CCTV ၏အစီရင်ခံစာ (၁)
Vol. 39 Ch. 579
တန်းဟွေ့ နှင့် ချိုးတုကို အပြီးသတ် ချေမှုန်းရန် CCTV တစ်ခုတည်းနှင့် မလုံလောက်ချေ။ ဖုန်းယွီ လက်စသတ်ရန် နောက်ထပ် ဗျူဟာ အနည်းငယ် ပြင်ဆင်လိုက်သည်။ တန်းဟွေ့နှင့် ချိုးတုတို့သည် ထိုအရှုပ်အထွေးကိုသာ အပြစ်တင်ရပေတော့မည်။
ဖုန်းယွီသည် ပြည်နယ်ခွဲများရှိ သူ့ကုမ္ပဏီဌာနခွဲများနှင့် စက်ရုံများသို့ သွားရောက်လည်ပတ်သည့်အခါ ထိုနေရာရှိ မီဒီယာများကို ဆက်သွယ်ခဲ့သည်။ ဖုန်းယွီ ထိုကုမ္ပဏီ နှစ်ခုကို ချေမှုန်းရန် ပြင်ဆင်နေတော့သည်။
ချိုးတု ခေါင်းဆောင်များသည် CCTV သတင်ထောက်နှစ်ဦးကို လက်ခံတွေ့ဆုံခဲ့သည်။ အကူအညီတောင်ရန် CCTV သို့သွားခဲ့ပြီး ယခုအကြပ်အတည်းမှ သေချာပေါက် ပြန်လည် ရုန်းထွက်လာနိုင်မည် ဖြစ်သည်။
“သတင်းထောက် စွေ့.. ကျုပ်အားလုံး ပြောပြီးပါပြီ.. ကျုပ်ဘာမှ ဖုံးကွယ်မထားဘူးဆိုတာ ကတိပေးနိုင်ပါတယ်.. အဲ့ လူသားအကြွင်းအကျန် ဝက်ပေါင်ခြောက်ဆိုတာ စွပ်စွဲသာတွေ သက်သက်ပါပဲ.. ငါတို့ကို ချောက်ချ လိုက်တာပါ..”
“မန်နေဂျာမာ.. ခင်ဗျားတို့ကို ချောက်ချတာ ဘယ်သူလဲဆိုတာ သိလား.. ကျုပ်တို့ စုံစမ်းကြည့်ပြီးပါပြီ.. ခင်ဗျားတို့ ပြည်နယ် သတင်းစာကဆို ချိုးတု ဝက်ပေါင်ခြောက်မှာ ထူးဆန်းတဲ့ အနံ့ရနေတဲ့အပြင်၊ အဲ့အနံ့ကလဲ မီးသင်္ဂြိုလ်စက်မှာ ပါတဲ့ လူရဲ့အသားကို မီးရှို့နံ့နဲ့ ဆင်တယ်တယ်လို့ ပထမဆုံး အသံထွက်လာတယ်လေ.. အဲ့ဒါကို ရော သိလား မသိဘူး..”
စွေ့ကျွင်းယီ ကောက်ခါငင်ကာ မေးလိုက်သည်။
မန်နေဂျာမာ မျက်လုံးမှိတ်ထားလိုက်သည်။ ထိုသတင်းထောက် စွေ့ မည်သည်ကို ဆိုလိုသနည်း။ တန်းဟွေ့ ကုမ္ပဏီကို ပြန်လည်တိုက်ခိုက်ရန် အကူအညီ ပေးချင်နေသည်လော။ ဤသည်က အခွင့်အရေးကောင်း တစ်ခုပင်။ တန်းဟွေ့ ကုမ္ပဏီသည် မိမိတို့ကို ဦးစွာ ချောက်ချခဲ့သူဖြစ်သည်။ ၎င်းတို့သည် ဤဖြစ်ရပ် နောက်ကွယ်မှ ဖြစ်ကြောင်း လူတိုင်း သိသင့်ပေသည်။
“သိတာပေါ့.. ဘယ်သူတွေ ငါတို့ကို ချောက်ချတယ်ဆိုတာ သိပေမယ့် နာမည်တွေနဲ့ ထုတ်ပြောလို့တော့ မရဘူးလေ.. သူတို့ ကုမ္ပဏီလဲ ဝက်ပေါင်ခြောက်တွေ စထုတ်ဖို့အတွက် ငါတို့ စက်ရုံတွေဆီကိုတောင် လာလည်ကြသေးတယ်.. ငါတို့လဲ အတွေ့အကြုံတွေ ဝေမျှပေးခဲ့သေးတာပဲ.. ဒါပေမယ့် ငါတို့ကို ကျေးဇူးကန်းပြီး ကုမ္ပဏီ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ရက်လိုက်ကြတာဗျာ..”
မန်နေဂျာ မာ တုန်ရင်နေပေသည်။
“မန်နေဂျာ မာ.. ဘယ်ကုမ္ပဏီက လောကဟလတွေ ဖြန့်ထားတယ်ဆိုတာ သိပေမယ့် သူတို့ ပုံရိပ်ကြောင့် ဖော်ထုတ်ဖို့ ငြင်းနေတာလား.. ဆိုလိုချင်တာက ခင်ဗျားကုမ္ပဏီနဲ့ အရမ်းရင်းနှီးတဲ့သူ တစ်ယောက်ယောက် ပါနေလို့လား..”
စွေ့ကျွင်းယီ အလွန်အရေးကြီးသည့် သဲလွန်စကို ချက်ချင်း သတိထားမိလိုက်သည်။
“ဒါကလဲ အတိတ်တုန်းကပါလေ… နောက်နောင် သူနဲ့ ဘာမှ ဆိုင်တော့မှာ မဟုတ်တော့ပါဘူး.. ငါတို့က ပြိုင်ဖက်တွေ ဖြစ်သွားမှာပဲ..”
“ခင်ဗျားရဲ့ ကုမ္ပဏီကို ဒီလောက်ထိ ပျက်စီးသွားအောင် ကျူးလွန်တဲ့သူကို တစ်နိုင်ငံလုံး သိအောင် မပြောချင်တာ သေချာရဲ့လား..”
မန်နေဂျာ မေ ခန တုံ့ဆိုင်းသွားတော့သည်။ သူ့ရာထူးတိုးရန် အချိန်နီးကပ်နေပြီ ဖြစ်ကြောင်း သတိရမိသည်။ သို့ရာတွင် ထိုအဖြစ်အပျက်နှင့် တန်းဟွေ့ကုမ္ပဏီ၏ ကောလဟလများကြောင့် သူ့မျှော်လင့်ချက်များ လွင့်ပျယ်ခဲ့ရပေသည်။ သူအငြိမ်းစာယူသည်အထိ ယခုရာထူး၌သာ ငြိမ်နေရပေတော့မည်။
တစ်ယောက်ယောက်ကို အပြစ်တင်လိုက်ပါက သူအလုပ်ထုတ်ခံရပေလိမ့်မည်။ သို့ရာတွင် သူ့၌ သက်သေ အထောက်အထား အပြည့်ရှိသော်လည်း တန်းဟွေ့ ကုမ္ပဏီကို ခရိုင်ခေါင်းဆောင်များ ထုတ်မပြောရန် အမိန့်ပေးထားပေသည်။ သို့ရာတွင် သတင်းထောက်သည် သူ့ဟာသူ စုံစမ်း သိရှိသွားလျှင် မည်သို့ ဖြစ်သွားမည်နည်း။
တန်းဟွေ့ ကုမ္ပဏီ ဒုက္ခရောက်ပါက အဆိုပါ ဖြန့်ဖြူးသူများသည် ချိုးတု ကုမ္ပဏီသို့ ပြန်လည် ရောက်ရှိလာပေ လိမ့်မည်။ မန်နေဂျာမာသည် လည်း ကုမ္ပဏီကို ပြန်လည် အသက်သွင်းနိုင်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ယခင်က ချိုးတု ဝက်ပေါင်ခြောက်များ ဝယ်လိုအား မြင့်မားခဲ့ပြီး ထုတ်လုပ်မှုများပင် မှီအောင် မလိုက်နိုင်ခဲ့ချေ။ ယခုအချိန် ရောင်းအား ကျဆင်းနေသည့် ကာလမှာပင်လျှင် အမြတ်အစွန်း အနည်းငယ် ရနေပေသေးသည်။ အကယ်၍ ပြည်နယ် အစိုးရသည် ကုမ္ပဏီ(၂)ခုအနက်မှ တစ်ခုကို ကယ်တင်ရန် တွန်းအားပေးခံရပါက တစ်ခုတည်းသော ရွေးချယ်စရာမှာ နာမည်ကျော်ကြားပြီးဖြစ်သည့် ချိုးတု ကုမ္ပဏီသာ ဖြစ်ပေလိမ့်မည်။
မန်နေဂျာမာ စဉ်းစားပြီးသည့်အခါ သူ့စားပွဲပေါ်မှ စာရွက်စာတမ်း ဖိုင်တစ်ခုကို မတော်တဆ ထိမိဟန် ဆောင်လိုက်သည်။ ဤသည်မှာ ၎င်းတို့ထံမှ သင်ယူနိုင်ရေးအတွက် တန်းဟွေ့ကုမ္ပဏီမှ ချိုးတု ကုမ္ပဏီသို့ ပေးပို့ထားသည့် စာရွက်စာတမ်း ဖိုင်တစ်ခု ဖြစ်ပေသည်။
စွေ့ကျွင်းယီ ချက်ချင်း သတိပြုမိကာ..
“ခင်ဗျားပြောချင်တဲ့ ကုမ္ပဏီက တန်းဟွေ့ လား.. တန်းဟွေ့ ဆိုတာ ခင်ဗျားတို့ ပြည်နယ်ရဲ့ လုပ်ငန်းမို ဖော်ထုတ်ဖို့ ဆန္ဒမရှိ ဖြစ်နေတာလား..”
စွေ့ကျွင်းယီ သူ့နောက်မှ ကင်မရာဘက် ကြည့်လိုက်သည်။ ကင်မရာသမားသည်လည်း ခေါင်းညိတ်ပြရာ ရိုက်ကူးထားပြီးဖြစ်ကြောင်း အချက်ပြလိုက်သည်။
“ကောင်းပါပြီ.. မန်နေဂျာမာ. ကျုပ်တို့တွေ သတင်းအတိုင်းပဲ ဖြစ်ရမှာပါ.. ကျုပ်တို့ ခင်ဗျားကို အပြစ်မတင်ပါဘူးလေ.. ဒါပေမယ့် နောက်ထပ် မေးခွန်းတစ်ခု မေးချင်ပါတယ်.. ခင်ဗျားရဲ့ ဝက်ပေါင်ခြောက်ထဲမျာ မီးခိုးငွေ့ပါတဲ့ ဝက်သားသုံးခဲ့မိတုန်းကပ အဲ့ဝက်သားတွေ စားသုံးဖို့ထိ မသင့်လျော်ဘူးဆိုတာ တွေးမိဖူးပါသလား..”
“ဘာကို ဆိုလိုတာလဲမသိဘူး..”
မန်နေဂျာ မာ အံ့ဩသွားသည်။ ဤသတင်းထောက်သည် သူတို့ကုမ္ပဏီအပေါ် အများသူငှာ ယုံကြည်မှုရှိရန် ပြန်လည် ကူညီပေးရန် ရောက်နေသည်နှင့် မတူညီချေ။
“ခင်ဗျားရဲ့ ဝက်ပေါင်ခြောက်တွေ စက်ရုံက မထုတ်ခင်မှာ အစားအစာ ဘေးကင်းရေး စစ်ဆေးချက် အဖြေရပြီးသားလား..”
“မှန်ပါတယ်.. ကျုပ်တို့ ဝက်ပေါင်ခြောက်တွေ အားလုံး အစားအစာ ဘေးကင်းရေး စစ်ဆေး စမ်းသပ်မှု အောင်မြင် ပြီးသားတွေပေါ့.. ဝက်သားကို သပ်သပ်စီစဉ်ထားတာလေ.. တောင်ဘက်ပိုင်းတွေမှာ ကြပ်တိုက်သားတွေ ရှိတယ်လေ.. ငါတို့ဝက်သားက ဘာလို့ စားလို့မရမှာတုန်း..”
“ကောင်းပါပြီ.. ကျုပ်မှာ မေးစရာ မရှိတော့ပါဘူး.. မန်နေဂျာမာ အနေနဲ့ ဘာများ ပြောစရာ ရှိပါအုံးမလဲ..”
“မဟုတ်ပါဘူး.. စားသုံးသူတွေကိုပဲ တောင်းပန်ချင်ပါတယ်.. ကျွန်တော်တို့ ကုမ္ပဏီကို ကောင်းကောင်း မစီမံနိုင်ခဲ့လို့ အခုလို ဖြစ်သွားရတာပါ.. ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရဘူးဆိုတာ ကိတိပေးပါတယ်.. ကျေးဇူးပြုပြီး ကျုပ်တို့ရဲ့ ချိုးတု ဝက်ပေါင်ခြောက်တွေ ဆက်ပြီး အားပေးကြပါအုံးလို့..”
စွေ့ကျွင်းယီနှင့်အဖွဲ့ ထွက်ခွာသွားပြီးနောက် မန်နေဂျာမာ မည်သို့မှ မခံစားရချေ။ စွေ့ကျွင်းယီသည် သူ့လာဘ်ငွေ (အနီရောင်စာအိတ်) အား လက်မခံသော်လည်း CCTV မှသတင်းထောက် တစ်ဦး ဖြစ်ပေသည်။ သူသည် ဖြောင့်မတ် နိုင်လောက်ပေသည်။
ထို့အပြင် မန်နေဂျာမာသည် တွေ့ဆုံမေးမြန်းမှုကို ပြန်စဉ်းစားလိုက်သည်။ အမှားအယင်း တစ်စုံတရာ မရှိခဲ့ချေ။ နောက်ဆုံး အမှာစကားအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည် မဟုတ်ပေလော။ သူ့စကားများသည် ချိုးတု ဝက်ပေါင်ခြောက် စားသုံးသူများ၏ အမြင်ကို ပြောင်းလဲရန် သို့တည်းမဟုတ် တန်းဟွေ့ကုမ္ပဏီကို ဒုက္ခရောက်စေရမည်ဟု မျှော်လင့်နေမိတော့သည်။
CCTV သည် လွန်စွာ ထိရောက်ပေသည်။ တွေ့ဆုံမေးမြန်းမှု (၃)ရက်အကြာ၌ ထိုအပိုင်းကို ထုတ်လွှင့်ခဲ့ပြီး မန်နေဂျာမာကို ကြိုတင် အကြောင်းကြားခဲ့ပေသည်။ မန်နေဂျာမာသည် ကုမ္ပဏီရှိ ခေါင်းဆောင် အားလုံးကို အစည်းအဝေးခန်းအတွင်း ဝိုင်းကြည့်နိုင်ရန် စီစဉ်ပေးထားသည်။ သူတို့အားလုံး ထိုကဲ့သို့ မှော်ဆန်သည့် အခိုက်အတန့်ကို အတူတကွ မြင်စေချင်မိပေသည်။
“အစောပိုင်းက ကောလဟလတွေ ရှိခဲ့ပါတယ်.. ချိုးတု ဝက်ပေါင်ခြောက်ကို လူ့အသားနဲ့ လုပ်ထားတယ်လို့ ပြောကြပါတယ်.. ချိုးတု ကုမ္ပဏီက မီးသင်္ဂြိုလ် စက်နဲ့ ပူးပေါင်းထားပါတယ်ဆိုပြီး ကောဟလဟလတွေ ရှိခဲ့ပါတယ်.. ဒါကြောင့် ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့ သတင်းထောက်တွေ စေလွှတ်ခဲ့ပါသည်.. ဒီနေ့တော့ ကျွန်ုပ်တို့ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို ကြောငြာသွားမှာပါ.. ကောလဟလတွေ မမှန်ပါဘူး..”
မန်နေဂျာမာနှင့် ကျန်လူများ လက်ထုပ်တီးကာ ရွှင်မြူးသွားကြသည်။ CCTV မှ ကောလဟလများ ရှင်းလင်းရန် ကူညီပေးခဲ့ပေသည်။ မည်သည်ကို စိတ်ပူစရာ ရှိအုံးမည်နည်း။
ပြည်နယ် အစိုးရ ခေါင်းဆောင်များသည်လည်း ထိုအစီအစဉ်ကို ကြည့်ကာ ခေါင်းညိတ်ကြသည်။ ဤရှင်းလင်းပွဲ ကြိုးစားမှု အချိန်မီသွားပုံရပေသည်။ ၎င်းသည် ချိုးတု ၏ ဂုဏ်သတင်းကို ကယ်တင်နိုင်ပြီး ဆုံးရျုံးမှုအနည်းငယ် ပြန်လည် ရရှိနိုင်ပေသည်။
“……. ယခု ဗွီဒီယိုဖိုင်ကနေ မြင်နိုင်ပါတယ်.. ဒီအအေးခန်းကို ပြုပြင်နေကြတာပါ.. ဒီသိုလှောင်ရုံဟာ မကြာသေးခင်ကပဲ မီးလောင်မှုဖြစ်ပွားပြီး အတွင်းထဲမှာ သိမ်းဆည်းထားတဲ့ ဝက်သားတွေ မီးလောင်ပြီး မီးခိုးနံ့ ထွက်ခဲ့တာပါ.. သူတို့ရဲ့ ဆုံးရှုံးမှု လျော့ချနိုင်ရေးအတွက် ချိုးတုကုမ္ပဏီက ဒီဝက်သားတွေကို တခြားဝက်သားတွေနဲ့ ရောပြီး ဝက်ပေါင်ခြောက်အဖြစ် ထုတ်လုပ်ခဲ့တာပါ.. ကျွန်ုပ်တို့ တွေ့စုံမေးမြန်းမှုတွေကို အခြေခံပြီး ချိုးတု ကုမ္ပဏီရဲ့ မန်နေဂျာမာကလဲ ဒီကြပ်တိုက် ဝက်သားတွေဟာ စားသုံးဖို့ ဘေးကင်းကြောင်း ဖြေကြားခဲ့ပါတယ်.. စမ်းသပ်စစ်ဆေးမှု ပြုလုပ်နိုင်အောင် ပေကျင်းက အစားအစာနှင့် ဆေးဝါး စစ်ဆေးရေးဌာနကို ပေးပို့ခဲပါတယ်.. ရလဒ် ထွက်ပေါ်လာရင်တော့ ဓါတ်ခွဲခန်း ဝန်ထမ်းတွေ ကြော်ငြာပေးပါလိမ့်မည်..”
ထိုအပိုင်းကို မြင်ရသည့်အခါ မန်နေဂျာမာနှင့် ကျန်ခေါင်းဆောင်များ မျက်နှာ အမူအရာ ပြောင်းလဲသွားတော့သည်။ ထိုဝက်ပေါင်ခြောက်များကို အဘယ့်ကြောင့် CCTV မှ ပေးပို့ထားသနည်း။ ဘာလုပ်ကြသနည်း။ ထိုကောလဟလများ ဖြေရှင်းရန် CCTV မှ ကူညီမည်ဟု ခေါင်းဆောင်များ ပြောခဲ့သည် မဟုတ်ပေလော။ မည်သည့်အတွက် သူတို့ကို ပစ်မှတ်ထားသည့်ပုံ မြင်နေရသနည်း။
ချိုးတုမှ ခေါင်းဆောင်များသည် ဤဝက်ပေါင်ခြောက် အသုတ်တွင် သံသယဖြစ်ဖွယ် ပြဿနာများ ပါရှိမည်ကို သိထားပေသည်။ သို့ရာတွင် ထိုဝက်ပေါင်ခြောက်များသည် အဆိပ်အတောက်ဖြစ်ကာ လူအသေအပျောက် မရှိလောက်ချေ။
တန်းဟွေ့ ကုမ္ပဏီမှ ခေါင်းဆောင်များမှာမူ ထိုအပိုင်းကို မြင်ရသည့်အခါ ပျော်ရွှင်သွားကြသည်။ နောင်တွင် ခရိုင်အစိုးရသည် ၎င်းတို့ကုမ္ပဏီကို ပံ့ပိုးပေးမည့် ပုံပေါ်လာပေပြီ။ ချိုးတု ကုမ္ပဏီ နိဂုံးချုပ်သွားချေပြီ။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)