သူရဲကောင်းများနှင့် ဓားများ
Vol. 15 Ch. 212
"အာ..သေချာတာပေါ့.."
တစ်နေ့မှာတော့..ကိုင် ဟာ ဆန်နီက သူထင်ထားသလိုမျိုး ရိုးသားတဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုတာကို သိလာပါလိမ့်မယ်..။ဒါပေမဲ့ အဲဒီအချိန် မရောက်ခင်အထိတော့ ရိုးသားတဲ့ လေးသည်တော်က သူ့ကို ဒီလို သဘောပေါက်နားလည်ထားတာက..အတော်လေး အကျိုးများတဲ့ အရာပါ..။
ရှကိရွံ့မူအချို့နဲ့ မျက်နှာလွှဲလိုက်ရင်း..ဆန်နီ ကတ်စတာကို ကြည့်ကာ ခေါ်လိုက်တယ်..။
" နောက်တစ်ယောက်.."
ဂုဏ်ယူရတဲ့ ဆက်ခံသူဟာ..နိုက်တင်ဂေးကို လေးလံတဲ့ အကြည့်တွေနဲ့ကြည့်နေခဲ့တယ်..။ဆန်နီ ရဲ့ အသံကိုကြားတဲ့ အချိန်မှာတော့ သူ ခနလောက် စဥ်းစားပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။
ကြည့်ရတာတော့ ကတ်စတာက သူ့ရဲ့ ကစားပွဲကို မကစား ချင်တဲ့ ပုံပါပဲ..။
သူတို့ ခြောက်ယောက် ရှိတဲ့ အထဲမှာ..လေးယောက်ကပဲ သူတို့ရဲ့ အားနည်းချက်တွေကို ပွင့်ပွင့်လင်းလင်း မျှဝေထားကြတယ်ဆိုတာ ဆန်နီ သတိထားမိလိုက်တယ်..။ဒိီလိုမျှဝေတာက လိုအပ်ချက် အရ ဒါမှမဟုတ် ယုံကြည်မူကြောင်လည်း ဖြစ်နိုင်ပါတယ်..။ကျန်တဲ့ နှစ်ယောက်တည်းကသာ မမျှဝေကြတာပါ..။
နှစ်ယောက်ထဲက တစ်ယောက်က ဆန်နီ ဖြစ်ပြီး..တစ်ခြားတစ်ယောက်ကတော့ ကတ်စတာ ပါပဲ..။
ဆန်နီကတော့ သူ့ရဲ့ အားနည်းချက်ကို ဖုံးကွယ်ထားရတဲ့ အကြောင်းအရင်းကို သိထားပြီးသားပါ..။ဒါပေမဲ့ ဂုဏ်ယူရတဲ့ ဆက်ခံသူကရော ဘာလို့ ဖုံးကွယ်ထားတာလဲ..။ဒါက သူ့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ အကျင့်စရိုက်နဲ့ ဆိုရင် ဆန့်ကျင်ဘက်ပါပဲ..။သူ့ရဲ့ နစ်ဖီ နဲ့ အဖွဲ့သားတွေ အပေါ်ကို ဆက်ဆံတဲ့ ပုံစံ အရဆိုရင်..ဒီလိုမျိုးလျိုဝှက်ချက်တွေထားထား တာက ထူးဆန်းပါတယ်..။
သူ့ရဲ့ အကြောင်းပြချက်ကလည်း..ဆန်နီလိုပဲ..ဖော်ပြလို့ မရအောင် ကြောက်ဖို့ကောင်းတဲ့ အားနည်းချက် ဖြစ်နေတာလား..။ဒါမှမဟုတ် တစ်ခြား အကြောင်းပြချက် ရှိနေတာလား..။..သူ တစ်ခြားလူတွေ ထင်မြင်အောင် ကြိုးစားနေသလောကိ ၊ အဖွဲ့သားတွေ အပေါ်မှာ ယုံကြည်မူမရှိတာလည်း ဖြစ်နိုင်ပါတယ်..။
ပြီးတော့..ဒီလိုသာဆိုရင်..ဘာလို့လဲ..။
ပုခုံးတွန့်လိုက်ရင်း ဆန်နီဟာ ကတ်စတာကို ထားထားလိုက်တယ်..။အခုချိန်မှာ ဒီအတွေးတွေကို တွေးနေလိူ့ ဘာ အကျိုးမှ မရှိသေးပါဘူး..။ဘာပဲဖြစ်ဖြစ် သူ့မှာ အချက်အလက် တိတိကျကျ မရသေးခင် အချိန်ထိ သူ့ရဲ့ အဖြေထုတ်မူတွေက အသုံးမဝင်ပေ..။
ကတ်စီကို ကြည့်လိုက်ပြီး သူ ပြုံးကာ ပြောလိုက်တယ်..။
"ဟေး..ကတ်..နင်ရောကြိုးစားကြည့်ချင်လား.."
