လိမ်ညာမူ ကစားပွဲ
Vol. 15 Ch. 211
စိတ်ပျက်မူ အနည်းငယ်နဲ့ အတူပဲ ဆန်နီ ဟာ ခန္တာကိုယ် အားကစားနည်း တွေ အကုန်လုံးက အဖြေ မရှိဘူး ဆိုတာ ကို နားလည် လိုက်တယ်။ဒါက အယ်ဖီကပဲ ပွဲတိုင်း ကို နိုင်နေလို့ မဟုတ်ပါဘူး။ကတ်စီကလည်း အပြည့် အဝမပျော်ရွင်နိုင်ပေ။
တကယ်လို့ ဒီလို သာဆိုရင် သူတို့ က ဉာဏ်နဲ့ ယှဥ်ပြိုင်တဲ့ ကစားပွဲတွေကိုပဲ လုပ်ကြရတော့ မှာပါ။
အတော်ကြာအောင်တွေး တောပြီး နောက်မှာတော့ သူက ပြင်ဆင်မူ အနည်းငယ်လုပ်ပြီး သူ့ရဲ့ အပေါင်းအပါ တွေကို စနောက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
"ကောင်းပြီ နောက်ထပ်ပြိုင်ပွဲ တစ်ခု လုပ်ကြရအောင် ။ဒီတစ်ကြိမ်မှာ နင်တို့ ရဲ့ စိတ်တွေကို စမ်းသပ်မှာ "
ဆန်နီ အတော်ကြာအောင် ရပ်တန့် ပြီးကာမှ ပြုံးလိုက်ပြီး
"ပြီး တော့ နည်းနည်း လေး အရှိန်မြင့်သွား အောင်လို့ ဒီတစ်ကြိမ်မှာ ဆုကိုပါထည့်ထား ပေး မယ်"
ဒီလို ပြောပြီး တာနဲ့ သူက အလောင်းစားသုံးသူ ဆီကနေ ရထားခဲ့တဲံ တက်ရောက် မူ အဆင့် အမြုတေကို ထုတ်ယူ ကာ အားလုံးကိုပြလိုက် ပါတယ်။
မျက်လုံးမှိတ်ပြီး အနားယူနေတဲ့ နစ်ဖီက လွဲလို့ လူတိုင်း ရဲ့ မျက်လုံး က အရောင်လက်သွား ခဲ့တယ်။သူတို့ ရဲံ စိတ်ဝင်စား မူကို မြင်တွေ့ နေ ရတာကြောင့် ဆန်နီ ပြံုး လိုက်ပါတယ်။
ဒါပေါ့ သူတို့ က စိတ်ဝင်စား ကြမှာ ပေါ့ ။ဘာပဲ ဖြစ်ဖြစ် ဒီလို မျိုး တစ်ခု ကို တွေ့ရဖို့ ဆိုတာကတောင် အတော်လေး ရှားပါး ပါတယ်။
သူကလည်း လောလော ဆယ်မှာ ဒီဟာကို အသုံး ပြုဖို့ မလို အပ်သေး ပေ။ပြီးတော့ သူ့ရဲ့ အဖွဲ့ သား တွေကို သန်မာ အောင် လုပ်ပေး တာကလည်း သူ့ ရဲံ ကိုယ်ပိုင် ရှငိသန်နိုင်မယ့် အခွင့် အရေး ကို မြင့်တင်လိုက်တာပါပဲ။ဒါကြောင့် အမြုတေကို ပေးလိုက်ရတာက ပြသနာ တစ်ခု မဟုတ်ပေ။
အထူးသဖြင့် တကယ်လို့ သူက ပျော်ရွင်မူ အချို့ ပြန်ရမယ်ဆို ရင် ဒါက တန်ပါတယ်။
