ကျုပ်တို့ အထူးကုန်တိုက်တွေက သာပြီးပိုကောင်းတာပေါ့
Vol. 39 Ch. 583
ကျန်းလွေ့ချန်းမှ..
“မင်း ဘယ်နေရာမှာ ဆောက်ချင်တာလဲ..”
“ဒီနေရာ.. အခုနှစ်မှ စဆောက်နေတဲ့ အဆောက်အဦရှိတယ်.. ဆောက်လုပ်ဆဲဖြစ်တဲ့ (၅)ထပ် စီးပွားဖြစ် အဆောက်အဦ.. အဲ့အဆောက်အဦးလိုချင်တယ်..”
ဖုန်းယွီ ကျန်းလွေ့ချန်းရုံးခန်းရှိ ပမ့်မြို့တော် မြေပုံမှ တစ်နေရာကို ညွှန်ပြလိုက်သည်။
“ဘယ်လို.. အဲ့မှာ ဆောက်ချင်တာလား.. ဒါ မြို့တော်က စီစဉ်ထားတဲ့ စီးပွားရေးဇုန်ကွ.. အနီးအနားဒေသတွေက စီးပွားရေးတွေ တွန်းအားပေးဖို့အတွက် မြို့က အဲ့နေရာကို မှီခိုနေရမှာ..”
ကျန်းလွေ့ချန်း ခေါင်းခါလိုက်သည်။ အကယ်၍ ထိုအဆောက်အဦးကို ဖုန်းယွီအား ရောင်းချပါက သူသည် မြို့တော်၏ အစီအစဉ်ကို နှောက်ယှက်သူ ဖြစ်သွားပေတော့မည်။
“ကျုပ်တို့ အထူးကုန်တိုက်ကလဲ ပတ်ဝန်းကျင်ဒေသ စီးပွားရေးကိုပါ အထောက်အကူ ဖြစ်စေမှာလေ..”
“မင်းက ကုန်စုံဆိုင်ကြီးတစ်ခု ထူထောင်မှာလေ.. ဘယ်စီးပွားရေးတွေကို သွားပြီး အကူအညီ ပေးနိုင်မှာတုန်း..”
ကျန်းလွေ့ချန်း ဖုန်းယွီကို တစ်ချက် ကြည့်လိုက်သည်။ မည်သို့ အမှိုက်စကားများ လာပြောနေသနည်း။
“အကြီးအကဲရေ… မင်း ဒီအထူးကုန်တိုက်အကြောင်း နားမလည်သေးဘူးပဲ.. တခြားနိုင်ငံတွေမှာ အထူးကုန်တိုက် အမျိုးအစားဆိုတာ ပတ်ဝန်ဝန်းကျင်တဝိုက်ငက စီးပွားရေးကို တွန်းအားပေး ကူညီနိုင်တဲ့ ဥပမာတွေလဲ အများကြီး ရှိတယ်.. အထင်ရှားဆုံးကတော့ ဆွစ်ဇာလန်၊ ပြင်သစ်နဲ့ အမေရိကန် တွေမှာပဲ.. ဟောင်ကောင်တောင် အဲ့အထဲက တစ်ခု အပါအဝင်လို့ ပြောလို့ရတယ်..”
“ငါ အဲ့နေရာတွေကို မရောက်ဖူးသေးဘူး.. မျက်စိနဲ့ တပ်အပ်မြင်ရမှ ယုံမယ်.. ကုန်စုံဆိုင်ကြီး တစ်ခုက ပတ်ဝန်းကျင် ဒေသန္တရ စီးပွားရေးလုပ်ငန်းကို ဘယ်လိုမျိုး တွန်းအားပေးနိုင်မှာလဲ..”
ဖုန်းယွီ ပြန်အော်တော့သည်..