မျက်မမြင် မိန်းကလေးဟာ ခနလောက်တွေဝေ နေပြီးကာမှ သူ့ဆီကို လျောက်လာခဲ့တယ်..။
သူမ လမ်းလျောက်လာနေတုန်းမှာတော့..ဆန်နီဟာ အရင်တုန်းက သူမနဲ့ ပြောခဲ့ဖူးတဲ့ စကားတွေကို ပြန်အမှတ်ရလိုက်ပါတယ်..။အဲ့အချိန်တုန်းက..အသိပညာဆိုတာဟာ ကမ္ဘာပေါ်မှာ အလေးဆုံးအရာတစ်ခုလို့ ပြောခဲ့တာကို သူ မှတ်မိပါသေးတယ်..။သူမရဲ့ အားနည်းချက်က..ကိုင် ရဲ့ အားနည်းချက်နဲ့ ကွာခြားတယ်ဆိုပေမယ့်..တစ်ချိန်တည်းမှာပဲ အနည်းငယ်တော့ ဆင်တူနေခဲ့ပါတယ်..။
သူတို့ နှစ်ယောက်လုံးက..မသိမြင်ခြင်းကို သာ လိုချင်ကြပေမယ့်..မလိုချင်တဲ့ အသိတရားတွေရဲ့..ဖိအားတွေကိုသာ ခံနေကြရပါတယ်..။
ဆန်နီ ဒါကိုတွေးနေတုန်းမှာပဲ..အဖွဲ့ဝင်တွေ အကုန်လုံးကကို မမြင်ရတဲ့ ကြိုးတွေက ဆက်သွယ်ထားတာကို တွေ့လိုက်ရတယ်..။သူတို့ကြားထဲက အဖြစ်အပျက်တွေက..ပုံရိပ်ယောင်တွေလို တူညီကြပေမယ့်..ဆန့်ကျင်ဘက် သဘောမျိုးလည်းဖြစ်နေပြန်ပါတယ်..။
အချက်အလက်အရ ကြည့်ရမယ် ဆိုရင် ဆန်နီ က လိမ်ညာလို့ မရပဲ ၊ ကိုင် ကတော့..သူ့ကို လိမ်ညာနိုင်တဲ့လူ မရှိပါဘူး..။ဒါမှမဟုတ်..တစ်ခြားအခြေအနေ အရဆိုရင် နစ်ဖီက အလင်းရောင် နဲ့တူပြီး..သူကတော့ အရိပ်တွေနဲ့ ပြုလုပ်ထားခဲ့တာပါ..။ကတ်စီက မမြင်ရတဲ့ အချိန်မှာ..သူက အမြင်အာရုံ နှစ်ခုတောင် ရှိနေခဲ့တယ်..။ပြောင်းလဲနေတဲ့ကြယ်ပွင့်က..အခိုက်အတန့်ကို ဖျက်ဆီးဖို့ အိပ်မက်မက်နေတဲ့ အချိန်မှာ..အယ်ဖီ က ဒီနေရာကို နိဗ္ဗာန်ဘုံ အဖြစ် မှတ်ယူထားခဲ့တာပါ..။
ပြီးတော့..စသဖြင့်ပေါ့..။
ဒါက ကံတရား ..ကြိုး တွေလား..။ဒါမှမဟုတ် သူက လူသားတွေ ဖြစ်လေ့ရှိတဲ့အရာကိုပဲ..ဆက်သွယ်မူ ကြိုးတွေ အဖြစ် ဖန်တီးနေတာလား..။
ဒါကို တွေးကြည့်တဲ့အချိန်မှ..ကတ်စတာက ဘယ်သူနဲ့မှ အဓိပ္ပါယ်ရှိစွာ ဆက်နွယ်မနေတာကို သိလိုက်ရပါတယ်..။ဒါတွေက ဘာများဖြစ်နိုင်မလဲ..။
.
ကတ်စီဟာ ဆန်နီရဲ့ အနားမှာဝင်ထိုင်လိုက်ရင်း သူ့ရဲ့ အတွေးတွေထဲကနေ ဆွဲထုတ်လိုက်တယ်..။
သူ အားတင်းပြုံးလိုက်ပြီး..