အယ်ဖီက ပထမဆံုး ပြောလာခဲ့တယ်။
"ပြိုင်ပွဲ ရဲ့ စည်းမျည်းတွေက ဘာတွေလဲ"
ဆန်နီက အမြုတေကို ပြန်သိမ်းလိုက်ပြီး ပြန်ဖြေလိုက်တယ်။
"ဒါက ရိုးရှင်းပါတယ်။ ငါက နင်တို့ကို မေးခွန်း မေးမယ်။ပထမဆုံး အနိုင် ရအောင် ပြောနိုင်တဲ့ သူက အနိုင်ရတဲ့ သူပဲ။ဘယ်လို သဘော ရလဲ"
မုဆိုးမိန်းကလေး က သူ့ကို သံသယ နဲ့ ကြည့်ပြီး ပုခုံး တွန့် လိုက်တယ်။
"ကြားရတာတော့ ပျင်းဖို့ ကောင်းပေမယ့် ကောင်းပြီလေ။ ကစားကြတာပေါ့ "
ဆန်နီ ပြုံးလိုက် ပြီး အရိပ်ကို သူ့ရဲ့ ခန္တာကိုယ် ကနေ ခွဲထွက်ခိုင်းကာ သာမန် ကျောက်တံုးကို သူ့အပေါ်မှာ တင်ထားလိုက်တယ်။ပြီးတာနဲ့ သူက အယ်ဖီ ဘက်ကို လှည့်ပြီး ပြောလိုက်တယ်။
"သေချာ နားထောင်ကြ ။နင်တို့က ငါနဲ့ ငါရဲ့ အရိပ် နှစ်ယောက်စလုံး မှာ ရှားပါးတဲ့ ရတနာ ပိုင်ဆိုင်ထားတယ် လို့ စိတ်ကူထားရမယ်။ငါတို့ထဲက တစ်ယောက်က လိမ်ညာပြီး လုံးဝပြောလို့ မရတဲ့ ဂုဏ်ယူရတဲ့ နိုးထသူ တစ်ယောက်ဖြစ်ပြီး တစ်ခြားတစ်ယောက်က အမှန်ကို လုံးဝ မပြောတဲ့ တုံးအတဲ့ နတ်ဆိုး အလိမ်အညာ တစ်ယောက်ပဲ။ဒါပေမဲ့ ဘယ်တစ်ယောက် ဘာလဲဆို တာကို တော့ နင့်တို့ က မသိကြဘူး "
အယ်ဖီ ပြုံးလိုက် တယ်။
"ငါ ဆိုလိုတာ ...က အဲတာက သိသာ နေတာပဲ မဟုတ်ဘူးလား "
ဆန်နီ မျက်တောင် ခတ်လိုက် တယ်။
"တော်လိုက်တော့ ဒါက စိတ်ကူးကြည့် ရမယ့် အခြေအနေပဲ။ဟုတ်ပြီလား ...ဘာပဲဖြစ်ဖြစ် နင်တို့က ငါတို့နှစ်ယောက် တည်းက ဘယ်သူက ရတနာကို ဝှက်ထားတာ လဲ ဆိုတာကို ရှာဖွေ ရမယ်။နင်ကို မဖြေနိုင်ဘူး ဆို ရင် နတ်ဆိုးက နင်တို့ကို သတ်လိမ့်မယ်။နင်တို့မှာ မေးခွန်းတစ်ခုပဲ မေးခွန့်ရှိမယ်။ အဲတာက အရိပ်ကို လည်း မေးလို့ ရတယ် ငါ့ကို လည်း မေးလို့ ရတယ်"
မုဆိုး မိန်းကလေး ဟာ ရယ်မောလိုက်ပြီး သူမရဲ့ ကြွက်သား တွေကို ဆန့်တန်း လိုက်တယ်။
"ငါ နင့်ကို ရိုက်နှက် ပြီး အဖြေကို ယူလို့ ရလား "
"