“တစ်ခေါက် ထပ်ပြောမယ်.. အဓိက အချက်ကြောင့်ပဲ.. ထိုင်ဟွာ အထူးကုန်တိုက်တွေဆိုတာ သာလွန် ကုန်တိုက်တွေ… ကုန်စုံဆိုင်မဟုတ်ဘူး… သာလွန်ကုန်တိုက်တွေမှာ ကုန်ပစ္စည်းတွေ ဈေးသက်သာတဲ့အတွက် စားသုံးသူတွေအများကြီးကို ဆွဲဆောင်နိုင်မှာ.. လူအသွားအလာများလွန်းတဲ့အတွက် ဘာလို့ စီးပွားရေးဇုန် မဖြစ်နိုင်မှာတုန်း.. အဲ့ဒါကို စီးပွားရေး တွန်းအားပေးတယ်လို့ ယူဆလို့ရပြီလား…”
“မင်း ပစ္စည်းတွေက ဈေးသက်သာမှာလား.. ဘယ်လောက်ထိ ဈေးသက်သာမှာလဲ..”
“ဒီနှစ် အနည်းဆုံး အထူးကုန်တိုက် (၂၀)ထူထောင်မယ်.. အဲ့ဒါကိုသာ သာလွန်ကုန်တိုက် (၂၀)ပဲ.. ဒါတွေက တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဆိုင်ခွဲတွေ ဖြစ်လာမယ်.. ကျုပ်တို့အားလုံး ကျွမ်းကျင်သူတွေကြီးပဲ.. သွင်းကုန်သမားတွေ ကျုပ်တို့ဆီကို အထူးလျော့ဈေးနဲ့ သေချာပေါက် ပေးလိမ့်မယ်.. တစ်ချို့ အချိုရည်ဘူး၊ ခေါက်ဆွဲခြောက်၊ ဖိနပ်တစ်ရံ နဲ့ သွားတိုက်ဆေးလိုဟာတွေတောင် သာမန်ကုန်တိုက်တွေထက် ဈေးနှုန်း နိမ့်စေရမယ်.. အဲဒါတွေမှာတင် (၁၀)ဆင့်လောက် ဒါမှမဟုတ် အဲ့လောက်နီးနီး သက်သာမှာပဲ.. ဒါပေမယ့် ခင်ဗျား ထုတ်ကုန်တွေ အများကြီး ဝယ်ရင်တော့ ဒေါ်လာ၊ ဒေါလာဆယ်ဂဏန်း ဒါမှမဟုတ် အဲ့ထက်ပို သက်သာသွားမှာပေါ့…
ပမ့်မြို့တော်မှာ နေတဲ့သူတွေရဲ့ ပျမ်းမျှဝင်ငွေ ဘယ်လောက်လဲ.. ယွမ်(၃၀၀၀)ထက် မပိုဘူးလေ.. တကယ်လို့ ဖောက်သည်တွေ လည်ပတ်မှုတစ်ခုခု ဖြစ်ရင် (၁၀)ယွမ်လောက် ချွေတာနိုင်ရင်ကို တစ်ရက် လုပ်အားခထက် ပိုသာလိမ့်မယ်လေ.. ကျုပ်တို့ အထူးကုန်တိုက်ကို မလာလောက်ဘူးလို့ ခင်ဗျားထင်သေးလား..”
ဖုန်းယွီ ကျန်းလွေ့ချန်းကို ပြန်မေးခွန်းထုတ်လိုက်သည်။
“သွားတိုက်ဆေး တစ်ဘူး ဘယ်လောက်ကျလဲ၊ ဖိနပ်တစ်ရံ ဘယ်လောက်ကုန်မှာလဲ.. ဒါလေးတွေ ဝယ်ဖို့အတွက် မင်းတို့ အထူးကုန်တိုက်ကို ဘယ်သူတွေက လျှောက်သွားနေမှာလဲ..”
“ကျုပ်တို့က အဲ့ဒါတွေတင် ရောင်မှာမဟုတ်ဘူး.. ခင်ဗျားစဉ်းစားလို့ရသမျှ နေ့စဉ်သုံး လိုအပ်ချက်အားလုံး ကျုပ်တို့ အထူးကုန်တိုက်မှာ ရောင်းတယ်.. ပြီးတော့ ကုန်တိုက်ထဲမှာ တခြားဆိုင်တွေလဲ ရှိအုံးမယ်.. ရှော့ပင်းမောလ်မှာ ဈေးဝယ်သလိုပဲ.. ဖောက်သည်တွေ အဲ့ပစ္စည်းတွေ မတတ်နိုင်လဲ ဘာမှ ရှက်နေစရာမလိုဘူး..”