"အာ..ဟုတ်သားပဲ..။ငါပြောထားသလိုပဲ..အခန်းဂဏ္ဍ တွေအ အမြဲတမ်းပြောင်းလဲနေတာနော်..။ဒီတော့ နင့်ရဲ့ မေးခွန်းက ဘာလဲ.."
ကတ်စီ ပြုံးလိုက်ပြီး အရိပ်ကို လက်ဟန်ပြလိုက်တယ်..။
"ငါ့ရဲ့ မေးခွန်းက..တကဟ်လို့..ငါသာ ရတနာဘယ်သူ့ဆီမှာ ရှိမလဲလို့ ဆန်နီကို မေးရင် သူ ဘယ်လိုဖြေမလဲ.."
ဆန်နီ ခနလောက်တွေဝေနေပြီးမှ..ကျောက်တုံးကို သူအရင် ကြိုပြောထားတဲ့ အဖြေတစ်ခုကို ပြောဖို့ အမိန့်ပေးလိုက်ပါတယ်..။
နက်ရှိုင်းတဲ့ အသံနဲ့ အတူပဲ အရိပ်က ပြောလာခဲ့တယ်..။
"....အရိပ်မှာ ရှိတယ်.."
ကတ်စီ ခေါင်းညိမ့်လိုက်ပြီး..ဆန်နီဘက်ကို လှည့်ကာ ပျော်ရွှင်နေတဲ့ အရုပ်မလေး တစ်ရုပ်လို အမူအရာနဲ့ပြောလိုက်ပါတယ်..။
"ဆန်နီ..နင့်မှာ ရတနာရှိတယ်..။ပေး..."
ဒီလို ပြောပြီးတာနဲ့ သူမက မထင်မှတ်စွာပဲ လက်ကို ဆန့်တန်းလိုက်ပါတယ်..။
သက်ပြင်းချလိုက်ပြီး..ဆန်နီ တက်ရောက်မူအဆင့် အမြုတေကို သူမရဲ့လက်ထဲကို ထည့်ပေးကာ ပြောလိုက်တယ်..။
"ဂုဏ်ယူပါတယ်..။နင် နိုင်သွားပြီ..။တကယ်တော်တယ်..ယေး...."
ကတ်စီ အမြုတေကို ယူပြီး တခစ်ခစ်ရယ်မောလိုက်တယ်..။
အဲ့အချိန်မှာတော့ အယ်ဖီ ရှေ့ကိုတက်ကာ တအံ့တသြ ကြည့်လိုက်ပြီး..
"ဘာလဲ..ဒါပဲလား.."
သူမ မျက်မမြင်မိန်းကလေးကို အံ့ဩစွာကြည့်ပြီး မေးလိုက်တယိ..။
"နင် ဘယ်လို လုပ်လိုက်တာလဲ.."
ကတ်စီ ပြုံးလိုက်ပြီး..သူမရဲ့လက်သီးဆုပ် ထဲက အမြုတေရဲ့ ဝိဥာဥ် အဆီအနှစ်ကို စုပ်ယူလိုက်တယ်..။ပြီးတာနဲ့ သူ ခေါင်းကို ခါယမ်းလိုက်ပြီး..
"ဒါက ရိုးရှင်းပါတယ်..တကယ်ပြောတာ..။နင် တစ်ခြားလူရဲ့ အဖြေကို ဘယ်လောက်မေးမေး အဖြေက အမြဲတမ်း ဆန့်ကျင်ဖက် တစ်ခု ဖြစ်နေလိမ့်မယ်..။ဘာလို့လဲဆိုတော့..နိုးထသူတွေက အလိမ်အညာအကြောင်းကို အမှန်အတိုင်းပြောပြီး ၊ နတ်ဆိုးတွေကတော့ အမှန်တရားကို လိမ်ညာပြီးပြောကြလိမ့်မယ်..။နားလည်တယ်မလား.."
အယ်ဖီ ခနလောက်တွေးပြီး ခေါင်းခါယမ်းလိုက်တယ်..။
"ဟင့်အင်..။နင်ပြောတဲ့ စကားလုံးတွေက ရင်းနှီးသလို ဖြစ်နေပေမယ့်..ငါ နားမလည်ဘူး..။နင်က ဘယ်လို မျိုးကို ဆိုလိုတာလဲ.."
ကတ်စီ ရယ်မောလိုက်တယ်..။
"ကောင်းပြီ..နင်အားတဲ့ အချိန်ကြရင် စဥ်းစားသင့်တယ်..။ဒါမှမဟုတ် သိတယ်မလား..။နောက်တစ်ခါ ဆန်နီ က ဒီလို ပဟေဌိ တွေ ကစားတော့မယ်ဆိုရင် သူ့ကိုသာ ရိုက်နှက်လိုက်တော့.."