ဆန်နီ ဟာ သူမရဲ့ သန်မာ တဲ့ ခန္တာကိုယ်ကို အချိန်အတော်ကြာအောင် ကြည့် ပြီးမှ ပြုံးလိုက်တယ် ။
"နင်လုပ်လို့ ရတယ်။ ဒါပေမယ့် နင်သေလိမ့် မယ်"
အယ်ဖီ သူမကို အံ့သြစွာ ကြည့် လိုက်ပြီး
"ဘာလဲ ။ ဘာလို့ လဲ "
သူ ပုခုံးတွန့်လိုက် ပြီး သူမကို အထင်သေး စွာ ကြည့်လိုက်တယ်။
"နင့်မှာ မေးခွန်းတစ်ခုပဲ မေးလို့ ရတယ်လို့ ငါပြောထားနတယ်လေ။ငါ့ကို ရိုက်နှက်လို့ ရလား မရဘူးလား မေးတာက တော့ တကယ်ကို တုံးအ တဲ့ မေးခွန်း ပဲ"
မုဆိုး မိန်းကလေး က သူ့ကို စိတ်ဆိုးစွာ စိုက်ကြည့် နေတုန်း မှာ ပဲ ဆန်နီ တစ်ဖက်ကို လှည့် ကာ ပြောလိုက်တယ်။
"နောက်တစ်ယောက် "
ကိုင် က အယ်ဖီကို အားနာစွာ ပြုံးပြလိုက် ပြီး သူ့အနားကို ကပ်လာ ခဲံတယ်။
ခန့်ညားတဲ့ လူငယ်လေးက သူ့အောက်မှာ ရှိနေတဲ့ အရိပ်ကို လက်ညိုးထိုး ပြလိုက်ပြီး အရိပ်ကို မေးလိုက်တယ်။
"ငါ ညွှန်ပြနေတဲ့ ကျောက်တုံးရဲ့ အရောင်က ဘာအရောင် လဲ"
ဆန်နီ ဒီလို မေးခွန်မျိုးကို မျှော်လင့် ထားပြီး သားပါ။ သာမန် ကျောက်တုံး က နက်ရှိုင်း တဲ့ အသံနဲ့ ပြန်ဖြေလာခဲ့ တယ်။
" အဖြူရောင် "
ကိုင် က သူ့ကို ပြုံးကာ ကြည့်လိုက် ပြီး
"ဒီတော့ ...ငါ နိုင် သွား ပြီပေါ့ ။သိသာစွာပဲ အရိပ်က ဂုဏ်ယူရတဲ့ နိုးထသူ ပဲ "
ဆန်နီ သူ့ကို ခေါင်းညိတ်ပြလိုက် တယ်။
"ငါတို့ ထဲက ဘယ်သူက လိမ်ညာနေတာလဲ ဆိုတာကို မင်းက ဖော်ထုတ်ဖို့ ကြိုးစား ခဲ့တာပဲ။အံ့သြစရာက အဲတာက ငါဖြစ်နေတယ်။ဒါပေမဲ့ အဲတာက မေးခွန်းမဟုတ်ဘူးလေ ။မေခွန်းက ငါတို့ နှစ်ယောက် တည်းက ဘယ်သူက ရတနာကို ဖုံးကွယ်ထား လဲ ဆိုတာပဲ ။ပြီး တော့ မင်းက မေးခွန်းကို အသူံးပြု ပြီး သွား ပြီ။ဒီတော့ ...စိတ်မကောင်းပါဘူး ကောင်လေး ။ဒါပေမဲ့ မင်းကလည်း သေသွားပြီ။ငါ မင်းကို သတိ ရနေမှာ ပါ။
ခန့်ညား တဲ့ လေးသည်တော်က သူ့ကို ကြည့်နေခဲ့တယ်။
ဆန်နီ မျက် ခုံးပင့်လိုက် ပြီး
