် အရေးတကြီး ဆွေးနွေးစရာရှိကြောင်း အကြောင်းကြားလာခဲ့သည်။

ကျန်းမင် ဖုန်းယွီအား တွေ့သည့်အခါ စိတ်လှုပ်ရှား တကြီးဖြင့်..

“မန်နေဂျာဖုန်း.. ငါတို့ အခွင့်ကောင်း တစ်ခု ရှိနေပြီ..”

“ဘာအခွင့်အရေးမို့လို့ အဲ့လောက် စိတ်လှုပ်ရှားနေတာလဲ..”

“စာတွေ ဖတ်ကြည့်ပြီးပြီလား..”

ကျန်းမင် ဖုန်းယွီအား သတင်းစာတစ်စောင် ပေးကာ ဆောင်းပါးတစ်ခုကို ညွှန်ပြလိုက်သည်။

လူသား ဝက်ပေါင်ခြောက်။

ဖုန်းယွီသည် ချိုးတု သဘာဝ ဝက်ပေါင်ခြောက် ခေတ်ပြောင်းကို သတိရလိုက်သည်။ ဖြစ်လာပြီလော။ ထိုကိစ္စ ကျန်းမင် မပြောပါက မေ့သွားပေလိမ့်မည်။

ချိုးတုသည် တရုတ်နှင့် ကမ္ဘာ့အကြီးဆုံး ဝက်ပေါင်ခြောက် အမှတ်တံဆိပ် ဖြစ်သည်။ တရုတ်နိုင်ငံတွင် အလွန် ရေပန်းစားခဲ့ပြီး မိမိတွင် ငွေရှိလျှက်ပင် ထိုဝက်ပေါင်ခြောက် မဝယ်နိုင်သည့် အချိန်များပင် ရှိခဲ့ပေသည်။ ဤဝက်ပေါင်ခြောက်သည် တစ်ချိန်က ထိုင်ဟွာကုန်သွယ်ရေး လုပ်ငန်း ဖြစ်ခဲ့ပြီး ရုရှားသို့ ရောင်းချခဲ့သည်။

သို့ရာတွင် လွန်ခဲ့သည့် ရက်ပိုင်က တစ်ယောက်ယောက်သည် ချီတုသည် သူတို့၏ ဝက်ပေါင်ခြောက် ပြုလုပ်ရန် လူ့အသားများ အသုံးပြုနေကြောင်း သတင်းပို့ခဲ့ပေသည်။ သူ့တွင် အထောက်အထားများရှိကြောင်း ပြောဆိုထားပေသည်။ ထို ဝက်ပေါင်ခြောက်တွင် မီးခိုးငွေ့ အရာသာ ပါလာသည့်အပြင် အခြားလူများမှလည်း ဝက်ပေါင်ခြောက်အတွင်းမှ လူသား လက်သည်းများ၊ ဆံပင်များ တွေ့ခဲ့သည်ဟုပြောဆိုကြပေသည်။

ဤဆောင်းပါးတွင် ဖော်ပြထားသဖြင့် နိုင်ငံသားအားလုံး သိသွားကြပေပြီ။

ရုတ်တရက် ချိုးတု၏ သဘာဝ ဝက်ပေါင်ခြောက်သည် တရုတ်နိုင်ငံ၏ ထိပ်တန်း ဝက်ပေါင်ခြောက်အမှတ်တံဆိပ်မှ လူတိုင်း ရှောင်ရှားရမည့် အရာအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့တွင် အမှာစာများ မရှိတော့ယုံမျှ မက ဖြန့်ဖြူးရောင်းချသူများနှင့် ဖောက်သည်များမှလည်း ပြန်အမ်းငွေများ တောင်းဆိုနေကြပြီ ဖြစ်သည်။

သို့ရာတွင် ဤသည်က နားလည်မှု လွဲခြင်းသာ ဖြစ်သည်။

အမှန်တကယ် ချိုးတု၏ အအေးခန်းတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အအေးခန်းရှိ လျှပ်ကာပစ္စည်း အမြုပ်များထွက်၍ အဆိပ်အခိုးအငွေ့များ ထွက်လာခဲ့သည်။ ကုန်ကြမ်းတန်ချိန် (၂၅၀၀)ခန့် ဝက်သားအားလုံး မီးလောင်ခဲ့ရသည်။ စုစုပေါင်း ပျက်စီးမှုတန်ဖိုးမှာ ယွမ် သန်း(၄၀)ကျော်ပေသည်။