ဒီလို ပြောပြီးတာနဲ့ သူမက ပျော်ရွှင်နေခဲဲ့ပြီး တစ်ဖက်ကို လှည့်သွားခဲ့ပါတယ်..။
ဆန်နီ ကတေ့ သူမကို ပါးစပ် အဟောင်းသားနဲ့ ကြည့်နေခဲ့တယ်..။
'သူမက တကယ် အဲလိုမျိုး ပြောခဲ့တာလား..'
အဲ့အချိန်မှာတော့..မုဆိုးမိန်းကလေးဟာ ဆန်နီကို မျက်မှောက်ကျုတ်ပြီး စိုက်ကြည့်နေခဲ့ပါတယ်..။
"ဟုတ်တယ်..ငါ နောက်တစ်ခါကျရင် အဲလိုပဲ လုပ်တော့မယ်.."
သူ ဖြူဖျော့သွားခဲ့တယ်..။
"ဘယ်လိုတွေ ဖြစ်ကုန်တာလဲ..။ဒါက ရိုးသားတဲ့ ပြိုင်ပွဲ တစ်ခုပဲလေ..။အရှုံးကို မခံစားနိုင်တဲ့ သူ မဖြစ်စေနဲ့.."
အယ်ဖီ ပြုံးလိုက်ပြီး..
"မခံစားနိုင်တာလား..။ငါ နင်နဲ့ ကိစ္စပြီးသွားရင် ဘယ်သူက မခံစား နိုင်တဲ့ သူ ဖြစ်မလဲ ဆိုတာ ကြည့်ကြနာပေါ့.."
'ဘာကြီးလဲ...ဒါက ဘယ်လိုမျိုး မခံစားနိုင်တာကို ပြောနေတာလဲ ငါ သိချင်သွားပြီ..။ခနလေး..မဟုတ်ဘူး..။ငါက ဘာလို့ ဒီလို ကိစ္စကို သိချင်ရမှာလဲ '
ဆန်နီ မတ်တတ်ထရပ်လိုက်ပြီး..အယ်ဖီကိုကြည့်ကာ ပြောလိုက်ပါတယ်..။
"ဘယ်သူက ဘယ်သူနဲ့ ကိစ္စပြီးရမှာလဲ..။ကိုယ့်ကိုကို အထင်ကြီးမနေနဲ့..အရှည်ကြီး.."
ဒီလို ပြောပြီးတာနဲ့..သူက အလေးမထားတဲ့ မျက်နှာ အမူအရာနဲ့ လျောက်ထွက်သွားခဲ့လိုက်ပါတယ်..။
သို့ပေမယ့်..သူ့ ခြေလှမ်းတွေကတော့..သံသယ ဖြစ်ဖို့ကောင်းစွာပဲ မြန်ဆန်နေခဲ့တယ်..။
***
ခနကြာပြီးတဲ့ နောက်မှာတော့..နေ့တာ ကုန်ဆုံးချိန် နီးလာခဲ့တယ်..။မှတ်သားမူ အချိို့က သူ့တို့ ကိုယ်တိုင် ပြန်လည် ပြင်ဆင်လို့ ပြီးသွားပြီဖြစ်တာကြောင့်..အားလုံးက အဝတ်အစားတွေ ၊ ချပ်ဝတ်တွေ ကိုယ်စီ နဲ့ ဖြစ်နေကြပါပြီ..။
ဒီလိုမျိုး ပြန်ဖြစ်သွားမှာကို ဆန်နီ စိုးရိမ်နေမိတာကတော့ တကယ် ရှက်စရာပါပဲ .။
....ဒါပေါ့..သူက စစ်မှန်တဲ့ အလှအပ အမြင်ကနေပဲ ဒီလို ခံစားချက်ဖြစ်မိတာပါ..။
သို့ပေမယ့် တစ်ခုခုက သူ့ရဲ့ အာရုံစိုက်မူကို ရယူသွားခဲ့တယ်..။
မာဗယ် ပေါင်းကူးအစွန်းရဲ့ တစ်ဖက်အဆုံးမှာတော့ နစ်ဖီ နဲ့ ကတ်စတာ တို့ဟာ..ထက်ရှတဲ့ ဓားတွေကို လက်မှာ ကိုင်ထားရင်း တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြပါတယ်..။
သူတို့က တိုက်ခိုက်ကြတော့မှာပါ..။