အခု လက်ရှိ ဖောက်သည်ဝန်ဆောင်မှုတွေက နောင်ဝန်ဆောင်မှုတွေကို မမှီသေးချေ။ ရှော့ပင်းမောတွေက အလုပ်သမားတွေ အရမ်းရိုင်းလွန်းပေသည်။ မိမိ ထုတ်ကုန်များ တန်ဘိုး တတ်နိုင်မှသာ မိမိတို့အပေါ် ကောင်းပေလိမ့်မည်။ သို့ရာတွင် မတတ်နိုင်ပါက ဆိုင်အတွင်းမှပင် မောင်းထုတ်ကြပေလိမ့်မည်။
အထူးကုန်တိုက်သည် တစ်နေရာတည်းတွင် ဈေးဝယ်သည့်နေရာဖြစ်သည်။ ဆိုင်အကူများရှိသော်လည်း တစ်ခုခု ဝယ်လိုပါက ဝယ်သူအပေါ်တွင်သာ မူတည်ပေလိမ့်မည်။ ထို့အပြင် ကုန်ပစ္စည်းအားလုံးကို စင်ပေါ်တင်ထားပြီး ဈေးနှုန်းများကိုလည်း ကပ်ထားပေလိမ့်မည်။ ဖောက်သည် မိမိတို့ ဝယ်လိုသည်မဝယ်လိုသည်ကို ကိုယ်တိုင်သာ ဆုံးဖြတ်ကြရပေလိမ့်မည်။
ငွေကြေးချို့တဲ့သည့် ဖောက်သည်များလည်း ဤနေရာတွင် ဝယ်ယူနိုင်ပေသည်။ ကုန်ပစ္စည်းအမျိုးမျိုး ကြည့်ရှုနိုင်ပြီး မည်သည့် ထုတ်ကုန်မဆို ဝယ်ယူရကျိုးနပ်မည်ဟု ခံစားမိပါက ဝယ်ယူကြပေလိမ့်မည်။ ဤသည်မှာ အထူးကုန်တိုက်တစ်ခုတွင် ဈေးဝယ်ရခြင်း၏ အားသာချက်ဖြစ်ပေသည်။
“ဒါပေမယ့်… ဒါက ဖောက်သည်တွေကို သိပ်ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး.. မင်း အထူးကုန်တိုက်တွေကို ကြော်ငြာအုံးမှာလား..”
ကျန်းလွေ့ချန်း ဤ အထူးကုန်တိုက်၏ လုပ်ငန်းများကို နားမလည်သေးချေ။ ထုတ်ကုန်များအား ဈေးသက်သက် သာသာဖြင့် ဝယ်ယူနိုင်ရေးကို လူတိုင်း တွေးနေမည် မဟုတ်ချေ။ ဖော်သည်များသည် အထူးကုန်တိုက်တွင် ဈေးသက်သက်သာသာ ဝယ်ယူနိုင်ကြောင်း သိထားမှ ရပေလိမ့်မည်။
“ဒါပေါ့.. အရိုးရှင်းဆုံးနည်းလမ်းနဲ့ ကြော်ငြာမှာ.. လက်ကမ်းစာစောင်တွေ ဝေမယ်.. ဖွင့်ပွဲနေ့ CCTV မှာ ထုတ်လွှင့်မယ်.. ကျုပ်တို့ အထူးကုန်တိုက်တွေကို တစ်နိုင်ငံလုံး သိစေရမယ်..”
“ဘယ်လို.. မင်းတို့အားလုံး သတင်းကြေငြာမယ်ပေါ့…”
ကျန်းလွေ့ချန်း ဖုန်းယွီကို တစ်ချက်ကြည့်လိုက်သည်။ မည်သည့် အမှိုက်စကားများ ပြောနေသည်နည်း။ ဤသည်မှာ ကုမ္ပဏီတစ်ခု ဖွင့်လှစ်ခြင်းသာဖြစ်ပြီး နည်းပညာမြင့် ကုန်ပစ္စည်းများ မဟုတ်ချေ။ CCTV တွင် မည်သို့ သတင်း ဖော်ပြနိုင်မည်နည်း။ CCTV ၏သတင်းသည် နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များနှင့် အခြားသော နိုင်ငံတကာ ဖြစ်ရပ်များ၏ နောက်ဆုံးရ သတင်းများသာဖြစ်ပေသည်။ ဤအထူးကုန်တိုက်သည် မည်သို့သော သတင်းများ ရနိုင်မည်နည်း။
ဖုန်းယွီ လက်နှစ်ချောင်း ထောင်ပြရင်းဖြင့်..