"ဘာလဲ။ မင်းက ငါ့ကို ဘာလို့ အဲ့လို ကြည့်နေတာလဲ။ငါ မင်းကို ဝင်ကစား ပြုတာနဲ့ တင် ကျေးဇူးတင်သင့် နေပြီ။မင်း ရဲ့ အားနည်းချက် နဲ့ ဆို ရင် ဒါက လိမ်ညာ နေသလို ပဲလေ"
ကိုင်က ခနလောက် စဥ်းစားလိုက် ပြီးမှ အယ်ဖီ ရဲ့ အနားကို သွားကာ ထိုင် လိုက် တယ်။ကိုင်က မုဆိုးမိန်းကလေး အနားကို ကပ်ထိုင် လိုက်တဲ့ အချိန်မှာ သူမ တုန့်ပြန်လိုက် တဲ့ ပံုစံက သူအရင် တုန်းက သူမကို တုန့်ပြန်တဲ့ ပုံနဲ့ တူနေတာကြောင့် ဆန်နီ ရယ်မော ချင်လာခဲ့ တယ်။
'နင့်ရဲ့ ခေါင်းတွေကို ငုံ့ထားပြီး အတွေးတွေကို သာ သန့်စင် အောင် ထား တော့ အယ်ဖီ '
ကြီးမားတဲ့ အပြုံး တစ်ခုနဲ့ အတူ ပဲ ဆန်နီ ခေါင်းခါယမ်း လိုက် တယ်။ဆန်နီ နောက်ထပ် ပြိုင်ပွဲ ဝင်ကို ဖိတ်ခေါ် တော့မယ့် အချိန်မှာ ပဲ ကိုင်က ကြားဖြတ်ပြောလာခဲ့ ပါတယ်။
"မင်းပြောတာက အပြည့် အဝ တော့ မမှန်ဘူး ။သိတယ်မလား "
သူက သိမ်မွေ့စွာ ပြောလာခဲ့ တာ ပါ ။
ဆန်နီ မျက်ခုံး ပင့် တင်လိုက် တယ်။
"ဘာကို လဲ "
လေးသည်တော် မဖြေခင်မှာ အောက်ကိုငုံ့ ကြည့်လိုက်ပြီး
"ငါ့ရဲ့ အားနည်းချက် လေ။ဟုတ်တယ် ဒါက တစ်ခြားလူ တွေ ထမ်းထား ရသလောက်တော့ မလေးလံဘူး ဆို ပေမယ့် ကျိန်စာ တစ်ခု အဖြစ် တော့ ရှိနေတုန်းပဲ "
'သူက ဘာ တွေ ပြောနေတာလဲ ။ ဒါက ဒုတ်ိယမြောက် စွမ်းရည် တစ်ခု လို ပဲ လေ '
ကိုင် ကို သံသယ အပြည့် နဲ့ ကြည့် လိုက်ပြီး ဆန်နီ ပြောလိုက် တယ္။
"ဟုတ်လား ဘယ်လို လဲ ။ကျေးဇူး ပြုပြီး ရှင်းပြပါဦး ဘာလို့လဲ ဆိုတာ့ မင်းရဲ့ အားနည်းချက်က ဘယ်လို့ မျိုး ဝန်ထုတ် ဝန်ပိုး ဖြစ်နေလဲ ဆို တာကို ငါ တကယ် မစဥ်းစား တတ်တော့ ဘူး "
ခန့်ညား တဲ့ လူငယ်လေး က အတောကြာအောင် တိတ်ဆိတ် နေပြီး မှ ဝမ်းနည်းတဲ့ လေသံနဲ့ ပြန်ပြောလိုက်တယ်။
"ဒီကမ္ဘာပေါ် မှာ မင်း အချစ်ရဆုံး သူတွေက မင်ကို ချစ်တယ်လို့ ပြောနေပေ မယ် အမှန်တကယ် သူတို့ မချစ်ကြဘူး ဆို တာ သိနေတာကို စဥ်းစား ကြည့် စမ်းပါ။မင်း သူငယ်ချင်း တွေ ရဲ့ တွန်းအား စကား တွေက မင််းကို ကျရှုံး စေချင် နေမှန်း သိနေတာကို စဥ်းစားကြည့် စမ်း ပါ"
သူ သက်ပြင်း ချလိုက် တယ်။
"လျစ်လျူရူ ထားတာက အလုပ် မဖြစ်ဘူး ဆန်နီ။ ငါ ပထမ အိပ်မက်ဆိုး က နေ ပြန်လာပြီး တဲ့ အချိန် မှာ ငါ့ ဘဝထဲက လူ အများစုက ထင် ထား သလို မဟုတ်ကြဘူး ဆိုတာကို ငါ သိလိုက်ရတယ်။သူတို့ အပြုံးတွေ ရဲ့ နောက်ကွယ် မှာ ရုပ်ဆိုးမူ ၊ ရက်စက်မူ တွေကို ဖုံးကွယ် ထား ခဲ့တယ် "
ကိုင်က သူ့ကို လက်ဟန်ပြပြီး ပြောလိုက်တယ်။
"ငါ ဘယ်သူလဲ ၊ ဘယ်လို လဲ ဆိုတဲ့ ရည်ရွယ်ချက် ကြောင့် ငါ့ဘေးနားမှာ လူတွေ အများကြီး ရှိနေကြတယ်။ဒါပေမဲ့ သူတို့ ရဲ့ ရည်ရွယ်ချက် အစစ်အမှန် ကို သိတဲ့ အချိန်မှာ .. ငါ မရတော့ ဘူး ။ကောင်းပြီ ...ငါက အမှန်တရားကို တသက်လုံး မသိပဲ သာ နေလိုက်ချင် တော့တယ်'"
သူ တိတ်ဆိတ်နေခဲ့ တယ်။
ချီပဲ
ရုတ်တရက် ကိုင်က ပြုံးလိုက် ပြီး
"ဒါကြောင့် ငါ မင်းနဲ့ အချိန် ကုန်ဆုံး ရတာကို ပျော်ရွှင် တာပဲ ဆန်နီ ။မင်းပြောတဲ့ စကား တွေက ဘယ်လောက်ပဲ ဆိုး ဝါးပေ မယ့် သူတို့ အားလုံးက အမှန် တွေချည်း ပဲ။မင်းလို မျိုး အရိုးသား ဆုံး တုံးအ တဲ့ လူကို ငါ တစ်ခါ မှ မမြင် ဖူးသေးဘူ'။ငါက တကယ်ကို ထူးခြားတယ်"
ဆန်နီက မသက်မသာ ဖြစ်သွား ခဲ့ တယ်။
'အာ...သူက ငါ့ကို ငတူံး လို့ ခေါ်လိုက် တာလား '
အခုတော့ သူက ခန့်ညားတဲ့ လေးသည်တော်ရဲ့ အားနည်း ချက်ကို လှောင်ပြောင်ခဲ့ မိတဲ့ အပေါ် နောင်တရနေခဲ့ ပါပြီ။ဖြစ်နိုင်တာက ဆန်နီ အတွက် အသုံး ဝင်နိုင် ပေမယ့် ကိုင် လိုမျိုး လူအများရဲ့ အာရုံစိုက်မူကို ယူထားတဲ့ လူတစ်ယောက် အတွက်ကတော့ ဒါက အတော်လေးကို နာကျင် ရမှာ ပါ။
အခိုက် အတန့်က သူ ဘာလုပ်နေလဲ ဆိုတာကို သူသိပါတယ်။
ဒါက အမြဲတမ်း မင်းရဲ့ အားအနည်းဆုံး နေရာကို ရိုက် ချ မှာပါ။
'သောက်ကျိုးနဲ အခိုက်အတန့် ။ဒီအရာကို ဖန်တီးခဲ့တဲ့ သူက အဆိုးဝါးဆုံး ခွေးသား တစ်ကောင်ပဲ ဖြစ်လောက်မှာပါ...'