ချိုးတု ကုမ္ပဏီ၏ ခေါင်းဆောင်များသည် ထိုပျက်စီးဆုံးရှုံးမှုများအတွက် တာဝန်ယူရန် ကြောက်ရွံ့နေကြသည်။ မီးလောင်မှု အနည်းငယ်ဆိုပါက သိုလှောင်ရုံ အနည်းငယ် ပျက်စီးသွားကြောင်း မြို့တော်ကို တိုင်ကြားနိုင်ပေသည်။ အသေးစားပြုပြင်ခြင်း အနည်းငယ်လုပ်၍ ဆုံးရှုံးမှုတန်ဘိုးမှာ ယွမ် (၃၆၀၀၀၀)ခန့်သာ ရှိတော့သည်။

နှစ်စဉ်အမြတ်ငွေ သန်း(၁၀၀)ကျော်ရှိ ချိုးတုကဲ့သို့သော ကုမ္ပဏီအတွက် ယွမ် (၃၆၀၀၀၀)ဆိုသည်မှာ ဘာမှ မဟုတ်ချေ။ ချိုးတု ခေါင်းဆောင်များသည် ၎င်းတို့၏ ဆုံးရှုံးမှုများ ဖုံးကွယ်ရန် ကြိုးစားခဲ့ကြပြီး ဤကိစ္စပြီးသွားပြီဟု ထင်မြင်ခဲ့ကြခြင်းပင်။

သို့ရာတွင် ဝက်သားများ မီးလောင် ဆုံးရှုံးမှု အနည်းငယ်သာ ရှိခဲ့သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ကုမ္ပဏီသည် လတ်ဆတ်သော ပါဝင်ပစ္စည်းများ တင်သွင်းရန် လုံလောက်သော ရန်ပုံငွေ မရှိတော့ချေ။ ထိုအချိန်တွင် ကုမ္ပဏီ အကြံပေး(ဗေဒင်ဆရာ)မှ အမိုက်မဲဆုံး အကြံဉာဏ် ပေးခဲ့လိုက်တော့သည်။

ဤဝက်သားမှာ ကြပ်တင် ယုံသာဖြစ်သည်။ တောင်ပိုင်းရှိ လူတော်တော်များများသည် ကြပ်ကင် အသား ကြိုက်ကြပေသည်။ ဤသည်ကိုလည်း ဝက်ပေါင်ခြောက်အဖြစ် လုပ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ထိုဝက်သားကို ပါးပါးလှီးလိုက်ပါက မည်သူမှ သိမည်မဟုတ်ချေ။

ထို့ကြောင့် အဆိပ်ငွေ့ဖြင့် မီးကြွမ်းထားသော ဝက်သားများကို လတ်ဆတ်သည့် ဝက်သားများနှင့် ရောကာ ဝက်ပေါင်ခြောက်အဖြစ် စားသုံးသူများထံ ရောင်းချခဲ့သည်။ ဝက်ပေါင်ခြောက်ဘူးကို ဖွင့်လိုက်သည့်အခါ မီးခိုးနံ့များ ထွက်ကာ အရောင်လည်း ကွဲသွားပေသည်။ အထဲတွင် အရိုးအဆစ်များပင် ရှိနေခဲ့သည်။

ချိုးတု၏ ပြိုင်ဘက်များက ချိုးတုသည် လူ့အသားဖြင့် ဝက်ပေါင်ခြောက်များ ရောင်းသည်ဟူသော ကောလဟလ များဖြင့် လူထုအကြား ဆောင်းပါးများဖြင့် ဖြန့်ဝေခဲ့သည်။ ချိုးတုသည် ဒေသတွင်း မီးသင်္ဂြိုစက်နှင့် ဆက်သွယ်၍ ၎င်းတို့ ဝက်ပေါင်ခြောက်အတွက် လူသေအလောင်းများ သုံးခဲ့ကြောင်း ကောလဟလများ ပျံ့နှံ့ရန် လူများစွာ စေလွှတ်ခဲ့ကြသည်။ ချိုးတု၏ ဝန်ထမ်းများပင်လျှင် မိမိတို့ ထုတ်ကုန်ကို မိမိတို့ မစားဝံ့ကြတော့ချေ။

ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ အဓိက ဆောင်းပါးများအားလုံး ရုတ်ရုတ်သဲသဲ ရေးကြတော့သည်။

သို့တိုင်အောင် အချို့သောလူများသည် အားလုံးမှာ သတင်းအတုများဟု ယူဆခဲ့ကြသည်။ ချိုးတုသည် နှစ်စဉ် ဝက်ပေါင်ခြောက် တန်ချိန်များစွာ ရောင်းချနေပေသည်။ ပြည်နယ်အတွင်းရှိ မီးသင်္ဂြိုလ်စက်များ အားလုံးပေါင်းလျှင်ပင် ဝက်ပေါင်ခြောက်ပြုလုပ်ရန် လူသေအလောင်း လုံလောက်စွာ ပေးနိုင်မည် မဟုတ်ချေ။

သို့ရာတွင် အများစုမှာမူ ကောလဟလများကို ယုံကြည်လာကြသည်။ လူ့အလောင်း အကြွင်းအကျန်များမှ ထုတ်လုပ်ထားသည်ဟု အခိုင်အမာယုံကြည်ကြသည်။ သို့မဟုတ်ပါက သတင်းစာများမှ မည်သည့်အတွက် ဆောင်းပါများ ရေးမည်နည်း။ အချို့သော အထက်အရာရှိများမှလည်း ချိုးတုသည် လူသေရုပ်ကြွင်းများ သုံးနေကြောင်း သံသယရှိသည်ဟု ပြောဆိုလာကြသည်။ သို့ရာတွင် သာမန်ပြည်သူများအတွက်မူ ထိုစကားများမှာ အတည်ပြုချက်သဘော သက်ရောက်သွားတော့သည်။

ကောလဟလများ စတင်ခဲ့သည်မှာ ချိုးတုကုမ္ပဏီတည်ရှိသည့် ပြည်နယ်မှပင် ဖြစ်သည်။ ချိုးတုကုမ္ပဏီကို ဆွဲချခဲ့သူမှာ မည်သူနည်း။ အပြင်လူ မဟုတ်နိုင်ချေ။ ၎င်းသည် ပြည်နယ် တစ်ခုတည်းမှ ဝက်ပေါင်ခြောက် ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်ပေသည်။

ကောလဟလများအား ပြည်နယ်တွင် စတင်ခဲ့ပြီး တရုတ်ပြည်အနှံ့ ဖြန့်လိုက်သည်။ ၎င်းတို့သည် သတင်းစာကို အသုံးချ၍ ချိုးတု ဖြန့်ဖြူးသူများကိုလည်း လာဘ်ထိုးခဲ့ကြသေးသည်။

ဖြန့်ဖြူးသူများနှင့် ချိုးတုအကြား စာချုပ်များကို အခြေခံ၍ ဝက်ပေါင်းခြောက်တွင် ပြဿနာ တစ်စုံတစ်ရာရှိပါက ချိုးတုသည် ဖြန့်ဖြူသူများအား လျော်ကြေးပေးရမည် ဖြစ်သည်။

ဖြန့်ဖြူးသူအားလုံးသည် ဤဝက်ပေါင်ခြောက် အသုတ်တွင် ပြဿနာများရှိကြောင်း သိကြသည်။ တစ်ချိန်တည်း မှာပင် အနီးအနားမြို့မှ ဝက်ပေါင်ခြောက် ကုမ္ပဏီတစ်ခုက သူတို့ကို ဈေးလျော့ ပေးခဲ့သေးသည်။

ဝက်ပေါင်ခြောက်၏ အရသာသည် ချိုးတုနှင့် ဆင်တူသော်လည်း ၎င်းမှာ နာမည်မရှိသေးသည့် အမှတ်တံဆိပ် တစ်ခုဖြစ်သည်။ ဖြန့်ဖြူးသူများသည် လျှော့ဈေးများဖြင့် အမြတ်အစွန်း ပိုမိုရရှိမည် ဖြစ်သောကြောင့် ဖြန့်ဖြူးသူ များသည် ဤကုမ္ပဏီမှ စတင်မှာယူကြတော့သည်။

ဖြန့်ဖြူးသူများအားလုံး လျော်ကြေးငွေများ တောင်းခံလာသည့်အခါ ချိုးတုအတွက် ပိုမို ဒုက္ခရောက်ရတော့သည်။ ၎င်းတို့၏ လုပ်ငန်းများ ရပ်တန့်သွားကာ မြို့တော် အစိုးရက အခြေအနေကို ပြန်လည် ကယ်ဆယ်ရန် ကြိုးစားနေ ပေသည်။ ထုတ်လုပ်သူများနှင့် သဘောတူညီချက်ရခဲ့ပြီး လူသားလုံးဝမဟုတ်ကြောင်း၊ ချိုးတု ဝက်ပေါင်ခြောက်၏ အရည်အသွေး ပြဿနာဖြစ်ကြောင်း ဆောင်းပါးများ ထုတ်ဝေရန် အစိုးရက သဘောတူညီမှု လုပ်ခဲ့သည်။

သို့ရာတွင် ချိုးတု အမှတ်တံဆိပ် ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့သည်။ (၃)ရက်အတွင်း ထိုအဖြစ်အပျက်အားလုံးကို တစ်နိုင်ငံလုံးမှ သိ၍ သူတို့၏ ထုတ်ကုန်များကို မည်သူမှ မဝယ်ကြတော့ချေ။ လူများသည် တံဆိပ်မြင်လျှင်ပင် ကိုင်မကြည့်ချင်တော့ချေ။

ဖုန်းယွီ သတင်းစာ စာရွက်ကို ဘေးသို့ချလိုက်ပြီး ကျန်းမင်ကို ကြည့်လိုက်သည်။ ထို့နောက် ကျန်းမင်အား အလေးအနက်ဖြင့်..

“မန်နေဂျာကျန်း.. ကျုပ်ကိုပြော.. ဒီကောလဟလ ဖြန့်ဝေတဲ့အထဲ ပါနေသေးလား..”

“ဝင်ပါဖို့လား.. ဘာလို့ပါရမှာလဲ.. ငါတို့ ဘာမှကို လုပ်စရာမလိုတာ.. ဖြန့်ဖြူးသူတွေကိုယ်တိုင် အဲ့ကောလဟလ စကားတွေ ဖြန့်ဖို့ စတိုးဆိုင်လေးတွေကို သုံးလိုက်တာ.. ဒီကိစ္စ မင်းမသိသေးဘူးလား..”

လွန်ခဲ့သည် (၂)ရက်တွင် မိမိမှာ ကီရီလန်ကို၊ အယ်လီနာတို့နှင့်အတူ ရှိနေခဲ့သည်မဟုတ်လော။ သတင်းစာဖတ်ရန် အချိန်ပင် မရှိခဲ့ချေ။

“ဒီကောလဟလတွေ ဘယ်သူမှ ဖြန့်ခွင့်မပြုဘူးဆိုတဲ့အကြောင်း ငါတို့အလုပ်သမားတွေကို ပြောထားလိုက်.. လူသားတဲ့လား.. မီးသင်္ဂြိုလ်စက်လား.. ဘယ်သူက ယုံမှာလဲ.. အခု ပြောမှာက ဘယ်လို အခွင့်အရေးလဲ..”

“အဲ့ ချိုးတု အခုဆို ဒုက္ခကြီးကြီး ရင်ဆိုင်နေရပြီ.. ဝက်ပေါင်ခြောက်ဈေးကွက်က နေရာတွေ လွတ်သွားပြီလေ.. ငါတို့ ထိုင်ဟွာ ပြီးခဲ့တဲ့နှစ်ကစပြီး ဝက်ပေါင်ခြောက် အမှတ်တံဆိပ် ထုတ်ခဲ့တယ်လေ.. ဒါ ငါတို့ ဈေးကွက်ဝေစု တိုးချဲ့ဖို့ အခွင့်အရေးပဲလေ.. CCTV ခေါင်းဆောင်တွေနဲ့ ရင်းနှီးတယ်မို့လား.. မင်းစကားတစ်ခွန်းနဲ့တင် ငါတို့တွေ တော်တော် ပြောင်းလဲသွားမှာ..”