“အကြောင်းအရင်း (၂)ခု ရှိတယ်.. ပထမဆုံးအနေနဲ့ CCTV နဲ့ အရမ်းနီးစပ်တယ်.. ဒုတိယက မဟာလူသားလီနဲ့ ဖူမိသားစုက ထိုင်ဟွာ အထူးကုန်တိုက် လုပ်ငန်းစုတွင် ရှယ်ယာတွေ ပါတယ်.. သူတို့တွေ တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့အတွက် ဒါဟာ ဟောင်ကောင် တရုတ်ကို ပြန်လာဖို့ နီးပြီဆိုတဲ့ အဓိပ္ပါယ်ပဲ..”
လီမိသားစုနှင့် ဖူမိသားစုများသည် ဤအကျိုးတူလုပ်ငန်းတွင် ပါဝင်ခြင်းဖြင့် ထိုင်ဟွာ အထူးကုန်တိုက်တွင် အကျိုးကျေးဇူး များစွာရရှိခဲ့သည်။ ဟောင်ကောင်မှ တရုတ်ပြည်သို့ မပြန်မီ နှစ်အနည်း အလိုတွင်ဖြစ်သည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စနစ် (၂)မျိုးရှိသော်လည်း ကောင်ကောင်စီးပွားရေး လုပ်ငန်းရှင် အများအပြားသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် မဝံ့ရဲကြချေ။ အချို့သည် သူတို့၏ ရင်းနှီးမြုပ်နှံမှုများကိုပင် ဆွဲထုတ်ကြပေသည်။ လီနှင့် ဖူ မိသားစုများသည် တရုတ်နိုင်ငံသို့ လာ၍ ရင်းနှီးမြုပ်နှံပါက ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်များ၏ ယုံကြည်မှု တိုးမြှင့်ပေးပေလိမ့်မည်။
ဤထောက်ခံမှု၊ ဤအကြောင်းပြချက်နှင့် ဆက်နွှယ်မှုများကြောင့် ဖုန်းယွီသည် CCTV မှ သတင်း တင်ပေး လိမ့်မည်ဟု ယုံကြည်ထားခြင်းဖြစ်သည်။ ထို့အပြင် ထိုင်ဟွာ အထူးကုန်တိုက်သို့ လာရောက် လည်ပတ်နိုင်ရန် ခေါင်းဆောင်အချို့ကိုလည်း ဖိတ်ကြားနိုင်ပေသည်။ နိုင်ငံခေါင်းဆောင်များအကြောင်း CCTV မှ သတင်း ထုတ်လွှင့်သည်မှာ သာမန်သာပင်။
ခေါင်းဆောင်များ လာလည်ရန် ဆန္ဒမရှိမည်လော။ သူတို့သည် မဟာလူသားလီကို အလည်လာခိုင်း နိုင်ပေသည်။ မဟာလူသားလီနှင့်အတူ ခေါင်းဆောင်များအားလုံးသည် သူ့ကိုတွေ့ရန် အပြေးအလွှား သွားကြပေလိမ့်မည်။ မဟာလူသားလီ အမေရိကန်ကို အလည်အပတ်သွားမည်ဆိုလျှင်ပင် သတင်းထွက်နေပေလိမ့်မည်။
ထိုင်ဟွာ အထူးကုန်တိုက်သည် CCTV သတင်းတွင် ပါဝင်လာသည့်အခါ လူများ စူးစမ်းလိုစိတ် ပေါ်လာ ပေလိမ့်မည်။ လက်ကမ်းကြော်ငြာများ၏ အရောင်းမြှင့်တင်ရေး ကြိုးပမ်းမှုများနှင့်အတူ ဖွင့်ပွဲနေ့တွင်ပင် အောင်မြင်မှုရနေမည်မှာ အသေအချာပင်။
ကျန်းလွေ့ချန်းသည် အတွေးများ နက်လာတော့သည်။ ဟောင်ကောင်၏ လီနှင့် ဖူမိသားစုများတွင် ရှယ်ယာများ ပါဝင်နေပါက ဤအထူးကုန်တိုက်သည် မှားမည်မဟုတ်ချေ။ သူတို့သည် အာရှ၏ မဟာသူဌေးကြီးများ ဖြစ်ပေသည်။ သူတို့သည် ဆုံးရှုံးနိုင်ချေရှိသည့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံမည့်သူများ မဟုတ်ချေ။
ထို့အပြင် ကျန်းလွေ့ချန်းသည် ဖုန်းယွီ၏ လုပ်ငန်းများသည် ယခင်က အရှုံးမရှိခဲ့ဖူးသေးကြောင်း ပြန်သတိရမိသည်။ အရည်အချင်းရှိသူ အများအပြားလက်တွဲခြင်းဖြင့် ရလဒ်ကောင်းများ ရရှိမည်မှာ သေချာပေသည်။ သို့ရာတွင် ဖုန်းယွီကို ကုန်တိုက်အသုံးပြုခွင့်ပေးရန်ကိုမူကား တုံ့ဆိုင်းနေဆဲပင်ဖြစ်သည်။ မြို့တော်စီမံကိန်းအတွက် အထူးသီးသန့် ဖြစ်ပေသည်။
ဖုန်းယွီသည် ကျန်းလွေ့ချန်း တုံ့ဆိုင်းနေမှုကို မြင်ပြီး သူ့လက်ချောင်းများဖြင့် စတင်ရေတွက်ပြရင်း…
“ကုန်တိုက်ကြီး (၂၀)၊ ပေကျင်းနဲ့ ရှန်ဟိုင်း မှာလဲ (၃)ခုစီရှိမယ်.. ထိုင်ကျင်း၊ ကွမ်သောင်၊ ရှန်ကျန်း၊ ဟန်ကျိုး၊ ဖူကျိုး၊ ကျင်းလင်၊ ထိုင်ဖူ… အာ ကျုပ်တို့မှာ ရန်ပုံငွေ အလုံအလောက် မရှိသေးဘူးထင်တယ်.. ပမ့်မြို့တော် အတွက် ရပ်ထားအုံးမှ ထင်တယ်..”
ကျန်းလွေ့ချန်း ဖုန်းယွီကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ထိုကောင် သူ့ကိုထပ်မံ ခြိမ်းခြောက်နေချေပြန်ပြီ။ ထို အထူးကုန်တိုက်၏ အကျိုးကျေးဇူးအားလုံးအား ပြန်ပြောပြပြီးမှ ပမ့်မြို့တော်တွင် မတည်ထောင်ချင်ဟု ပြောနေပြန်သည်လော။ မိမိ မည်သို့ လုပ်ရမည်နည်း။
“မင်း အဲ့အဆောက်အဦလိုချင်တာမို့လား.. ပြဿနာမရှိဘူး.. အဲ့အဆောက်အဦး မင်းကို ငါတို့ ရောင်းမယ်.. ပေါက်ဈေးလဲ အရှိအရှိအတိုင်းဖြစ်လိမ့်မယ်.. မင်းအထူးကုန်တိုက်က ပတ်ဝန်းကျင်ဒေသန္တရ စီးပွားရေးကို အထောက်အကူ ဖြစ်စေရမယ်လို့ မင်းပြောထားတယ်နော်.. ဒါဆို ပမ့်မြို့တော်မှာ နောက်ထပ် အထူးကုန်တိုက် နည်းနည်း ထပ်ဖွင့်နိုင်သေးတယ် မို့လား…”
ကျန်းလွေ့ချန်း ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
“နောက်ထပ် ဖွင့်ဖို့လား.. ဒီနှစ်ထဲတော့ မဖြစ်နိုင်ဘူး.. ဒါပေမယ့် လာမယ့်နှစ်မှာ အထူးကုန်တိုက်တွေ ထပ်တိုးချဲ့မယ်ဆိုရင် ပမ့်မြို့တော်ကို ဦးစားပေး စဉ်းစားမယ်.. ဒါပေမယ့် အထူးကုန်တိုက်ကို တည်ဆောက်တော့မယ် ဆိုရင် အစိုးရဘက်က ဘယ်လို သက်သာခွင့်တွေ ပေးမှာလဲ.. (၃)နှစ် အခွန် ကင်းလွှတ်ခွင့်၊ (၂)နှစ် အခွန်(၅၀)ရာခိုင်နှုန်း.. ဒါဆို ဘယ့်နှယ့်လဲ..”
ဖုန်းယွီ တစ်ထွာပေးသည်ကို တစ်တောင် လိုချင်နေပေသည်။
“(၃)နှစ် အခွန်ကင်းလွတ်ခွင့်နဲ့ (၂)နှစ် (၅၀)ရာခိုင်နှုန်းသက်သာခွင့်လား.. မင်း ဘာတွေ တွေးနေတာလဲ.. အများဆုံး (၁)နှစ် အခွန်ကင်းလွတ်ခွင့်နဲ့ (၁)နှစ် (၅၀)ရာခိုင်နှုန်း သက်သာခွင့်ပဲရမယ်..”
ကျန်းလွေ့ချန်း ဖုန်းယွီကို စိုက်ကြည့်နေပေသည်။
“ကောင်းပြီလေ.. ဒါဆိုလဲ ပြေလည်ပြီပဲ ထားလိုက်တော့.. ခင်ဗျားလူတွေ အားလုံးစုပြီး နေ့လည်ကျ အသေးစိတ် ဆွေးနွေးမယ်လေ.. ပြီးတာနဲ့ သဘောတူစာချုပ် ချက်ချင်း လက်မှတ်ထိုးမယ်..”
(၁)နှစ် အခွန်ကင်းလွတ်ခွင့်၊ (၁)နှစ် (၅၀)ရာခိုင်နှုန်း သက်သာခွင့်သည် ဖုန်းယွီ အမှန်တကယ် လိုချင်နေခြင်းပင်။
ဖုန်းယွီ ကျန်းလွေ့ချန်း၏ ရုံးခန်းမှ ထွက်လာကာ သူ့ကားသို့ ပြန်ရောက်လာပြီးနောက် ဖူကွမ်းကျန့်ကို ဖုန်းခေါ်လိုက်သည်။
“အစ်ကိုဖူ.. ပမ့်မြို့တော်က ငါတို့ကို (၁)နှစ် အခွန်ကင်းလွတ်ခွင့်နဲ့ (၁)နှစ် (၅၀)ရာခိုင်နှုန်း သက်သာခွင့် ပေးဖို့ သဘောတူထားတယ်.. ဒီအနေအထားကို သဘောတူရင် သက်ဆိုင်ရာ ပြည်နယ်နဲ့ မြို့တော် ခေါင်းဆောင်တွေကို မေးလိုက် သူတို့ သဘောမတူရင် သူတို့ နယ်မြေမှာ ရင်းနှီးမြုပ်နှံမှု လုပ်မှာ မဟုတ်ဘူး..”
ဖုန်းယွီနှင့် ဖူကွမ်းကျန်းတို့သည် သီးခြားစီ အလုပ်လုပ်နေကြသော်လည်း သတင်းအချက်အလက်များကိုမူ ဆက်တိုက် ဖလှယ်နေကြပေသည်။ ယခုအခါ ဖုန်းယွီသည် အစိုးရ ထောက်ပံ့ကြေးအနည်းငယ် ရရှိထားပြီးဖြစ်၍ ဤကိစ္စကို အခြား မြို့နယ်ခေါင်းဆောင်များနှင့် သဘောတူညီမှု ညှိနှိုင်းရာတွင် အချက်အလက် တစ်ခုအဖြစ် အသုံးချနိုင်ပေသည်။ ပမ့်မြို့တော်သည် သူတို့ကို ထိုသို့သော အကျိုးခံစားခွင့် ပေးနိုင်ပါက အခြားမြို့တော်များသည် မည်သည့်အတွက် မပေးနိုင်မည်နည်း။ သဘောမတူနိုင်သည်လော။ အခြားနေရာများသို့ သွားရပေလိမ့်မည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)