CCTV ၏အစီရင်ခံစာ (၂)
Vol. 39 Ch. 580
ရုပ်မြင်သံကြားတွင် အင်္ကျီဖြူ ဝတ်ထားသည့် အမျိုးသားတစ်ဦးကို စွေ့ကျွင်းယီ တွေ့စုံ မေးမြန်းနေပါသည်။
“ဒီအသုတ် ချိုးတု ဝက်ပေါင်ခြောက်ကို နမူနာ စစ်ဆေးပြီးပါပြီ.. ငါတို့တွေ နမူနာ(၁၀၀)လောက် ကျပန်းရွေးပြီး စစ်ဆေးခဲ့ပေမယ့် တစ်ခုမှ မအောင်မြင်ခဲ့ပါဘူး.. ငါတို့ရဲ့ စစ်ဆေးချက်အရ ဝက်ပေါင်ခြောက်ရဲ့ အစာအဆိပ်သင့်စေတဲ့ ပမာဏက ဘေးကင်မှု ကန့်သတ်ချက်ထက် (၅)ဆကျော်၊ အစာအဆိပ်ပိုးက ကန့်သတ်ချက်ထက် (၃)ဆကျော်၊ အက်ရှာရီကီးယား(E.coli) က ကန့်သတ်ချက်ထက် (၄)ဆကျော်၊ အစာအိမ်ပြည်တည်ရောဂါပိုးက ကန့်သတ်ချက်ထက် (၃)ဆကျော်…..”
မန်နေဂျာမာ နဖူးများ ချွေးများ စီးကျလာတော့သည်။ ချိုးတုသည် ၎င်းတို့၏ အမိန့်များအား ပြန်လည် ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေသောကြောင့် ဤဝက်ပေါင်ခြောက်များကို ဆေးဆေးမှု မတင်းကြပ်ခဲ့ကြောင်း သူသိပေသည်။ သို့ရာတွင် သူတို့ ထုတ်ကုန်အရည်အသွေ ဤမျှ ညံ့ဖျင်းမည်ဟု မျှော်လင့် မထားခဲ့မိချေ။
ဤဝက်ပေါင်ခြောက် အသုတ်သည် ထုတ်ကုန်အတွင်းရှိ ရောဂါပိုးမွှာများအား အဆိပ်ဟုပင် ယူဆ၍ ရပေသည်။ ဤသည်မှာ ချိုးတုအတွက် အန္တိမ ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်တော့သည်။
စွေ့ကျွင်းယီသည် ဤဝက်ပေါင်ခြောက် အသုတ်သည် အစားအသောက် ဘေးကင်းရေး လိုအပ်ချက်များ ကျော်ဖြတ်နိုင်ခြင်း ရှိမရှိ မေးမြန်းရခြင်း၏ အကြောင်းအရင်းကို မန်နေဂျာမာ နားလည်လာသည်။ စစ်ဆေးချက် အဖြေနှင့် သူ့စကားကို နှိုင်းယှဉ်ခြင်း ဖြစ်သည်။ မန်နေဂျာမာသည် သူ့အသက်မွေးဝမ်းကြောင်းနှင့် ချိုးတု၏ အဆုံးသတ် ဖြစ်ကြောင်း ခံစားမိနိုင်ပေသည်။
“စစ်ဆေးချက် ရလဒ်နဲ့ပတ်သက်ပြီး ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် …. အားလုံး ရှုစားရတဲ့အတိုင်း ဒီဝက်ပေါင်ခြောက်ဟာ စားသုံးဖို့ ဘေးမကင်းပါဘူး… ဒါပေမယ့် ဒီဝက်ပေါင်ခြောက်တွေကို ဈေးကွက်မှာ ရောင်းချနေတုန်းပါပဲ.. ဒီအတွက် ဘယ်သူကများ တာဝန်ယူမှာလဲ… ဝက်ပေါင်ခြောက်အတွက် ပျက်စီးသွားတဲ့ ဝက်သားတွေကို သုံးဖို့ အမိန့်ပေးခဲ့တဲ့ ချိုးတု ကခေါင်းဆောင်တွေ၊ နမူနာ စစ်ဆေးမှု မလုပ်ရသေးတဲ့ အလုပ်သမားများအနေနဲ့ ဒီတစ်သုတ်ကို စားဖို့ သင့်လျော်တယ်လို့ ဆိုကြခဲ့ပါတယ်.. အချိန်မရှိခြင်းကြောင့် ကျွန်ုပ်တို့ အနေနှင့် ဒီထက်ပိုမို နက်ရှိုင်းစွာ မလုပ်ဆောင်နိုင်ခဲ့ပါဘူး.. ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်တို့ သတင်းထောက်တစ်ယောက် ဆက်လက် တင်ပြသွားမှာ ဖြစ်ပါတယ်….
နောက်တစ်ခုအနေနဲ့ ချိုးတုရဲ့ အထွေထွေဂျာနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တွေ့ဆုံမေးမြန်းမှု တစ်ခုကို ပြသပေးပါ့မယ်… အဲ့ဒီ တွေ့ဆုံမေးမြန်းမှုကနေ အံ့ဩစရာကောင်းတဲ့ အချက်အလက် တစ်ခု ရခဲ့ပါတယ်.. ချိုးတု ကုမ္ပဏီက သူတို့ ဝက်ပေါင်ခြောက်အကြောင်း ကောလဟလ ဖြန့်တဲ့သူက ဘယ်သူလဲဆိုတာ သိနေပါတယ်.. တွေ့ဆုံးမေးမြန်းခန်းကို ဆက်လက် ရှုစားကြည့်ကြပါ…”
တန်းဟွေ့ ခေါင်းဆောင်များ အံ့ဩသွားကြသည်။ ဤသည်မှာ မည်သည့်အဓိပ္ပါယ်နည်း။ ကောလဟလ ဖြန့်ကျက်သူအကြောင်း မည်သူ့မှ မပြောရန် ပြည်နယ်ခေါင်းဆောင်များသည် အမိန်ပေးမထားဘူးလော။ ချိုးတု ကုမ္ပဏီက ဒီသတင်းကို ဘယ်လိုဖော်ပြမည်နည်း။ သူတို့ ဘာလုပ်ရန် ကြိုးစားနေကြသနည်း။
စောင့်ကြည့်နေသည့် ခရိုင်ခေါင်းဆောင်များသည်လည်း ထိတ်လန့်သွားကြသည်။ ဤချိုးတု ကုမ္ပဏီကြောင့် သူတို့သည် တနိုင်ငံလုံး၏ ရယ်မောစရာ ဖြစ်လာခဲ့သည်။ ယခု သူတို့သည် ဒုတိယအကြိမ် ရယ်စရာများ ဖြစ်လာပေတော့မည်။
မန်နေဂျာမာ နှင့် တွေ့ဆုံမေးမြန်းခန်း ထုတ်လွှင့်ခဲ့ပေသည်။ တွေ့ဆုံမေးမြန်းမှုတွင် မန်နေဂျာမာသည် ကောလဟလများ ဖြန့်ခဲ့သူမှာ တန်းဟွေ့ ကုမ္ပဏီဖြစ်ကြောင်း ပြောခဲ့ပေသည်။ သူ့စကားအတွက် တာဝန်ကျေရန် လိုအပ်မည်လော။ ဤသည်မှာ ပြင်းထန်လွန်းသည့် စွပ်စွဲချက် တစ်ခုဖြစ်ပေသည်။ သို့ရာတွင် မန်နေဂျာမာသည် သက်သေအထောက်အထား အနည်းငယ်ပေးပြီး ပရိသတ်မှ သူ့ကို ယုံကြည်ခဲ့ကြပေသည်။
“တန်းဟွေ့ ကုမ္ပဏီ ဘာလို့ ဒီလိုလုပ်ရတာလဲ.. ချိုးတုကုမ္ပဏီအကြောင်း ကောလဟလ ဖြန့်တဲ့အတွက် သူတို့ ဘာအကျိုးရှိမလဲ ဆိုတာ အဖြေပေးနိုင်မယ့် အစီရင်ခံစာ တစ်ခု ရျိနေပါတယ်..”
ချိုးတု ၏ အမှာစာများအားလုံး ရပ်တန့်ပြီးနောက် အဆိုပါ ဖြန့်ဖြူးသူများသည် တန်းဟွေ့ကုမ္ပဏီမှ ဝက်ပေါင်ခြောက်များ မှာယူခဲ့သည်ကို တနိုင်ငံလုံးမှ ပရိသတ်များ မြင်ကြရသည်။ တန်းဟွေ့ ၏ ဈေးနှုန်းများ နိမ့်သော်လည်း ဖြန့်ဖြူးသူအားလုံး ဘက်ကူးသွားရန် အကြောင်းမရှိချေ။
တန်းဟွေ့ကုမ္ပဏီ၏ အမှာစာများသည် ၎င်း၏ အထွတ်အထိပ်သို့ ရောက်သည့်အခါ ချိုးတုနှင့် မယှဉ်နိုင်သေးချေ။ ကောလဟလများကြောင့် ဝက်ပေါင်ခြောက် ဈေးကွက် ကျဆင်းခဲ့သည်။ သို့ရာတွင် တန်းဟွေ့ ၏ ဈေးကွက်ဝေစု တိုးလာခဲ့သည်။
ချိုးတုကုမ္ပဏီ၏ ဈေးကွက်ဝေစု ပိုမိုရယူရန် ကြိုးပမ်းမှုမျာ တန်းဟွေ့ကုမ္ပဏီဖြစ်ကြောင်း ပရိသတ်အားလုံး သိမြင်သွားကြသည်။
“ဒီကုမ္ပဏီက ဈေးကွက်ဝေစု ပိုမိုရရှိဖို့အတွက် အပေါစားနည်းလမ်းတွေ သုံးခဲ့ပါတယ်.. သူတို့ ထုတ်ကုန်တွေကို စားသုံးဖို့ ဘေးကင်းနိုင်ပါသလား.. ပါဝင်ပတ်သက်သူအားလုံးကို အရေးယူသင့်ပါတယ်.. ဒီသတင်းကို ကျွန်ုပ်တို့ရဲ့ သတင်းထောက်တွေ ဆက်လက် ဖတ်ရှုပြအုံးမှာပါ.. ကျေးဇူးပြုပြီး မနက်ဖြန် ဒီအချိန်မှာ စောင့်မျှော် ကြည့်ရှုပေးကြပါ.. ကျေးဇူးတင်ပါတယ်..”
အကွမ်းတဝင်ရှိနေသည့် တေးသွားသည် အစီအစဉ် ပြီးဆုံးကြောင်း အမှတ်အသားတစ်ခုပင်။ ဖုန်းယွီ ရုပ်မြင်သံကြား အား ပိတ်ကာ ပြုံးလိုက်သည်။
CCTV သည် အလွန်ထိရောက်ပေသည်။ သူတို့သည် ဤဖြစ်စဉ်ကို (၃)ရက်အတွင်း ပြီးအောင် လုပ်ခဲ့ကြသည်။ ဒု-ခေါင်းဆောင် ကျားသည်လည်း ဩဇာကြီးလွန်းပေသည်။ ဤကုမ္ပစီ(၂)ခု၏ လျှို့ဝှက်နက်နဲသော လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ထိုကုမ္ပဏီ(၂)ခု လွတ်မြောက်ရန် လမ်းမရှိချေ။
ဖုန်းယွီ ချက်ချင်းပင် သူ့ဖုန်းကောက်ကိုင်၍ ဖုန်းခေါ်လိုက်သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ပြည်နယ်အားလုံးရှိ သူ့လူများကို အခြေအနေ တင်ပြရန် ညွှန်ကြားခဲ့သည်။ ဤအဖြစ်အပျက်သည် ခေါင်းကြီးပိုင်းအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး တစ်ရက်၊ နှစ်ရက်ဖြင့် မပျောက်ဆုံးသွားသင့်ချေ။
…….
“အဘိုးကြီးကျား.. ဘာလို့ အဲ့အချက်အလက်တွေ ကုန်ချပြလိုက်တာလဲ.. မင်းငါ့ကို ကူညီမယ်လို့ ကတိပေးထားတာ မဟုတ်ဘူးလား..”
ဒု-အုပ်ချုပ်ရေးမှူးလော ဒေါသတကြီး မေးလိုက်သည်။ သူသည် ချိုးတု၏ ဂုဏ်သိက္ခာကို ကယ်တင်ရန် ဒု-ခေါင်းဆောင် ကျားကို တောင်းဆိုခဲ့သူ ဖြစ်သည်။ သူသည် ချိုးတုနှင့် တွေ့ဆုံမေးမြန်းရန် CCTV အတွက် စီစဉ်ပေးသူဖြစ်ကြောင်း အထက်အရာရှိများကိုပင် တင်ပြထားသေးသည်။
ယခု ဒု-အုပ်ချုပ်ရေးမှူး လော ၏ အထက်အရာရှိများက သတ်ပစ်ချင်နေကြပေပြီ။
“အဘိုးကြီးလော… အဲ့ချိုးတု ကုမ္ပဏီနဲ့ ပြဿနာ တစ်ခုခု ရှိလားလို့ မေးတာလား.. မင်းဘာကို ပြောတာလဲ.. အဲ့ကုမ္ပဏီမှာ လုံးဝ ပြဿနာမရှိဘူးလို့ မင်းပြောဖူးတယ်လေ.. အမှန်တရားကို မတင်ပြရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ သိရဲ့လား.. ဒီကာလက ငါ့အတွက် အရေးကြီးတယ်ဆိုတာ မင်းသိမျာပါ.. မင်း ငါ့ကို ဒုက္ခပေးဖို့ ကြံနေတာလား..”
ဒု-ခေါင်းဆောင်ကျား ပြန်ပက်လိုက်သည်။
ဒု-အုပ်ချုပ်ရေးမှူးလောနှင့် ဒု-ခေါင်းဆောင်ကျားတို့သည် ပါတီသင်တန်းကျောင်းတွင် (၃)လတာ အတန်းဖော်များ ဖြစ်ပေသည်။ သင်တန်းပြီးဆုံးပြီးနောက် ဒု-ခေါင်းဆောင်ကျား နှင့် မဆက်သွယ် တော့ချေ။ သူ့အကူအညီ လိုမှ သတိရ၍ ဆက်သွယ်လာခြင်းကို ဒု-ခေါင်းဆောင်ကျား စိတ်မကြည်ချေ။
ယခု ဒု-ခေါင်းဆောင်ကျား၏ စကားများ အမှန်ဖြစ်ကာ ထိုဖြစ်ရပ်နောက်ကွယ်မှ အမှန်တရားကို အစီရင်ခံခဲ့သည့်အတွက် ဂုဏ်ယူစရာပင် ဖြစ်ခဲ့သေးသည်။ ဤသည်မှာ သူ့ရာထူးတိုးခြင်းအတွက်လည်း အကျိုးရှိခဲ့ပေသည်။ သံလက်သီးကျူး ပင် ဤအစီအစဉ်ကို ကြည့်နေပေသည်။ ဤအစီအစဉ် ပိုကောင်းလေလေ အထက်လူကြီးများ သူ့ကို ပို၍ သတိထားမိလေလေပင်။ ထို့အပြင် အစီရင်ခံချက်တွင် အတုအယောင်များ ပါနေမည်လော။ လုံးဝ မပါဝင်ချေ။ ထိုကုမ္ပဏီ(၂)ခု ဖုံးဖိထားသည့် ပကတိ အမှန်တရားများသာပင်။
ထိုကုမ္ပဏီများအတွက် CCTV တွင် မည်သည့်အတွက် ဖုံးကွယ်ပေးထားသင့်သနည်း။
“အဘိုးကြီးကျား.. ငါတို့က အတန်းဖော်တွေပါကွာ.. မင်း ငါ့ကို ကူညီမှရမယ်..”
ဒု-အုပ်ချုပ်ရေးမှူးလော တောင်းပန်လာခဲ့သည်။
“အဘိုးကြီးလော.. မကူညီချင်တာမဟုတ်ဘူး.. ခက်တာက ဒီကိစ္စဖော်ထုတ်ပြီးနေပြီ.. အရှိကို အရှိအတိုင်း ချပြသင့်တယ်.. ဒီကိစ္စ ဖိဖိထားချင်ရင် နောက်က ပါလာမယ့် အစီရင်ခံစာတွေက မင်းကို ဒုက္ခပေးလိမ့်မယ်.. မင်းဘာကို ရွေးမလဲပဲ မူတည်တော့မှာ..”
ဒု-ခေါင်းဆောင်ကျား ဖုန်းချ၍ စီးကရက်ကို မီးညှိလိုက်တော့သည်။
--------
“ပါတီ အတွင်းရေးမှူး.. အဲ့ကိစ္စပြောတုန်းကလည်း ဒီလိုဖြစ်လာမယ် ထင်မထားဘူးလေ.. ကျုပ်ပြောတာ အမှန်တရားတွေကြီးပဲ.. ဒါကို ရုပ်မြင်သံကြားမှာ ထုတ်လွှင့်မယ်လို့ ထင်မထားဘူးလေ.. အတွင်းရေးမှူး ကျေးဇူးပြုပြီး ကူညီပါအုံး.. ချိုးတုကုမ္ပစီကို ကောင်းကောင်း စီမံခန့်ခွဲမယ်လို့ ကတိပေးပါတယ်..”
မန်နေဂျာမာသည် မြို့တော်ပါတီအတွင်းရေးမှူးရှေ့တွင် ချွေးဒီးဒီးကျရင်း ရပ်နေပေသည်။
“အမှန်အတိုင်း ပြောတာလား.. မင်းငါတို့ကိ အစကတည်းက အမှန်အတိုင်း ပြောခဲ့မယ်ဆို ဒီလိုဖြစ်လာစရာ အကြောင်းမရှိဘူးလေ.. ဒီတစ်ကြိမ်တော့ ငါမကူညီနိုင်တော့ဘူး.. ပြည်နယ် အစိုးရအဖွဲ့က အမိန့်ထုတ်ထားတယ်.. ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေး အရေးယူလိမ့်မယ်.. မင်း ဘေးကင်းပါစေလို့ပဲ ဆုတောင်း ပေးလိုက်မယ်.. မင်းအကောင့်တွေ ရှင်းမထားရင် မင်းတကယ် ပြီးသွားလိမ့်မယ်..”
ထိုတစ်ချိန်တည်းမှာပင် တန်းဟွေ့ ကုမ္ပဏီ သူဌေးသည်လည်း ၎င်း၏မြို့တော်ပါတီ အတွင်းရေးမရုံးတွင် ဆူပူကြိမ်မောင်းခံနေရပေသည်။
“ချိုးတုကို ချောက်ချဖို့ ကြိုးစားတော့ ဘယ်လိုထင်လဲ.. နောက်ဆုံးတော့ မင်းဟာမင်း ပြန်ဒုက္ခရောက်ရတော့မယ်..”
စားသုံးသူများသည် တန်းဟွေ့ ဝက်ပေါင်ခြောက်များကို ယခုအချိန် ဝယ်ယူကြတော့မည်လော။ ဤအဖြစ်အပျက်ကို ကောင်းကောင်း မထိန်းချုပ်နိုင်ပါက တန်းဟွေ့ ပိုင်ရှင်သာ ဒုက္ခရောက်မည်မဟုတ်ဘဲ မြို့တော် အစိုးရ ခေါင်းဆောင်များပင် ဒုက္ခရောက်သွား ပေလိမ့်မည်။
ဟယ်နန် ပြည်နယ် အုပ်ချုပ်ရေးမှူးသည် ရုပ်မြင်သံကြားကို ပိတ်လိုက်သည်။ ပြည်နယ် တည်ဆောက်ရန် များစွာ ကြိုးစားအားထုတ်ခဲ့သည့် ချိုးတုနှင့် တန်းဟွေ့ အမှတ်တံဆိပ် နှစ်ခုစလုံး နိဂုံးချုပ်သွားပြီ ဖြစ်ကြောင်း သူသိနေပေသည်။
--------*****--------
ဘာသာပြန်သူ . (ငတက်ပြား)