ထိုင်ဟွာ ဝက်ပေါင်ခြောက်သည် ထိုင်ပေဝက်သား၏ ထုတ်ကုန်ဖြစ်သည်။ အလေးချိန်၊ ပါဝင်ပစ္စည်း၊ ဈေးနှုန်း စသည်အားလုံးမှာ ချိုးတုနှင့် ယှဉ်နိုင်လု နီးနီးပင်။ သို့ရာတွင် လက်ရှိ၌ အရှေ့မြောက်ပိုင်းနှင့် ရုရှားနိုင်ငံရှိ ပြည်နယ်(၃)ခုတွင်သာ ရောင်းချခဲ့သည်။ ရောင်းအားပမာဏမှာမူ ချိုးတုနှင့် နှိုင်းယှဉ်၍ မရချေ။

အခြားသော ဝက်ပေါင်ခြောက် အမှတ်တံဆိပ်များကိုပင် မယှဉ်နိုင်ချေ။

သို့ရာတွင် ထိုင်ဟွာ ဝက်ပေါင်ခြောက်သည် ထိုင်ပေ ဝက်များ အားသာချက်ရှိပေသည်။ ဤဝက်သား အမှတ်တံဆိပ်သည် စားသုံးသူများအတွက် ထိပ်တန်း ရွေးချယ်မှု ဖြစ်သည်။ ဤဝက်သား တံဆိပ်အကြောင်း တစ်နိုင်ငံလုံးနီးပါး သိကြပေသည်။

ယခုနှစ်အတါင်း ကျန်းမင်သည် ထိုင်ဟွာအမှတ်တံဆိပ် တိရိစ္ဆာန်အစာများ ကြေငြာရန် CCTV တွင် ကြော်ငြာအကွက်တစ်ခု ဝယ်ယူခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ ထိုင်ဟွာဝက်ပေါင်ခြောက် ကြော်ငြာအဖြစ်‌ ပြောင်းရန် တွေးနေခြင်းဖြစ်သည်.

“ဒီနှစ် ဝက်ပေါင်ခြောက် ရောင်းအား ကျသွားလိမ့်မည်.. အထူးသဖြင့် ဒီလပိုင်းအတွင်းပဲ.. အဲ့အဖြစ်အပျက် ပြီးအောင်စောင့်မှာလား.. ဒါ ငါတို့အတွက် အခွင့်အရေး တစ်ခုပဲ.. ဈေးကွက် သိမ်းပိုက်ဖို့ အစီအစဉ် တွေးထားပြီးပြီး ထင်တယ်.. ငါ့ကို စိတ်မပျက်နဲ့အုံး.. လက်ရှိကြော်ငြာ မပြောင်းနဲ့အုံး.. လတ်တလော ထုတ်လွှင့်မှုက ရက်ပိုင်းပဲရှိသေးတယ်.. ချက်ခြင်းကြီး ပြောင်းလိုက်ရင် ငါတို့ရဲ့ တိရိစ္ဆာ အစားအစာတွေမှာ ပြဿနာရှိတယ်လို့ ထင်သွားကြလိမ့်မည်.. မင်းအရင်ဆုံး ကြော်ငြာရိုက်ဖို့ လူတွေ အရင်စီစဉ်လိုက်.. (၁၅)စက္ကန့်စာလုပ်.. ငါတို့ရဲ့ ဝက်ပေါင်ခြောက် လုပ်ဖို့အတွက် အရည်အသွေးမြင့် ထိုင်ပေဝက်သား သုံးထားတယ်ဆိုတာ ပရိသတ် သေချာသိရမယ်.. နောက်ရက်မကြာခင် အဲ့ကြော်ငြာအသစ်ကို တခြားကြော်ငြာကွက်မှာ ပြောင်းပေးမယ်..”

ဖုန်းယွီ ချိုးတုနှင့် အခြားသော ဝက်ပေါင်ခြောက်ကုမ္ပဏီများကို အနိုင်ယူနိုင်မည့် နည်းလမ်း တွေးလိုက်မိသည်။ သို့ရာတွင် ကောလဟလ ဖြန့်ချီသည့် ထို တန်းဟွေ့ ကုမ္ပဏီမှ လူများကို အရင်ဆုံး အသိပေးရပေမည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters