← Chapters

ရုန်းရင်းဆန်ခတ်မှုမှ တတိယအုပ်စု၏ အကျိုးကျေးဇူးများ(၁)

Vol. 39 Ch. 577

ရုန်းရင်းဆန်ခတ်မှုမှ တတိယအုပ်စု၏ အကျိုးကျေးဇူးများ(၁)

Vol. 39 Ch. 577

ချိုးတုဝက်ပေါင်ခြောက်သည် လူ့အသားများ ပါဝင်သည်ဟု စွပ်စွဲခံရပြီးနောက် တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသည်။ ကုမ္ပဏီခေါင်းဆောင်များကို ချက်ခြင်းအစားထိုးလိုက်ပြီး ဤဖြစ်ရပ်အတွက် အပြည့်အဝ တာဝန်ယူရမည် ဖြစ်သည်။

ဤသည်မှာ ဖုန်းယွီ၏ ကုမ္ပဏီ ဖြစ်ခဲ့ပါက အထူးသဖြင့် အကြံပေးခေါင်းဆောင် အားလုံး ထုတ်ပစ်ပေလိမ့်မည်။ ကုမ္ပဏီ အကြံပေးအဖြစ် ဗေဒင်ဆရာကို ခန့်အပ်မည်လော။ အလွန်ရယ်စရာ ကောင်းပေသည်။

ဖုန်းယွီသည်သာ ချိုးတုကုမ္ပဏီ သူဌေးဖြစ်ပါက ကြပ်ကင် ဝက်ပေါင်ခြောက်အသစ် ချက်ချင်း မိတ်ဆက်မိပေလိမ့်မည်။ မိုးခိုးငွေ့ အရသာ မကြိုက်သူများ ရှိနိုင်သော်လည်း ကြိုက်နှစ်သက်သူ ရှိအုံးမည်ပင်။

ဤသည်မှာ ချိုးတု ပျက်စီးမှုတွင် ပါဝင်ခြင်းပင်။ အများစုမှာ မအောင်မြင်သော ထုတ်ကုန် တစ်ခု ဖြစ်သည်။ လူသား ဝက်ပေါင်ခြောက် အကြောင်း ကောလဟလ ရှိလာမည် မဟုတ်ချေ။ သို့ရာတွင် အောင်မြင်ခဲ့ပါက ကုမ္ပဏီအတွက် နောက်ထပ် ထုတ်ကုန် တစ်မျိုး တိုးလာပေလိမ့်မည်။ သို့ရာတွင် အောင်မြင်ရန် အခွင့်အလမ်း နည်းပေသည်။

သို့ရာတွင် ပျက်စီးဆုံးရှုံးမှုကို လျော့ချနိုင်ပြီး အမှတ်တံဆိပ်အများကြီး ထိခိုက်မည် မဟုတ်ချေ။ ထို ကြပ်ကင် ဝက်ပေါင်ခြောက်သည် ဈေးနှုန်း မြင့်မြင့်ဖြင့် ရောင်းချနိုင်သေးသည်။ ကုမ္ပဏီ၏ အမြတ်ငွေကိုပင် တိုးစေနိုင်ပေသည်။

နောက်တစ်ချက်မှာ ဆုံးရှုံးမှုများအား ရင်ဆိုင်လက်ခံရန်ပင်။ တစ်ချိန်တည်းတွင် ချိုးတုသည် ၎င်းတို့ ဝက်ပေါင်ခြောက်အတွက် ညံ့ဖျင်းသော ပါဝင်ပစ္စည်းများ မသုံးတော့ကြောင်း တစ်နိုင်ငံလုံးအား ကြေညာရမည်။ ဤသည်မှာ အကောင်းဆုံး ဖြေရှင်းချက်ပင်။

ဆုံးရှုံးမှု ပမာဏသည် သန်း(၄၀)ထိရှိသော်လည်း တစ်ချိန်တည်းတွင် ၎င်းတို့၏ ဝက်ပေါင်ခြောက်များ၏ လက်လီဈေးနှုန်း တိုးမြှင့်နို်ငပေသည်။ ချိုးတု ဝက်ပေါင်ခြောက်သည် စားသုံးရန် ဘေးကင်းပြီး ထုတ်ကုန်များအတွက် တင်းကြပ်သော စည်းကမ်းချက်များ ရှိကြောင်း စားသုံးသူများ သိသွားပေလိမ့်မည်။ အမှတ်တံဆိပ်၏ တန်ဖိုး တက်လာပေလိမ့်မည်။

အမှတ်တံဆိပ် တန်ဖိုး မြင့်တက်လာသည့်အခါ အမှတ်တံဆိပ်၏ ဂုဏ်သတင်းလည်း တိုးလာပေမည်။ ရောင်းအား မြင့်တက်လာပေမည်။ ယွမ်သန်း(၄၀)အထိ ဆုံးရှုံးမှုရှိလိမ့်မည် မဟုတ်တော့ချေ။ ချိုးတု၏ နှစ်စဉ် အမြတ်ငွေသည် ယွမ် (၁)ဘီလီယံကျော်ရှိပြီး ယွမ်သန်း(၄၀)ကျော် အရှုံးပေါ်သွားပေလိမ့်မည်။

ပျက်စီးသွားသည့် အသားများကို စက်ရုံဝန်ထမ်းများအား လူမှုရေးအနေဖြင့် ထောက်ပံ့ ဖြန့်ဝေပေးနိုင်သည်။ ဝန်ထမ်း မိသားစုများအနေဖြင့် ဝက်သား နေ့စဉ် မစားနိုင်ကြချေ။ အနည်းငယ် ပျက်စီးသွားသော်လည်း စားသုံးနိုင်သေးသည်။ ဝန်ထမ်းများမှလည်း ကုမ္ပဏီကို ကျေးဇူးတင်နေပေဦးမည်။

ဤအဖြစ်အပျက်အား ကိုင်တွယ်ရန် နည်းလမ်းများစွာရှိပေသည်။ သို့ရာတွင် ချိုးတု ခေါင်းဆောင်များသည် အမိုက်မဲဆုံး အကြံကို ရွေးချယ်ခဲ့သည်။ ထိုရွေးချယ်မှုမှာလည်း ကောင်းနေသေးသည်။ အနည်းဆုံးအားဖြင့် ဖြန့်ဖြူးသူများကို ကြိုတင် အကြောင်းကြားထားသင့်ပေသည်။

ဖြန့်ဖြူးသူများ သတိမထားမိဘဲ ထိုဝက်ပေါင်ခြောက်တွင် ပြဿနာရှိမှန်း မသိခဲ့ကြချေ။ ချိုးတု ဝက်ပေါင်ခြောက်၏ အရသာသည် ပြောင်းလဲသွားပြီး ဖြန့်ဖြူးသူများ၏ ဂုဏ်သိက္ခာ ထိခိုက်ပေလိမ့်မည်။ မည်သည့် ဖြန့်ဖြူးသူမှ ပျော်မည် မဟုတ်ချေ။ ထိုဝက်ပေါင်ခြောက် အသုတ်ကို ဝယ်ယူမိသည့် စားသုံးသူများသည် ထုတ်ကုန်အတု တစ်ခုအဖြစ် သံ့သယရှိလာကြပြီး ဖြန့်ဖြူးသူများက ထိုဖေါက်သည်များကို ရှင်းပြရမည်ဖြစ်သည်။ သို့ရာတွင် သူတို့အနေဖြင့် ဘာဖြစ်ခဲ့မှန်း မသိသဖြင့် ရှင်းလင်းချက် မပေးနိုင်ကြချေ။

ထိုအချိန်တွင် ချိုးတု၏ ပြိုင်ဖက် တန်းဟွေ့ ကုမ္ပဏီက လှုပ်ရှားမှု တစ်ခု လုပ်ခဲ့သည်။ ချိုးတု ဝက်ပေါင်ခြောက်တွင် လူသားအကြွင်းအကျန်များ ပါရှိသည်ဟူသော ကောလဟလများ ဖြန့်ရန်အတွက် ထိုဖြန့်ဝေသူများနှင့် အချို့မီဒီယာများကို အလွယ်တကူ လာဘ်ထိုးနိုင်ခဲ့ကြသည်။ ဤသည်မှာ ကြီးမားသည့် ထိုးနှက်ချက်ပင်။

ကုမ္ပဏီ (၂)ခုစလုံးသည် ဝက်ပေါင်ခြောက် ရောင်းချကြပြီး တန်းဟွေ့ ဝက်ပေါင်ခြောက်များ၏ အရသာသည်လည်း ကောင်းမွန်ပေသည်။ ချိုးတု ဝက်ပေါင်ခြောက်၏ ကုန်ကျစရိတ်က ပိုမိုမြင့်မားလာပြီး ဖြန့်ဖြူးသူများသည် ချိုးတု နှင့် ယှဉ်ပြိုင်နိုင်မည့် ပြိုင်ဖက် ပေါ်လာရန် မျှော်လင့်နေကြသည်။ သူတို့ အနေဖြင့် မာနကြီးလွန်းသည့် ချိုးတု ကို သင်ခန်းစာ တစ်ခုသင်ပေးကာ ဖြန့်ဖြူးသူများ မရှိဘဲ ချိုးတု ဝက်ပေါင်ခြောက်သည် မည်သည့်အခါတွင်မျှ နာမည်ကြီးလာမည် မဟုတ်ကြောင်း အသိပေးချင်နေပေသည်။

ထိုအချိန်တွင် ချိုးတုကုမ္ပဏီသည် အမှားများစွာလုပ်မိကြောင်း သိရှိပြီး အခြေအနေ ကယ်တင်ရန် ကြိုးစားနေချိန် ဖြစ်ပေသည်။

သို့ရာတွင် ကောလဟလ စတင်ပျံ့နှံ့မှုက မြန်လွန်းနေပေသည်။ ကောလဟလတစ်ခု စတင်ရန်ထက် ရပ်တန့်ရန် လုပ်ရသည်မှာ အဆပေါင်းများစွာ ခက်ခဲပေသည်။

ထိုကောလဟလများမှာ ရည်ရွယ်ချက်တစ်ခုဖြင့် စတင်ခဲ့ခြင်းဖြစ်၍ ရပ်တန့်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။

တန်းဟွေ့သည် ချိုးတုကို နောက်ကျော ဓားထောက်ထားပြီး ဖြစ်သဖြင့် ချိုးတု ပြန်လည်ကောင်းမွန်ရန် နည်းလမ်း မရှိကြောင်း သေချာပေသည်။ ထိုသို့မဟုတ်ပါက ချိုးတု ဤအကြပ်တည်းမှ ပြန်လည်ကောင်းမွန်လာသည့်အခါ သူတို့ နောက်ပြန်ရောက်သွားပေလိမ့်မည်။ ချိုးတု၏ တုန့်ပြန်မှုမှ တန်းဟွေ့သည်ပင် နိဂုံးချုပ်သွားနိုင်ပေသည်။

ကောလဟလများသည် တောမီးကဲ့သို့ ပျံ့နှံသွားခဲ့သည်။ ချိုးတု ဝက်ပေါင်ခြောက် ရောင်းအား ကျဆင်းသွားသည်။ တန်းဟွေ့ရောင်းအား အလွန်အကျွံ မတိုးခဲ့သော်လည်း ချိုးတု ပိ်လိုက်သည့်အခါတွင် ၎င်းတို့၏ ရောင်းအားမှာ သေချာပေါက် တက်လာပေလိမ့်မည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝက်ပေါင်ခြောက် ဝယ်လိုအား ရှိနေဆဲ ဖြစ်သည်။

ထိုကိစ္စသည် ချိုးတု ကုမ္ပဏီအတွက် ကြီးမားလွန်းလှသည်။ သူတို့၏ အထက်အကြီးအကဲများထံမှ အကူအညီ တောင်းရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။ မြို့တော် အစိုးရထံ ချဉ်းကပ်ကြရတော့သည်။ ချိုးတုသည် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ ကြုံလာသည့်အခါ အထက်လူကြီးများထံမှ အကူအညီ ရယူခြင်းမှာ ပုံမှန် လုပ်ရိုးလုပ်စဉ်သာ ဖြစ်ပေသည်။

ချိုးတုကုမ္ပဏီသည် ကောလဟလများ စတင်ခဲ့သည်မှာ အနီးအနားမြို့မှ အခြားကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိလိုက်ရပြီး အထက်အရာ၇ှိများထံ ချက်ချင်း သတင်းပို့ခဲ့ကြသည်။

ချိုးတုမြို့ အစိုးရခေါင်းဆောင်များသည် ထိုအကြပ်အတည်းကို စတင်ခဲ့သည်မှာ တန်းဟွေ့ ဖြစ်ကြောင်း သိသွားသည့်အခါ ဒေါသူပုန်ထကြတော့သည်။ မြို့တော် ခေါင်းဆောင်များကို ချက်ချင်း တိုင်ကြားကြတော့သည်။

တန်းဟွေ့ကုမ္ပဏီတည်ရာ မြို့တော်ခေါင်းဆောင်များသည်လည်း ထိုကိစ္စသိသွားကြသည်။ သို့တိုင်အောင် အမှန်မဟုတ်ဟုသာ ယူဆထားကြသည်။ နောက်ဆုံး၌ တန်းဟွေ့ ကုမ္ပဏီသည် အပိုင်ရယူရန်အတွက် ချိုးတု ကုမ္ပဏီသို့ပင် သွားရောက်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ဖြစ်ပျက်ခဲ့သမျှ အခြေအနေမှ မြို့တော်ခေါင်းဆောင်များဘက်တွင် အမြတ်ထွက်နေသေးသည့် အတွက် မထူးခြားသည့် ပုံပြင်တစ်ခုသာပင်။ ဝက်ပေါင်ခြောက် စက်မှုလုပ်ငန်း ဈေးကွက်ခေါင်းဆောင်မှာ တန်းဟွေ့ ဆိုပါက သူတို့အတွက် ကျေးဇူးကြွေးတစ်ခု ဖြစ်ပေလိမ့်မည်။

မည်သည့် ခေါင်းဆောင်က ‌ကျေးဇူးကြွေး လက်လွှတ်ခံနိုင်မည်နည်း။ ထို့အပြင် ချိုးတု ကုမ္ပဏီသည် ၎င်းတို့အား စွပ်စွဲခဲ့သည်မှာ တန်းဟွေ့ ကုမ္ပဏီဖြစ်ကြောင်း အခိုင်အမာ သက်သေမပြနိုင်ခဲ့ချေ။ တန်းဟွေ့မှ ကောဟလဟများ စတင်ခဲ့ခြင်း ဖြစ်သည်ကို ထိုအစိုးရအရာရှိများ ဝန်ခံမည် မဟုတ်ချေ။

သို့အတွက် တန်းဟွေ့ကုမ္ပဏီဘက်မှ အခြေအမြစ်မရှိသော စွပ်စွဲမှုများ ပြုလုပ်နေသည်မှာ ချိုးတုကုမ္ပဏီသာ ဖြစ်သည်ဟု မြို့တော်ခေါင်းဆောင်များ ပြန်လည်တုန့်ပြန်ခဲ့သည်။ ချိုးတုတွင် တန်းဟွေ့ကို ညွှန်ပြနိုင်သည့် သက်သေအထောက်အထား လုံးဝမရှိချေ။ ကောဟလဟ စတင်ခဲ့သူဟု မည်သို့ စွမ်စွဲနိုင်မည်နည်း။ ချိုးတုသည် ထုတ်ကုန်ပြဿများကိုသာ ပထမဆုံး ကြုုံတွေ့ရတော့သည်။

ကုမ္ပဏီ နှစ်ခုကြား စစ်ပွဲသည် မြို့တော် (၂)မြို့အကြား စကားစစ်ထိုးပွဲထိအောင် ကြီးထွားလာတော့သည်။ နောက်ဆုံး ပြည်နယ်အစိုးရထံ တိုင်ကြားခဲ့ကြတော့သည်။ ပြည်နယ် အစိုးရသည် ပြည်နယ်စီးပွားရေးကို တွန်းအားပေးရန်အတွက် စားသောက်ကုန်လုပ်ငန်းကို ပြည်နယ်၏ အဓိကလုပ်ငန်းအဖြစ် သုံးရန် အစီအစဉ် ရှိပေသည်။

ချိုးတု ဝက်ပေါင်ခြောက်သည် ဝယ်လိုအား မြင့်မားနေပြီး ပြည်နယ်ခေါင်းဆောင်များသာ် ၎င်းတို့ပြည်နယ်တွင် အခြားသော ဝက်ပေါင်ခြောက် ကုမ္ပဏီတစ်ခု ပေါ်လာသည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်နေကြ ပေသည်။

အယောင်ဆောင် လိုက်နာဟန်များကို အစိုးရ အရာရှိများ ကောင်းကောင်း ကျွမ်းကျင်ကြသည်။ ဤသည်မှာ ၎င်းတို့ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဖြတ်လမ်း တစ်ခုဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ဝက်ပေါင်ခြောက်စက်ရုံ အားလုံးနီးပါး အစိုးရပိုင်ဖြစ်ပြီး ဒေသန္တရာ အစိုးရများမှ ပံ့ပိုးပေးကြသည်။

ချိုးတုနှင့် တန်းဟွေ့ ကုမ္ပဏီများသည် ယခင်က ၎င်းတို့အကြား ဆိုးရွားသော သွေးကွဲမှု မရှိခဲ့ချေ။ နှစ်ခုစလုံးမှာ ပြည်နယ်အစိုးရ တစ်ခုတည်းလက်အောက်မှ နိုင်ငံပိုင်လုပ်ငန်းများ ဖြစ်ပေသည်။ ပြည်နယ်အစိုးရ ဝင်ငွေတိုးအောင် လုပ်ပေးခဲ့ကြသည်။ ကုမ္ပဏီနှစ်ခုစလုံးသည် အခြားဝက်ပေါင်ခြောက် ကုမ္ပဏီများ ကျော်တက်သွားခြင်းမှ ကာကွယ်ရန် လက်တွဲ လုပ်ဆောင်နိုင်ပေသည်။

ကုမ္ပဏီ (၂)ခုစလုံးကို ပြည်နယ်အစိုးရ၏ သားသမီးများအဖြစ် သတ်မှတ်ခဲ့ကြသည်။ မိမိ၏ ကလေးနှစ်ယောက် ရန်ဖြစ်ပါက မည်သည်တို့ ဖြစ်နိုင်မည်နည်း။ မိဘများဘက်မှ သဘောထား မတိုက်ဆိုင်သည့် ကလေး (၂)ယောက်စလုံးကို ညီတူညီမျှ အပြစ်ပေးရပေမည်။ ပြည်နယ်အစိုးရမှလည်း ထိုသို့သာ လုပ်လိုက်သည်။

မြို့တော်(၂)ခုစလုံး၏ မြို့တော်ဝန်များကို ပြစ်တင်ရှုတ်ချခဲ့သည်။ သို့ရာတွင် သူတို့အနေဖြင့် မည်သည့်အမှားမှ မပြုလုပ်ခဲ့ကြောင်းသာ အခိုင်အမာ ဆိုပေသည်။ တစ်ဖက်အုပ်စုတွင် အပြစ်ရှိပေသည်။ တန်းဟွေ့သည် ဤသည်ကို တိုးတက်ရန် အခွင့်အရေးတစ်ခုအဖြစ် မြင်ကာ တန်းဟွေ့က ဖျက်ဆီးခြင်းဟု ချိုးတု ပြောခဲ့ပေသည်။

သို့ရာတွင် ကုမ္ပဏီများနှင့် မြို့ကြီး (၂)မြို့ ငြင်းခုံကြသည့်အခါ ဝက်ပေါင်ခြောက် တံဆိပ်အသစ်ကို သတိမထားမိဘဲ အရှေ့မြောက်ဘက်မှ ထိုင်ဟွာဝက်ပေါင်ခြောက်သည် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး တစ်ရုတ်နိုင်ငံ တစ်ဝှမ်းလုံးသို့ ရောင်းချခဲ့တော့သည်။

ဖုန်းယွီသည် ဤထိုင်ဟွာ ဝက်ပေါင်ခြောက်ကို ဈေးကွက်တင်ရန်အတွက် ထိုင်ဟွာ ကုန်သွယ်ရေး၏ ဖြန့်ဖြူးသူများ အကူအညီ ရယူခဲ့သည်။ ၎င်းသည် အမည်မရှိသေးသည့် အမှတ်တံဆိပ် တစ်ခု ဖြစ်သော်လည်း ဖုန်းယွီသည် ထိုင်ဟွာ ဝက်ပေါင်ခြောက် ကြောငြာကို CCTV တွင် မကြာမီ ထုတ်လွှင့်မည်ဟု ကတိပေးခဲ့သည်။ ထို့အပြင် ထိပ်တန်း နာမည်ကြီး တစ်ဦးမှလည်း ထောက်ခံပေးမည် ဖြစ်သည်။

ယခု ထိပ်တန်း ဝက်ပေါင်ခြောက် အမှတ်တံဆိပ်ဖြစ်သည့် ချိုးတုနှင့် တန်းဟွေ့ တို့သည် စစ်ဖြစ်နေပြီ တတိယ အုပ်စုဖြစ်သည့် ထိုင်ဟွာ ဝက်ပေါင်ခြောက်သည် ထိုရန်ပွဲမှ အကြိုးအမြတ် များစွာ ရသွားပေတော့မည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters