ထိုင်ဟွာ ဝက်ပေါင်ခြောက်
Vol. 39 Ch. 581
CCTV မှ ချိုးတုနှင့် တန်းဟွေ့ ကုမ္ပဏီများသတင်း တင်ပြခဲ့သော်လည်း ဟယ်နန် ပြည်နယ်ခေါင်းဆောင်များသည် ထိုကုမ္ပဏီ (၂)ခုကို ကယ်တင်ရန် နည်းလမ်းများ စဉ်းစားနေဆဲ ဖြစ်သည်။
၎င်းတို့အား ကယ်တင်ရန် အရိုးရှင်းဆုံးနည်းလမ်းမှာ တာဝန်ယူမှု အပြည့်ရှိစေရန်နှင့် လူအများ၏ အာရုံစိုက်မှု ရှောင်လွှဲနိုင်ရန် ပြုလုပ်ရပေတော့မည်။
ချိုးတုနှင့် တန်းဟွေ့ ကုမ္ပဏီ နှစ်ခုစလုံး၏ အထွေထွေမန်နေဂျာများကို ဖယ်ရှားခဲ့သည်။ ဟီနန်ပြည်နယ်သည် လျင်မြန်စွာ လုပ်ဆောင်ခဲ့သည်။ သာမန် အခြေအနေများတွင် ဤလှုပ်ရှားမှုသည် စားသုံးသူများကို ကျေနပ်စေရန် လုံလောက်ပေသည်။ သို့ရာတွင် ထိုကိစ္စကို သည်အတိုင်း လွှတ်ထားရန် ဆန္ဒမရှိသူတစ်ယောက် ရှိနေမည်ဟု ထင်မထားကြချေ။
ကျန်ကျင်း နေ့စဉ်သတင်းမှ ချိုးတုသည် ၎င်းတို့ဝက်ပေါင်ခြောက်ကို ထုတ်လုပ်ရန် မသန့်သည့် ဝက်သားများ သုံးခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရမှ သိရှိပါက မေးခွန်းထုတ်သည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အကယ်၍ ဤကြောင်းအရာကို မဖုံးကွယ်ထားပါက အထွေထွေမန်နေဂျာမာသည် ကုမ္ပဏီ၏ တာဝန်ခံအဖြစ် ဆက်လက် ရှိနေဦးမည်လော။
ဤသည်မှာ လေးနက်သည့် ကိစ္စဖြစ်ပြီး အထွေထွေ မန်နေဂျာကသာ ရာထူးက ဆင်းရမည်လော။ လုံလောက်မည်လော။ ကုန်သွယ်ရေးနှင့် စက်မှု ဌာန၊ ကျန်းမာရေးဌာနတို့မှ အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်ကြသည်လော။ ကုမ္ပဏဆက်၍ လည်ပတ်နိုင်သည်လော။ နောက်ထပ်စုံစမ်းစစ်ဆေးမှုများအတွက် ဆိုင်းငံ့ ထားသင့်သည်လော။
ဤသည်ကို သတင်းစာမှ ထုတ်ဝေပြီးနောက် ပြည်နယ်အသီးသီးရှိ ပြည်တွင်းသတင်းစာများတွင်လည်း အလားတူ ထုတ်ဝေခဲ့ကြသည်။ ၎င်းတို့သည် ကုန်သွယ်ရေး၊ စက်မှုနှင့် ကျန်းမာရေးဌာနတို့ကို စတင်မေးမြန်းခဲ့ပြီး အခြားလုပ်ငန်း အနည်းငယ်၏ စားသောက်ကုန် ဘေးကင်းရေးကိုလည်း မေးခွန်းထုတ်ခဲ့ကြသည်။
သို့တိုင်အောင် အခြားသတင်းစာများ မည်မျှပင် မေးခွန်းထုတ်နေသည်ဖြစ်စေ ချိုးတုနှင့် တန်းဟွေ့အပေါ် သူတို့ သဘောထားမှာ အတူတူသာပင်။ ထိုကုမ္ပဏီများကို ဆိုင်းငံ့၍ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပေသည်။
CCTV မှသတင်းထောက်သည် ဤချိုးတု ကုမ္ပဏီ၏ နောက်ဆက်တွဲ အကြောင်းများအား သိရှိရန် ထပ်မံရောက်ရှိလာခဲ့သည်။ ပြည်နယ်အစိုးရအနေဖြင့် တစ်ခုခု လုပ်ရန်မှအပ ရွေးစရာမရှိတော့ချေ။ ထိုကိစ္စကို သူတို့ ထိန်းချိုပ်မှုမှ ရုန်းထွက်နိုင်ရန်အတွက် ချိုးတုကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု ဆိုင်းငံ့ထားပေသည်။
ပုဂ္ဂလိက လုပ်ငန်းဖြစ်ပါက ဒေသန္တရအစိုးရမှ ချက်ချင်းအရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့ရာတွင် နိုင်ငံပိုင် လုပ်ငန်းများကို ကိုယ်လူအဖြစ် သတ်မှတ်နိုင်သည်။ များသောအားဖြင့် သူတို့သည် ပြင်းထန်သော ပြစ်ဒဏ်ကို ပြေပျောက်နိုင်မည် မဟုတ်ချေ။ ယခုမူ အားလုံး ဝိုင်းကြည့်နေပေပြီ။ ထိုကိစ္စကို ဒေသန္တရအစိုးရအနေဖြင့် ဖုံးဖိထားနိုင်သလို တစ်ဖက်သတ်ဖြေရှင်းနိုင်သည့် နည်းလမ်း မရှိတော့ချေ။ ဤကိစ္စကို အလျင်အမြန် မဆောင်ရွက်နိုင်ပါက သူတို့ကိုယ်တိုင် ဒုက္ခရောက်ကြရပေတော့မည်။
ချိုးတု ကုမ္ပဏီကို ရပ်ဆိုင်းခဲ့ပြီး အလုပ်သမားများမှ ခေါင်းဆောင်များအထိ အားလုံး စုံစမ်း စစ်ဆေးခဲ့သည်။ မြို့တော် ဒု-မြို့တော်ဝန် တစ်ယောက်ပင် စွဲချက်တင်ခံရပြီး အငြိမ်းစား ယူခဲ့ရသည်။ သူသည် အသက်(၄၀)အရွယ်သာ ရှိသေးသည်။
ချိုးတု ကုမ္ပဏီ ပြီးသွားပေပြီ။ သို့ရာတွင် တန်းဟွေ့ ကုမ္ပဏီသည်လည်း မဝေးတော့ချေ။ သတင်းစာများသည် တန်းဟွေ့ကုမ္ပဏီကို အာရုံစိုက်လာကြသည်။ ဆိုးရွားသော ကောလဟလများကို ကျယ်ကျယ်ပြန့်ပြန့် အကြောက်အတရားများ ပျံ့နှံ့စေသော လုပ်ငန်းတစ်ခု၏ အထွေထွေမန်နေဂျာသည် အဘယ့်ကြောင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသနည်း။ အခြား ပါဝင်ပတ်သက်သူများ မရှိသည်လော။
ပြုလုပ်သူကို အပြစ်ပေးခံရသော်လည်း ကြံရာပါများကိုပါ အပြစ်မပေးသင့်သလော။ တန်းဟွေ့သည် လွန်ခဲ့သည့် (၂)နှစ်ခန့်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မည်သည့်အတွက် ဤမျှ အမြန်နှုန်းဖြင့် ဖွံ့ဖြိုးလာခဲ့သနည်း။ ယခင်ကလည်း ထိုကဲ့သို့ နည်းလမ်းများ သုံးဖူးခဲ့သည်လော။
ကောလဟလဖြန့်မှုသည် ဥပဒေနှင့် မညီချေ။ နယ်မြေခံရဲများ ဝင်မပါသင့်သလော။ ကောလဟလ ဖြန့်သဖြင့် အမြတ်အစွန်း အနည်းငယ်ရရှိခဲ့ပေသည်။ ထိုငွေများကို မသိမ်းသင့်သည်လော။
ပြည်နယ်အများအပြားရှိ သတင်းစာဌာနများသည် တန်းဟွေ့၏ အတိတ်ကို ပြန်လည် တူးဆွကြပြန်သည်။ ၎င်းတို့၏ ဝက်ပေါင်ခြောက်အချို့တွင် ဝက်ပေါင်ခြောက်များ မလုံလောက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ၎င်းတို့ ထုတ်ကုန်အချို့သည် တရားဝင်သက်တမ်းကုန်ဆုံးရက် မတိုင်မှီ သက်တမ်းကုန်ခဲ့ပေသည်။ ပါဝင်ပစ္စည်းများ၏ ရာခိုင်နှုန်းများမှာ ၎င်းတို့ အညွှန်းများနှင့် မကိုက်ညီကြောင်း အစီရင်ခံစားများလည်း ရှိခဲ့ပေသည်။
ဖြန့်ဖြူးသူများ တိကျပေသည်။ တန်းဟွေ့ ဝက်ပေါင်ခြောက် ဒုက္ခရောက်နေသည်ကို မြင်တွေ့ရသည်နှင့် သူတို့၏ ထုတ်ကုန်များကို ရောင်းချရန် ငြင်းဆန်ကြတော့သည်။ တရုတ်နိုင်ငံတွင် ဝက်ပေါင်ခြောက် ထုတ်လုပ်သူ အများအပြား ရှိနေသေးသည်။ သူတို့အနေဖြင့် တန်းဟွေ့ ဝက်ပေါင်ခြောက် ရောင်းရန် မလိုအပ်ချေ။
ယခင် တန်းဟွေ့ကို နာမည်ကြီးအမှတ်တံဆိပ် တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပြီး အရသာကောင်းပေသည်။ ထို့အပြင် စားသုံးသူများသာ် ချိုးတု ထုတ်ကုန်များကို မဝယ်ဘဲ ဖြန့်ဖြူးသူများသည် တန်းဟွေ့သို့ ချက်ချင်း ပြောင်းသွားကြသည်ဟု ယူဆရသည်။ ဖြန့်ဖြူးသူများသည် အဘယ့်ကြောင့် ၎င်းတို့အား ကူညီသင့်သနည်း။ ပူးပေါင်း ဆောင်ရွက်သည်မှ လွဲ၍ တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးခဲ့ကြချေ။
ယခုအခါ စားသုံးသူများသည် တန်းဟွေ့၏ ထုတ်ကုန်များကို ဝယ်ယူရန် ဆန္ဒမရှိတော့ဘဲ တန်းဟွေ့ အထွေထွေ မန်နေဂျာကို တာဝန်ပေးခဲ့သည်။ ကုမ္ပဏီ နိဂုံးချုပ်ပေတော့မည်။
အခြား ဝက်ပေါင်ခြောက် ကုမ္ပဏီများအားလုံး စိတ်ထားကောင်းကြသည်။ ဤသည်က သူတို့အတွက် အထက်သို့ တက်လှမ်းရန် အခွင့်အရေး ဖြစ်သည်။ လွန်ခဲ့သည့် တစ်လတွင် ဝက်ပေါင်ခြောက်ဈေးကွက်ကို ချိုးတုမှ ထိန်းချုပ်ခဲ့သည်။ ထို့နောက် ချိုးတု ပြိုကျပြီး တန်းဟွေ့က ဈေးကွက်ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သည်။
သို့ရာတါင် ယခု တန်းဟွေ့သည်လည်း ဒုက္ခရောက်နေပေသည်။ ဤကုမ္ပဏီများ၏ ဈေးကွက်ခေါင်းဆောင် ဖြစ်လာခြင်းပင် ဖြစ်လိမ့်မည်။
သို့ရာတွင် CCTV တွင် ကြော်ငြာအသစ်တစ်ခု ပေါ်လာပြီး ဝက်ပေါင်ခြောက် ကုမ္ပဏီများ၏ နှလုံးသားများ နုံးချိသွားတော့သည်။
“ပရီမီယံ ထိုင်ပေဝက်သားနဲ့ ပြုလုပ်ထားသည့် ထိုင်ဟွာဝက်ပေါင်ခြောက်၊ အရေအသွေး ကောင်းမွန်သော အသား၊ ကျန်းမာရေးနှင့် ညီညွတ်သည့်အသား၊ အသက်အရွယ်တိုင်းအတွက် သင်လျော်ပါသည်။ တစ်နိုင်ငံလုံး အရည်အသွေး ကြီးကြပ်ရေးဌာန.. ************* ကိုခေါ်ဆိုနိုင်ပါသည်..”
ထို ထိုင်ဟွာဝက်ပေါင်ခြောက်သည် မည်သည့်နေရာမှ ထွက်လာသနည်း။ လူကြိုက်များသော ထိုင်ပေဝက်မွေးမြူရေးခြံနှင့် မည်သို့ လုပ်ဆောင်ကြသနည်း။ သူတို့ ဝက်ပေါင်ခြောက်ကို ထိုင်ပေဝက်များမှ လုပ်ခဲ့သည်လော။ ဤသို့ဆိုလျှင် ကုန်ကျစရိတ် ပိုမို မြင့်မားလာပေလိမ့်မည်။
သို့ရာတွင် ဝက်ပေါင်ခြောက် ကုမ္ပဏီများသည် ထိုင်ဟွာဝက်ပေါင်ခြောက်၏ လက်လီဈေးနှုန်းသည် ချိုးတုနှင့် တူညီကြောင်း မကြာမီ သတိပြုမိခဲ့သည်။ ဈေးနှုန်းများ တိုးမသွားချေ။ ဆိုလိုသည်မှာ ထိုင်ဟွာ ဝက်ပေါင်ခြောက်၏ အမြတ်ငွေများသည် ချိုးတု ဝက်ပေါင်ခြောက် တစ်ခြမ်း၏ ကုန်ကျစရိတ်ရှိကြောင်း သိကြပေသည်။ ကုန်ကျစရိတ်မှာ ဆင့်(၄၀)ထက်မပိုဘဲ လက်လီဈေး (၇၀)ဆင့် ဖြစ်သည်။ လက်ကားဈေးသည် ယခင်ကကဲ့သို့ ဆင့်(၅၀)ခန့် ဖြစ်သော်လည်း အမြတ်ငွေမှာ (၂၅)ရာခိုင်နှုန်းခန့် ရှိလောက်ပေမည်။
ယခုအခါ ထိုင်ဟွာ လယ်ယာထွက်ကုန်များ၊ ဖြန့်ဖြူးသူများနှင့် လက်လီရောင်းချသူများ၏ ဝင်ငွေမှာ တစ်ခုလျှင် (၁၀)ဆင့်ခန့်ရှိပေသည်. သို့ရာတွင် ထိုင်ဟွာ စိုက်မျိုးရေးထုတ်ကုန် ကုမ္ပဏီ၏ ကုန်ကျစရိ်မှာ အနိမ့်ဆုံးဖြစ်ပြီး အမြတ်အများဆုံး ရခဲ့ပေသည်။
ပထမတွင် ကျန်းမင်မှ လက်ကားနှင့် လက်လီဈေးကို (၁၀)ဆင့်တိုးစေချင်သည်။ သူသည် ကြော်ငြာအတွက် များစွာ သုံးစွဲခဲ့ပြီး ထိုင်ပေဝက်များကို ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးပြုခဲ့သည်။ ဤသည်မျာ ကုန်ကျစရိတ် တိုးစေခဲ့သည်။ လက်လီဈေးနှုန်းကို (၈၀)ဆင့် သတ်မှတ်ထားသည့်တိုင် ၎င်းတို့၏ စုစုပေါင်း အရောင်းပမာဏနှင့် များစွာ ကွာခြားမျု မရှိသည်ကို လေ့လာ ဆန်းစစ်ပြီး တွေ့ခဲ့ရပေသည်။
သို့ရာတွင် ဖုန်းယွီသည် တားမြစ်လိုက်ပြီး အချိန်မကျသေးကြောင်းသာ ပြောခဲ့သည်။ သူတို့၏ အမှတ်တံဆိပ်ကို အရင်တည်ဆောက်ရန် အာရုံစိုက်သင့်ပေသည်။ စားသုံးသူများသည် ထိုင်ဟွာဝက်ပေါင်ခြောက်ကိုသာ စားသုံးသည့် ဓလေ့ရှိလာလိမ့်မည်။ ထိုအချိန်တွင် ဈေးတိုးသွားပေတော့မည်။
အမြတ်အစွန်းမှာ ယခု သိပ်မများသော်လည်း ရောင်းအား တိုးလာပေလိမ့်မည်။ ထိုင်ဟွာ ကုန်တိုက်များ စတင်လည်ပတ်ပြီးနောက် ထိုင်ဟွာ ဝက်ပေါင်ခြောက်၏ ရောင်းအား တိုးတက်လာမည်ဖြစ်သည်။
ထိုအချိန်တွင် ထိုင်ဟွာ ဝက်ပေါင်ခြောက်သည် အိမ်တိုင်းသုံး အမှတ်တံဆိပ် တစ်ခု ဖြစ်လာပေလိမ့်မည်။
ဖုန်းယွီသည် ထိုင်ဟွာဝက်ပေါင်ခြောက်၏ အရည်အသွေးကို အနီးကပ် စောင့်ကြည့်ရန် ကျန်းမင်ကို ထပ်မံ သတိပေးခဲ့သည်။ အထူးသဖြင့် ဝက်ပေါင်ခြောက်ရှိ အသားရာခိုင်နှုန်း မည်မျှ လျော့ရမည်။ ဝက်ပေါင်ခြောက်တါင် သုံးသည့် ကစီဓာတ်မှာ ဈေးပေါသော်လည်း အလွန်အကျွံသုံးပါက အရသာ မကောင်းတော့ချေ။ ဖုန်းယွီသည် စားသုံးသူများအား ထိုင်ဟွာ ဝက်ပေါင်ခြောက်ကို အသိအမှတ်ပြုပြီး ၎င်းသည် တရုတ်နိုင်ငံတွင် အကောင်းဆုံး ဝက်ပေါင်ခြောက်အဖြစ် ယူဆစေချင်ပေသည်။
ဖုန်းယွီ ယခင်ဘဝတါင် အချို့သော ကုမ္ပဏီများသည် ၎င်းတို့ ကုန်ကျစရိတ် လျော့ချရန်နှင့် ဝက်ပေါင်ခြောက်ရှိ အသားရာခိုင်နှုန်းကို လျော့ချရန် ကြိုးစားခဲ့သည်။ ထိုကုမ္ပဏီများသည် ကုန်ကျစရိတ် သက်သာစွာဖြင့် လက်လီဈေးနှုန်းများ လျော့ချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ပိုမိုရရှိစေခဲ့သည်။
သို့ရာတွင် နောက်ဆုံး၌ ထိုကုမ္ပဏီများသည် ၎င်းတို့ဈေးကွက်ဝေစု မတိုးမြှင့်နိုင်တော့ဘဲ စားသုံးသူများသည် သူတို့ ဝက်ပေါင်ခြောက်များကို ဆိုးရွားသည့် ဝက်ပေါင်ခြောက်များအဖြစ် ယူဆခဲ့ကြသည်။ ၎င်းတို့၏ အမှတ်တံဆိပ်များ၏ ဂုဏ်သိက္ခာ ဆိုးရွားစွာ ထိခိုက်ခဲ့သည်။
ဖုန်းယွီ ယခင်ဘဝတွင် ရေခဲရိုက်အသားဈေးကွက် အလွန်ရေပန်းစားခဲ့သည်။ နာမည်ကြီး အမှတ်တံဆိပ် အများအပြားသည် ဈေးကွက်ဝေစုအတွက် ယှဉ်ပြိုင်ခဲ့ကြပြီး နောက်ဆုံးအနိုင်ရသူအဖြစ် တန်းဟွေ့ကုမ္ပဏီသည် နောက်ပိုင်းတွင် ကမ္ဘာ့အကြီးဆုံး ရေခဲရိုက်အသား ကုမ္ပဏီ ဖြစ်လာခဲ့သည်။ သူတို့၏ အသားနှင့် အခြား ထုတ်ကုန်များကို ဖယ်ထားလျှင်ပင် ရေခဲ့ရိုက်အသား တစ်မျိုးတည်းမှပင် နှစ်စဉ်အမြတ်ငွေ ယွမ်(၁)ဘီလီယံကျော် ဖန်တီးနိုင်ကြပေသည်။
သို့ရာတွင် ယခုအချိန်ကစ၍ ထိုကိစ္စများအားလုံးကို ထိုင်ဟွာ စိုက်ပျိုးရေး ထုတ်ကုန် ကုမ္ပဏီက ပိုင်ဆိုင်ပေသည်။ ထိုင်ဟွာရေခဲရိုက်အသားများကို မကြာမှီ တရုတ်နိုင်ငံ တစ်ဝှမ်းတွင် မြင်ရွေ့ရတော့မည် ဖြစ်သည်။ သို့ရာတွင် ဦးစွာ ထိုင်ဟွာ ရေခဲရိုက်အသားများကို ထိုင်ဟွာကုန်တိုက်များတွင် သီးသန့်အကန့်အသတ်ဖြင့် ရောင်းချပေလိမ့်မည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)